သားကြည့်

သုရွင္February 8, 20141min1667

သားကြည့်

မင်းအဖေမာနတွေ

မင်းမသိတုန်း မင်းကြောင့်

ပြုတ်ပြုတ်ကျခဲ့ဖူးတယ်။

 

သားကြည့်

မင်းကြောင့်မဟုတ်ရင်

မင်းအဖေဒီလောက်

အသားအရေတွေ ခမ်းခြောက်

ရှုံ ့တွမနေဘူးသား။

 

သားကြည့်

မင်းအဖေ ပြန်လာရင်

မင်းတို့ဖို့သယ်သယ်လာတဲ့

စိတ်ညစ်ခြင်းနဲ့အလဲအလှယ်လုပ် ပြီးသား

မုန့်ထုပ်တွေ။

သားတို့ဖို့

အပြုံးတွေ ဖုံးအုပ်ထားခဲ့တာ။

 

သားကြည့်

မင်းသွားတော့မယ်ဆိုတော့

မင်းမြင်မှာစိုးလို့ ဟိုဖက်လှည့်ထားတဲ့ သူ့မျက်နှာ

မင်းရှေ ့မှာလို ပြုံးနေမယ်ထင်လို့လား။

 

သားကြည့်

မင်းလည်း အဖေဖြစ်တော့မယ်။

သားကြည့်ကြည့်

မကြည့်ကြည့် သိလာမှာပါ။

သုရှင်( ၈.ဖေဖော်ဝါရီ.၁၄)

 

 

7 comments

  • KZ

    February 9, 2014 at 7:21 pm

    သုရှင်
    ပို့(စ) မတင်တာကြာလို့ ကက်တဂိုရီခွဲရမှာ မေ့သွားပလားးး
    ကော်ပီ/ပေ့(စ) ဖြစ်နေလို့ ဘယ်သူမှ ဒီ ပို့(စ) ကို မမြင်ကြဘူးတော့။
    ပြင်လိုက်ဦး။

    🙂

  • alinsett ( Gazette )

    February 9, 2014 at 8:31 pm

    ကဗျာလေးဆိုတော့ ကျနော်ပဲ ဝင် ပြီး category ခွဲပေးလိုက်ပါတယ်။

    ဖုန်းနဲ့ ပိုစ့်တွေ ကွန်မန့်တွေကို Edit လုပ်ရတာ စမ်းတဝါးဝါးရယ်. . .
    မြန်မာစာတွေ က လေးထောင့်အကွက်လေးတွေပဲပေါ်တယ်
    ဘာမှလည်း ရေးလို့မပေါ်
    တချို့ အင်းဂလိပ်စာလုံးတွေလည်း မမြင်ရ. . .

    😥

  • kyeemite

    February 10, 2014 at 10:13 am

    သုရှင်တစ်ယောက် ပျောက်နေတာကြာပေါ့
    ပေါ်လာတော့လည်း ကဗျာလှလှလေးနဲ့….ကြိုက်တယ်ဗျာ

  • သုရှင်

    February 10, 2014 at 8:56 pm

    ကော်ပီ ။ ပေ့စ် ဘာကြောင့် ပေါ်လည်း တော့ မသိဘူး။
    ကျွန်တော် ဘုရားစူးရပါစေရဲ့ ဒီ ဂဇက်မှာ ရေးတာပါဗျာ။
    ချ ရေးထားတာပါ။
    🙂

    • Mr. MarGa

      February 11, 2014 at 9:05 am

      copy/paste က ဘာမှ မရွေးဘဲ တင်လိုက်ရင် ထည့်သွားတဲ့ ကတ်တီဂိုရီပါ။
      ဆိုတော့ category မှာ တစ်ခုခု မရွေးမိလို့ copy/paste ဖြစ်သွားတာပါဗျို့
      ဘယ်လောက် ကိုယ်တိုင်ရေးဖြစ်နေပါစေ category မရွေးရင်တော့ သဂျိီးက ကော်ပီပေ့စ် လုပ်ပစ်တယ်လို့သာ မှတ်ပါဗျာ :mrgreenn:

  • မဟာရာဇာ အံစာတုံး

    February 11, 2014 at 9:32 am

    သားကြည့်
    မင်းလည်း အဖေ ဖြစ်ပြီ
    ရှာထားပေတော့ပဲ …. ဟဲဟဲ

Leave a Reply