ကဗျာ စာစုလေးများ

ကာရံFebruary 8, 20141min1032
  • အကြွေပန်း
  • အကြင်နာ ချစ်စကားလေပြောဖို့အတွက်
  • ရင်မှာအသိတရားလေးတစ်ခု ဖြစ်တည်ပေးပါ
  • လွမ်းခွဲဖို့အကြောင်းကို ထက်ပြီးမတောင်းဆိုပါနဲ့
  • မင်းမုန်းလိုက်တဲ့နေ့က အပြုံးပန်းလေးတစ်ပွင့်
  • ကြွေလွင့်သွားမှာ စိုးကြောလို့ပါ
  •                                      ကာရံ 8.2.2014

 

  • မုသားမဆိုပါနှင့်
  • ပြစ်ပယ်ချင်လို့ အမုန်းတရားပိုလျှင်
  • ချစ်တယ်ဆိုတဲ့စကား နှလုံးသားက မဆိုပါနှင့်လား
  • နုနယ်သေးတဲ့ ပန်းလေးတစ်ပွင့်ကို
  • ဘာကြောင့်များ လှမ်းလင့်လို့ ဆွပ်ခူးချင်ပါလိမ့်
  • အကြင်နာပိုမိလို့ ချစ်စကားလေးကြောင့်
  • မင်းလေး စိတ်ထားမပြောင်းလိုက်ပါနှင့်နော်
  • ငါ့နှလုံးသား အခုမှ အာရုံဦးမို့ပါ
  • ချစ်သူရေ ချစ်ပါတယ်ဆိုတဲ့နှုတ်ဖျားကလေ
  • ကောင်းကင်ထက်က လမင်းတောင်
  • မင်းနှလုံးသားထဲ ဖြာဆင်းနေပါပြီ
  •                                 ကာရံ 8.2.2014

2 comments

  • အလင်းဆက်

    February 8, 2014 at 10:00 pm

    သက်ကယ်ချင်းရေ
    သတ်ပုံလေးနည်းနည်း ပြန်စစ်အေ. . .

    :kwi:
    ညည်းကဗျာလေးတွေ အခုတလော ပို နူးညံ့သိမ်မွေ ့လာတယ်

  • ကာရံ

    February 8, 2014 at 10:48 pm

    အေးပါသူငယ်ချင်း ဖုန်းနဲ့ရိုက်ထားလို့ ပြန်မစစ်ဖြစ်တာပါ ကျေးဇူး ချစ်တက်တာကို သူငယ်ချင်းရ

Leave a Reply