နွေ မိုး ဆောင်း

MyanmarPsychoFebruary 8, 20141min1687

နွေ မိုး ဆောင်း

နေဝန်းညိုညို

လင်းမပို

မင်းကြိုနေမှာလား

ငြင်းဆိုနေမှာလား….။

မိုးဖွဲစိုစို

အုံ့မှိုင်းညို

သီချင်းဆိုနေတာလား

မင်းငိုနေတာလား….။

အေးချမ်းပိုမို

ဆောင်တွင်းဆို

ကောင်းခြင်းကို လိုနေမှာလား

ဆောင်းနှင်းကို ပြိုစေမှာလား….။

7 comments

  • KZ

    February 9, 2014 at 9:35 am

    အသစ် ထင်ပါရဲ့။
    ကြိုဆိုပါတယ်

    🙂

  • Foreign Resident

    February 9, 2014 at 10:22 am

    psychologist ဆိုဒေါ့ ၊
    စိတ်ရောဂါကုတဲ့ ဆရာဝန်ပေါ့နော် ။

    အီးးးး ၊ ကြောက်ဆျာဂျီး ။
    အဘ ကိုတော့ ချမ်းသာပေးပါကွယ် ။

    ဟီ ဟိ ၊ ကြိုဆိုပါတယ် ။

  • kai

    February 9, 2014 at 12:25 pm

    ဆိုက်ကိုသမားက.. ဆိုက်ကိုရှိတယ်တဲ့..
    ဆိုက်ကိုဆရာဝန်ပြောတာ…။ ဟဲ..ဟဲ..။ mrgreen:

  • Paing Lay

    February 9, 2014 at 7:21 pm

    ုစိတ်ရောဂါ အထူးကုထင်ပါတယ် 😀

  • alinsett (gazette)

    March 16, 2014 at 2:41 pm

    ဘာပဲဖြစ်ဖြစ် ဖတ်လို့တော့ အကောင်းသား
    အခုမှ တွေ ့မိလို့. . .

    ———

    ပြောရပါဦးမယ်
    ပိုစ့်တင်ရင် Category တစ်ခုခု ရွေးပြီး တင်စေလိုပါကြောင်း
    category မရွေးလိုက်မိရင် copy/paste ဖြစ်သွားပြီး
    ပထမစာမျက်နှာမှာ မပေါ်/ မမြင်ကြရလို့ပါ လို ့
    အကြံပေးပါရစေ ။

  • alinsett (gazette)

    March 16, 2014 at 2:45 pm

    အခုလောလောဆယ် ကျနော် Edit လုပ်ပေးခဲ့ပြီ ဖြစ်ပါကြောင်းးး
    နောက်များမှာလည်း ကဗျာတွေ စာတွေ ရေးစေလိုပါကြောင်းးး

    🙂

    ခင်မင်လျက်

  • ကဗျာလေးက ကောင်းလိုက်တာ.. ကာရံလေးတွေနဲ့ ရွတ်လို့ကောင်းတဲ့ကဗျာတွေဆို သဘောကျတယ်..
    ဒါနဲ့ Myanmar နိုင်ငံအပေါ် ဘာ Psycho ဖြစ်နေတာလဲဟင်.. :mrgreen:

Leave a Reply