အမှတ်တရ

ကာရံFebruary 8, 20141min862

အမှတ်တရဆိုတာ မေ့လွယ်တဲ့အစိတ်အပိုင်းလား

အခေါ်ပဲလာ မနှင်ပဲပြေး ဒီကမ္ဘာမြေပေါ်မှာ

အကြင်နာရော ကျန်သေးရဲ့လား

မမုန်းချင်ပါဘူးလေ အပြုံးလေးတော့ပျောက်ပြီပေါ့

နှစ်ဘက်တီးမှမည်တက်တဲ့အရာထဲမှာ

လက်ခုပ်က ထိပ်ဆုံးအလား

အချစ်တက်တော့တာ မဟုတ်ပါဘူး

မချစ်ငတ်နေသေးတာပါ

ကြင်နာသူရေ ရင်မှာအပူမီးတွေ မငြိမ်းသရွှေ့တော့

မေတ္တာစစ်ကို ရှာနေရဦးမှာပေါ့

သံယောဇဉ်လေး မီးစာမကုန်သေးလို့ပါ

                                         ကာရံ 8.2.2014

2 comments

  • alinsett (gazette)

    March 14, 2014 at 5:44 pm

    သံယောဇဉ် မီးစာ တဲ့လားကွယ်
    အသုံးအနှုံး တင်စားချက်လေး ကို ခိုက်သွားတယ် ။

Leave a Reply