လူပျိုကြီးများ သတိထား…….

Yin Nyine NwayAugust 8, 20101min20220

ဟိုး ရှေးရှေးတုန်းက ရွာတရွာမှာ မြေတိုင်းရုံးမှာ စာရေး အလုပ် လုပ်တဲ့ စာရေကြီး တစ်ဦးရှိတယ်ဗျ၊
စာရေးကြီးက အသက်ကလည်း ၃၅ ကျော် အိမ်ထောင်ကလည်း မရှိတဲ့ လူပျိုကြီးပေါ့ ဗျာ
သူက ကျန်းမာရေးလည်းသိပ်မကောင်းဘူးဗျ ဇီဇာ ကလည်းနည်းနည်းကြောင်တယ်ဗျ
အဲတော့ သူကို ဆို ကြိုက်တဲ့ မိန်းမ ကရှိတော့ဘူးဗျာ ။ လူပျိုကြီးကလည်း မိန်းမ တအားလိုချင်နေတာဗျ။
ဒီလိုနဲ ဘယ်လောက်ဘဲကြိုးစား ကြိုးစား သူခင်မျာမိန်းမ မရလိုက်ပါဘူးဗျာ။ဒီတော့ သူကလည်း
စိတ်နာနာ နဲ အရက်တွေကို ဘဲ စွတ်ကန်သောက်တော့တာပေါ့ ဗျာ။ ဒီလိုနဲ အသက် ၄ဝ လောက်လည်း
ရောက်ရော သူပန်းနာရောဂါဒဏ် အရက်ဒဏ်တွေရယ်နဲ လူပျိုကြီး အိပ်ယာထည်းလဲတာဘဲဗျာ
အိပ်ယာထည်း လဲ နေပြီး သေခါနီးပေါ့ဗျာ….. သေခါနီး အချိန်လေးမှာဗျာ သူ အိပ်ယာလေးကနေ အပြင်ကို
ကြည်.လိုက်တော့ သူခြံရှေ.မှ ကြက်ဖကြီး တကောင်က ကြက်မလေး ၃ကောင် နဲ အလုပ်တွေရှုပ်နေတာ ကိုးဗျ။
အွန်လိုင်းစကားနဲပြောမယ်ဆိုရင်

ဗျာ ဒီဘက်က ကြက်မလေးကို ကြူလိုက်.၊ဟိုဘက်က ကြက်မလေးကို
typing ရို်က်လိုက်၊ ကျန်တဲ့ ကြက်မလေးကို voice ခေါ်လိုက်၊ကြူနေတဲ့ ကြက်မလေးကို vzo chat မယ်လို.
တော်ကီတွေ ချုပ်လိုက် ကြက်ဖတကောင်မအားရှာပါဘူးဗျာ။ အဲတော့ လူပျိုကြီးလည်း ကြက်ဖကို ကြည်.ပြီ
သူဘဝ ကို သနားနေတာပေါ့ဗျာ…. အော်ငါ.ဘဝ နယ့် ကြက်ဖလောက်တောင် အဖြစ်မရှိပါလားနော်
ကြက်ဖကမှ မိန်းမ ၃ ယောက်နဲ. ကောင်းစားနေလိုက်တာ ငါကြတော့ တယောက်ထည်းအထီးကျန်လိုက်တာ
ဖြစ်လေရာ ဘဝတိုင်း ကြက်ဖ ဖြစ်ရပါစေ အရှင်ဘုရားဆိုပြီး ဆုတောင်းပြီး လူပျိုကြီး သေ သွားပါကောလား။
ဒီလိုနဲ လူပျိုကြီးဆုတောင်းပြည်.ပါတယ် နောက်ဘဝ ကျတော့ ကြက်ဖ ဖြစ်တယ်ဗျ။ အင်း ကြီးရင်တော့
ဘယ်လောက်ဆိုးတဲ့ ကြက်ဖ ဖြစ်မလည်း မသိဘူး အမွေး အတောင်မစုံခင်ကတည်းက ကြာကူလီက
ကြ တက်နေပြီ။ ဒီလိုနဲ အမွေး အတောင် စုံလို. လူပျိုပေါက်လေး ဖြစ်လာပါရော။
အယ်….. လူပျိုလေး… အဲလေ မှာလို. ကြက်ဖပျိုလေး ဖြစ်လာတော့ ပတ်ဝန်ကျင်မှာ ငါကြက်ဖပျို ဖြစ်ပြီး လို.
ကြော်ငြာချင်တော့ ကြက်ဖတို. ထုံးစံ အတိုင်း တွန်တာပေါ့ဗျာ။ အယ် နောက်တနည်းပြောရင်တော့ ဖိုသံပေးတာပေါ့ဗျာ
သူဖိုသံပေးတဲ့ အချိန်မှာဘဲ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်က ကြက်ဖပျိုးလေး ရဲ ပိုင်ရှင်အိမ်ကို
ကြွာလာတဲ့ အချိန်ပေါ့ဗျာ။အဲမှာ ဆရာတော်က အိမ်ရှင်ကိုပြောတယ် ………..
ဟဲ့ဒယိကာ.. မှန်ပါဘုရား မိန်.ပါ ဘုရား
အေး နင်.ကြက်ဖလေးတောင် အတောင်စုံပါကော .အတော်ဘဲ ငါ.ကျောင်းမှာ မနက်အုံန်းမောင်းခေါက်ရင်
ထထတွန်တဲ့ ကြက်ဖကြီးက သေရှာပြီကွဲ. အခုဆို အုံန်းမောင်ခေါက်ရင် တွန်တဲ့ကြက်ဖ မရှိဘူးဖြစ်နေတယ်
အဲတော့ နင့်ကြက်ဖလေး ငါ အလှူခံချင်တယ်ကွယ် ……..
အဲ အဲမှာဘဲ ကြက်ဖလေး ဘဝ ကြမ္မာငင်ပါပြီ…
ဒယိကာ ကလည်း မှန်ပါ.ဘုရား အရှင်ဘုရား အလိုရှိရင် အခုဘဲ ဖမ်းပြီး ပို.လိုက်ပါ.မယ့် ဘုရား
ဆရာ ရင်း ဒယိကာရင်းတွေ ဘဲ ပြောစရာ မလိုပါဘူဘုရား
အဲနေ.က စပြီး ကြက်ဖလေး ခင်မျာ ကြက်မ တကောင်မှ မရှိတဲ့ ဘုန်ကြီးကျောင်းကို လိုက်သွားပြီး
တွန်ရတယ်ဗျာ ။ကြက်ဖလေးက စိတ်နာပြီး တွန်ရင်တောင် အောက်အီးအီးအွတ်လို. မတွန်ဘူးဗျ
တောက်တီးတီးတောက်!!!!! လို.ဘဲ စိတ်နာနာနဲ.တွန်တယ်ဗျာ။ ကျွန်တော်တို. လူပျိုကြီး
အဖြစ်က ဆိုးပါတယ်ဗျာ ………….
လူတိုင်း အဲလို အဖြစ်ကနေ ကင်းဝေးကြပါစေနော်………..

20 comments

  • intro

    August 8, 2010 at 12:16 pm

    ဟီးဟီး၊ ဤသည်လည်း တစ်ဒုက္ခ ပါလားနော်..

  • etone

    August 9, 2010 at 6:00 am

    ဆုတောင်းမှားလေခြင်းနော် 😛

  • chitsayar

    August 9, 2010 at 2:34 pm

    နောက်တီးနောက်တောက်
    ကျွန်တော်က လူပျိုကြီး ပါဗျာ

    • Yin Nyine Nway

      June 18, 2011 at 2:09 pm

      ကိုချစ်စရာက ကြော်ငြာနေပြန်ပြီ 🙂

  • orlando

    August 12, 2010 at 5:26 am

    ရင်နာစရာကောင်းလိုက်တာဗျာ
    အဲ့လူပျိုကြီးနှယ်
    ဟိဟိ

  • juttue.gyi

    April 10, 2011 at 1:34 pm

    ကဲဗျာ ကျတော်ကိုများ စောင်းရေးထားသလား အောင်မေ့ရတယ်သိလား

  • nature

    April 10, 2011 at 2:40 pm

    အုန်းမောင်းခေါက်ရင်တွန်တဲ့ကြက်ဖကြီးသေတာ တိုက်တိုက်ဆိုင်ဆိုင် လူပျိုကြီးကြက်ဖ ကံဆိုးတာပဲ၊ သူ့ပိုင်ရှင်ကလည်းချက်ခြင်းပို့လိုက်တာကိုး၊ မတွန်ပဲတိတ်တိတ်လေးနေရင်ဘုန်းကြီး ကြားမှာမဟုတ်ဘူး။ 🙂

  • moethidasoe

    April 11, 2011 at 5:17 am

    သူကလဲ ငါကွ ဆိုပြီး အစွမ်းပြချင်နေတာကိုး .. ကြက်မတွေများ လာမလားလို့ ..
    တစ်ခုတော့ ကောင်းပါတယ် .. လူကြက် မဖြစ်သွားတာ .. နို့်မဟုတ်ရင် လူပြိုကြီး ………

  • winkyawaung

    April 11, 2011 at 7:09 am

    ကြက်ဇာတ်လမ်းက ကောင်းပါတယ်။ မြန်မာပြည်မှာက ကြက်တွေပေါနေတာကိုး..။

  • kooo

    April 11, 2011 at 9:30 am

    အမှန်ကအဲဒီကြက်ဖကညံ့လို့ဗျ…….မနက်ကိုတွန်ပြီးရင်သူတာဝန်ကျေပြီလေ….
    ရွာဘုန်းကြီးကျောင်းတွေက ရွာထိပ်မှာဘဲရှိတာလေ…..
    .သဘောပေါက်တယ်မို့လား….ဟဲဟဲ…….

  • kopauk mandalay

    April 11, 2011 at 11:21 am

    နောက်ဘဝ မှာ အထုံဆက်မပါအောင် လူပျိုကြီးသေရင် ထန်းပင်ကို အပေါက်ဖောက်ပြီးထည့် မြုတ်။
    အပျိုကြီးသေရင် ငှက်ပျောတုံးတစ်တုံးထည့်ပေးလိုက်တဲ့။
    ဒါဆိုနောက်ဘဝမှာ ဒီအဖြစ်ဆိုးက လွတ်သတဲ့
    ကြားဘူးတာနော် ကိုပေါက်ပြောတာဟုတ်ဘူး

  • naungnaung

    June 16, 2011 at 3:48 pm

    😀 ဒီပို့စ် လေးကို ဖတ်ဖူးတယ်…… လူပျိုုဂျီးတွကို သနားသလိုလိုနဲ့ ဖဲ့တာ…..
    တကယ်တော့ လူပျိုဂျီး ဖြစ်ရတာ ဖြစ်ချင်လို့မှ မဟုတ်တာ….ရမှမရတာကို…ဟီးးးး
    . ငယ်ငယ်တုန်းက လူပျိုုဂျီးတွေ ပြောနေကျစကားတခွန်းကြားဖူးတယ်….
    “မိန်းမကယူရင်၊တစ်ယောက်ပဲရတယ်” “မယူရင်၊အများကြီး ရတယ်” တဲ့…. 😛 ကျွန်တော်ပြောတာမဟုတ်ဝူးနော်…

  • unclegyi1974

    June 16, 2011 at 4:58 pm

    ကြက်ဖကမှ မိန်းမ ၃ ယောက်နဲ့

    မှားနေတယ်နော် ကြက်မ၃ကောင်ဖြစ်ရမှာလေ

  • king

    June 17, 2011 at 5:26 am

    နာနဲ့ဆိုင်သေးဝူး မသိချင်ယောင်ဆောင်နေအုန်းမှ
    😀

    • Yin Nyine Nway

      June 18, 2011 at 2:11 pm

      ဒါချို ဒူက အိမ်ထောင်နဲ့လားဟင်…

  • fatty

    June 17, 2011 at 5:45 am

    လူဘဝကထဲကညံ့တာကိုး ………………
    ကဲ လူပျိုကြိးတွေအတွက်အကြံပေးမယ် …………………..
    မြို့ထဲက ဂျေဒိုးနပ်ဆိုင်ကိုသွား ………..
    သောက်ရေခွက်လေးတောင်း ……. ပြီးတော့အဲဒီခွက်ကလေးကို စားပွဲပေါ် မှောက်ရက်လေးထား
    အဝတ်အစားကိုတော့ ကော့ပျံနေအောင်ဝတ်ခဲ့နော် … ရေမွှေးလေးဘာလေးသုံး …
    ခဏဘဲစောင့်ရမှာပါ … လူပျိုကြီးဘဝက ကျွတ်လိမ့်မယ် ………။

    • king

      June 17, 2011 at 6:23 am

      ကိုဖက်နော် ကိုဖက်
      ကိုဖက်တော်တော်စုံပုံရတယ်
      မပြောချင်တော့ဘူးးးးးးးး
      😛

  • fatty

    June 17, 2011 at 8:37 am

    သူများပြောတာကြားဖူးတာပါဗျာ …ကိုကင်းကလည်း။

  • Members

    June 17, 2011 at 9:02 am

    ကိုဖက်တီး တို့ – အဲဒီနည်း နဲ့ ဘယ်နှစ်ယောက်လောက်များ ကျူခဲ့ ပြီးပြီလဲ ၊။ နည်းနည်းလောက် ရေးတင်စမ်းပါအုံး ဗျ။ လူပျိုပေါက်လေးများ အားကျ ကြရအောင်။

  • pooch

    June 18, 2011 at 2:27 pm

    ဒါကြောင့်မို့ လေးဖက် က စနေ ၊ တနင်္ဂနွေနေ့ တွေ ဆို ကော်ဖီ ဆိုင်တွေ ရောက်ရောက်နေတာနေမှာ 🙂

Leave a Reply