ဂဇက်ရွာက ရွာသူတွေ

ချက်ပြုတ်ရာမှာ တော်ကြတယ်ဗျ

 

ချက်ပြုတ်တာတွေတော်ကြတယ်ဗျ

မခိုင်ဇာရဲ့ ထမင်းဆိုင်

မြိုင်မြိုင် ဆိုင်ဆိုင်သွားစို့သွားစို့

 

မြိုင်မြိုင်ဆိုင်ဆိုင်သွားစို့သွားစို့

စားဖိုဆောင်မှာချက်သူတွေ

သိတဲ့ သူတွေပြောကြပါဦး

 

သိတဲ့သူတွေပြောကြပါဦး

ရွာသူရွာသား စားဖိုမှူးတွေ

သူ့ထက်ငါ အပြိုင်ကျဲကြ

 

သူ့ထက်ငါ အပြိုင်ကျဲကြ

ဗိုက်ကွဲအောင်ဟေ့ စားကြမယ်

ကောင်းတယ်ဆိုရင် လက်တို့ကြဦး

 

ကောင်းတယ်ဆိုရင်လက်တို့ကြဦး

ချက်တဲ့ပြုတ်တဲ့ မမတွေ

သန့်ရှင်းရေးကိုဂရုစိုက်တယ်ဗျ

 

သန့်ရှင်းရေးကိုဂရုစိုက်တယ်ဗျ

ဘယ်သူပြောလို့ သိကြတယ်

ဟောဒီမှာကွယ် ဖတ်ကြည့် ဖတ်ကြည့် 

 

ဟောဒီမှာကွယ်ဖတ်ကြည့်ဖတ်ကြည့်

အသိပညာပေးတဲ့ဆောင်းပါးရှင်

ကျေးဇူးတင်လျှင် လိုက်နာကြစို့

 

ကျေးဇူးတင်လျှင်လိုက်နာကြစို့

ကိုက်လံစည်းတွေ ဖင်ခုထိုင်

စားသောက်ဆိုင်က မမတွေတဲ့

 

စားသောက်ဆိုင်က မမတွေတဲ့

မမြင်ဘူးထင်လို့ လုပ်ကြတာ

မြင်တဲ့သူက ရွာသူမအိ

 

မြင်တဲ့သူက ရွာသူမအိ

ကျန်းမာရေးအသိရှိကြပါ

စားဖိုဆောင်က စလို့ စလို့

 

စားဖိုဆောင်က စလို့ စလို့

ဟောင်ကောင်မှာလည်း ထိုနည်းတူ

သိသူ ဦးကျောက်မေးကြည့်မေးကြည့်

 

သိသူဦးကျောက်မေးကြည့် မေးကြည့်

သတိထားဖို့ ရေးတဲ့သူ

ဂဇက်ရွာသူ ဘယ်သူလဲ ဘယ်သူလဲ

 

ဂဇက်ရွာသူဘယ်သူလဲ ဘယ်သူလဲ

တွေ့ပြီ … တွေ့ပြီ သူပဲ သူပဲ

 

ဟောဒီမှာ …

သဲ

နု

အေးးးးးးးးးးးးး ပဲ :mrgreen:

About မောင်ရိုး

surmi has written 112 post in this Website..