အင်တာနက်မှာချစ်သူရှာသူ ညီမငယ်များသို့

Yin Nyine NwayAugust 8, 20101min1555

မြန်မာပြည်မှ အင်တာနက်ဆိုင်ဖွင့်သူ သူငယ်ချင်းကို
စီးပွားရေးအဆင်ပြေမပြေမေးကြည့်ေ

တာ့ ဝင်ငွေ
ကောင်းသော်လည်းစိတ်မကောင်းပါတဲ့။ သူအင်တာနက်ဆိုင်ဖွင့်တာ
မြန်မာတွေအသိပညာကြွယ် စေဖို့၊ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေအကြောင်း၊
စီးပွားရေးလုပ်ပုံတွေအကြောင်း၊ ပညာရေးအခွင့်အလမ်း တွေအကြောင်းသိပြီး
ကြိုးစားစေချင်လို့ သည်အင်တာနက်ဆိုင်ကို အသက်သာဆုံးဈေးနဲ့ ပြည်သူတွေ
သုံးနိုင်အောင်ဖွင့်တာဖြစ်ပေမယ့်
အင်တာနက်ကိုလာရောက်သုံးစွဲသူအားလုံးလိုလိုက အရေမရအဖတ်မရ
ချတ်တင်းထိုင်ရင်း ချစ်သူရှာနေတာသာ များတဲ့အတွက် နိုင်ငံခြားပြန်ဖြစ်တဲ့
သူ့အနေနဲ့ အလွန်ရင်လေး မိကြောင်း၊ ပေါ့စေလိုလို့ကြောင်ရုပ်ထိုးကာမှ
ဆေးကြောင့်လေး ဆိုသလို မြန်မာတွေအလိမ်မခံရစေချင်
လို့အင်တာနက်ဆိုင်ဖွင့်ကာမှ အလိမ်ခံဖို့
ဖွင့်ပေးသလိုဖြစ်မှာစိုးရိမ်ကြောင်း ပြောခဲ့လို့ သည်ဆောင်းပါး လေး
ကိုရေးမိခြင်းဖြစ်ပါသည် ညီအစ်မတို့။

နိုင်ငံခြားသားသူဌေးဆိုသူနဲ့ အင်တာနက်မှာတွေ့ကြိုက်ချစ်ပြီး
အပြင်မှာတွေ့ကြပြီးလက်ထပ်သူများ ထဲက မည်သည့်ရာခိုင်နှုံး မိန်းကလေးများ
အိမ်ထောင်ရေးကံကောင်းပြီး ရာခိုင်နှုံးမည်မျှက တိတ်တိတ် ကြိတ် ဒူးနဲ့
မျက်ရည်သုတ်ပြီး ရာခိုင်နှုံးမည်မျှက နာမည်ကျော်
ပြည့်တန်ဆာဗွီဒီယိုမင်းသမီးဘဝ ရောက်သွားကာ နိုင်ငံခြားတွင်မို့
သူ့လက်ကလွတ်အောင် ထွက်မပြေးနိုင်သည်မို့ သည်လိုဘဝတွင် အသက်မရှင်ချင်သော
ကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားသော မိန်းကလေးဦးရေမည်မျှ ရှိသည်ကို
သိရှိကြပါသလား အင်တာနက်တွင်ချစ်သူရှာသော မြန်မာပြည်မှ ညီအစ်မများတို့။
သူ့အကြောင်းကို သူပြောပြသမျှသာ သိနိုင်သည်ကို အိမ်တွင်းအောင်းရင်း၊
ရိုးသားသူများလှသော ကိုယ့်နိုင်ငံတွင်း လက်လှမ်းမီသလောက်
မှန်းဆနိုင်မှုသည် ကမ္ဘာပတ်ပြီး လူလည်လုပ်နေသော နိုင်ငံခြားသားကို
မည်သို့မျှ မှန်အောင်မှန်းဆ နိုင်မှုမရှိသည်ကို
ကိုယ်တိုင်ကမ္ဘာပတ်ပြီးလျှင် ကိုယ်တွေ့သိလာပါလိမ့်မည်။ မိမိကိုယ်ကို
ထင်တလုံးနှင့် သိလှပြီဟုထင်မှတ်ထားသမျှ ခံရလို့ခံရမှန်းတောင်
သိလိုက်မည်မဟုတ် သောနည်းဖြင့် သူတပါးက အမြတ် ထုတ်သွားတတ်သည်ကို
သတိဝီရိယရှိစေချင်ပါသည် ညီအစ်မတို့။ သည်လိုပြောခြင်းသည် နိုင်ငံခြားသား
မှန်သမျှမကောင်းဟူသော တယူသန်စိတ်ဖြင့်ပြောခြင်းမဟုတ်ပါ။ နိုင်ငံခြားတွင်
တိုးတက်သည်ဆိုသလောက် ထိုတိုးတက်မှုအတွက် နိုင်ငံသားများကိုယ်တိုင်ရော၊ လာ
ရောက်အလုပ်လုပ်ကိုင်နေသူနိုင်ငံခြားသားများပါ
ပြာယာခတ်နေအောင်အလုပ်လုပ်နိုင်ပါမှ တလစာတလ အလျင်မီရုံသာ ရှိပါသည်။
သာမန်လူမည်သူမျှ နိုင်ငံခြားတွင် အရင်းနှီးဆုံးသူငယ်ချင်းဖြင့်ပင် အားအား
ယားယား ချတ်တင်းမထိုင်နိုင်လောက်အောင် အလုပ်လုပ်ကြရပါသည်။
များသောအားဖြင့် တစ်နာရီ လုပ်ခ ဖြင့် ဝင်ငွေရလေ့ရှိသော နိုင်ငံခြားတွင်
တစ်နာရီချတ်တင်းထိုင်လျှင် အင်တာနက်တနာရီသုံးခ အပြင် တစ်နာရီစာ
လုပ်ခဝင်ငွေပါဆုံးရှုံးပါသည်။ သည်လောက်ဆိုရင် အားအားရှိ ကိုယ်မမြင်ဖူးသော
မိန်းကလေးနှင့် အချိန်ကုန်၊ ငွေကုန်ခံကာ ချတ်တင်းထိုင်သော
နိုင်ငံခြားသားတွင် ကုန်ရကျိုးနပ်သော
မည်သည့်မက်လုံးများရှိနေနိုင်ပါသနည်း စဥ်းစားတော်မူကြပါညီအစ်မများတို့။

သည့်အပြင်ကမ္ဘာပတ်နေသူမြန်မာအချင်းချင်း ဘိန်းစားချင်းအတူတူ
တမူးပိုရှူချင်သူ မြန်မာအချို့အ ကြောင်း ကိုလည်း ပြောချင်ပါသေးသည်။
ကမ္ဘာ့အတိုးတက်ဆုံးလို့ နာမည်ကြီးတဲ့နိုင်ငံက မြန်မာ နိုင်ငံသား
စီးပွားရေး လုပ်ငန်းရှင်ဆိုတာအမှန်မို့ သူနဲ့သာလက်ထပ်ရရင်
အဲဒီနိုင်ငံကိုလိုက်သွားပြီး စည်းစိမ်စံစားရုံပဲလို့ ထင်ထားသမျှ၊
မြန်မာနိုင်ငံကိုပြန်လာပြီး အကောင်းဆုံးဟိုတယ်ကြီးမှာ
သိန်းရာချီအကုန်ခံပြီး ခမ်းနား ကြီးကျယ်စွာမင်္ဂလာဆောင်ယူတာကို
ကျေနပ်အားရဂုဏ်ယူခဲ့ရသမျှ၊ ကံကောင်းလှပြီလို့ထင်ထားသမျှ၊ ဟို
နိုင်ငံရောက်မှ သုံးဖြုန်းပျော်ပါးထားတဲ့ ခရက်ဒစ်ကတ်ခေါ်အကြွေးဝယ်ခွင့်ကဒ်
ထဲကများလှတဲ့ အကြွေး တွေကို ရင်စည်းခံအလုပ်လုပ်ရင်း အကြွေးဆပ်လိုက်ရတဲ့၊
တစ်မျက်နှာကတစ်မျက်နှာမပြောင်းလိုသူ၊ တခုလပ်မအဖြစ်မခံလိုသူ
မိကောင်းဖခင်သမီးပညာတတ် အိမ်တွင်းအောင်းမြန်မာမလေးများ ကိုလည်း
ကြုံတွေ့ခဲ့ရဖူးပါသည်။ သည်လိုလူပါးဝတာမခံနိုင်လို့ လင်မယားချင်းကွဲတော့
နိုင်ငံခြားသွားချင်လို့ ဟန်ဆောင်လက်ထပ်တဲ့ ပိုင်းလုံးမလို့
လူ့အသိုင်းအဝိုင်းထဲတွင် သားပုတ်လေလွင့်ပြောတတ်ကြ ပါသေးသည်။
ခြေခြေမြစ်မြစ်မသိသူများကတော့ သာမန် အကြမ်းဖျင်းတွက်လိုက်လျှင်
ဟုတ်သလိုလိုမို့ သူတို့ပြောသမျှယုံတတ်ကြပါသည် ညီအစ်မတို့။ နာစရာရှိလျှင်
မိန်းမသားဘဝ ကိုယ်သာနာရသည်မို့ စေ့စေ့စပ်စပ်လေး
စဉ်းစားဆင်ခြင်စေချင်ပါသည်။

ဒါကြောင့် ရုပ်ဝတ္ထုပစည်းများသာ
တိုးတက်သောနိုင်ငံခြားကိုအထင်ကြီးသောစိတ်သက်သက်ဖြင့်တော့
သူ့အကြောင်းအဖြစ်မှန်ကို ဂဃနဏခွဲခြားလေ့လာစုံစမ်းနိုင်ခြင်းမရှိဘဲနဲ့တော့
နိုင်ငံခြားသားကိုဖြစ်စေ၊ နိုင်ငံခြားရောက်မြန်မာကိုဖြစ်စေ
လက်ထပ်ခြင်းသည် အကြောင်းသိ၊ အတွင်းသိအစင်းသိ ကိုယ့်ပတ်ဝန်း ကျင်က
ကိုယ်ကြိုက်နှစ်သက်နိုင်လောက်မည့် ယောက်ျားလေးများထဲက
တစ်ယောက်ကိုရွေးချယ် လက်ထပ်ခြင်းထက် အများကြီးအန္တရာယ်ကြီးလေသည်။
ထို့ကြောင့် အင်တာနက်တွင်အချိန်ကုန်ခံပြီး ကိုယ်ဘယ် လိုမှ
အကြောင်းရင်းကိုသေသေချာချာ မသိနိုင်သူလူစိမ်းနှင့် ချတ်တင်းထိုင်မည့်အစား
သေချာမှုရှိသော ကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်းဖြစ်သော ပညာရေးနှင့်
အလုပ်အကိုင် တို့အကြောင်း ကိုသာ ရှာဖွေဖတ်ရှုလေ့လာခြင်းက
များစွာအကျိုးရှိသည်မှာ သေချာလှပါသည်။ ့်
ထို့ကြောင့် ချစ်သူရှာဖို့ ရည်ရွယ်ချက်ဖြင့် လူတစိမ်းနဲ့
ချတ်တင်းထိုင်သောညီအစ်မများ သတိထားနိုင် စေဖို့ တိုက်တွန်းလိုက်ရ ပါသည်
ညီအစ်မတို့။

Ref: http://mysing.ning.com/profiles/blogs/2316969:BlogPost:23106

5 comments

  • khaung shan

    August 8, 2010 at 8:49 am

    ချက်တင်မှာအချိန်ကုန်ပြီး ကိုယ့်ကိုကိုယ် korea မလေးတွေလို့ထင်နေကြတဲ့ညီမငယ်တွေ သတိထားကြနော်..။

  • kopauk mandalay

    August 8, 2010 at 11:58 am

    ချက်တော့လည်းချက်ကြတာဘဲ
    ယုံစားမိတော့လဲ ဘဝပျက်သွားတာဘဲ
    ဒါပေမဲ့လည်းချက်မြဲချက်ဆဲ ပါ။
    ပြောတော့လဲ မောရုံရှိမှာပါဘဲ။

  • etone

    August 9, 2010 at 1:56 am

    အယုံလွယ်တဲ့ ကောင်မလေးတွေအများကြီးရှိနေပါသေးတယ် ။ အင်တာနက်ဆိုင်မှာထိုင်ရင်အများဆုံးသုံးဖြစ်ကြတာကတော့ ချက်တင်ဆိုတော့ရင်လေးတယ် ။

  • ghost

    August 9, 2010 at 8:12 am

    ကောင်မလေးတွေ ..မင်းတို့ကို သတိပေးလိုက်မယ်………online ရီးစား မထားနဲ့

  • sususan

    August 9, 2010 at 1:26 pm

    ဟုတ်ကဲ့ပါသေချာဖတ်မှတ်သွားပါတယ်..
    ကိုယ့်တွက်အကျိုးရှိတာတစ်ခုခုတွက်နဲ့အင်တာနက်တွင်
    အချိန်ကုန်စေချင်ပါတယ်..

Leave a Reply