နွေဦးကဗျာ

အချိန်တွေတစ်ကယ်ကူတဲ့ နွေဦးကဗျာည

လမင်းလည်းထိန်ထိန်သာလို့ပေါ့

ဒါပေမယ့် ဘေးမှာကြင်နာသူမရှိဘူးလေ

နွမ်းလို့ကြွေတဲ့ ပန်းဖူးလေးတောင်

ရံနံကူးလို့ ပြယ်လွင့်ခဲ့ပြီပေါ့

အလွမ်းတွေ ရင်ခွင်အကူးမှာ

လေပွေရူးတို့ မြူးတူးနေခဲ့ကြတယ်

ဒီည ကြယ်မကြွေခဲ့ပါဘူးလေ

အဖော်မဲ့နေတဲ့ဂစ်တာအိုလေးဘေးမှာ

ငါ့တစ်ယောက်ထဲ တီဆိုရင်း

မျက်ရည်စက်တစ်ချို့ အငွေ့ပျံခဲ့တယ်

ဒါကိုသူမသိခဲ့တော့ဘူးလေ

နွေဦးကဗျာလေးကတော့

                               ကာရံ 10.2.2104

နွေလည် ဥသြ

ငြိုးနွမ်းနေခဲ့ပြီလေ တစ်မျိုးလွမ်းစရာ နွေဦးခါ

ရိုးတံပြိုင်းပြိုင်း အလှကင်းမဲ့

ရွက်ခြောက်တို့စုဝေးရာ

ဘေးအကွယ် တေးစပ်နေတဲ့ ဥသြဌက်ငယ်

ကြင်နာသူ ဘယ်ဆီမှန်း ရတက်မအေးဖွယ်

ချစ်သူရေ နွေနေပူလျှောက်သောလမ်း

ငါ့နှလုံးသား မောပန်းအတိ

သူသိလေမလား ဥသြရယ်

ဥသြ ဥသြ ရင်နစ်အောင်လွမ်းလည်း

အထီးကျန်မျက်ဝန်းထဲမှာ ကြင်သူရဲ့

ပုံရိပ်ထင်ကျန်နေမလဲဆိုတာ

ဘယ်သူသိမလဲလေ

                         ကာရံ 10.2.1014

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..