အရမ်းရှက်တတ်သော အပျိုကြီးညီမ

Yin Nyine NwayAugust 8, 20101min20015

နယ်စပ်မြို့လေး တမြို့ရှိ အိမ်တအိမ်တွင် အရမ်းရှက်တတ်သော အပျိုကြီးညီမ

နှစ်ယောက်နေထိုင်သည်၊ အဲဒီ ညီမနှစ်ယောက်ဟာ ဘယ်လောက်ရှက်တတ်သလဲ ဆိုရင်
လူမှန်းသိတတ်ချိန်မှစပြီး သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းပါပြီး
ယောကျာင်္းလေးများနဲ့လဲ အကျွမ်းတဝင်သိပ်မရှိပဲ အိမ်ထဲမှာတွင်သာ
အနေများကြလေသည်။ထို အပျိုကြီးများ၏မိဘနှစ်ပါးသည်
သူတို့အတွက်အစိုးရိမ်လွန်နေကြသည်။
အဘိုးကြီး။ ။မိန်းမရေ..ငါတို့သမီးနှစ်ယောက်အတွက် ဘယ်လိုလုပ်ကြမလဲ။ဒီလို
အရှက်အကြောက်ကြီးနေရင်တော့
ငါတို့ မရှိတော့ရင် သူတို့ဘယ်လိုနေထိုင်ကြမလဲ?
အဘွားကြီး။ ။ဟုတ်တယ်ရှင့် သူတို့အတွက် တခုခုတော့ ကျွန်မတို့
လုပ်ပေးသင့်နေပြီထင်တယ်။
တနေ့တော့ သူတို့မြို့မှာ ကာယအလှမယ် ပြိုင်ပွဲကျင်းပလေသည်။အဲဒီမှာ
အဘိုးကြီးက သူ့သမီးနှစ်ယောက်ကြည့်ရအောင် လက်မှတ်နှစ်စောင်
ဝယ်ခဲ့လေသည်။အိမ်ရောက်တော့ “သမီးတို့ရေ သမီးတို့ နှစ်ယောက်လဲ
အပြင်မထွက်တာကြာပြ။ီသမီးတို့အတွက်
ကာယအလှမယ်ပြိုင်ပွဲကြည့်ရအောင်လက်မှတ်ဝယ်ခဲ့တယ်။သမီးတို့
သွားကြည့်လို်က်လိုက်ဦး” အဲဒီတော့ အပျိုကြီးညီအမ နှစ်ယောက်လဲ
သွားကြည့်ကြလေသည်။သိပ်မကြာမီ အပျိုကြီးညီမ နှစ်ယောက် သုတ်သုတ်
သုတ်သုတ်နဲ့ ပြန်ရောက်လာကြသည်။သူ၏ ဖခင်မှာ စိုးရိမ်ပြီး မေးမြန်းလေသည်။
အဘိုးကြီး။ ။ဘာဖြစ်လို့ မြန်မြန်ပြန်ခဲ့တာလဲ သမီးတို့! ဘာတွေဖြစ်လို့လဲ?
အပျိုကြီး။ ။သမီးတို့လဲ အဖေလက်မှတ်ဝယ်ပေးလို့ သွားကြည့်ပါတယ်။ပထမတော့
ကာယအလှမယ် ပြိုင်ပွဲတုန်းက အရမ်းကြည့်ကောင်းတယ်။ကာယ အလှမယ်လေးတွေက
ချောသလားမမေးနဲ့ အဖေရယ်။ကာယအလှမယ်ပြိုင်ပွဲ ပြီးတော့ ကာယဗလမောင်တွေ
ထွက်လာတယ် အဖေရယ်။ ကာယဗလမောင်တွေက အဝတ်အစားတွေလဲ မပါဘူး အဖေရယ်။ သမီးတို့
ရှက်လိုက်တာ မပြောပါနဲ့တော့။အဲဒါ သမီးတို့ ရှက်လွန်းလို့
ကာယမလမောင်တွေရဲ့ အဝတ်အစားရှိတဲ့ နေရာလေးကိုပဲ လက်ကလေးနဲ့ကွယ်ပြီး
တချိန်လုံးကြည့်ခဲ့တယ် အဖေရဲ့။
အဘိုးကြီး၊ ။တော်သေးတာပေါ့ ရှက်လွန်းလို့ အဝတ်အစားရှိတဲ့ နေရာလေးကိုပဲ
တချိန်လုံးကြည့်ခဲ့လို့ပေါ့။မရှက်များ မရှက်ရင်……
ကဲ စဉ်းစားသာကြည့်ပါတော့ ကာယဗလမောင်တွေရဲ့ အဝတ်အစားရှိတဲ့နေရာ?

15 comments

  • winne

    August 8, 2010 at 8:57 am

    သူဟာသူ ရှက်လို့ အဝတ်ရှိတဲ့ နေရာကြည့်တာဘဲ ဟီးဟီး..

  • etone

    August 9, 2010 at 2:17 am

    ဒါလည်း ဟုတ်ပါတယ် ။ ဖုံးထားတာပဲလေ ။ 😛

  • toyo1960

    August 9, 2010 at 2:59 am

    ပွိုင့်ရပြီး…လူတွေရဲ့မနောလေ…ကိန်းအောင်းနေတာတွေကစေခိုင်းနေတယ်….

  • zarny

    August 30, 2010 at 12:59 pm

    သူ. အတွက် အသုံးဝင်မဲ.နေ ဘဲ သူကြည်.မှာပေါ့

  • လင်းငယ်

    August 30, 2010 at 6:27 pm

    ဒီလိုသာ ရှက်နေမယ်ဆိုရင် လူတောထဲ တိုးဝင်ဖို့ဆိုတာ ဘယ်လိုမှာ ဖြစ်နိုင်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေကျတော့လည်း ဒီလို ရှက်တာမျိုးက လူတစ်ယောက်ကို အကျိုးမဲ့စေတယ်လို့ ထင်ပါတယ်။

  • kai

    August 30, 2010 at 6:45 pm

    ရယ်စရာကောင်းတဲ့ Jokeပို့စ်လေးပါ။
    ဒါပေမဲ့ ဒီပို့စ်ကနေ မြန်မာတွေရဲ့ လူနေမှုစရိုက်မှာ ဒီလိုမျိုး တလွဲအရှက်တွေ တော်တော်အခြေကျနေတာကိုလည်း သတိပြုမိမှာပေါ့။
    လူသားတွေမှာ လိင်မတူတဲ့ ကိစ္စဟာ သဘာဝဖြစ်ပြီး မတူတဲ့သူအချင်းချင်း အပြန်အလှန်စိတ်ဝင်စားကြရမှာလည်း သဘာဝပဲဖြစ်ပါတယ်။
    အဲဒီကနေ ဖြန့်ပြောရရင် မြန်မာမိန်းမပျိုများ အိမ်တွင်းပုန်းတာတို့၊လူတောမတိုးတာတို့ ၊ သူစိမ်းတွေနဲ့လဲ ဆက်ဆံမှုနည်းတာတို့ဟာ ကောင်းတဲ့အကျင့်စရိုက်များမဟုတ်ဖူးလို့ ပြောလိုတာပါ။
    အဲဒီလိုသားသမီး မွေးထားတဲ့ မိခင်၊ဖခင်များကလည်း ဒါကို ဂုဏ်ယူစရာ မယူကြစေလိုပါဘူး။ အဲဒါကမှ ရှက်စရာပါ။
    အဲဒီလိုမိဘများ အရမ်းရှက်ကြသင့်တယ် ထင်ပါကြောင်းနဲ့ ဒီပို့စ်ဖတ်ပြီး အဲဒီအပျိုကြီးညီအမရဲ့ မိခင်ကို ရယ်သွမ်းသွေးမိပါတယ်…လို့..။

  • PMP

    July 30, 2011 at 1:02 am

    ဒီလိုတွေ ရှက်တတ်၊ရွံတတ်နေလို့လည်း မြန်မာမလေးတွေမဖြစ်သင့်တာတွေ ဖြစ်ကြရတာ… မမြင်ဘူး မူးမြစ်ထင်ကြတယ်လေ.. အရှက်မရှိနေရမယ်လို့ပြောတာမဟုတ်ဘူးနော်.. ရှက်သင့်တာရှက်ရမယ်..ရဲသင့်တာရဲရမယ်..

  • chitpyae

    July 30, 2011 at 7:10 am

    PMP ပြောသလိုပါပဲ … ရှက်သင့်တဲ့နေရာ ရှက်ရမယ် ၊ ရဲသင့်တဲ့နေရာ ရဲမယ်ဆိုတာ မှန်တယ် ။
    မလိုအပ်တဲ့နေရာမှာ အရမ်းအရှက်ကြောက် ကြီးနေစရာလည်း မလိုပါဘူး ။ မရဲသင့်တဲ့ နေရာမှာ လည်း အရမ်းမရဲသင့်ဘူးလေ ။ သူ့နေရာ နဲ့သူ ပေါ့

  • nayminn

    July 30, 2011 at 11:13 am

    ရှက်တော့ရှက်တာပေါ့ ဒါပေမဲ့….. ကြည့်ကောင်းလို့။

  • mzm

    July 30, 2011 at 12:16 pm

    သမီးတို့ရှက်လွန်းလို့အောက်ခံဘောင်းဘီကိုပဲပွဲပြီးတဲ့အထိကြည့်ပြီးပြန်လာခဲ့ကြတာ အဘရဲ့

  • king

    July 30, 2011 at 2:33 pm

    အမျိုးသားတွေလည်း ရှက်လို့ အကုန်လိုက်ကြည့်ရတာ …
    ခေါင်းတောင် ညောင်းတယ်ဗျာ ……………………………….. 😛

  • MOEPWINTPHYU

    July 30, 2011 at 4:56 pm

    ရှက်လိုပါဆို ပြောနေကြတယ်

  • zawthulay

    July 30, 2011 at 5:17 pm

    ကျွန်တော်လည်းရှက်လို့..ကောင်မလေးတွေရဲ့မပေါ့တပေါ်တွေပဲလိုက်ကြည့်တယ် (ဟီး) 🙂

  • nature

    July 30, 2011 at 8:32 pm

    သူတို့ကတော့ ရှက်လို့ အဝတ်ပါတဲ့နေရာကိုကြည့်တာ။ ဘေးကလူတွေကတော့ အဲဒီနေရာကိုပဲကြည့်နေတဲ့ သူကို ဘယ်လိုမြင်မလဲ မသိဘူး။

Leave a Reply