ပေးတိုင်း ပြန်မရတာ အချစ်လို့ ခေါ်လား

moonpoemFebruary 11, 20141min15515

ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်လားတဲ့။ ဒီသီချင်းကို ကြားမိတိုင်း အမြဲရင်ထဲမှာ ဆွေးမြေ ့ရသည်။
ကိုယ့်ရဲ့ခံစားချက်တွေက သီချင်းနဲ့ထပ်တူ ထပ်မျှမဟုတ်ပေမယ့် အဲဒီလို ခံစားမှုမျိုးနဲ့ နီးနီးစပ်စပ် ပါပဲလေ။

တခါတရံအချစ်သည် ကိုယ်ယောင်ဖျောက်ပြီး ရောက်လာတတ်သည်။ရန်ကုန်မိုးလို ဝုန်းခနဲရွာရင်သာ မိုးစိုမှန်းသိတာ။ တစိမ့်စိမ့်ရွာတဲ့မိုးက စိုလို့စိုမှန်းမသိပဲ အအေးပတ်မှပဲ သိတတ်တာ မျိုးလိုပေါ့။ တချို့အချစ်တွေကလည်း ဘယ်အချိန်ကတည်း က ချစ်လို့ချစ်နေမိမှန်း မသိပေမယ့် ရုတ်တရတ် ကိုယ့်အနီးက ပျောက်ကွယ်သွားတော့မှ အသည်းကွဲခြင်းကို ခံစားရတတ်သည်လေ။

ကိုယ်သိလိုက်ရသည်က အသိနောက်ကျခြင်းနှင့်အတူ အချစ်နောက်ကျခြင်း။တစ်ခုတော့ပြောချင်သည်။ပေးတိုင်းပြန်မရတာကို အချစ်ဟုခေါ်သည် ဆိုပါလျှင် ပေးချင်သော်လည်း မြိုသိပ်နိုင်စွမ်းရှိလွန်းပြီး ဆုံးရှူံးရသည့်တိုင် မပြောင်းလဲခြင်းသည်လည်း အချစ်လို့ခေါ်သည်ဆိုတာကိုပါ။

ခုတော့လည်းလွမ်းနေရသူကကိုယ်သာဖြစ်သည်။လသာသည့်ညဖြစ်စေ မသာသည့်ညဖြစ်စေ

    ကြယ်စုံသည့်ည ဖြစ်စေကြယ်မစုံသည့်ညဖြစ်စေ
    သဘာဝအလှတရားတို့သည် အသည်းနှလုံးကို ထိခိုက်ခြင်းတော့မရှိပါ။ လွမ်းတာကတော့ လွမ်းနေဦးမည်သာ။ပြီးတော့ ..ချစ်တာကတော့လည်း ဆက်ချစ်နေဦးမည်သာ။

    တစိမ့်စိမ့်ရွာခဲ့သော အချစ်မိုးတွေကြောင့် ကိုယ်အခုအအေးပတ်နေသည်လေ။

15 comments

  • မဟာရာဇာ အံစာတုံး

    February 11, 2014 at 9:29 am

    ပေးတိုင်း ပြန်မရတာ အချစ်လို့ ခေါ်တယ်ဆိုရင်
    အချစ်ကို ဈေးတွက် တွက်တာပဲ ..
    ဒီတော့ ဘယ်အချစ် ဖြစ်တော့မလဲပေါ့နော် ….

    စကားမစပ် …
    အအေးပတ်နေရင်
    မီးလင်းဖိုလေး နံဘေးနား သွားနေကြည့်ပါလား
    ပျောက်သွားလိမ့်မယ် ခည ..

  • Mr. MarGa

    February 11, 2014 at 10:03 am

    အချစ်ကတော့ ပေးတိုင်း ပြန်ရမရ မသိဘူး
    အဲ… မေတ္တာ ဆိုတာကတော့
    အသွားအပြန် ရှိသတဲ့
    ဆိုတော့
    မေတ္တာဆမ်းမှ လန်းဆန်းမယ်သာ ယုံ… :mrgreenn:

  • TNA

    February 11, 2014 at 1:43 pm

    အဲဒါထူးအယ်လင်းကြီး လျှောက်ပြောနေတာ။ သူကအချစ်တွေအများကြီးလျှောက်ပေးနေတာကိုး။ ဘယ်ကမှပြန်မရလို့ ငိုချင်ယောင်ဆောင်ထားတာ။
    တကယ့်အချစ်စစ်မှန်ရင်ပေးလိုက်ရင်တနေ့တော့ပြန်ရမှာပါ 🙂

  • alinsett ( Gazette )

    February 11, 2014 at 1:55 pm

    အော်…. အချစ်..အချစ်…
    အော်..အလွမ်း..အလွမ်း…
    အော်…..
    အင်း….
    အော်…..
    အင်း…..
    :kwi:

  • myat pearl phyu

    February 11, 2014 at 3:59 pm

    တစ်ဖက်ဖက်ကို သတ်တဲ့ အချစ်ကတော့ မကောင်းပုချင့် …

  • Myo Thant

    February 11, 2014 at 4:45 pm

    ဟုတ်ရယ် ဟုတ်ရယ်
    ပေးတိုင်းပြန်မရတာ အချစ်
    ခဏ ခဏပေးရလွန်းလို့ အချစ်တောင် အစစ်သိပ်မဖြစ်ချင်တော့ဘူးကွယ် ၊ 🙂

  • Wow

    February 11, 2014 at 4:58 pm

    ပေးတိုင်းပြန်ရချင်ရင် အပေါင်ဆိုင်ဖွင့်ပါလား… ပြန်မပေးရင် ပစ်စီးသိမ်းလို့ရဒယ်လေ… :mrgreen:

  • moonpoem

    February 12, 2014 at 10:33 am

    ဪ အမှန်အကန် အားပေးနေကြပါလား 😀

  • မမချွိ

    February 12, 2014 at 11:23 am

    နာ့ မတော့
    နာ့ ကို ပေးတိုင်း ပြန်မပေးတာ ..
    အကြွေးတွေပဲ။
    ဟေးဟေးဟေးးး

  • zaw min

    February 13, 2014 at 2:10 am

    ပေးတိုင်းပြန် မရတဲ့အချစ်က မိဘနဲ့သားသမီးအချစ်လို့ယူဆမိတယ်…
    မိဘတိုင်းက ဘယ်သားသမီးဆီကမှ မျှော်လင့်ချက်နဲ့ပေးကမ်းခဲ့တဲ့ချစ်ခြင်းမေတ္တာတရားဆိုတာမရှိခဲ့ပါဘူး…
    စုန်ရေသာရှိခဲ့တယ်ဆန်ရေဆိုတာမရှိသလောက်ပါပဲ…

    မွန်မွန်ကဗျာလေးနဲ့တိုက်ဆိုင်တယ်ထင်လို့…

  • TNA

    February 13, 2014 at 8:08 pm

    အနီခြင်းပြိုင်ဘယ်သူနိုင်မှာ ဒီပိုစ့်ဗိုလ်စွဲလိမ့်မယ်ထင့်။ ခုအဲဆုစနစ်ရှိသေးလားမသိ။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    February 14, 2014 at 7:07 pm

    ဒီမှာကလေးမ
    ပေးတိုင်းပြန်မရတာ အလွတ်ချေးငွေကွဲ့ အဟေးဟေး

    နောက်တာပါကွယ်

  • အဘရဟူဒီ

    February 18, 2014 at 1:05 pm

    ကိုယ်ပေးသော်လည်း … ပေးတိုင်းပြန်မရတာ ….
    ကားခ အကြွေ ပါ…

  • ဦးကျောက်ခဲ

    February 18, 2014 at 2:20 pm

    ရှေ့နေပေးငွေ ကြက်သောက်ရေ ၊ နတ်အုန်းရွှေချ ပြန်မရ…
    ပေးတိုင်းပြန်မရတဲ့အထဲမှာ မိန်းမကို ပိုက်ဆံအပ်တာလည်းပါတယ်…
    အားဟိ 😀

Leave a Reply