နင့်ကို ငါ ကျေးဇူးတင်ပါတယ် နင်ရယ်

alinsettFebruary 12, 20142min27412

ငါ့အတွက်ဆို ကံကြမ္မာက ဓါးထမ်းပြီး လာနေကျပဲ ။

အဲဒီလို ငါ မကြာခဏရေးဖူးတယ် ။

 

တကယ်လည်း ဟုတ်တယ် ။

ကြာတော့ ငါက. . . ကံကြမ္မာဆိုတာကြီးကို ကြောက် ရွံ ့ခြင်းကတစ်ဖက် . .

လာစမ်းကွာ ဆိုပြီး ရင်ကော့ ခေါင်းမော့ အရွဲ့ တိုက်လိုက်ချင် စိတ်က တစ်ဖက်နဲ့. . .နှလုံးသားမှာ အသားမာတောင် တက်လာတယ်။

 

ငါ စဉ်းစားတယ် ။ ငါ ဖြစ်နေတဲ့ အကျိုးတရားတွေကို ကြည့်ရင်. . .

ငါ လုပ်ခဲ့တဲ့ အကြောင်းတရားက တော်တော် ကမောက်ကမ နိုင်ခဲ့တာပဲ လို့ ။

 

အခု ငါ လုပ်နေတဲ့ အကြောင်းတရားတွေကလည်း . . ကစဥ့်ကလျားနဲ့. . .

ဆိုတော့ နောင် တစ်ချိန်မှာရော ငါ့ကံကြမ္မာရဲ့ အကျိုးသက်ရောက်မှုဟာ. . . . .

. . . . . . . . . . . .

. . . . . . .

. . . .

. . .

. .

.

 

အဲဒီလိုနဲ့ပဲ ငါဟာ. . .

မီးခိုးတစ်စလို ဝေဝေဝါးဝါး. . . .

တုန်ရီလှိုက်မောစွာ မျောနေရတဲ့. . .

လေစီးကြောင်းထဲက အမှိုက်တစ်စပဲ ။

ဟုတ်ပါတယ် ။

 

ငါ မတည်ငြိမ်သေးဘူး ။ မရင့်ကျက်သေးဘူူ ။

 

ဘယ်အရာကို ဖမ်းဆုပ်သင့်တယ်. . . ဘယ်အရာကို လွှတ်ချထားခဲ့သင့်တယ်ဆိုတာတွေ

ငါ သေချာ မခွဲခြားတတ်သေးဘူး။

 

ငါ့လက်ထဲမှာ ဆုပ်ကိုင်မိတာတွေဟာ. . . ငါ့ဖြစ်တည်မှုနဲ့ မအပ်စပ်တာတွေရော. . .

ငါ့ခံနိုင်ရည်ကို အကြိမ်ကြိမ် ထိုးသတ်ခုတ်ဖြတ်မယ့်. . . ဓါးတွေရော. . .

ငါ့နာကျင်မှုတွေကို နာသည်ထက်နာအောင်. . .တိုက်ခိုက်ချင်တဲ့. . . အနာပေါ်ကျရမှကျေနပ်တတ်တဲ့ တုတ်တွေရော ပေါ့. . . ။

 

ဒီလိုပါပဲဟာ. . . . ငါဟာ. . . .ဖြစ်သင့်တာတွေကို စဉ်းစားရင်း. . . .

မျှော်လင့်ရင်း. . .

ဖန်တီးရင်းနဲ့. . . .

မဖြစ်သင့်တာတွေ မဖြစ်ချင်တာတွေကိုပဲ ရင်ဆိုင်ကြုံတွေ ့နေရတာ. .

အဲဒီလို ယိုင် တိ ယိုင် တိုင် ဆက်လျှောက်နေရတဲ့ လှမ်းလျှောက်သူ..

 

နင် လည်း သိမှာပေါ့ဟာ. . .

နင် က ငါ့ ဘဝ ဖြစ်တည်မှု ကို အတွင်းကျကျ သိခဲ့သူပဲ ။

နင်နဲ့ ငါ ရဲ့ ပက်သက်မှု ဟာ. . . အခုလို ဟက်တက်မကွဲခင် အချိန်ကဆို အံ့ဩစရာကောင်းလောက်အောင် . . .

တွယ်ငြိခဲ့ကြတာပဲ ။

 

အဲဒီတုန်းက နင်ရော ငါရော မမောနိုင် မပန်းနိုင် လှမ်းကိုင် တို့ ထိ စားသုံးခဲ့ကြတာက ” အချစ်ဆိုတဲ့သစ်သီး”လေ။

 

အခုနေ ငါ စဉ်းစားကြည့်မိတော့. . . .အဲဒီတုန်းက ငါတို့ စားသုံးခဲ့ကြတဲ့ အချစ်သီးဟာ. . .

ရူးလောက်အောင် ချိုမြိန်ပြီး ကြောက်စရာကောင်းလောက်အောင်. . .အဆိပ်ပြင်းတယ်ဆိုတာပဲ ။

 

နင်ရော အချစ်ကို ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ဦးမလဲ. . .

 

နင်ကတော့ အချစ် ပင်လယ်ထဲကနေ ကမ်းစပ်တစ်ခုဆီကို ကူးခတ်သွားပြီး. . .

အချစ်ရဲ့ ငတ်မပြေမှုထဲကနေ. . . ရုန်းထွက် လွတ်မြောက်နိုင်ခဲ့ပြီပဲ. . . .။

 

နင့်ဆီမှာ. . . အချစ်နဲ့ ပက်သက်တဲ့ ခံစားချက်တွေ အရင်လို မရှိတော့ဘူးထင်ပါရဲ့ ။

 

ငါကသာ အချစ်ရဲ့ အရသာကို ပြန်လည် တမ်းတရင်း အခုထိ အဆိပ်တက်ကောင်းတုန်း. . . .

 

နင် . . . သိပ်တော်ပါတယ် ။

 

မနေ့က နင်နဲ့ မထင်မှတ်ပဲ ဆုံတွေ ့ချိန်မှာ. . .

ငါက ဟန် မဆောင်နိုင်လောက်အောက်. . . ကြေကွဲနေတဲ့သူ. . . .

 

နင်ကတော့. . . . ဘာမှ မဖြစ်ပျက်ခဲ့သလိုမျိုး စနစ်တကျ ဟန်ဆောင်ပြီး ဟန်မပျက် နေပြနိုင်ခဲ့သူ. . . . .

 

နင့်ကို ငါ အားကျပါတယ် ။

 

နင့် ရဲ ့အသည်းမာမှုကို အားကျတာပါ။

 

”သူရရယ်. . . နင့်ကို ငါ သတိရ နေတာ” ဆိုတဲ့စကားကို ငါက သွေးရူးသွေးတန်းမျှော်လင့်နေခဲ့ပေမယ့်. . . .

တကယ်တမ်း နင်ပြောတဲ့ စကားက ငါ့အတွက် သိပ်မချိုဘူးဟာ. . .

 

” အဆင် ပြေတယ် မဟုတ်လား သူရ ‘‘တဲ့။

 

အဲဒါ တစ်နှစ်လောက် ဝေးကွာပြီး အမှတ်မထင် ပြန်ဆုံတွေ ့တဲ့ ရည်းစားဟောင်း ယောကျာ်းတစ်ယောက်ကို နှုတ်ဆက်တဲ့စကားပေါ့နော်. . . ။

 

နင်နဲ့ငါက ပြတ်တောက်သွားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ထဲက . . .

မင်းသမီး နဲ့ မင်းသား ပါ ။

 

အမုန်းနဲ့ လမ်းခွဲတာ မဟုတ်သလို နာကျည်းချက်တွေနဲ့ လမ်းခွဲခဲ့တာလည်း မဟုတ်ခဲ့ပါဘူး ။

 

တစ်ယောက်ကိုတစ်ယောက် ချစ်နေလျက်နဲ့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းမို ့ ရှေ ့မဆက်ပဲ ရပ်တန့်ခဲ့ရတာပါ ။

 

ကိုယ့်ဒဏ်ရာ ကို ကိုယ့်လက်နဲ့ ဖိရင်း နာကျင်စွာ လမ်းခွဲခဲ့ရတာ. . . .

သံယောဇဉ် လက်ကျန်တွေ . . . နင့်ရင်ထဲမှာရော. . . ငါ့ရင်ထဲမှာပါ. . . တူးဆွကြည့်စရာ မလိုပဲ

တွေ ့နိုင်ပါတယ်ဟာ။

 

အခုတော့ နင့်ဆီမှာ. . . ငါနဲ့ ပက်သက်ခဲ့သမျှ တစ်ခုမှ မရှိတော့သလိုမျိုး ဟန်မပျက်နေပြသွားခဲ့တာ ။

 

ငါ အံ့ဩမိပါတယ် ။

ငါ့ကို နင် ပြောဖူးခဲ့တဲ့ . . .

” သိပ်ချစ်တာပဲ မောင်ရယ်. . . ” ဆိုတဲ့ စကားသံ ချိုနွဲ့နွဲ့လေးဟာ နင် ပြောခဲ့တာမှ ဟုတ်ရဲ့လား။

 

”မောင်နဲ့ ခွဲရရင် သေသွားမယ် ထင်ပါရဲ့ မောင်ရယ်. . . ” ဆိုပြီး ငါ့ရင်ခွင်ထဲ မှီတွယ် ငါ့လက်ကလေး ကိုင်ပြီး ပြောခဲ့တာ နင်မှ ဟုတ်ခဲ့ရဲ့လား ။

 

နင့်ကို ငါ ချစ်မြတ်နိုးတဲ့ စိတ်နဲ့ . . .

စာလှလှလေးတွေ ကဗျာလို ရွရွလေးရေးခဲ့တဲ့ ငါ့လက်ကလေးကို နင်. . .အနမ်းပွင့်လေးတွေ ချွေပြီး

” မောင့် လက်ကလေးကို ဟောဒီလို အမြဲ ဆုပ်ကိုင်ခွင့် ရချင် တာ . . . မောင်ရဲ့ ” လို့ ပြောခဲ့တဲ့ ငါ့ချစ်သူဟာ နင် မဟုတ်တော့သလိုပဲနော် ။

 

နင့်အတွက် အဲဒါတွေက အိပ်မက်ဖြစ်သွားပြီ ဆိုပေမယ့် ငါ့အတွက်တော့ . . . .

လက်တွေ ့ကျနေဆဲပါပဲ ဟာ. . . .

 

အဆင်ပြေတယ် မဟုတ်လားတဲ့ ။

အဲဒါ. . . . .

အဆင်ပြေလားဟင် လို့ မေးတာ မဟုတ်ဘူး ။

 

ငါ အဆင်ပြေ နေတယ် လို့

နင် ယူဆထားတာ. . .

နင့် အယူအဆ မှန်သလားဆိုတာ သေချာချင်ရုံပေါ့လေ ။

 

အဆင်ပြေတယ် မဟုတ်လား တဲ့ ။

အဟက် ။

ငါ့ပုံစံက ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိပဲ အဆင်ပြေလွန်းနေတဲ့ ပုံစံပေါက်နေလို့လား ။

 

ရည်းစားဟောင်းကို လမ်းမှာ မထင်မှတ်ပဲ . .

ဆုံတွေ ့လိုက်တဲ့အခါ ဘယ်လို မျက်နှာ အမူအယာနဲ့ နေရမှန်း ငါမသိဘူး ။

 

အထူးသဖြင့် ငါ့ရည်းစားဟောင်း(နင်)က

တခြားယောကျာ်းတစ်ယောက် ရဲ့ လက်ကိုတွဲပြီး ငါ့ရှေ့မှာရပ် / ငါ့ကို နှုတ်ဆက် / အဲဒီ လက်တွဲဖော်အသစ်နဲ့ ငါ့ကို မိတ်ဆက်ပေးနေချိန်မှာ . . .

ငါ. . . . ငါ. . . ဘယ်လို နေရမလဲ. . . .

 

တောက်ခတ်ပြီး လှည့်ထွက်လိုက်ရမှာလား. . .

ခေါင်းငုံ့ချ လိုက်ရမှာလား. . .

နင် အခုတော့ ငါ့ထက်သာတဲ့ တခြားသူကို ငါ့ရှေ ့ လက်ဆွဲပြရက်ပြီပေါ့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ . . .

နင့်ကို ကြေကြေကွဲကွဲ ကြည့်နေရမှာလား။

 

ဟေ့အေး ။

 

ငါ ကလေးငယ်တစ်ယောက် မဟုတ်တော့ဘူး။

 

အသက် နှစ်ဆယ့်ခုနှစ် အရွယ် ယောကျာ်းတစ်ယောက် အနေနဲ့ ငါ ရုပ်ပျက်ဆင်းပျက် မဖြစ် ရုံတော့. . .ဟန်ဆောင် ပြုံးပြနိုင်ခဲ့တယ်ပေါ့။

 

ငါ့ အပြုံးက . . . သိပ် မပိရိပဲ အိုးနင်းခွက်နင်း ဖြစ်သွားမှာပါ ။

နင့်လိုမှ . . . ငါ မကျွမ်းကျင်ပဲ ။

 

ဒါပေမယ့်. . . .

နင့် ကျွမ်းကျင်မှုကို မျက်ဝါးထင်ထင် တွေ ့လိုက်တာ ငါ့အတွက် အကျိုးတော့ ရှိသွားပါတယ်လေ ။

 

ငါလေ . . . အလွမ်း အဆွေး အချစ်တို့ရဲ့ နွံထဲကနေ . . .

ဘွားခနဲ ရုန်းထွက် လိုက် နိုင် မှ ဖြစ်တော့မယ် လို ့. . . သတိရသွားစေတဲ့ အတွက်

( အိပ်မက်တွေထဲက နိုးထစေတဲ့အတွက် )

နင့်ကို ငါ ကျေးဇူးတင်ပါတယ်. . . .

နင် ရယ် . . . .

 

ငါ . . .အံတင်းတင်းကြိတ် လက်သီး မသိမသာဆုပ်ပြီး ပြန်ပြောမိတဲ့စကား ကြားတော့ နင် ဝမ်းသာ သလားးးး

 

( ” အဆင်ပြေတယ် မဟုတ်လား သူရ ” )

 

 

” ငါ. . . အရင်ကတော့ အဆင်မပြေဘူးဟ ။ အလူးအလဲပဲ. . . ။

ဒါပေမဲ့ အခုတော့

အရမ်း အဆင်ပြေသွားပြီ . . . ။

ငါ့ ဘဝမှာ အဆင် အပြေဆုံး အချိန်ဟာ . . . အခု အချိန်ပဲ ”

 

***************

 

အိမ်ရောက်တော့. . .

ငါ့ဘဝထဲက လွှတ်ချခဲ့ရမယ့် အရာတွေ. .

မေ့ပစ်လိုက်ရမယ့် အရာတွေကို

စာရင်း လုပ်ကြည့်မိတယ် ။

 

” နင်နဲ့ ငါရဲ့ ပက်သက်မှု အစအဆုံး ” ကို မေ့ပစ်ဖို့က . . . . မေ့ပစ်ရမယ့် စာရင်းရဲ့ ထိပ်ဆုံးမှာ ဖြစ်နေတယ် ။

 

. . . .

. . . .

. . . .

. . . .

 

ငါ. . .

မကြာခင်. . .

တကယ် အဆင်ပြေတော့မှာပါ. . .

 

. . . .

. . . .

. . . .

 

 

********************

 

အလင်းဆက် (Gazette)

 

9 / 2 / 2014 / 15 : 05 pm

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • ဖြူစိုင်း လူ

    February 13, 2014 at 7:44 am

    ၂ရ ဆိုတာ ရင့်ကျက်မှုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်သေးတာမဟုတ်ဘူး
    ချော်လဲလိုက် ပြန်ထလိုက်နဲ့ ဘဝကို ကသောကမျော ရင်ဆိုင်နေရတုန်းအချိန်

    တစ်ချိန်က ချစ်စိတ်မွှန်တုန်းကတော့ ခုလိုတွေဖြစ်လာမယ်လို့ ဘယ်သူမှ မတွေးမိလောက်ဘူး
    ကြုံလာခဲ့ရင်များဆိုပြီးတော့ တွေးပူကြတာတော့ အမှန်အတိုင်းဖြစ်လိမ့်မယ်

    မျှော်လင့်ချက်ဆိုတာ တစ်ကယ်တော့ တိမ်စိုင်တစ်ခုလိုပါပဲ
    ကောင်းကင်မှာ လှပလို့၊ လက်ထဲအလွယ်မရနိုင်လို့ သိပ်မက်မောစရာချည်းပဲ
    လက်ထဲရောက်ပါမှ ဆုပ်ကိုင်လို့မရတာတွေချည်းပါပဲ

    အချစ်အတွက် အသက်မသေနိုင်ပါဘူး
    အသက်မသေဖို့အတွက်ပဲ ချစ်နေကြတာတွေ ရာခိုင်နှူန်းတော်တော်များများမြင်တယ်

    ကျန်းမာရေးကောင်းဖို့
    အချစ်တွေ များများရှာဖွေ မှီဝဲကြပါစို့လို့။

    :hee:

    • alinsett ( Gazette )

      February 13, 2014 at 11:38 am

      အချစ်တွေ များများ ရှာဖွေမှီဝဲနိုင် ဖို့. . .
      အင်းး အဲဒါလေး မဆိုးဘူးပဲဗျ

      😆

      ကွန်မန့်လေးနဲ့ အချစ်နဲ့ဘဝအကြောင်း ဝင်ဆွေးနွေးပေးသွားတဲ့အတွက်
      ကျေးဇူးးး

      🙂

  • မမချွိ

    February 13, 2014 at 8:18 am

    ရည်းစားဟောင်းပါဆိုအေ။
    ဘယ်လိုနှုတ်ဆက်မယ် မျှော်လင့်ထားတာတုန်းးးး :mrgreenn:

    ” ဟယ်လို ဒါလင်၊ မတွေ့ရတာ ကြာပြီ၊ အရင်လို ကြည့်ကောင်း နေတုန်းပဲ အချစ်ရယ်၊ ပြန်စုံတွေ့ရတာ တကယ်ဝမ်းသာ၊ ချစ်သူနဲ့လားးး ပျော်နေရဲ့လားးး ”
    .
    .
    အဲဒီလို မခိုင်ကြီးသီချင်းနဲ့ နှုတ်ဆက်မယ်ထင်လို့ လားးးးး ဟင်?? :mrgreenn:

    ခက်ပေါ့ ငါ့မောင်ရယ်။
    ခက်ပေါ့။ :mrgreenn:

    နာမည်ကိုက သူရ ကိုးးးး
    သူများချည်း ရရသွားတာ။
    နောက်ခါ ကိုယ်ရ (ကိုရ) လို့ ခေါ်ပါ။ ကိုယ့်ကိုယ်ကို။ :mrgreenn:

    အိုအေ။
    ဝက် ဆိုတာသာအကောင်းဆုံးးးး လူကြိုက်များမှာရယ်။

    :mrgreen:

    • alinsett ( Gazette )

      February 13, 2014 at 11:47 am

      ဝက် ဆိုရင်လည်း ကိုယ့်ကို မြင်တိုင်း ကိုယ့်နာမည်ကြားတိုင်း
      ဟင်းအိုးထဲ ထည့်ဖို့ တွေးနေကြရင် ခက်ပါပေါ့ မမဂျီးရယ်. .

      🙂

      ဒေါ်ဖွားမေဂျီးရေ ကယ်ပါဦးဗျ လို့ အော် ပြေးနေရမှာ ရယ်

      အော် သူရ သူရ
      သူများချည်း ရ ရသွားတာ ဒီနာမည်ကြောင့်ကိုးးး
      အဟဲ အိုက်လိုပဲ အကြောင်း ရှာတော့မယ်

      ကျနော့်ရဲ့ ဝတ္ထုတို ယောင် ဆောင်ထားတဲ့ ဝတ္ထုလေး
      အားပေးကြတဲ့အတွက် ကျေးဇူးပါဗျို ့

  • myat pearl phyu

    February 13, 2014 at 3:49 pm

    တကယ်တော့ မုန်းလို့ လမ်းခွဲခဲ့တာမဟုတ်တော့လည်း ချစ်ခဲ့တုန်းက အမှတ်တရဒွေကို သတိတရဖြစ်ပြီး လွမ်းဆွေးမဆုံးဖြစ်နေတာပေါ့လေ…

    သူလည်း ကိုယ့်လို လွမ်းနေမှာပဲ လို့ စိတ်ကထင်နေသောငြားလည်း
    အချစ်ကြောင့်ရတဲ့ ဒဏ်ရာကို အချစ်နဲ့ပဲပြန်အစားထိုးသွားတဲ့ Ex-Gf လေးကို တွေ့မှ ခင်ညားရဲ့ လွမ်းအိပ်မက်ရှည်ကြီး နိုးထသွားတာပေါ့ဂျာ…

    တော်ကြာ ကိုယ်ကတော့ ၄ဖြူရဲ ့ စိတ်ပူတယ် လုပ်နေတုန်း ဟိုက အချစ်သစ်နဲ့ စိတ်သစ် လူသစ် ဖြစ်နေပီဂျ …

    ကဲ ..ကဲ … ပြန်ပြောလျှင် မနက်ဖြန် မရှိအောင် သံယောဇဉ်လက်ကျှန်ဒွေလည်း ဒီစာစုလေးနဲ့ ဖြတ်နိုင်ပါစေဗျာ့ … Fighting fighting !!!

    • alinsett ( Gazette )

      February 13, 2014 at 5:44 pm

      ဟုတ်ကဲ့ဗျာ

      မနက်ဖြန် ချစ်သူများနေ့မှာ
      အချစ်သစ် စိတ်သစ်နဲ့ ပိုစ့်အသစ်တစ်ခု ထပ် တင်ထားတာလေး တက်လာပါလိမ့်မယ် လို့
      အာ့လေးလည်း လာ ဖတ်ကြည့်ပေးလှည့်ပါဦးနော့

      ခင်မင် ရင်းနှီးစွာဖြင့်. . .

      • myat pearl phyu

        February 13, 2014 at 9:26 pm

        ကောင်းပါလေ့ ..ကောင်းပါလေ့ …
        အချစ်အတွက် အသစ်တစ်ဖန် မွေးဖွါးခဲ့ပြီပေါ့နော်…

  • TNA

    February 13, 2014 at 8:06 pm

    နင်က အတိတ်ကိုတမ်းတာနေတုန်း ဟိုက ပစ်စုတ်ပန်မှာပျော်မွေ့နေသကိုး

    • alinsett ( Gazette )

      February 13, 2014 at 8:41 pm

      ဟုတ်ပါ့ တဲသီရယ်…

      ဒါပေမယ့်..
      ဒါက..ဝတ္ထုတစ်ပုဒ်အနေနဲ ့.. အတိတ်မှာ..အရိပ်ဖြစ် ကျန်ရစ်ခဲ့ပါပြီ…
      :kwi:

  • လုံမလေးမွန်မွန်

    February 14, 2014 at 5:22 pm

    အရူးကောင်..
    ဟိုဘက်ပို့စ်ကို ဖတ်ပြီး ဒီပို့စ်ကို ဖတ်မိတာ .. အသည်း ဟက်တက်ကွဲသွားသလိုပဲ…
    🙁
    ဟိုက ပြောတာတောင် နည်းသေး..

    • alinsett ( Gazette )

      February 15, 2014 at 3:01 am

      အဟ်ိ

      🙂

      စာသားတွေနဲ့ ပြုစားကြည့်တာပါကွယ်

Leave a Reply