တောဇာတ်

သုရွင္February 11, 20141min23911

လက်ရှိ မင်းသားလုပ်တဲ့သူကလည်း ဘာပဲပြောပြော ပတ်မကြီးကို တကြည့်ကြည့်။ တစ်ယောက်ယောက် ဖောက် သွားမှာကို စိုးရိမ်လို့။ စိုးရိမ်လောက်စရာကိုး။ သူက သာ က လို့ကောင်း နေတာ ဇာတ်ခုံက ခပ်နဲ့နဲ့ရယ်။ အရပ်စကားနဲ့ပြောရမယ်ဆိုရင် အဖြစ် ကနေရတာ။ မင်းသားက ကလို့ မဆုံးသေးဘူး ဇာတ်ထွက် မင်း သမီးက တစ်ပြင်ပြင်။ ပရိတ်သတ်က မင်းသမီးကို မျှော်လှပြီ။ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ်။ ဒီဇာတ်ထုပ် ကလည်း ရှည်ပါ့ ဆိုတာ လိုမျိုး။ မပြီးနိုင်တဲ့ ဇာတ်က အရှုပ်ထုပ်။

ပရိတ်သတ်ထဲမှာ တောဇာတ်ဆိုတော့ဗျာ ရွာကျောင်းက ကိုယ်တော် တွေ လည်းပါတယ်။ ထန်းရည် သမားတွေ လည်းပါတယ်။ ဒီနှစ်တွေ ထဲ ရွာမှာ ပွဲငတ်နေတာကြာပေါ့။ ငယ်ငယ်ရွယ်ရွယ်ကြီးကြီးသေးသေး ပုပုရှည်ရှည် ပျိုပျိုအိုအို လာကြတယ်။ ဒီမှာ စကားပြောလာတာက ပွဲကြည့်စရာနေရာပဲဗျို ့။ ရှေ ့ဆုံးက နေကြ ည့် ရမှ ပွဲလို့ ထင်နေကြတဲ့သူတွေ နေရာလုကြတာ။ ကောင်းတယ်ဆိုးတယ် ကျုပ်ကတော့ ပြောပါဘူး။

လူပြက်တွေကလည်း ပြက်လုံးရှားလာလို့ထင်ပါရဲ့ ထပ်ခါထပ်ခါ ပြက်လုံးတွေ ထပ်လာတယ်။ ကျုပ်အရယ်ရဆုံးကတော့ ထမင်းတနပ်လျှော့စား ဖို့ အပြောလေး ရယ်။ ဖယောင်းတိုင်ထွန်းဖို့ အားပေးတယ် ဆိုတဲ့ ပြက်လုုံးရယ်။ ပါးတွေချည်းလှည့်ရိုက်ပစ်မယ် ဆိုတဲ့ ပြက်လုံးရယ်။ ရွာထဲမှာ ကျွတ်ကျွတ်ညံလို့ဗျို ့ ။ အမယ် ဆိုင်းဝိုင်းက သာ မကောင်းတာ နှဲက နှစ်လက်   ခင်ဗျ။ တမင်ဆူအောင်လုပ်နေသလားတောင်မှတ်ရတယ်။ ဆိုင်းဆရာ ရဲ့ အတီးတခြား အဆို တခြားကို တော့ ဖုံးဖိလို့ ရနိုင်သပေါ့။ သို့ပေမယ်။ နားဆူလွန်းပါတယ် ဗျာ။

ကုလားကာ နောက်ကွယ် ကိုဖြင့် ဘယ်သူမှ မကြည့်ဖြစ်ကြဘူးထင်ပါ့။ ကျုပ်နောက်ဖေးသွားရင်း မြင်ခဲ့တာလေး ဖောက်သယ် ချပါရစေ။ မနေနိုင်လွန်းလို့ပါ။ က မှာက မျိုးချစ် တို့ ရဲ့ အောင်ပွဲ။ ဇာတ်တိုက်နေကြတာက… ဘီလူးခေါင်းနဲ့ ဒဿ လာမယ်လေ ဆိုတဲ့ဇာတ်။ ကျုပ်မပြောဘူးလား ။ တစ်ခြားစီ ပါလို့ ဆို။ ငြင်းနေကြ ခုံနေကြလိုက်တာများ လူကြားလို့မှ မကောင်းဘူး။ ဘယ်အခန်းက ပါရ ပါရ ပါရမှကိုဖြစ်မှာ ဆိုတဲ့သူတွေ လည်းပါသဗျာ။ မင်းသမီး မ က တတ်မှာ ဆိုးလို့ စိုးရိမ်နေသံတွေတောင်ကြားသေးတယ်။ မင်းသမီးက အသစ်ပေမယ့် မျက်နှာပေးလေးကတော့ဖြင့် ဆိုးပါဘူး။ ကျုပ်အမြင်ပေါ့ဗျာ။ သူ ့မှာလည်း မိုးသာလင်းသွားပြီး မ က လိုက်ရမှာ စိုးနေဟန်တူပါရဲ့ နည်းနည်း အိန္ဒြေတွေတောင်ပျက်နေလေရဲ့။

တောဇာတ်အကြောင်းပြောရတာ ရှက်တော့ ရှက်စရာပါ့ဗျာ။ ပွဲက ငတ်လှ တော့လည်း ဒီပွဲ အကောင်းလုပ်ကြည့်နေရတာ။ ပွဲမကြည့်ရတာ နှစ်ပေါင်းကလည်း တော်တော်ကြာပြီမဟုတ်လား။ ကျုပ်ကတော့ ဒီ ဇာတ်မြန်မြန်ပြီးပါစေပဲ ဆုတောင်း တော့တယ်။ ဘယ်လိုပုံဘယ်လိုနည်းနဲ့ပဲ ပြီးပြီးပေါ့ဗျာ။ စိတ်မော လို့။

 

သုရှင်( ၁၁-ဖေဖော်ဝါရီ-၁၄)

 

11 comments

  • သုရှင်

    February 11, 2014 at 10:07 pm

    ကော်ပီ။ပေစ်ထဲ ပါသွားပြန်ပြီဗျို ့။ကယ်ကြပါဦး။
    😛

  • alinsett ( Gazette )

    February 12, 2014 at 7:22 am

    ဒီ အရပ်နဲ့ ဒီဇာတ်နဲ့ ဘာဖြစ်တယ်ဆိုလားး

    သီချင်းစာသားလေး သတိရသွားတယ်

    🙂

  • မမချွိ

    February 12, 2014 at 11:20 am

    အဲ့ မင်းသားက နောက်ဆုံးဖြစ်ပါစေပဲ ဆုတောင်းရမလိုလို

    သူ့ အရင် မင်းသားတွေ အက ကောင်းလိုက်တာ ဇာတ်စင်က တဲတဲလေးပဲကျန်တော့တယ်။
    ဇာတ်စင်ကို ထိမ်းသိမ်းဖို့ မိန်းတိန်းနန့် ပိရိရက်ကို မပေးပဲ ကကြတာ။
    မင်းသမီးကတဲ့ အချိန် ဇာတ်စင်ကျိုးအောင် တမင်ကနေကြသကိုးးး
    :mrgreen:

    • TNA

      February 12, 2014 at 11:41 am

      အင်း သူ့အရပ်နဲ့သူ့ဇာတ်မို့ပေါ့လေ။ ချွိချွိပြောတဲ့ဇာတ်စင်တည်းတည်းလေးကျန်တယ်ဆိုလို့ ပန်းတနော်ကရွာသားများလက်စွမ်းပြခဲ့တဲ့ ဇာတ်စင်မျက်စိထဲသွားမြင်မိသကိုး :mrgreenn:

      ကိုယ်တွေဘွလဲသနားဇယာကိုဖစ်လို့ :byee:

  • kai

    February 12, 2014 at 11:33 am

    ပွဲကအခုမှစမှာတဲ့…
    ဒုန်ချမ်းချမ်း… ဒုန်ချမ်းချမ်း…။
    ကဲ.. ဘစိန်ရေ.. လူစီတုံး…နောက်ဂျွမ်း… :mrgreen:

  • သုရှင်

    February 12, 2014 at 2:47 pm

    သူကြီးရေးမှပဲ စိတ်နဲ့ လူနဲ့ မကပ်တဲ့ မင်းသားကြီး ဘစိန် တောင်ရှေ ့ဂျွမ်းနောက် ဂျွမ်းမှားထိုးရတော့မလို။

  • nature

    February 12, 2014 at 3:33 pm

    ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်။ ဗျိုင်းနားလို့ကိုင်းရတယ်။ ဗျိုင်းဘာကြောင့်နားရတယ်။ ငါးပေါ်လို့နားရတယ်။

    ဒီတော့ပေါက်ပင်ကိုင်းရခြင်းရဲ့တရားခံဟာဗျိုင်းကြောင့်လား ။ ငါးကြောင့်လား။ ပေါက်ပင်ကိုင်းတာကို ဗျိုင်းနားလို့ကိုင်းရတယ်ဆိုတာက မျက်မြင်မှာထင်ရှားနေလို့ ဗျိုင်းကတရားခံလား။

    ဗျိုင်းကလည်း ငါးပေါ်လို့နားတာ ငါးမပေါ်ရင်နားစရာအကြောင်းမရှိဘူး။ ငါးမပေါ်ရင်ဗျိုင်းနားစရာအကြောင်းမရှိလို့ ပေါက်ပင်ကိုင်းစရာ မရှိဘူးလို့များချေပရင် ပေါက်ပင်ကိုင်းရတာ ငါးကတရားခံလား။

    တရားခံဘယ်သူလဲဟေ့…..

  • Paing Lay

    February 13, 2014 at 2:46 pm

    မျက်ကန်းမျိုးချစ်တွေကတော့ အရှုးတွေ လှည့်ချင်သလို လှည့်စားနေတဲ့ အံစာတုံး(အူးအံဇာကို ပြောတာမဟုတ်) အဖြစ် ကောင်းကောင်းကြီး အသုံးတော်ခံနေလေရဲ့ :mrgreen: :kwi:

  • myat pearl phyu

    February 13, 2014 at 9:43 pm

    ပွဲဆူလို့ ဖျာခင်းမယ့်သူဒွေတော့ ကြောက်ကြောက်ချင့် …

  • Wow

    February 14, 2014 at 4:25 pm

    ရုံထဲမယ် တပ်ပိုင်ဖျာဆိုပီး လာလာဖယ်ခိုင်းတာရယ် ခုနောက်ဆုံးသေနပ်ဒဏ်ရာလှန်ပြဒဲ့ အော်ပရာလေးရယ် ကော ပါဝူးလား :mrgreen:

Leave a Reply