ခင်ဗျားကို …ကျနော် … ချစ်နေပြီ. . .

alinsettFebruary 14, 20144min54024
ပျော်ရွှင်ပါစေ...ချစ်သူ...
ပျော်ရွှင်ပါစေ…ချစ်သူ…

 

ကျွန်တော် ခင်ဗျားကို ချစ်တယ်။

 

ဒါက ………………

လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ရည်းစားစာ ဆိုတာကြီး မဟုတ်ဘူး။

 

အဲဒီလို ရည်းစားစာပေးတယ်ဆိုတာထက် ပိုလေးနက်တဲ့

မေတ္တာတရားရဲ့ အတိမ်အနက် အလေးအပေါ့သဘောတရာတွေနဲ့

စိတ်နှလုံးထဲက ခံစားမှုတွေကို ဖွင့်လှစ်ပြသခြင်းပါ ။

 

ချစ်တယ်ဆိုတဲ့စကားကို

သုံးလိုက်ရပေမယ့်

ပြော ပြ ချင် တာ က

ဒီ ထက် အများ ကြီး ပိုနေပါတယ် ။

 

ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို

ချစ်တယ်ဆိုရာမှာ ဘာတွေ ပါနေသလဲ ဘယ်လိုမျှော်လင့်ချက်

ဘယ်လို အတွေးစိတ်ကူးတွေနဲ့

ဦးတည်သလဲ . . .

 

ကျွန်တော်ကတော့ ခင်ဗျားကို

ချစ်တယ်လို့ပြောရာမှာ. . .

ကျွန်တော့်ရင်ထဲမှာ အေးမြဖြူစင်သော မေတ္တာတရားပဲ ရှိတယ်။

 

မျှော်လင့်ချက် မရှိဘူး။

အလိုဆန္ဒကို ရှေ့တန်းမတင်ချင်ဘူး ။

 

အလွန်ချစ်စရာကောင်းသော ကလေးငယ်တစ်ယောက်ကို

အသဲထဲအထိ ချစ်မိသလိုမျိုး. . . .

ချီလိုက်ချင်စိတ်

ပွေ့ ့ဖက်နမ်းရှိုက်လိုက်ချင်စိတ်တွေနဲ့ အသည်းတယားယား ဖြစ်မိသလိုမျိုးပဲ ။

 

ခင်ဗျားကို မတွေ ့ရ မမြင်ရတာကြာတဲ့အခါ. . . ခင်ဗျားရဲ့ အသံစူးစူးရှရှလေးကို မကြားရတာကြာတဲ့အခါ. . .

ခင်ဗျားရဲ့ ရယ်မောပျော်ရွှင်သံလေးတွေ မကြားရတာ ကြာတဲ့အခါ. .

ကျွန်တော် မနေတတ်မထိုင်တတ်နဲ့

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ဖူးတယ် ။

 

ခင်ဗျားရဲ့ ဓါတ်ပုံလေးတွေကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး

ကျွန်တော့် အလွမ်းတွေကို ဖြေရတယ် ။

 

ခင်ဗျားနဲ့ ဆုံစည်းခွင့် ရတဲ့အတွက် ကိုယ့်ကံကြမ္မာကို

ကိုယ်ကျေးဇူးတင်ရင်း

ခင်ဗျာကို ပိုလို့သာ သံယောဇဉ် ငြိတွယ်နေမိတယ် ။

 

ဟုတ်တယ်။

ခင်ဗျားကို ကျွန်တော် သံယောဇဉ် ရစ်ပတ်နှောင်တွယ်မိနေတာ။

 

လူပြောသူပြောများတဲ့

အချစ်ဆိုတာထက်

ပို ခိုင်မြဲတဲ့ သံယောဇဉ်နဲ့မှ

တွယ်တာမိတာပါ ။

 

ကျွန်တော့်ကိုယ်ကျွန်တော်လည်း အံ့ဩောတယ် ။

 

ကောင်မလေးတစ်ယောက်ကို ဒီလောက်ထိ သံယောဇဉ် ဖြစ်မိသွားလိမ့်မယ်လို့ ထင် မထားခဲ့ဘူးလေ ။

 

လူပြောသူပြောများနေတဲ့ အလွမ်းအဆွေးဆိုတာကြီးနဲ့တော့ မကြုံချင်ဘူးပေါ့ ။

 

ခင်ဗျားကို ကျွန်တော် ချစ်မိတဲ့အကြောင်း အချိန်တိုင်းလိုလို စဉ်းစားမိတယ်။

 

အထူးသဖြင့် ချမ်းအေးလှတဲ့

တစ်ကိုယ်တည်းတိတ်ဆိတ်နေရတဲ့ အခုလို ညများမှာပေါ့. . .

 

လက်ကလေးပိုက် ခေါင်းငိုက်စိုက်ချပြီး

ခင်ဗျားကို ကျွန်တော် ချစ်လိုက်တာ လို့ တတွတ်တွတ်ရွတ်ဖူးတယ်။

 

ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလိုမျိုး မြေမြင် သဲမှုန်ဖုန်ပွပွလေးပေါ်မှာ

ခင်ဗျားရဲ့ နာမည်လေး ချရေးပြီး အကြာကြီး ငေးကြည့်နေဖူးတယ် ။

 

စိတ်ကူးတွေ မရိုင်းပဲ ယဉ် လို့ပေါ့ ။

 

ကြယ်တွေ လတွေနဲ့ အေးချမ်းလှပတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်းက

ခင်ဗျားမျက်နှာလေးကိုပဲ မြင်နေတာလည်း ရုပ်ရှင်ပြကွက်ထက် ပိုလှပါတယ်။

 

ဟောဒီ မြေကမ္ဘာ အောက်မှာ လူငယ်တစ်ယောက်ဟာ ခင်ဗျာကို ရူးရူးမူးမူး ချစ်နေတယ်ဆိုတာ ခင်ဗျား သိသင့်တာပေါ့။

 

သေအံ့မူးမူူ ငှက်တစ်ကောင်က သူ ့ရဲ့ ကောင်းကင်ပြာကြီးကို သတိရ လွမ်းဆွတ်သလိုမျိုး

မခွဲနိုင် မခွါရက်သလိုမျိုး ခင်ဗျားကို ကျွန်တော် သတိရတွေးတော လွမ်းနေတာ …..

 

လွမ်းမိတိုင်းလည်း ကဗျာတွေစာတွေ ချရေးမိတယ် ။

 

ကျွန်တော် ရေးမိသမျှထဲက နည်းနည်းတော့ ပြသချင်တယ်။

 

********************

 

ချစ်သူရေ. . . .

ကြယ်တစ်ခြမ်း လတစ်ခြမ်းလောက်နဲ့တောင်

တမ်းတမ်းစွဲမက်မောဖူးတဲ့လူပါ. . .

မင်းပါဝင်တဲ့ ညချမ်းဆို. . .

ရူးလောက်အောင် ပျော်မိမယ့်ကိုယ်. . .

 

ချစ်သူရေ. . . .

ကြောက်စရာကောင်းတဲ့ အရှုံးတွေနဲ့

ကိုယ်. . . လဲကျသွားတဲ့အခါတိုင်း. . .

မင်းရဲ့အပြုံးတစ်ချက်နဲ့ ကြုံးထနိုင်ခဲ့တယ်…

အချစ်ဆိုတာ. . .ကိုယ့်ဘဝမှာ အားဆေးတစ်ခွက်

 

ချစ်သူရေ. . . .

ကိုယ့်ရဲ့ စိတ်နယ်လွန်တပ်မက်ခြင်းတွေက

မင်းကြောင်းတွေးလိုက်တိုင်း

ထိန်းမနိုင် သိမ်းမရနဲ့ပေါ့. . .

ရှက်ကိုးရှက်ကန်းကောင်လေးတစ်ယောက်

မင်းမသိအောင် တိတ်တိတ်ကလေး. . .

စိတ်ကူးနဲ့ မြူးခဲ့ရတယ်. . .

 

ချစ်သူရေ. . . .

မင်းဘက်က လှမ်းခေါ်တဲ့ ဖုန်းမြည်သံလေးတွေက. . . .

ကိုယ့်ကို ပြန် ပြန် အသက်ရှင်စေခဲ့တယ်…

ဒဏ်ရာတွေများတတ်တဲ့ ကိုယ့်ဘဝအတွက်တော့

အဲဒီဖုန်းမြည်သံလေးတွေဟာ. . .

ရှင်သန်စေခြင်းတေးသွားလေးတွေပေါ့. . .

ကိုယ်. . . .ချစ်တယ်။

 

ချစ်သူရေ.. . .

မျက်လုံးလေးပိတ်

ခေါင်းလေးညိတ်

လက်ကလေးပိုက်ပြီး ကိုယ်တွေးမိတယ်။

မင်းအတွက်ဆို. . .

မင်းလိုချင်သမျှအရာရာ ဖြည့်ဆည်းပေးချင်လိုက်တာ လို့ . . .

 

ချစ်သူရေ. . . .

မင်းဟာ. . . .

ဆံနွယ်တွေ သေသေသပ်သပ်

မဟာဆန်သောကဗျာတစ်ပုဒ်လို အလှနဲ့

ရိုးရှင်းဖြူစင်စွာ ကိုယ့်အတွက် ပွင့်သောပန်း

ပွင့်လင်းစွာ မင်းရယ်မောလိုက်သံလေးကြားတိုင်း

ကိုယ် . . . . လန်းဆန်းသွားတယ် ။

 

ချစ်သူရေ. . . .

ကျေးဇူးပြုပြီး ယုံကြည်ပေးပါ. . .

ဟောဒီကမ္ဘာပေါ်မှာ ကိုယ့်ရင်နဲ့ရင်းပြီးချစ်တာက. . . .

မင်း တစ်ယောက်တည်း ဆိုတာကို . . .

ပိုပိုလိုလို ထပ်ပြောမယ်ကွယ်. . . .

ချစ်တယ် ။

 

 

 

 

ရော့... ခင်ဗျားအတွက်... ပန်း
ရော့… ခင်ဗျားအတွက်… ပန်း

 

 

**********************

 

 

အလင်းဆက် (Gazette)

 

14 / 2 / 2014 /

 

 

 

 

 

 

 

 

 

 

24 comments

  • ရွှေတိုက်စိုး

    February 14, 2014 at 9:24 am

    ဟယ်ကြည့်စမ်း… သများဒေါ့ အဆက်ကလေးကို ကြွေသွားဘီအေ…. အရမ်းခိုက်တယ်သိလား.. ဗလင်တိုင်း ဒေး အတွက် သများဂို လက်ချောင်ပေးတာ ကျေးဇူး…
    အာဘွား.. အဆက်ကလေးရေးးးးးးးးးးးးးးး ခိခိ
    အဆက်လေးရယ် သများကို ကြိတ်ကြွေနေဒါ အစောကတည်းကပြောပါလားလို… ဒီက အဆက်အတွက်ဆိုအသင့်ပဲဆို………… အဟိ.. သွားလူဇိုး…………
    :hee: :hee:

  • မမချွိ

    February 14, 2014 at 11:03 am

    ကတောက် !!!
    ကွကိုယ် အတော်ချစ်တတ်လှပြီ မှတ်နေတာ။
    အလက်ဆင်းကို မမှီသေးပါတကားးး

    အချစ်နဲ့ ဗိုက်ပြည့်နေတယ်မှတ်တယ်။

    :kwi:

    • alinsett ( Gazette )

      February 14, 2014 at 12:55 pm

      အချစ်ကို စားပြီး ဗိုက်ပြည့်နေတာ
      ဒါမယ့် မမဂျီးရဲ့ ထမင်းဆိုင်လည်း လာပါတယ်နော်
      အဟိ

      🙂

  • ဗုံဗုံ

    February 14, 2014 at 1:10 pm

    မနေ့က ရည်းစားဟောင်းနဲ့ ပြတ်တဲ့အကြောင်းတင်
    ဒီဂနေ့. ရည်းစားအသစ်လိုချင်တဲ့အကြောင်းတင်

    တော်တော်လည်း တတ်နိုင်တဲ့ ဝက်…….. :mrgreen:

    • alinsett ( Gazette )

      February 14, 2014 at 5:46 pm

      အဟဲ
      နိုင်နံဂျား မင်းသား မင်းသမီးဒွေလို ပြောရ ရင် ဖြင့်

      အခုမှ အချစ်စစ်ကို တွေ ့တာပါ
      သူမဟာ ကျနော့်ကို ချစ်တဲ့ စိတ်တွေ တစ်ဖန်ပြန်လည် မွေးဖွားစေသူပါ

      ဟာဟာ

      :kwi:

  • myat pearl phyu

    February 14, 2014 at 1:25 pm

    ၁ ပီး တော့ ၃ မ လာ သ လို မျိုး
    ချစ် ပီး တော့လည်း မမုန်းကြပါနဲ့ကွယ် …

    ေိခိ …

    အချစ်ဆိုသည်မှာ… ကြည်နူးကျတဲ့အခိုက် လမင်းတစ်ရာ
    အချစ်ဆိုသည်မှာ… ဝမ်းနည်းတဲ့အခါ နေမင်းကုဋေကဋာ
    အချစ်ဆိုသည်မှာ … တားဆီးတတ်ခဲ့ အိပ်စက်ခြင်းများစွာ
    အချစ်ဆိုသည်မှာ … အိပ်မက်တို့ရဲ ့ အာရုဏ်ဦး အလှတရား

    😀 (သာမီး အသံ ကောင်းလား ငင် )

    • alinsett ( Gazette )

      February 14, 2014 at 5:49 pm

      မမမြတ်ပုလဲဖြူ

      စကားလုံးတွေ သိပ် ဖန်ဆင်းတတ်သူ လို့ သတိပြုမိထားတယ် ။

      အသံကောင်းလားဆိုတော့
      သိပ် ကြားရသေးဘူး
      ကျယ်ကျယ်ဆိုပြပါ

      တွေ ့ဆုံပွဲကျရင် . . . .

      🙂

  • လုံမလေးမွန်မွန်

    February 14, 2014 at 5:20 pm

    အရင်တုန်းက နာ့ကိုကို ပို့စ်တွေတင်တဲ့အချိန်တွေကို ပြန်လွမ်းထှာ..

    ကောင်မလေးတော့ မသိဘူး.. နာကတော့ အတော်လေး ရင်ထဲထိတယ်ဟ..
    ဒီလောက်ချစ်တတ်တဲ့ကောင်လေးကို ပြန်ချစ်လိုက်ပါ ကောင်မလေးရေ.. 😉

    • alinsett ( Gazette )

      February 14, 2014 at 5:51 pm

      သူပြောသလိုပါပဲ ကောင်မလေးရေ

      ဒါနဲ့ ဒီပိုစ့်က ဘုကိုပြောတာလဲဆိုတာ ရိပ်မိလားဟင်

      🙂

        • alinsett ( Gazette )

          February 14, 2014 at 6:27 pm

          အဲဒီလို ဖြေရင်
          ညမလေးအဖြေ တစ်ဝက် မှန်ပါတယ်ကွယ်

          :kwi:

      • sorrow

        February 15, 2014 at 11:32 am

        ကြယ်ကြွေတော်ကီဆိုတာ အဲ့မိုးဗျ…

        • alinsett ( Gazette )

          February 15, 2014 at 12:12 pm

          ရလဲ့

          စကားလုံးလေး ဂွတ်တယ်ဗျ

  • သုရှင်

    February 14, 2014 at 8:57 pm

    အဟင်း မြှောက်ပေးနေနော်
    ကလေးတွေကို
    🙂

  • ကျော်စွာခေါင်

    February 15, 2014 at 11:34 pm

    ခု……တစ်မျိူး
    တော်ကြာ….တစ်မျိူး…
    …….
    …….
    လောလောဆယ်…….နှစ်မျိူးးးးးးးးး။
    ….
    ….

    အနောက်တောင် အလွမ်းလေသည်…မန္တလေးဘက်သို ့…ဦးတည်တိုက်ခတ်ချင်သယောင်ယောင်ဖြစ်နေပါသည်…။
    လေကြောင်းရန် ကာကွယ်ရေးအဖွဲ ့များ…စောင့်ကြည့်ရင်း ရင်တမမ ဖြစ်နေပါတယ်…။

    လေကြောင်းဦးစီးဌာန ..
    ခေါင်
    ( ကောင်မလေးရဲ ့ဦးလေး)

    • alinsett ( Gazette )

      February 16, 2014 at 6:45 am

      လေကြောင်း ရန်ကာကွယ်ရေးအဖွဲ့က အောင်သွယ်ပေးရမယ်
      ဟဲဟဲ

      ဦးခေါင်ရည်က ကောင်မလေးရဲ့ ဦးလေး ကိုးး

      :kwi:

  • ခရီးသည်ကြီး

    February 17, 2014 at 11:54 am

    ဘာပြောရမှန်းမသိဘူးဖြစ်သွားတယ်ကွာ
    ကဗျာပြခန်းမှာဆုံခဲ့ဖူးတဲ့သံယောဇဉ်နဲ့ နဲနဲပြောမယ် ဟုတ်ပလား
    ဒီလိုကွ
    မိန်းမတွေကို သိပ်ချစ်ပြဖို့မလိုဘူး
    ချက်တတ်ကြောင်းတော့ပြထား
    သေသေချာချာပြင်ဆင်ထား
    ဟိုပို့စ်မှာ ဟိုလူကြီး ချက်ပြနေတာတွေ့တယ်မှတ်လား
    မင်းကြိုက်တဲ့ကောင်မလေးကို ထမင်းစားဖိတ်ပြီးချက်ကြွေးလိုက်ကွာ
    ပြန်မကြိုက်မခြင်းချက်ကြွေး
    အနဲဆုံးတော့ ထမင်းဆိုင်ဖွင့်ဖြစ်သွားမယ်ကို့လူရေ
    ငါးမရ ရေချိုးပြန်တာပေါ့

    • မမချွိ

      February 17, 2014 at 11:57 am

      ခီးသယ်ဂျီးးးး
      အနော့ စီးပွါးကို လာလုအောင်သင်မပေးနဲ့လေ။

      အလက်ဆင်းးးး
      ရှက်တတ် (အဲလေ) ချက်တတ်သွားရင် မမဂျီး ထမင်းဆိုင်မှာ အရင်လာချက်ပေးနော်။

      😀

      • nozomi

        February 17, 2014 at 4:06 pm

        မမချွိ

        ခင်ဗျားကို ကျွန်တော်ချစ်နေပြီ…

        ဆိုုတာနဲ့

        ချစ်သူတစ်ယောက် လို်က်လို့ရှာ တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ

        ဆိုတာ ဘယ်ဟာကြိုက်လဲ ဟင်

        ……
        ဒါတွေ မကြိုက်ရင်တော့
        ကာလပေါ် ကျန်ရစ်ခြင်းဖြစ်လိမ့်မယ်

        ပုံ
        အဖြူရောင် သံယောဇဉ်လေးတွေ နဲ့
        ပြီးပြည့်စုံ၍ခွင့်လွှတ်တတ်သူ

        • မမချွိ

          February 17, 2014 at 7:30 pm

          ဂျာ။
          အဖြေက ခုု ပေးရမှာလား?? :mrgreenn:

          😀

      • alinsett ( Gazette )

        February 17, 2014 at 7:57 pm

        ချစ်တတ်ဖို ့…ကြိုးစားရင်းနဲ ့တပြိုင်နက်…
        ချက်တတ်ဖို ့လည်း..ကြိုးစားနေပါတယ်..
        :kwi:

        ဒီခေတ်မှာ… မချက်တတ်ရင်.. မျက်နှာငယ်တယ်လေ…

        🙂

Leave a Reply