သံတွဲမြို့မဈေးတွင်အိမ်သာတွင်းမရှိဘဲ..

sai saimgFebruary 13, 20141min1625

        သံတွဲမြို့မဈေးအိမ်သာတွင်းမရှိဘဲအိမ်သာဆောက်ကာဆောက်လုပ်ထားပြီး

လမ်းဘေးရေမြောင်းထဲသို့အညစ်အ ကြေးများချထား

                        သံတွဲမြို့မဈေး ရှိဈေးအိမ်သားသည်အိမ်သာတွင်းမရှိဘဲ ဈေးအိမ်သာဆောက်လုပ်ထားပါသည်။ဈေးကန်ထရိုက်သည်စည်ပင်နှင့်

ဈေးကော်မီတီနှင့်ခွင်ရိုက်ကာ သတ်မှတ်စံချိန်နှင့်မကိုက်ညီဘဲဆောက်လုပ်

ထားပါသည်။ထိုဈေးအိမ်သာရှိအညစ်အကြေးများကြောင့်အိမ်သာရှေ့

စာသင်ကျောင်းရှိသဖြင့်ကလေးငယ်များကျန်းမာရေးထိခိုက်ကြရပါသည်။

ထိုကိစ္စကို မဆောက်လုပ်ခင်ကပင်ကျောင်းမှကန့်ကွက်ထားပါလျှက်

ဖြစ်သလိုဆောက်လုပ်ခဲ့ပြီးယခုအခါအနံဆိုးများထွက်ပေါ်လျှက်နေပါပြီး၊

၃ ရက်တစ်ခါ စည်ပင်ကားအစုတ်ဖြင့် အနံဆိုးများထွက်ပေါ်လျှက် စုတ်

ထုတ်နေပါသည်မှာ သံတွဲမြို့ပေါ်တွင်အရုပ်ဆိုးလှပါသည်။သံတွဲဈေးသည်

လည်းကန်ထရိုက် နှင့်ဖြစ်သလိုဆောက်လုပ်ထားသဖြင့်ဈေးသည်လည်း

စံချိန်မမှီဘဲ ဆောက်လုပ်ထားသဖြင့်ဈေးဆိုင်ခန်းများမှာကျဉ်းမြောင်းနေပါသည်။

ကန်ထရိုက်နှင့်ဈေးကော်မီတီ၊စည်ပင်တို့လုပ်စားနိုင်အောင်ဆိုင်ခန်းအပို များ

နှင့်ဆောက်လုပ်ထားပါသည်၊ဆိုင်ခန်းကျဉ်းနေသော်လည်းဈေးလူကြီး၊စည်ပင်တို့မှ

တစ်ယောက်လျှင် ဆိုင်ခန်း(၂)ခန်(၃)ခန်းစီရရှိပြီးရောင်းစားထားသဖြင့်

နုတ်ပိတ်နေကြပါသည်။ယခုအခါ နောက်ဆုံးအရစ်ငွေသွင်းခါနီးတွင်

ဆိုင်ခန်းများသတ်မှတ်စံချိန်မမှီသဖြင့်ဈေးကန်ထရိုက်တို့နှင့်ပြဿနာဖြစ်ကြပါသည်။ ခရိုင်အုပ်ချုပ်ရေးမှုမှာလည်း ကန်ထရိုက်မှဆိုင်ခန်းလာဘ်စားထားသဖြင့် ဈေးကန်ထရိုက်ဘက်မှလိုက်ပါပြီး ကာဘာပေးနေပါသည်။ ထိုအညစ်

အကြေးများရေဆိုးများသည်လည်း သတ်မှတ် ရေမြောင်းမရှိဘဲလမ်းမဘေးသို့ ရေဆိုးထုတ်ကာာရေထုတ်မြောင်းလဲမရှိဘဲဆောက်လုပ်ထားသဖြင့်ကျောင်းရှေလမ်း ဘေးသံတွဲမြို့လည်ခေါင်တွင်ရေဆိုးများစု့ပုံကာအနံဆိုးများထွက်ပေါ်နေပါသဖြင့်လို အပ်သလိုအမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ပါရန်နိုင်ငံတော်၏တတိယမန်တိုင်ဖြစ် သောမီဒီယာဖြင့် သက်ဆိုင်ရာ သို့တင်ပြလို်က်ရပေသည်။

 

5 comments

  • alinsett ( Gazette )

    February 13, 2014 at 5:55 pm

    သဲတွမ် သဒင်းတွေ လာပြန်ပြီ။
    သတင်း ခေါင်းစဉ်နဲ့တင် လုံလောက်ပါပြီကွယ်

    အထဲက စာသားတွေ ဖတ်စရာ မလိုလောက်တော့ပါဘူး။
    အထဲက စာတွေ ဝင်ဖတ်စရာ မလိုလောက်အောင် ရေးတတ်ပါပေ့။

    ပြီးတော့ တယ် ထူးတဲ့သဒင်း ကိုး

    🙁

  • kai

    February 13, 2014 at 6:11 pm

    နိုင်ငံတော်၏တတိယမန်တိုင်ဖြစ် သောမီဒီယာဖြင့်

    ဆိုပဲ..
    ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး မဏ္ဍိုင်၃ခုရှိပြီးပြီလေဗျ..
    ဒုက္ခ..။

    • လူ ဟား

      February 17, 2014 at 12:18 pm

      စတုတ္ထဆိုတာကိုု စာလုံး မပေါင်းတတ်လို့ပါ သကြီးရယ်….

  • TNA

    February 13, 2014 at 7:50 pm

    အဲဒါက ဂျာနယ်ထဲထဲ့ရင်ပိုကောင်းမားလို့

  • myat pearl phyu

    February 13, 2014 at 9:56 pm

    ဂျာနယ်ကိုလည်း ပို့ …
    သတင်းစာထဲလည်း ထည့် ..
    facebook လည်း တင်
    သစ်ထူးလွင် စတဲ့ ဆိုဒ်တွေမှာပါ ပုံနှင့်တကွ ထပ်တင်သင့်ပါတယ်…
    ဒါမှ ပြည်သူ့အသံစစ်စစ် ဝံကြီးဒွေ မျတ်ရုံးကန်း နားပင်းနေကြဒယ်ထင်ပါဒယ်အေ…

Leave a Reply