အ​ပေါစား

naywoon niFebruary 13, 20141min1727

**** အ​ပေါစား *****

​နေ့စဉ်​နဲ့အမျှ
​တွေ့လိုက်​ရတဲ့ အ​ပေါစား ​တွေ
နယ်​ပယ်​အသီးသီး ​နေရာ အနှံ့ များပြားလိုက်​ပုံများက​တော့
​ရေတွက်​လို့​တောင်​မရနိုင်​​ပေဘူး …… ။
ဘာသာ​ရေး မှာလည်​း ဘာသာ​ရေး​ပေမို့
လူမှု​ရေးကျ​တောလည်​း လူမှု​ရေး အ​လျှောက်​
စီးပွား​ရေးနဲ့နိုင်​ငံ​ရေးကျ​တော့​ကော
အ​ပေါစားဆန်​တဲ့ ဝါဒ ဖြန်​့မှု​တွေနဲ့
မှိုင်​းတိုက်​မှု​တွေ
ဘား​ရော့ဗလက်​ရဲ့​ခေတ်​ကိုပြန်​​ရောက်​​နေရသလိုပဲ …….။
တစ်​ကယ်​့ကို အ​မှောင်​့ တစ်​ကာ အ​မှောင်​
အလင်​းတစ်​စ တစ​်​​လေ​တောင်​မှ
​ယောင်​မှားလို့မှ မမြင်​
ကြင်​နာသ​ယောင်​ ဟန်​​ဆောင်​ပန်​​ဆောင်​နဲ့
​နောက်​ဆုံးကျ
​ကျောချမှ ဒါးပြမှန်​းသိလိုက်​ရတာချည်​့ပဲ ……. ။
အဲ့ဒိ​တော့
မမြင်​သမျှ ကြားသမျှကိုဆန်​းစစ်​
အလစ်​မှာ မှိုင်​းသွင်​းမခံနဲ့
သူများ ​ယောင်​လိုလဲ မ​ယောင်​နဲ့
လူ​တွေရဲ့ ​ကောလဟာလနဲ့
အ​ပေါစား ဝိဝါ ဒ မှိုင်​းတို့ကြားမှာ ပက်​လက်​​မျောပါမသွား​စေနဲ့ဦး
သင်​လည်​ း အ​ပေါစားဖြစ်​သွားမယ်​ …..။

​နေဝန်​းနီ
12-2-2014

7 comments

  • myat pearl phyu

    February 13, 2014 at 10:09 pm

    အပေါစား
    အကောင်းစား
    အဟောင်းစား
    အသစ်စား
    အောက်တန်းစား
    အထက်တန်းစား
    အလယ်အလတ်တန်းစား
    စားဖွယ်စုံလင် လှပါတကား…
    သူများပါးစပ်မှာ လမ်းမဆုံးချင်လို့
    စားချင်တာစား အုန်းစားလည်းမခံနိုင်ပါကြောင်း…
    ေိခိ..
    အားပေးခဲ့ဒယ်နော်…

  • alinsett ( Gazette )

    February 14, 2014 at 6:41 am

    အပေါစား မဖြစ်ဖို့
    ဟောတရားတွေ နာပြီး ကျင့်ကြံအားထုတ် ရဦးမယ်. . .

    :kwi:

  • TNA

    February 14, 2014 at 6:46 am

    ပေါစားတွေနေရာအနှံ့မို့ ဒစ်စကောင့်ဆိုရင်တောင် ဝေးဝေးရှောင်ဘာဂျောင်း

  • Paing Lay

    February 14, 2014 at 10:36 am

    ပေါချောင်ကောင်းတွေရမယ်………ဟိုမိတ် ဒီမိတ်တွေရမယ် 😀

  • မမြင်​သမျှ ကြားသမျှကိုဆန်​းစစ်​
    အလစ်​မှာ မှိုင်​းသွင်​းမခံနဲ့
    သူများ ​ယောင်​လိုလဲ မ​ယောင်​နဲ့
    လူ​တွေရဲ့ ​ကောလဟာလနဲ့
    အ​ပေါစား ဝိဝါ ဒ မှိုင်​းတို့ကြားမှာ ပက်​လက်​​မျောပါမသွား​စေနဲ့ဦး
    သင်​လည်​ း အ​ပေါစားဖြစ်​သွားမယ်​ …..။
    (ဒါတော့စိတ်သာချ…မယုံစရာတွေများလွန်းလို့ ကိုယ်ကလွဲ ကိုယ့်ခြေသည်းတောင်ယုံလို့မရတော့ဘူး)
    😀

  • ကျော်စွာခေါင်

    February 26, 2014 at 2:48 am

    ကဗျာဆရာ ရေ
    ကဗျာလေးက ကောင်းလိုက်တာဗျာ…။

Leave a Reply