အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ရ ( Tauranga / Rotorua ) ။

Foreign ResidentFebruary 14, 201413min33922

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ရ ( Tauranga / Rotorua ) ။

 

၁၂ – ၁၂ – ၂၀၁၃ ။

 

အမှန်က ဒီနေ့ ညနေ ၄ နာရီ ခွဲမှာ ၊ သင်္ဘော ရဲ့ Solstice Theatre 4 မှာ ၊

Tauranga ဆိပ်ကမ်းမြို့ က လာတင်ဆက်တဲ့ ၊ နယူးဇီလန် တိုင်းရင်းသား တွေ ရဲ့ ၊

Maori Folkloric Show ပဒေသာ ကပွဲ ရှိပါတယ် ။

မနေ့ည က The Aussie Boys ပွဲမှာကတည်းက သေချာကြိုပြောထားပါတယ် ။

 

သတင်းလွှာ ၁ ။ ဒီနေ့ ၁၂ – ၁၂ – ၂၀၁၃ ( Tauranga ) ရဲ့ Activities & Events တွေပါ ။

 

7 သတင်းလွှာ ၁ ။ ဒီနေ့ ၁၂ – ၁၂ – ၂၀၁၃ ( Tauranga ) ရဲ့ Activities & Events တွေပါ ။
7 သတင်းလွှာ ၁ ။ ဒီနေ့ ၁၂ – ၁၂ – ၂၀၁၃ ( Tauranga ) ရဲ့ Activities & Events တွေပါ ။

 

ဒါကြောင့် Rotorua Maori Village ကနေ အမြန် ပြန်လာတဲ့အခါ ၊

မှီပါ့မလား ဆိုပြီး စိတ်လောနေမိပါတယ် ။

ထင်တဲ့အတိုင်းပါဘဲ သင်္ဘော ကို ပြန်ရောက်တော့ ၄ နာရီ ၄၅ ရှိနေပါပြီ ။

ကမန်းကတန်း Solstice Theatre 4 ကို ပြေးကြည့်ရပါတယ် ။

 

ဒီ Maori Folkloric Show ပဒေသာ ကပွဲ ကတော့ ဘာမှ သိပ် မထူးဆန်းပါဘူး ။

သူတို့ နယူးဇီလန် တိုင်းရင်းသား တွေ ရဲ့ ယဉ်ကျေးမှုတွေကို ရှင်းပြ ၊

သင်္ဘော ကြီး လာလည်တာကို ကြိုဆိုကြောင်း ပြောပြီး ၊

သူတို့ တိုင်းရင်းသား ရိုးရာ အဆို ၊ အက တွေ နှင့် တင်ဆက်တာ ပါဘဲ ။

 

နယူးဇီလန် တိုင်းရင်းသား Maori တွေ ရဲ့ ရိုးရာ အဆို ၊ အက တွေ နှင့် တင်ဆက်တာ ပါ ။

 

7 နယူးဇီလန် တိုင်းရင်းသား Maori တွေ ရဲ့ ရိုးရာ အဆို ၊ အက တွေ နှင့် တင်ဆက်တာ ပါ
7 နယူးဇီလန် တိုင်းရင်းသား Maori တွေ ရဲ့ ရိုးရာ အဆို ၊ အက တွေ နှင့် တင်ဆက်တာ ပါ

 

အဲ ၊ အဲဒီမှာ တစ်ခု ပြောစရာ ရှိလာတာက ၊ ပြီးခဲ့တဲ့ Post မှာ ဦးပါ ပြောခဲ့သလိုပါဘဲ ။

( ဦးဦးပါလေရာ says: ” ဧည့်သည်လဲ ပါဝင် ဆင်နွဲခွင့်ရတဲ့ အစီအစဉ်မျိုးတွေနဲ့ပေါ့ ” )

 

သူတို့တွေဆီက ပွဲ / ဖျော်ဖြေမှုတွေမှာ ၊ အများအားဖြင့် ပေါ့လေ ၊

ဧည့်သည်တွေလဲ ပျော်ပျော် ပါးပါး ပါဝင် ဆင်နွဲလို့ရအောင် စီစဉ်ကြတာကိုတွေ့ရပါတယ် ။

 

ဧည့်သည်တွေဘက်ကလဲ ဘာ ဟန်ဆောင် ပန်ဆောင် မာန တွေ မထားကြဘဲ ၊

အပျော်အတွက် လာကြတာ ၊ အားရပါးရ ပျော်ကြမယ် ဆိုပြီး ၊

စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာကို တွေ့ရပါတယ် ။

အပျော်တွေ ပိုပီပြင်သွားပြီး ၊ ဘဝ မှာ အမှတ်တရ ပါဖြစ်သွားတာပေါ့ လေ ။

 

အဘ မှာကတော့ ၊ အခု နောက်ပိုင်း ၊ ခရီးသွား ဆောင်းပါးလေး အတွက် ၊

ဓါတ်ပုံရိုက်ဖို့က ၊ မဖြစ်မနေ ဆိုတော့ ၊ ကိုယ်တိုင် ဝင် မဆင်နွှဲနိုင်ပါဘူး ။

 

ဧည့်သည်တွေ ကလဲ ဘာ ဟန်ဆောင်ပန်ဆောင် မာန တွေ မထားကြဘဲ ၊

စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာပါ ။

 

7 ဧည့်သည်တွေ ကလဲ ဘာ ဟန်ဆောင်ပန်ဆောင် မာန တွေ မထားကြဘဲ ၊ စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာပါ 1
7 ဧည့်သည်တွေ ကလဲ ဘာ ဟန်ဆောင်ပန်ဆောင် မာန တွေ မထားကြဘဲ ၊ စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာပါ 1

 

7 ဧည့်သည်တွေ ကလဲ ဘာ ဟန်ဆောင်ပန်ဆောင် မာန တွေ မထားကြဘဲ ၊ စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာပါ 2
7 ဧည့်သည်တွေ ကလဲ ဘာ ဟန်ဆောင်ပန်ဆောင် မာန တွေ မထားကြဘဲ ၊ စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာပါ 2

 

 

ဧည့်သည် အမျိုးသမီးတွေလဲ ပါဝင် ဆင်နွှဲကြပါတယ် ။ 

 

7 ဧည့်သည် အမျိုးသမီးတွေလဲ ပါဝင် ဆင်နွှဲကြပါတယ် ။
7 ဧည့်သည် အမျိုးသမီးတွေလဲ ပါဝင် ဆင်နွှဲကြပါတယ် ။

 

အဲဒီ Maori Folkloric Show ပဒေသာ ကပွဲ က ညနေ ၅ နာရီခွဲ လောက်မှာ ပြီးပါတယ် ။

ဒီဖက်မှာက ည ၈ နာရီ ကျော်မှ နေဝင်တာ ဆိုတော့ အပြင်မှာ လင်းထိန်နေတုန်းပါ ။

သင်္ဘော ဘေးမှာ မြို့ ၊ သင်္ဘော ရှေ့နားတင်မှာဘဲ လှပတဲ့ ကမ်းနား Beach ရှိလေတော့ ၊

တစ်နေ့တာ တော်တော် ပင်ပန်းနေပေမယ့် ၊ ကမ်းနား ကို နောက်တစ်ခါ ထပ်ဆင်းပြီး ၊

မြို့ထဲ နေရာ အချို့ နှင့် လှပတဲ့ ပင်လယ်ကမ်း ငွေသောင်ယံ ကို လျှောက်ကြည့်မိပါတယ် ။

 

အဘ တို့ သင်္ဘောကြီးကတော့ ကမ်းနားမှာ ခန့်ခန့်ကြီး ကပ်လို့ပေါ့လေ ။

သင်္ဘော ဦီးပိုင်း တစ်ခုထဲမှာတင် ၉ လက်မ ပတ်လည် ကြိုး ၁ဝ ချောင်း ချည်ထားတာတွေ့ရပါတယ် ။

အဘ တို့ ကုန်သင်္ဘောတွေမှာဆို သင်္ဘော ဦီးပိုင်း မှာဆို ၅ ချောင်းလောက်ပဲ ချည်လေ့ရှိတာပါ ။

လူစီး သင်္ဘော ဆိုတော့ လူတွေရဲ့ Safety ကို လုံးဝ အထိမခံ ၊ အရမ်း ဂရုစိုက်တဲ့ သဘောပါ ။

 

သင်္ဘော ဦီးပိုင်း တစ်ခုထဲမှာတင် ၉ လက်မ ပတ်လည် ကြိုး ၁ဝ ချောင်း ချည်ထားတာတွေ့ရပါတယ် ။

 

7 သင်္ဘော ဦီးပိုင်း တစ်ခုထဲမှာတင် ၉ လက်မ ပတ်လည် ကြိုး ၁ဝ ချောင်း ချည်ထားတာတွေ့ရပါတယ် ။
7 သင်္ဘော ဦီးပိုင်း တစ်ခုထဲမှာတင် ၉ လက်မ ပတ်လည် ကြိုး ၁ဝ ချောင်း ချည်ထားတာတွေ့ရပါတယ် ။

 

ဆိပ်ကမ်း ဂိတ်ဝ က ထွက်ထွက်ချင်း ၊ အဝ နားမှာ ၊

ကိုယ်ပိုင် ကားတစ်စီး ထိုးဆိုက်လာပါတယ် ။

 

ကားပေါ်က သားအမိ ၂ ယောက် ဆင်းလာပြီး ၊

ချစ်စရာ ကလေးမ ငယ်ငယ်လေး က ၊

Music Box လေးဖွင့်ပြီး ၊ သူ ကိုယ်တိုင် အသံ ကောင်းကောင်း နှင့် ၊

ပိုင်ပိုင်နိုင်နိုင် သီချင်းဆိုပြီး ၊ ( ပိုက်ဆံ အလှူခံ နေတာ ) ကို တွေ့ရပါတယ် ။

 

ကလေးမလေးက ရုပ်ရည် သန့်သန့် ပြန့်ပြန့်လေး နှင့် ၊

ကောင်းကောင်း မွန်မွန် ဝတ်စားထားပြီး ၊

အသက် ၁ဝ နှစ် ပါတ်ချာလောက်ဘဲ ရှိဦးမှာပါ ။

 

သူ့ အမေကတော့ ဘေးကနေ ရပ်ကြည့်ပြီး ၊

သူ့ သမီး ရဲ့ အသံ / ဖျော်ဖြေမှု အတွက် ဂုဏ်ယူပြီး တစ်ပြုံးပြုံး နှင့်ပေါ့ ။

ပုံစံက ပိုက်ဆံ အတွက် အဓိက ဟုတ်ပုံ မရပါဘူး ။

သူ့ သမီးက ဖျော်ဖြေချင်လို့ / ပူဆာလို့ လိုက်ပို့ရတဲ့ ပုံပါဘဲ ။

 

သူတို့ဆီက ကလေးငယ်လေးတွေ ဒီအရွယ်လေးနှင့် ၊

တကယ့်ကို ရဲရဲဝံ့ဝံ့ ကိုယ် လုပ်ချင်တာ ကိုယ် လုပ်ရဲတဲ့ သတ္တိ ကို ၊

အံ့ဩ ချီးကျူးမိပါတယ် ။

 

ဒီ အရွယ်လေး နှင့် လုပ်ရဲ ကိုင်ရဲတဲ့ သတ္တိ ရသွားယုံမက ၊

အောက်သက်ကျေပြီး ၊ ပိုက်ဆံ ရဲ့ တန်ဘိုး ကိုပါ သိသွားလောက်ပါပြီ ။

 

ချစ်စရာ ကလေးမ ငယ်ငယ်လေး က သီချင်းဆိုပြီး ( ပိုက်ဆံ အလှူခံ နေတာ ) ကို တွေ့ရပါတယ် ။

 

7 ချစ်စရာ ကလေးမ ငယ်ငယ်လေး က သီချင်းဆိုပြီး ( ပိုက်ဆံ အလှူခံ နေတာ ) ကို တွေ့ရပါတယ် ။
7 ချစ်စရာ ကလေးမ ငယ်ငယ်လေး က သီချင်းဆိုပြီး ( ပိုက်ဆံ အလှူခံ နေတာ ) ကို တွေ့ရပါတယ် ။

 

အဲဒါပြီးတဲ့နောက် ၊ မြို့ထဲက တစ်ချို့ နေရာလေးတွေ လျှောက်ကြည့်ပြီး ၊

ပင်လယ် ကမ်းနား တစ်လျှောက် ၊ လမ်းလျှောက်ခဲ့ကြပါတယ် ။

နယူးဇီလန်ဟာ ချမ်းသာတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အတိုင်း ၊

သူတို့ ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊

တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် ။

 

ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ် ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် ။

 

7 ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် 1
7 ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် 1

 

7 ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် 2
7 ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် 2

 

7 ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် 3
7 ကမ်းနား တစ်လျှောက်က အိမ်တွေဟာ ၊ တစ်အိမ်ကို ပုံစံ တစ်မျိုးစီနှင့် လှပ နေပါတယ် 3

 

 

 

နယူးဇီလန် နိုင်ငံဟာ ကမာ္ဘ့ မီးတောင် Chain / Ring ပေါ်မှာ တည်ရှိတဲ့အတွက် ၊

ရေပူစမ်းတွေ မြေအောက်ကနေ အပူငွေ့တွေ ထွက်နေတဲ့ နေရာတွေ ၊

နေရာအနှံ့မှာ အများအပြား တွေ့ခဲ့ရပါတယ် ။

 

မြေအောက်ကနေ အပူငွေ့တွေ ထွက်နေတဲ့ နေရာတွေ ၊ နေရာအနှံ့မှာ တွေ့ခဲ့ရပါတယ် ။

 

7 မြေအောက်ကနေ အပူငွေ့တွေ ထွက်နေတဲ့ နေရာတွေ ၊ နေရာအနှံ့မှာ တွေ့ခဲ့ရပါတယ် ။
7 မြေအောက်ကနေ အပူငွေ့တွေ ထွက်နေတဲ့ နေရာတွေ ၊ နေရာအနှံ့မှာ တွေ့ခဲ့ရပါတယ် ။

 

ကမ်းနား Beach မှာတော့ နေသာ / သာယာတဲ့ နေ့လေး ဖြစ်တာနှင့် အညီ ၊

လူတွေ စည်ကားနေပါတယ် ။

 

တစ်ယောက်ကတော့ ၊ လေထီး Para glider နှင့် ကမ်းနား Beach ကို ဆင်းလာပါတယ် ။

 

7 တစ်ယောက်ကတော့ ၊ လေထီး Para glider နှင့် ကမ်းနား Beach ကို ဆင်းလာပါတယ် ။
7 တစ်ယောက်ကတော့ ၊ လေထီး Para glider နှင့် ကမ်းနား Beach ကို ဆင်းလာပါတယ် ။

 

လှပတဲ့ ကမ်းနား Beach တစ်လျှောက် ။

အဘ သဘောကျတာကတော့ ၊ ကမ်းနား Beach တစ်လျှောက် က ၊

လူသွားလျှောက်လမ်းလေးကို ၊ ကွန်ကရစ် မသုံးဘဲ သစ်သား ကြမ်းခင်း ခင်းထားတာပါ ။

နောက်ပြီးတော့ ၊ ကမ်းနား တစ်လျှောက်က ၅ ထပ်တိုက်မက မြင့်တဲ့ အပင်မြင့်ကြီးတွေပါ ။

 

လှပတဲ့ ကမ်းနား Beach တစ်လျှောက် ၊ သစ်သား ကြမ်းခင်း  နှင့် အပင်မြင့်ကြီးတွေနှင့် ။

 

7 လှပတဲ့ ကမ်းနား Beach တစ်လျှောက် ၊ သစ်သား ကြမ်းခင်း  နှင့် အပင်မြင့်ကြီးတွေနှင့် ။
7 လှပတဲ့ ကမ်းနား Beach တစ်လျှောက် ၊ သစ်သား ကြမ်းခင်း နှင့် အပင်မြင့်ကြီးတွေနှင့် ။

 

လှပတဲ့ ကမ်းနား Beach တစ်လျှောက် ၊ အဘ တို့ သင်္ဘောကြီး နောက်ခံ နှင့် ပေါ့ ။

 

7 လှပတဲ့ ကမ်းနား Beach တစ်လျှောက် ၊ အဘ တို့ သင်္ဘောကြီး နောက်ခံ နှင့် ပေါ့ ။
7 လှပတဲ့ ကမ်းနား Beach တစ်လျှောက် ၊ အဘ တို့ သင်္ဘောကြီး နောက်ခံ နှင့် ပေါ့ ။

 

ကလေးမလေး ကလည်း ၊ တကိုယ်တည်း စိတ်ကြိုက်ကို ဆော့နေတော့တာဘဲ ။

 

7 ကလေးမလေး ကလည်း ၊ တကိုယ်တည်း စိတ်ကြိုက်ကို ဆော့နေတော့တာဘဲ ။
7 ကလေးမလေး ကလည်း ၊ တကိုယ်တည်း စိတ်ကြိုက်ကို ဆော့နေတော့တာဘဲ ။

 

လူတွေတင် မကဘူး ၊ ခွေးတွေပါ အားရပါးရ ရေကူးနေကြပါတယ် ။

 

7 လူတွေတင် မကဘူး ၊ ခွေးတွေပါ အားရပါးရ ရေကူးနေကြပါတယ် ။
7 လူတွေတင် မကဘူး ၊ ခွေးတွေပါ အားရပါးရ ရေကူးနေကြပါတယ် ။

 

Tauranga ဆိပ်ကမ်းမြို့လေးရဲ့ ညနေစောင်း နေဝင် ဆည်းဆာ အလှ ။

 

7 Tauranga ဆိပ်ကမ်းမြို့လေးရဲ့ ညနေစောင်း နေဝင် ဆည်းဆာ အလှ ။
7 Tauranga ဆိပ်ကမ်းမြို့လေးရဲ့ ညနေစောင်း နေဝင် ဆည်းဆာ အလှ ။

 

အဲဒီလို မြို့ထဲ နှင့် ကမ်းနားတစ်လျှောက် လျှောက်လည်ပြီးတဲ့ အခါမှာတော့ ၊

ဒီ တစ်နေ့တာအတွက် ၊ လူတွေလည်း အရမ်းကို ပင်ပန်းနေပြီ ဆိုတော့ကာ ၊

ည ၈ နာရီခွဲမှာ ရှိတဲ့ ဂစ်တာ သမား / အဆိုရှင် Mario D’Andrea ရဲ့ ဖျော်ဖြေပွဲ ၊

ည ၉ နာရီခွဲမှာ သင်္ဘော ဆိပ်ကမ်းက ခွာတာတွေကို စောင့် မကြည့်နိုင်တော့ဘဲ ၊

သင်္ဘော ပေါ်ပြန်ရောက်တာနှင့် Buffet ညစာကို အမြန်စားပြီး ၊

ရေမိုးချိုး ၊ အနားယူ ၊ အိပ်စက်လိုက်ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

Buffet ညစာကို အမြန်စားပြီး ၊ ရေမိုးချိုး ၊ အနားယူ ၊ အိပ်စက်လိုက်ပါတော့တယ် ။

 

7 Buffet ညစာကို အမြန်စားပြီး ၊ ရေမိုးချိုး ၊ အနားယူ ၊ အိပ်စက်လိုက်ပါတော့တယ် ။
7 Buffet ညစာကို အမြန်စားပြီး ၊ ရေမိုးချိုး ၊ အနားယူ ၊ အိပ်စက်လိုက်ပါတော့တယ် ။

 

22 comments

  • kai

    February 14, 2014 at 4:55 am

    အဲဒီဒေသက တိုင်းရင်းသားအမျိုးသမီးပုံတွေကြည့်ပြီးတွေးမိတာပါ..
    အားလုံးကိုင်ပေါက်လို့ရတဲ့..ဗလတွေနဲ့ချည်းပဲ..

    ဒုက္ခ… :buu:

    • Foreign Resident

      February 15, 2014 at 6:52 am

      kai says:
      ” အားလုံးကိုင်ပေါက်လို့ရတဲ့..ဗလတွေနဲ့ချည်းပဲ.. ”

      အဲဒီဖက်ကို ခရီးသွားရတာ သိပ်စိတ်ချမ်းသာတယ် ။
      မြင်မြင်သမျှ အကုန် ဝ ဘဲ ။ အကုန်လုံး ကိုယ့်ထက် ဝ တဲ့သူတွေချည်းဘဲ ။

      အဲဒီ Polynesian ကျွန်းသား အနွယ်တွေက အကုန် ဝ ကြပြီး ၊
      အကုန် အသက် တို ကြတယ်လို့ ပြောသဗျ ။

  • မမချွိ

    February 14, 2014 at 11:08 am

    လှတယ် ဆိုတာထက် ပိုသော ဒေသပါဗျားးးး

    • Foreign Resident

      February 17, 2014 at 5:53 am

      ပြောရဦးမယ် မမချွိ ရေ ။
      ဟိုတစ်နေ့က မမချွိ က Face Book မှာ ၊
      ဆယ်လမွန် စားချင် / စွဲနေပြီ ဆိုတဲ့ အကြောင်း ရေးထားလို့ ၊
      တမင် သက်သက် ဆယ်လမွန် ပါတဲ့ ပုံ တင်ပေးထားတာ ။

      ဘယ်ဖက်က အနက်ရောင်နှင့် ငါးတုံး က Smoked Salmon ၊
      ညာဖက်က အနီရောင်နှင့် ငါးတုံး က Raw / Sliced Salmon ၊
      မမချွိ အတွက် ။ 😛

      • မမချွိ

        February 17, 2014 at 8:06 am

        အို။
        ချစ်ဖို့ကောင်းတဲ့ နာ့ အဘဖော။
        :chit:

        ဒီ ပို့(စ) တင်တဲ့ ညနေပဲ…..
        ရွှေကြည်လေးနဲ့ချိန်းပြီး ဂျာပွန်စာ သွားစားလိုက်သေးးးး

        Raw/sliced salmon ကို ပိုကြိုက်တယ် ဘဖောရေ။

        😀

  • kyeemite

    February 14, 2014 at 3:12 pm

    ဟုတ်ပ ခပ်ဖိုင့်ဖိုင့်တွေချည်းပဲနော… :buu:

  • zaw min

    February 14, 2014 at 5:29 pm

    သာဂျီးနော်..သဂျီး…သဂျီးကတော်နဲ့တိုင်ပြော်မယ်…သဂျီးကကိုင်ပေါက်ခံချင်လို့တဲ့…
    သူမျာတိုင်းပြည်တွေဘာကြောင့်လှနေလဲ…နေရာတိုင်းဘာကြောင့်သန့်ရှင်းနေလဲ…
    လူတိုင်းလူတိုင်းစည်းကမ်းရှိကြလို့..စည်းကမ်းဆိုတာကိုနားလည်သဘောပေါက်ကြလို့…
    ကျနော်တို့ရန်ကုန်မြို့ကြီးမှာတော့ မီးပွိုင့်ရောက်တာနဲ့အမိန့်ရကွမ်းတံတွေးထွေးရန်နေရာသပ်မှတ်ပေးထားသလားအောက်မေ့ရတယ်…
    ဒီအတိုင်းဒီလူဒီပုံစံတွေနဲ့ ဒီမိုကရေစီအတွက်အစွမ်းကုန်ကြိုးစားအားထုတ်နေတဲ့ အမေစုကိုတစ်ကယ်ပဲရင်ထဲအသည်းထဲက သနားမိပါတယ်…
    လူဆိုတဲ့တန်ဖိုး..လူဆိုတဲ့အသိနဲ့..လူ့ဘောင်လူ့ဘဝမှာ
    စည်းကမ်းလေးနဲ့နေတတ်ကျရင်သိပ်ကောင်းမှာပဲလို့တွေးမိပါတယ်…
    နိုင်ငံတိုင်းနိုင်ငံတိုင်းမှာသူတို့ရဲ့ရိုးရာယဉ်ကျေးမူဓလေ့ထုံးစံအစဉ်အလာဆိုတာရှိကြပါတယ်..
    ဒါဟာတိုင်းပြည်တစ်ပြည်ရဲ့ Icon ပါပဲ..
    မြန်မာပြည်ကြီးသာယာလှပစေဖို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဆိုတာ…သတိရစေချင်တယ်…
    အနည်းဆုံးမိမိအိမ်၊မိမိပါတ်ဝန်းကျင်လေးကိုသာယာလှပအောင်ဆောင်ရွက်ကြရင်သိပ်ကောင်းမှာပဲလို့…

    • Foreign Resident

      February 17, 2014 at 5:32 am

      zaw min says:
      ” ဒီအတိုင်း ဒီလူ ဒီပုံစံတွေနဲ့ ဒီမိုကရေစီ အတွက်
      အစွမ်းကုန် ကြိုးစားအားထုတ်နေတဲ့ အမေစုကို
      တစ်ကယ်ပဲ ရင်ထဲ အသည်းထဲက သနားမိပါတယ်… ”

      ဟုတ်ပါ့ ကို zaw min ရေ ။
      ကျနော်လည်း ၊ ကြာလေ ကြာလေ ပိုသဘောပေါက်လာတာက ၊
      အမှန်တကယ်ကတော့ ၊ ဗမာ ပြည်သူတွေ ဟာလဲ ၊
      သူတို့နှင့် တန်ရာ တန်ရာ ဆင်းရဲ မွဲတေမှု ကို ရနေတာပါဘဲလေ ။

      အစပိုင်း ကတော့ ၊ ကျနော်လည်း ၊ အော် ငါတို့ မြန်မာ ပြည်သူတွေ ခမျာ ၊
      ကံဆိုး ရှာလွန်းလို့ ၊ စစ် အာဏာရှင် စံနစ် နှင့် တွေ့ရပြီး ၊
      ဆင်းရဲ မွဲတေ ပြီး ဒုက္ခ အပေါင်း နှင့် တွေ့နေရရှာတယ် ထင်မိတာ ။

      အခု ၊ ဘင်္ဂါလီ အရေး ၊ မိထ္ထီလာ အရေး တွေမှာ ၊
      ၉၆၉ တွေ ၊ ဘုန်းကြီးတွေ ရဲ့ ပြောဆို လုပ်ကိုင်မှုတွေကို တွေ့ရတော့မှဘဲ ၊

      ဪ ၊ ငါတို့ မြန်မာ ပြည်သူတွေဟာ ( ပညာဉာဏ် အားနည်းပေသမို့ ) ၊
      ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို လိုချင်တာမှ မဟုတ်ပေဘဲ ။

      ( ကိုယ် သာတဲ့ အလှည့်မှာ ) သူတစ်ပါး အပေါ် မတရား အနိုင်ကျင့်ရတာကို ၊
      တော်တော် အရသာတွေ့နေတဲ့ လူမျိုးဘဲ ဆိုတာ သတိပြုမိလာတယ် ။

      အခု ပြည်သူတွေ ခံစားနေရတဲ့ ၊ ဆင်းရဲ မွဲတေမှု နှင့် ဒုက္ခ အပေါင်း ဟာ ၊
      ဒီလို လူမျိုးတွေ နှင့် ထိုက်တန်လို့ ရထားတာဘဲ ၊ ဆိုတာကို သဘောပေါက်လာမိတယ် ။

      မြင်ရ ကြားရတာ ၊ စိတ်မကောင်းရတာ တစ်ခုကတော့ ၊
      နှစ်ပေါင်း ၅ဝ ကျော် မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် ခံထားရပြီး ၊
      တရားမျှတမှု ဆိုတာ ဘာမှန်းကို မသိတော့တဲ့ ၊ ဒီလို ပြည်သူလူထုကြီးကို ၊
      ( ကျွဲပါး စောင်းတီး ဆိုသလိုဘဲ ) ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ဆီကို ၊
      ဆွဲဆောင် ခေါ်ငင်နေရရှာတဲ့ ၊ အမေစု ရဲ့ ဝဋ် ဒုက္ခကြီးကိုလည်း သနားလှပါဘိ ။

      အမေစု ခမျာ ၊ ဝဋ် ကြီး ရှာတယ် ။

      • မောင်သုည

        February 21, 2014 at 2:09 am

        ဟုတ်ပါတယ် အဘဖောရေ…ဒါတောင် ဗိုက်လှန်ပြီးသေနတ်ဒဏ်ရာပြတဲ့ ဝန်တပါးက မြန်မာပြည်မှာ မြက်တစ်ပင်တောင်စိုက်ဘူးလားတဲ့….ေဩာ်…သနားစရာကောင်းပါဘိ ဝန်မင်းရယ်လို့ပဲပြောချင်ပါတော့တယ်…

  • alinsett ( Gazette )

    February 14, 2014 at 6:48 pm

    အဟိ

    ကျနော့် ဖုန်းနဲ့က
    အင်းကလိပ် စာလုံးလေး ကျိုးတို့ကျဲတဲက လွဲရင်
    ညန်မာစာလုံးတစ်လုံးမှ မပေါ်ဘူး။

    အင်တာနက်ဆိုင် သွားပြီး ထပ် ဖတ်ရမယ်

    လယ်လယ်ဆော လောလောဆယ်

    ပုံတွေ ကြည့်ပြီးအလွန်တရာမှ ပြေးသွားလိုက်ချင်စိတ်ကို ချိုးနှိမ်နေရတယ်

    🙂

  • sorrow

    February 15, 2014 at 10:51 am

    ကျော်တို့လို ခီးသွားနဲ့လုပ်စားနေတဲ့လူမျိုးအတွက်ကတော့ ဒါမျိုးမှတ်တမ်းလေးက ဘာပဲဖြစ်ဖြစ် သိမ်းထားသင့်တယ်.( မလုပ်နိုင်သေးဦးတော့ ) .ဘဖောလို နိုင်ငံအစုံကိုရောက်ဖူးနေတဲ့ လူတစ်ယောက်ရဲ့ အမြင်မျိုးနဲ့ရေးထားတဲ့ ခရီးစဉ်မျိုးက ရှားပါး…တဂျားရေ ..ဒီခီးစဉ် အကုန်ဘဖောရေးပြီးရင် ….အရင်ဥရောပသွားတောလားလိုမျိုး ပီဒီအက်ဖ် ခုတ်ပေးပါ ….ခုကတဲကမှာထားတာ…အဟီး

    • Foreign Resident

      February 17, 2014 at 5:46 am

      sorrow says:
      ” တဂျားရေ ..ဒီခီးစဉ် အကုန် ဘဖော ရေးပြီးရင် ….
      အရင် ဥရောပသွား တောလား လိုမျိုး ပီဒီအက်ဖ် ခုတ်ပေးပါ ….
      ခု ကတဲက မှာထားတာ…အဟီး ”

      အင်းးးး ။ အဘ လည်း အဲဒီလို PDF ခုတ်ထားတာကို ကြိုက်ပါတယ်ကွယ် ။
      ဒါပေမယ့် ၊ တဂျားလေးကိုလည်း မ တောင်းဆိုရက်ပါဘူးကွယ် ။

      ဘာလို့လဲ ဆိုတော့ ၊ အဘ လဲ သိပ်မကြာခင် အမေရိက ၊ ကနေဒါ ခရီး သွားအုန်းမှာလေ ။
      အဘ က တစ်နှစ် ကို တစ်ခါ / နှစ်ခါ လောက်က ပုံမှန် ကမာ္ဘပါတ်နေမှာ ကိုးကွယ့် ။

      အဲဒီတော့ကာ ၊ မကြာခဏ ၊ တဂျား ကို ဒုက္ခ မပေးရက်ပါဘူး ။
      PDF ဘယ်လို ခုတ်ရမလဲ ဆိုတာကိုသာ တဂျားဆီက သင်ထားမှဘဲ ။

    • Mr. MarGa

      February 19, 2014 at 11:39 am

      ဟီးးထင်တော့ထင်သား
      ဒီတစ်ခါ ဘယ်နှစ်ပိုင်းလဲအဘ… :mrgreenn:

    • Foreign Resident

      February 19, 2014 at 12:26 pm

      Mr. MarGa says:
      ” ဟီးးထင်တော့ထင်သား
      ဒီတစ်ခါ ဘယ်နှစ်ပိုင်းလဲအဘ ”

      ဒီ တစ်ခါက ၁၃ ရက်ထဲ ဆိုတော့ ၊
      သိပ်များမယ် မထင်ပါဘူး ၊ သဂျား ရဲ့ ။

      တကယ်လို့ သဂျား လိုချင်တယ် ဆိုရင် ၊
      ဓါတ်ပုံ နှင့် စာတွေ G-mail ကနေ ပို့ပေးမယ်လေ ။

  • captainamerica

    February 16, 2014 at 8:43 pm

    ပုံလေးတွေ အရမ်းမိုက်တယ် အဘဖော
    ရောက်ဖူးချင်တဲ့ စိတ်ဝင်စားဖို.ကောင်းပီးလေ့လာစရာများတဲ့ နိုင်ငံတစ်နိုင်ငံပဲ
    ကြုံတုန်း ကြော်ငြာဝင်လိုက်အုန်းမယ် ကျွန်တော်ရွာထဲမရောက် တစ်နှစ်နီးပါးရှိတော့မယ် အဝေးရောက်ရွာသားဖြစ်နေဘီ 😉

    • kai

      February 17, 2014 at 4:48 am

      အနီးလေးနဲ့ပျောက်နေတဲ့ရွာသူားတွေလည်း.. အများကြီးပါ့ကွယ်…။ :mrgreen:

    • Foreign Resident

      February 17, 2014 at 6:02 am

      captainamerica says:
      ” ပုံလေးတွေ အရမ်းမိုက်တယ် အဘဖော ”

      ဒီပုံလောက်လေးတွေကို ချီးကျူး မစောပါနှင့်ကွယ် ။
      နယူးဇီလန် ရဲ့ နာမည်ကျော် Fjord ဒေသတွေကမှ တကယ်လှတာကွဲ့ ။

  • ဦးဦးပါလေရာ

    February 17, 2014 at 5:28 am

    သူတို့တွေဆီက ပွဲ / ဖျော်ဖြေမှုတွေမှာ ၊ အများအားဖြင့် ပေါ့လေ ၊

    ဧည့်သည်တွေလဲ ပျော်ပျော် ပါးပါး ပါဝင် ဆင်နွဲလို့ရအောင် စီစဉ်ကြတာကိုတွေ့ရပါတယ် ။

    ကျုပ်တို့ဆီမှာ တိုင်းရင်းသားအက(ပွဲ)တွေဖြစ်တဲ့
    ခွာဒို … အက တို့
    လမုန်း … အက တို့.. ဆိုတာတွေက
    ဒါမျိုးတွေထက် ဆယ်ပြန်မက ပျော်စရာကောင်းတာပေါ့
    အဲဒီတိုင်းရင်းသားအကတွေက သူများတွေ ကြည့်ဖို့ ကပြ တာကိုမဟုတ်ဘူး….
    သူ့သဘာဝကိုက လာသမျှလူအားလုံး ပါဝင်ဆင်နွဲတဲ့ ကပွဲမျိုးတွေ..
    ဝိုင်းထဲ မိန်းကလေး ယောက်ျားလေး တယောက်ခြားစီ ဝင်က လိုက်
    မောတဲ့သူက ခေါင်ရေလေးထွက်သောက်လိုက်
    အမောပြေတော့ ပြန်ဝင် က လိုက်နဲ့
    တစ်ညလုံး ကုန်လို့ကုန်မှန်းမသိအောင်ကို ပျော်စရာကောင်းတာ…

    အဲဒီအပျော်မျိုး…..
    သူများကိုလဲ ခေါ်ကျွေးရမှာ…
    ကိုယ် ကိုယ်တိုင်လဲ စားသုံးရမှာ….

    • kai

      February 17, 2014 at 7:07 am

      ကချင်ဒေသလို့ထင်တယ်..။ ရှေးက တင်သန်းဦးဝတ္ထုတွေထဲဖတ်ဖူးတာ..
      အဲလိုလေးကလိုက်..ခေါင်ရေလေးသောက်လိုက်နဲ့.. ညလည်းနက်ရော..တောထဲဝင်တယ်ဆိုပဲ..
      ပျော်ကျစရာကိုကောင်းမှာ.. :mrgreen:

  • Ma Ma

    February 18, 2014 at 6:53 pm

    (ဧည့်သည်တွေ ကလဲ ဘာ ဟန်ဆောင်ပန်ဆောင် မာန တွေ မထားကြဘဲ ၊ စိတ်လွတ် ကိုယ်လွတ် အားရပါးရ ပါဝင် ဆင်နွှဲကြတာပါ )
    ကိုယ်နဲ့နှိုင်းပြီး ပြောရရင် ဒီကလူတွေဆိုရင်တော့ ဒီလိုပါဝင်ဆင်နွဲကြလိမ့်မယ် မထင်ဘူး။
    မျက်နှာတွေကို ငိုမရ ရီမရနဲ့ စိတ်ကိုဖွင့်ပြီး မနေတတ်တဲ့ ရုပ်သေတွေဖြစ်နေလို့။ 🙁

Leave a Reply