စက္ကူ စိတ်ကူး

သုရွင္February 14, 20142min1825

မြူထဲက မြူတစ်မှုန်ပါ။

အုတ်တစ်ချပ်ပါ၊သဲတစ်ပွင့်ပါ

ဟိုးတုန်းကလို…

ကိုယ့်ကိုကိုယ်…

တစ်ယောက်ယောက် ပါ ဆိုပြီး

မာန်မထောင်တော့ပါဘူး။

ဘာမှ မဟုတ်မှန်း တဖြည်းဖြည်း

သိသိ လာပြီးတဲ့နောက်မှာ။

စင်ပေါ်က လူတွေကို

အားကျဖူးတယ်။

အတ္ထုပ္ပတ္တိ တွေလည်း

ဖတ်ဖူး၊မှတ်ဖူးတယ်။

ရှိရင်းစွဲထက်နည်းနည်းပိုပြီး

ကိုယ့်ကိုကိုယ် အထင်ကြီးဖူးတယ်။

” ငါလုပ်ရင် ဘာမဆို ဖြစ်တယ် “

ဆိုတဲ့ အဆို

အမြဲတမ်းအမှန်တရားမဟုတ်ဘူးဆိုတာ။

လက်ခံတတ်လာပါပြီ။

 ” ငါလုပ်တိုင်းမဖြစ်ရင် ” လည်း

အားမငယ် ဝမ်းမနည်းတော့ပါဘူး။

ဖြေတတ်လာတယ်။ နှစ်သိမ့်တတ်လာတယ်။

စက္ကူလေယာဉ်ပျံလေးတွေ လုပ်ပြီး လွှတ်ဖူးပါတယ်။

စက္ကူလှေလေးတွေ လုပ်ပြီး လွှတ်ဖူးပါတယ်။

စိတ်ကူးဆိုတာ စက္ကူ ရုပ်လေးတွေလို

တည်ဆောက်ဖို့ မလွယ်သလို လွှတ် ပစ်လိုက်ဖို့လည်း

မလွယ်လွန်းလှပါဘူးဗျာ။

မျှော်လင့်ချက်တွေ

အိပ်မက်တွေ က တော့ ရှင်သန်ဆဲပါပဲ။

                                 သုရှင်( ၁၄-ဖေဖော်ဝါရီ-၁၄)

 

 

 

 

 

5 comments

  • alinsett ( Gazette )

    February 14, 2014 at 9:19 pm

    အဟိ

    တကယ်တော့
    ကျနော့် ဖုန်းနဲ့က ဘာမှ မမြင်ရဘူး

  • zaw min

    February 14, 2014 at 10:12 pm

    စက္ကူပေါ်မှာရေးထားခဲ့တဲ့မှတ်တမ်းလေးတွေက နောင်တစ်ချိန်မှာသမိုင်းအဖြစ်တည်ရှိလာခဲ့တယ်။

  • မီ မီ

    February 16, 2014 at 12:31 pm

    စက္ကူလှေပေမယ့်
    ပင်လယ်ကို ဖြတ်ခဲ့တာပါရှင်

  • မီ မီ

    February 16, 2014 at 12:32 pm

    ကျမကဗျာရေးဖို့စိတ်ကူးရသွားပါတယ်ရှင်
    ကျေးဇူးပါနော်

Leave a Reply