သနားစဖွယ်​ …. ​နေကြာပန်​းများ နွမ်​းလျကုန်​ပြီ

naywoon niFebruary 15, 20141min1396

**** သနားစဖွယ်​ ​နေကြာပန်​းများ ****
ငါတို့ဟာ
​နေကြာပန်​း​တွေသာပါ့ …….။
​နေမင်​းကြီးဆီက အလုပ်​အကိုင်​ အခွင်​့အလမ်​း​တွေရနိုးနိုး
တန်​းတူညီမျှတဲ့ လွတ်​လပ်​မှု​တွေရနိုးနိုး
တိတ်​တစ်​ခိုး​မျှော်​လင်​့ချက်​​တွေနဲ့
​နေသွားရမျက်​နှာမူပြီး
လိုုက်​ကြည်​့​နေရသူ​တွေပါ ……..။
​နေမင်​းကြ်​ီးက​တော့ သိရှာမှာမဟုတ်​ပါဘူး
သိ​အောင်​လည်​းကြိုးစားမှာမဟုတ်​
မ​တော်​တစ်​ဆ သိသွားခဲ့ရင်​​တောင်​မှ
ဘာမှ မျှ​ဝေ​ပေးမှာမဟုတ်​
သူသိထားတာက ​နေမင်​းဆိုတဲ့
အမည်​နာမ တွင်​ရစ်​ဖို့
​လောင်​စာ​တွေ မီး​တောက်​​နေဖို့
သူ့ကိုယ်​သူ အပူရှိန်​ကျမသွား​စေဖို့
ဒါကိုပဲ ဂရု စိုက်​​နေရတာနဲ့
​လောင်​မြိုက်​စရာ ​လောင်​စာမပြတ်​ဖို့ အ​ရေးပဲ ​တွေးပူတတ်​
သူ့ဖာသာ သူရပ်​တည်​​နေ​တော့တာပဲ ……. ။
ငါတ်​ို့ ​နေကြာပန်​း​တွေမှာ​တော့
​နေမင်​းကြီးထွက်​လာရင​်​​ပျော်​ရွှင်​လို့
​နေမင်​းကြီးဝင်​သွား​တော့ နွမ်​းကျန်​ရစ်​လို့
ဒါ​ပေမဲ့လည်​း ​မျှော်​လင်​့ချက်​ဆိုတာက
​ဖျောက်​ပျက်​မပစ်​နိုင်​ရှာဘူး ။
ဒီ​နေ့ မရ ရင်​ မနက်​ဖြန်​​ပေါ့
​နေမင်​းသွားရာ​နောက်​ မျက်​နှာပူပူနဲ့လိုက်​ကြည်​့​နေကြဦးမှာပဲ​လေ …….။

​နေဝန်​းနီ

6 comments

  • Rose Minn

    February 16, 2014 at 3:34 am

    နေဝန်းနီနီကမာန်ကြီးကြီးထွက်ပေါ်လာမှတော့နေကြာတွေလည်းနွမ်းလျပေါ့။အညှိုးကြီးလေသလားနေဝန်းနီရယ်

  • alinsett ( Gazette )

    February 16, 2014 at 6:47 am

    တင်စားချက်လေးတွေ
    အလင်္ကာလေးတွေ
    အသုံးအနှုန်းလေးတွေ
    အားကြီးသဘောကျသွားတယ်

  • kai

    February 16, 2014 at 10:13 am

    မျက်နှာပူပေမယ့်.. ပန်းလှလှ
    အစေ့က.. အရသာရှိသဟေ့..
    နေကြာစေ့.. :mrgreen:

  • myat pearl phyu

    February 16, 2014 at 11:16 am

    သူ့အားကိုးတော့ ကိုယ့်အားညိုးတာပေါ့ …
    အို နေကြာ ရယ် …
    ဗေဒါပျံတောင် အံကိုခဲ ပန်းပန်နိုင်သေးတာပဲ …
    အသင်လည်း …
    Someday Someway.

  • မီ မီ

    February 16, 2014 at 12:28 pm

    နေမင်းအမြဲသာပါစေ

  • Mr. MarGa

    February 19, 2014 at 11:29 am

    မျက်နှာပူလို့ပါ….
    နောက်လှည့်နေရမှာ အားနာတယ်ဗျ။

Leave a Reply