ဂဇက်လိ(ခ), ဟောင်ကောင်မှ ဟင်းစပ်များ – KZ’s ထမင်းဆိုင်

ဇီဇီFebruary 17, 20143min43665

ဂဇက် လိ(ခ) ကွ။
နာ့ ကို ဟင်းစပ်မပေးပဲ တူ့ ရှစ်တူကိုပဲ ဟင်းချက်ချက်ကျွေးနေတဲ့ လူဂျီးးးးး

ခု သူ့ ချစ်ချစ် ဆီ က ဓာတ်ပုံတွေနဲ့ ဟင်းစပ်တွေ တင်တယ်ကွာ။
မှတ်ပလားးး
ဟေးဟေးဟေးးးး

:mrgreen:

ချက်နည်းသိချင်ရင် ဒီလူဂျီးကို မေးကြပါကုန်။

😀

~~~~~~~~~~~~~~~~~~~`

 

1901942_349748328496683_1406703923_n
ဝက်နံရိုး နုနုချက် ၊
မှိုဟင်းခါး
၊ဂေါ်ရခါးသီးဥနီကြော်၊
ငရုတ်ခွဲကြမ်းပဲငါးပိဆီစိမ်၊
အာပြဲခြောက်ဆီဆမ်း..
အချိုပွဲ..ချယ်ရီသီး

 

အသီးအရွက်ကြော်ရင် အနူးမလွယ်တာကို အရင်ကြော်ပါတယ်…
ဆီအတော်ပူမှ ဂေါ်ရခါးသီးနဲ့ ကြက်သွန်ဖြူကိုထည့် ၊ နူးလောက်ပြီဆိုမှ မုန်လာဥနီနဲ့ ခရုဆီထည့်ပြီးကြော်ပါတယ် ။ သဘာဝအချိုမို့ အချိုမှုန့် အသားမှုန့် ဘာမှမထည့်ပါဘူး ။
မှိုဟင်းခါးကတော့ ရေဆူဆူမှာ သကာရည်နဲ့စပ်ထားတဲ့ Soup Base ၊ ပင်အပ်မှို ၊ ကြက်သွန်ဖြူဓားပြားရိုက် ၊ ဓားနဲ့မွှန်းထားတဲ့ ငရုပ်သီးစိမ်း ၊ ငရုပ်ကောင်းတွေထည့်ပြီးချက်ထားတဲ့ အလွယ်ဟင်းခါးပါ ။
ငရုတ်ခွဲကြမ်းပဲငါးပိဆီစိမ်ကတော့ တရုတ်ဆိုင်ကဝယ်လာတဲ့ သက်သတ်လွတ်လေ… ။
ဝက်နံရိုးဟင်းကတော့ ထုံးစံအတိုင်း…။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

IMG_8220
ဘဲကင်ခေါက်ဆွဲအစိုကြော် …
ဘဲရိုးကြံမဆိုင်ဟင်းချို..
အချိုပွဲ- ပန်းသီး၊စပျစ်သီး

 

ညနေက ဝယ်စားတဲ့ ဘဲကင်အကျန်ကို စီမံလိုက်တာပါ…။
အသားနွှင် ၊ အရိုးကို ကြံမဆိုင် ၊ ဂျင်း ၊ ငရုပ်သီးစိမ်းထည့်ပြီး ဟင်းရည်သောက်…။
ကြက်ဥခေါက်ဆွဲခြောက်ကို ရေစိမ်ပြီး အသီးအရွက် အဆာပလာထည့် ဘဲကင်နဲ့ကြော်ပါတယ် ။ ခရုဆီ ၊ သကြား ၊ အသားမှုန့်ထည့်ထားတဲ့ အသီးအရွက်ကြော် ခပ်စိုစိုမှာ ခေါက်ဆွဲခြောက်ရေစိမ် ထည့်ကြော်တော့ ခေါက်ဆွဲလည်းနူး ၊ ရေလည်းခမ်း ၊ အကုန်အရသာရှိတယ်လေ ။ ကြိုက်တတ်ရင် အရွက်ကြော်ထဲကို နှမ်းဆီ ၃စက်လောက်ထည့်ပါ ၊ အရသာလည်းကောင်း ၊ ရနံ့လည်း မွှေးသဗျ…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

IMG_8221
ငါးရှဉ့်မြေပဲဆန်ထောင်းအစပ်ချက်၊
ပျဉ်းတော်သိမ်အုပ်ကုလားပဲဟင်းချို၊
ဘရိုကိုလီကြက်ဥနဲ့ကြော်၊
ပုစွန်ဆိတ်လှော်မန်ကျည်းသီးစိမ်းထောင်း..
အချိုပွဲ..တည်သိး နဲ့ စတော်

ငါးရှဉ့်ကို မဆလာ ရှမ်းနံနံနဲ့ မအုပ်ချင်ရင်… ငါးရှဉ့်ကို ခေါင်းဖြတ် မကျည်းမှည့်နဲ့ အချွဲဆေး ၊ ပြီးရင်အရွယ်တော်တုံး (တုံးပြီးရင် မဆေးနဲ့) ၊ ဆား ၊ နနွင်း ၊ ငန်ပြာရည် ၊ ဟင်းချက်မှုန့်နဲ့ နယ်ပြီး နှပ်ထား ။ မြေပဲဆံအစိမ်းကို ငြုပ်သီးခွဲကြမ်း ၊ ကြက်သွန်ဖြူ/နီ ၊ ဂျင်းမီးကင်နဲ့ ရောထောင်း ၊ ဆီသတ်ပြီးချက်တာပါ ။ အနံ့ပျောက်ပြီး လွန်စွာ ခံတွင်းမြိန်၏…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

IMG_8222
ဘဲသွေးပဲပင်ပေါက်ကြော်ချက်၊
ဝက်နံရိုးပေါင်း

ဝက်နံရိုးကို ရေဆေးပြီး နာနတ်ပွင့် ၊ သကြားအညို ၊ ဆား ၊ ဂျင်းရည် ၊ ဟင်းချက်ဝိုင်နဲ့ နှပ်ထားတယ် ။ စားမည့်နေ့မှ နူးအောင်ပေါင်း (အမှန်က Slow Cooker နဲ့ ချက်တာ) နူးရင် ကြက်သွန်ဖြူ ၊ ပဲငါးပိအချိုထည့်… အရည်စပ်စပ်လေးဆို ရပြီ.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

IMG_8223
ကနေ့တစ်နေ့လုံးစာကကတော့ ခရမ်းသီး မီးဖုတ်သုတ်နဲ့
ဝိုင်နီနဲ့ပေါင်းတဲ့ အချိုမှုန့်မပါ၊အသားမှုန့်မပါ၊ ဝက်ရဲ့အသားနဲ့အရိုး ကထွက်တဲ့ အချိုဓာတ်နဲ့ အဆိမ့်ဓာတ်တွေဝင်နေတဲ့ ပဲပြား၊မှိုချောင်း၊မုန်လာဥတို့ပါတဲ့ လျှာလည်သွားစေတဲ့ ” ကျောက် ဝက်နံရိုးပေါင်း “

 လက်၄လုံးလောက် ဝက်နံရိုးတွေကို ဝိုင်နီ ၊ ဂျင်းရည် ၊ သဂျား ၊ ဆား ၊ နာနတ်ပွင့် ၊ ကရဝေးခေါက် ၊ လေးညှင်းပွင့် ၊ ဖာလာစေ့နဲ့ တစ်ညသိပ် နှပ်ထားပြီးမှ Slow Cooker နဲ့ ချက်ထားတာပါ ။ အရင် မုန်လာဥဖြူအတုံးတွေနဲ့ ရေခမ်းအောင်လုံးပြီးမှ ရေစွက်ပြီး အရိုးနူးအောင် ချက်ပါတယ် ။ ကျက်ခါနီးမှ ပဲပြား ၊ မှိုတွေထပ်ဖြည့်လိုက်တော့ ရှယ်ပဲဗျို့…။ ပိုပြီး ခံတွင်းမြိန်အောင် ခရမ်းသီး အလုံးကြီးကြီးကို မီးအုံးပြီး ကျက်သွန်နီ ၊ ပုဇွန်ခြောက် ၊ ငရုပ်သီးစိမ်းပါးပါးလှီးနဲ့ တွဲလိုက်တာ စားလို့ကောင်းမှကောင်း…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

IMG_8224
ကနေ့နေ့လယ်စာကတော့ ပိတ်ရက် ဝိတ်တက်စေအုန်းမယ့်
ကျောက်ရဲ့ကြက်သားပလာတာပါရှင့်

ညသိပ် ရေစိမ်ထားတဲ့ ကုလားပဲကို နူးအောင်ပြုတ် ၊ ပျဉ်းတော်သိမ်နဲ့ ဆီသတ်ပြီး ချက်ထားတဲ့ ကြက်သားနဲ့ရော ၊ ဟောင်ကောင်ပလာတာ မွမွလေးကို ဆီနဲနဲနဲ့ကြော်ပြီး ဆွဲတာပေါ့ဗျာ ။ အချဉ်သုပ်ကလေးနဲ့ဆိုတော့ ကွက်တိ…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

IMG_8225
ကနေ့ နေ့လယ်စာ ဦးကျောက်ရဲ့ အလုံးတွေ(ငါးထမင်းနယ်) ..
ပဲရွက်ဟင်းခါးလေးသောက်၊
တို့ဟူးခြောက်ကြော်လေးကိုက်..
အစာပိတ် အသီးလေးစား..ရှယ့်

 ခရမ်းချဉ်သီးကိုပြုတ်ပြီး အခွံသင် ၊ အနှစ်ချ ။ ငါးအသားလွှာကို ခရမ်းချဉ်သီးအနှစ် ၊ ပဲပုတ်ခြောက် အမှုန့် ၊ ကြက်သွန်ဖြူ ၊ နနွင်းနဲ့ချက် ။ ထမင်းဖြူကို အာလူးပြုတ် ငါးဟင်းအနှစ်နဲ့နယ် ဂျူးမြစ်ခြောက်ကြော်လေးနဲ့ဆို ကွက်တိ ။ ဟင်းရည်သောက်ကတော့ ပဲရွက်အနုလေးတွေကို ငါးနဲနဲနဲ့ ဟင်းခါးချက်လိုက်တယ်…။ 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အညွှန်းတွေကို နှင်းနှင်း ဖဘဝေါပေါ်က ယူပါတယ်။

ကတောက်!!
နှလုံးသားဆီကို အစာအိမ်ကနေ ဖြတ်လမ်းရှိတယ်ဆိုတာ သမီး ယုံသထက် ယုံပါပြီ ဖေဖေ။
:mrgreen:

 

 

 

 

 

IMG_7852
တူ ၂ ကိုယ် တိုင်းပြည်တွင် စားသောက်နေကြသော ကျောက်(စ) + နှင်းး
Photo Credit: Thaw Thaw

ဟိဟိ။
ကျောက်(စ) ရေ။ ဟင်းချက်နည်းလေး လာပြောပေးပါ။

 

😀

 

 

65 comments

  • MAUNG

    February 17, 2014 at 9:11 am

    ပုံ တွေပါမြင်ရတော့ ပိုပြီး သွားရည် ကျမိပါကြောင်း…..ဂလု ..

    • မမချွိ

      February 17, 2014 at 9:21 am

      ဒီလူဂျီး ဖွဘုတ်မှာ နှိပ်စက်နေတာကြာပေါ့ မောင်ရယ်။

      :mrgreenn:

  • ခရီးသည်ကြီး

    February 17, 2014 at 9:14 am

    အွန်းး !
    ခရီးရောက်မဆိုက် စားပွဲသောက်ပွဲနဲ့ကြုံနေပါလား
    ကံ တက်လာပြီထင်တယ်
    ဦးလေးကျောက်လက်ရာက တော်တော်နာမည်ကြီးပါပေ့ ။ ။

    • မမချွိ

      February 17, 2014 at 9:20 am

      ခီးသယ်ဂျီးးး
      ဘယ်ပျောက်နေတုန်းးး
      မျှော်နေတာ။
      ထမင်းတနပ်လောက်တော့ စားသွားပါ။
      ဟေးဟေးဟေးးး

      :mrgreen:

  • Hnin Hnin

    February 17, 2014 at 9:16 am

    ခေါင်းစဉ်ကလည်း မိုက်နေရော..ပုံကြီးတွေကြည့်ပြီး သွားရည်တောင် ပြန်ကျလာပြီ 😛 နှလုံးသားနဲ့ ချက်ကျွေးတာပါလို့ ပြောရို့ အလွန်စားကောင်းပါတယ်ရို့…ဟင်းတွေမှာ အချိုမှုန့် မသုံးထားကြောင်း အာမခံပါတယ်လို့ 😀

    • မမချွိ

      February 17, 2014 at 9:19 am

      ဟွန့်။
      ဒီလူဂျီးက နှင်းကို အလှဖျက်နေတာ။
      သိပ်မစားနဲ့။
      ဟိ။
      မနာလို၍ ချွန်တွန်းသည်။

      😀

  • Hnin Hnin

    February 17, 2014 at 9:25 am

    ကြူကြူနှင်း လုပ်နေလား မသိနော့ ..အမယ်လေး မြင်ယောင်ကြည့်ရုံနဲ့ လန့်ထာ 😛

  • ဗုံဗုံ

    February 17, 2014 at 9:44 am

    အခု သူတို့နှစ်ယောက်က
    အိမ်တံခါးပေါက်နဲ့ မဆံ့တော့လို့ဆိုလား……… :mrgreen:

    မားမားချွိ…..
    မားမားချွိနဲ့ ……ချစ်တူနဲ့ စားတဲ့ဟင်းဒွေလည်း
    မီးတိချင်ဒယ်…. အိုက်ဒါ…တင်ပေးဘာာာ :mrgreen:

    • မမချွိ

      February 17, 2014 at 10:53 am

      မမချွိ ဖွဘုတ်မှာတင်သမျှတွေက မမချွိ စားသမျှပေါ့ကွယ်။
      ဒီမှာတင်ရရင် တဂျီး ငိုမစိုးလို့ တင်တော့ဘူးးး
      ချစ်တူကိုတော့ ကျွေးဘူးးး
      ကိုယ်စားရတာ နည်းမစိုးလို့။

      😀

  • ဦးကျောက်ခဲ

    February 17, 2014 at 9:49 am

    တိန်… စနိုဒန်မယ်ချွိကတော့ လုပ်ချလိုက်ပြန်ဘီ…
    ဟီ ဟိ မနေ့က အုန်းထမင်းနဲ့ အမဲနှပ် ၊ ငါးဘတ်မွှေ ၊ ငါးခူယဲယိုရွက်…
    ပုဇွန်ထုပ် ၊ ပြည်ကြီးငါးအစပ်ချက် ၊ တပတ်စာချက်ပြီးကြောင်း…
    ဟိုင်နန် ကြက်ဆီထမင်း (သို့) ဒန်ပေါက် ချက်စားရန် အစီအစဉ်ရှိကြောင်း…
    ဟမ့်… အိမ်ထောင်ကျမှ မနားတမ်းချက်နေရတယ်…
    😀

    • မမချွိ

      February 17, 2014 at 10:54 am

      အဲလာ။
      တစ်ရက်ပြီးတစ်ရက် ဟင်းချက်နည်းလေးတွေ ပြောပေးဦးလေ။
      မပြောရင် ဒီ ထက်ဆိုးတဲ့ ဂဇက် လိ(ခ) လာမယ်။
      ဟေးဟေးဟေးး

      :mrgreen:

    • Hnin Hnin

      February 17, 2014 at 3:18 pm

      တောက်တိုမယ်ရ ကျောက်လက်ထောက် လုပ်ရ၊ လှီးရချွတ်ရ၊ဆေးရကြောရ၊ စားရတာနဲ့ ကာမိဘူး… 😛

    • ဘဆွေ

      February 19, 2014 at 12:07 am

      ပြောသားပဲ မိုက်ပြီး ခုန်ချတာကို..အစထဲကယောကျင်္ားပဲ ယူဆိုတာ ကို မိန်းမသွားယူတော့ ထိပြီ…
      သများတိုတော့ ယောကျင်္ားပဲယူမယ်….ညွံ့ညွံ့..

      • ဦးကျောက်ခဲ

        February 19, 2014 at 8:36 am

        မားးးးဆွေ ပြောပြောကတော့ မစောဘူး၊ အခုမှ…
        ဘာယဲ… မိနှင်းနှင်းနဲ့ ရန်ဖစ်ချင်ရို့လား… ဟီဟိ
        😀

  • kyeemite

    February 17, 2014 at 9:59 am

    ပုံတွေနဲ့တကွ မြင်ရတော့ ဗိုက်တောင်ဆာလာတယ်…ဒီလင်ဒီမယား အိုအောင်မင်းအောင် စားနိုင်ပါဇီ 😀

    • ဦးကျောက်ခဲ

      February 17, 2014 at 1:33 pm

      မိုးလင်းထဲက အိပ်တဲ့ထိအောင် စားဖို့ပါပဲ…
      ဟီ ဟိ… ဒါတောင် အခန်းထဲက မုန့် အပုံလိုက်ကို မတွေ့သေးလို့…
      😀

  • မမချွိ

    February 17, 2014 at 10:55 am

    အသက် ၁၂ဝ ထိ စားနိုင်စေသော်(ဝ)

    😀

  • Ma Ei

    February 17, 2014 at 10:56 am

    အိမ်နီးချင်း ဖြစ်ရင်ဖြင့်
    ထမင်းစားချိန်အလည်သွားလို့
    စားကူလိုက်ချင်ပါ့လေး…
    🙂

    • ဦးကျောက်ခဲ

      February 17, 2014 at 1:36 pm

      အိမ်နီးချင်းဖြစ်ရင် ဟင်း လဲစားမယ်လေ မွအိရဲ့…
      😀

  • မမချွိ

    February 17, 2014 at 11:01 am

    အိမ်နီးချင်းဖြစ်ရင် ဓာတ်ပုံတင်မယ် မထင်ဘူး မွအိ။
    ခွိခွိ။
    ခုတောင် ဟောင်ကောင် ကို အလုပ်ပြောင်းရမား စဉ်းစားနေတာ၊

    😀

  • nozomi

    February 17, 2014 at 1:00 pm

    ဒေါ်ဒေါ်ချွိ
    ဟင်းချက်ကောင်းတာ နဲ့ မိန်းမကြောက်တာ ဘယ်လိုများ ဆက်စပ်နေလဲ
    သိချင်လို့ပါ ခင်ဗျ

    • မမချွိ

      February 17, 2014 at 1:05 pm

      ရိုက်ပေါက်မေးခွန်းပဲ။
      ဖြေမှာပေါ့နော်။
      ဒီလိုပေါ့။
      တစ်ချို့ကျတော့ မိန်းမကို ချစ်တယ် ချစ်တယ်ဆိုပြီး ချက်ကျွေးတာပေါ့နော်။

      မမချွိ အထင်ကတော့ မိန်းမကို နေရာမပေးချင်တာမှ ……………….
      ……………….
      ……………..
      မီးဖိုချောင် နေရာကိုပါ နေရာမပေးချင်လို့ မောင်ပိုင်စီးထားတယ် မှတ်တာပဲ။
      အဟွတ်။
      😀

    • မမချွိ

      February 17, 2014 at 1:08 pm

      ကြောက် မကြောတ်တော့ မမချွိ မသိဘူးးး
      မဖြေရဲဘူးးး
      :mrgreenn:

    • ဦးကျောက်ခဲ

      February 17, 2014 at 1:16 pm

      ကြောက်တာမဟုတ်ပါဘူး… ဂျစ်တာပါ ကိုရင်နိုရယ်…
      သူကလေး လျှာရင်းမြက်စေဖို့ စေတနာထားပြီး ချက်တယ်လေ…
      မီးဖိုချောင်ကို မောင်ပိုင်စီးတာမဟုတ်…
      ခြေမွှေး လက်မွှေး မီးမလောင်အောင်ထားတာပါ မယ်ချွိရဲ့… အာဟိ
      😀

  • TNA

    February 17, 2014 at 1:53 pm

    အင်း ဒီလူရီး ဂျစ်တူနားကမခွာဖစ်နေဒါနဲ့ ဒလိုဒမြတိုက်လိုက်သပေါ့လေ။ 😀 မီးမကို ချက်ပြုတ်ကျွေးနေရဒါနဲ့ ထမင်းဆိုင်ကို ပစ်ထားတာ။ လျှော်ကြေးတောင်းဘာချွိချွိ။ ဒီတခါပြန်လာရင် တရွာလုံးကို ရှယ်ချက်ကျွေး ဘာလို့ :mrgreen:

    ဇဂါးမစပ် ဝက်တားဒွေနေရာမယ် ကြက်တားဘယ်လိုအစားထိုးရဘာ့။

    • ဦးကျောက်ခဲ

      February 17, 2014 at 2:06 pm

      ကြက်သားကို ဝက်လိုပဲ စီမံပြီး ပေါင်းစားလေ မွသဲရဲ့…
      ဒါပေမည့် သကြားတော့ လျှော့ထည့်ပါ…
      ကျောက်စ်ကတော့ ကြက်ပေါင်းရင် တရုတ်ဆေးမြစ်စုံနဲ့ပေါင်းတယ်…
      ဂျင်ဆင်းပါတော့ အားဖြစ်တာပေါ့… အဟိ
      😀

      • TNA

        February 17, 2014 at 9:36 pm

        အေးပေါ့လေ လိုဒဲ့တူဒွေတော့ အားဖြစ်အောင်စားသပေါ့လေ ဟေးဟေး။ ဘူမိသမားဆိုတော့ တွင်းတက်တွင်းဆင်းရလို့ဘာ :mrgreen:

  • alinsett ( Gazette )

    February 17, 2014 at 7:59 pm

    ငါးရှဉ့်မြေပဲဆန်ထောင်းအစပ်ချက်၊
    ပျဉ်းတော်သိမ်အုပ်ကုလားပဲဟင်းချို၊
    ဘရိုကိုလီကြက်ဥနဲ့ကြော်၊
    ပုစွန်ဆိတ်လှော်မန်ကျည်းသီးစိမ်းထောင်း..
    အချိုပွဲ..တည်သိး နဲ့ စတော်

    အဲဒါလေး…
    သွားရည် ကျ သွားတယ်…

    😆

    • မမချွိ

      February 18, 2014 at 8:32 am

      ဟုတ်တယ်။
      နာ လည်း အဲ့ ဟင်း အစားချင်ဆုံးပဲ။

      😀

    • ဦးကျောက်ခဲ

      February 18, 2014 at 8:59 am

      ဂယ်ပြောတာ အဲသည့် ငါးရှဉ့်ဟင်းက အလွန်ကောင်း…
      စပ်စပ် ဆိမ့်ဆိမ့်လေးနဲ့ လျှာထဲမှာ စွဲသွားမယ်…
      😀

  • Foreign Resident

    February 18, 2014 at 4:40 am

    အင်းးးး ။ ဟောင်ကောင်မှာ တစ်ပါတ်လောက် သွားနေဦးမှ ။
    ဘယ်လိုလဲ ၊ ဦးကျောက်စ် + မ နှင်း ။ 😛

    • မမချွိ

      February 18, 2014 at 8:30 am

      ဘဖောသွားဖြစ်ရင် လက်တို့လိုက်ပါဦးးး

      :kwi:

    • ဦးကျောက်ခဲ

      February 18, 2014 at 9:04 am

      လာဖြစ်အောင်သာလာခဲ့ပါ အဘဖောရယ်… ရှယ်ချက်ကျွေးပါ့မယ်
      စကားအတင်းစပ်….
      ဂျွန် ဂျူလိုင်လောက် အဘတို့ကျွန်းကြီးပေါ်ကို အလည်လာမလို့…
      😀

    • Foreign Resident

      February 18, 2014 at 12:07 pm

      ဦးကျောက်ခဲ says:
      ” ဂျွန် ဂျူလိုင်လောက် အဘတို့ကျွန်းကြီးပေါ်ကို အလည်လာမလို့ ”

      ဇွန်လ အထိတော့ ဩဇီ မှာ ရှိမယ် ။
      ဇူလိုင် ဆိုရင်တော့ ဗမာပြည် ပြန်ဖို့များတယ် ။

  • Crystalline

    February 18, 2014 at 1:37 pm

    မနှင်းတို့.. အူးကျောက်တို့အိမ်ဧည့်သည်သွားလုပ်ရင်… ၁ပတ်လောက်နဲ့မလုံလောက်ဘူး… ၂ပတ်လောက်သွားမှဖြစ်မယ်.. :loll:

    • မမချွိ

      February 18, 2014 at 1:43 pm

      အို။
      တစ်လလောက်နေလည်း ဘာမှ ပြောပါဘူးတဲ့။
      ဝဲလကမ်းတဲ့။
      နော့ ကျောက်(စ)။
      ဟိ။
      ပြီးမှ နှင်း ခွဲတန်းလျှော့အောင် လုစားကြတာပေါ့။
      :kwi:

    • ဦးကျောက်ခဲ

      February 18, 2014 at 1:59 pm

      အဟွတ်… ခွစ်တို့ မမချွိတို့က တကယ်ဝါးတီးဖွင့်ကြမှာဆိုဒေါ့…
      ဆန်အိတ် ဆီပုံးနဲ့ ဟင်းစားတွေ ဈေးဝယ်ပြီး လာကြပါရန်… ဟိ
      အရဂါးပြောတာ… လာသာလည်… ရှောင်နေမယ်တိလား… အားဟိ
      😀

  • Novy

    February 18, 2014 at 2:25 pm

    မတူတဲ့ အမြင်နဲ့မန်းပါ့မယ်

    ကျောက်စ်နဲ့ နှင်းနှင်း ရဲ့ ထမင်းစားပုဂံနှစ်ချပ်က ရောင်မတူဘဲ
    ဘာလို့ black & white ဖြစ်နေတာလဲ ဒါအသားအရောင်ခွဲခြားမှု့ မြောက်ပါတယ်
    ဒါမှမဟုတ် black white ကောင့်ကိုအားကျလို့လား 😀
    အရောင်နဲ့ခွဲခြားပြီးစားတယ်ဆိုရင် ဘူက black လဲ….

    • kai

      February 18, 2014 at 3:04 pm

      ဟုတ်တယ်နော..အခုမှသတိထားမိတယ်..
      ဆိုတော့…
      ဗေဒင်ဆရာတွေပြောသလိုပြောရရင်…
      ပုဂံအမဲက.. အသားဖြူသူပေါ့…။
      မဟုတ်ဖူးလား..
      အဲလိုဖြစ်အောင်.. ပြောင်းထိုင်စားလိုက်..။ :mrgreen:

    • မမချွိ

      February 18, 2014 at 3:10 pm

      ပြောပြလိမ့်မယ်။
      အဲဒါ ဘာဘရန်းဆိုတာ။
      :kwi:

    • ဦးကျောက်ခဲ

      February 18, 2014 at 3:23 pm

      အဂုတော့ မနိုတို့ သဂျီးတို့ ပြောစရာဖြစ်ပြီ…
      အသားအရောင်ခွဲခြားတဲ့ မိနှင်းနှင်းက ကျောက်စ်ကို ပုဂံအနက်တဲ့…
      အိမ်ထောင်မကျခင် (ကျမယ်လည်း မထင်လို့) ဝယ်ထားတဲ့ ပုဂံတွေပါခီညာ…
      ဘရန်းကတော့ Ikea ပါ… ဟီ ဟိ
      😀

  • Ma Ma

    February 18, 2014 at 7:02 pm

    နှင်းရေ- စေတနာလား ဝေဒနာလားမသိနိုင်လို့ သတိနဲ့စားနော်။
    ကြူ ကြူ သင်းနဲ့ ဧရာဇာတ်လမ်း ကြည့်ဖူးတယ် မဟုတ်လား။ 😀

    • Hnin Hnin

      February 19, 2014 at 8:13 am

      ဆွေဇင်ထိုက်ရဲ့ ပညာပေးဇာတ်လမ်း ‘မင်းမသိသေးပါဘူးကွာ’ အဲ့ဇာတ်လမ်း ..လာတိုင်း သဘောကျလို့ မရိုးတမ်းကြည့်တယ်..ခက်တာက ဦးကျောက်က အဆီပိတ်တာတွေ၊ဆီမြုပ်တာတွေ သူ့မစားခိုင်းလို့ နှင်းနှင်းကို ကျွေးလို့မရဘူး ဖြစ်နေတယ်..အသစ်ကလေး ရှာဖို့ထက် သူ့ပစ်သွားမှာ စိုးရိမ်နေလို့’မင်းမသိသေးပါဘူးကွာ’ အခုထိမဖြစ်သေးဘူး 😀

    • ဦးကျောက်ခဲ

      February 19, 2014 at 8:43 am

      ဟမ်မယေး… အိမ်ထောင်ကျမှ ၃ထပ်သားလည်းငတ်…
      ဝက်ခေါင်းသုပ်ဆို ဝေလာဝေး ၊ အဆီအဆိမ့်ဆို နတ္ထိ…
      ကျောက်စ် ဖြစ်အင်ကို မြင်စေချင်တယ်… အရပ်ကတို့ရဲ့
      🙁

      • မမချွိ

        February 19, 2014 at 8:45 am

        အမလေးးးး
        နှင်းအရောင်ဟပ်ပြီး ပိန်သွားပြီး ပိုကြည့်ကောင်းလာတော့ မပြောဘူးးး
        😀

        • Hnin Hnin

          February 19, 2014 at 9:00 am

          ကျောက် – နှင်း ဝက်နားရွက် သုပ်စားရအောင်။ အရမ်းကောင်းတယ်။…… နှင်း- ဟင့်အင်း။ မစားချင်ဘူး။ ပါးစပ်ထဲမှာ ချော်ချော်ထွက်နေတယ်။ မကြိုက်ဘူး။….. ကျောက်- ကောင်းပါတယ် နှင်းရဲ့ စားကြည့်ပါလား။…. နှင်း- စားချင်ဘူး။ ကြိုက်ဘူး။ ကို စားချင်ရင် တစ်ယောက်ထဲ စားလေ။ နှင်း မစားဘူး။….. ကျောက်-ဒါဆိုလည်း ကိုယ် တစ်ယောက်ထဲ မစားတော့ပါဘူး။……အဟိ…မနေ့က ထမင်းဝိုင်းမှာ အပြန်အလှန်ပြောကြတာ..ကျောက် စည်းရုံးရေး မအောင်မြင်ဘူး။ သနားတော့ သနားပါတယ်။ 😀

        • Ma Ma

          February 20, 2014 at 7:21 pm

          ဟုတ်ပ့ါ။
          နှင်းထရိန်နင်အောက်မှာ ကျောက်စ်ဗိုက်ပျောက်သွားလို့ ပိုကြည့်ကောင်းလာတာ နှင်းကို ကျေးဇူးတင်လိုက် :mrgreen:

  • kai

    February 19, 2014 at 3:37 am

    ကြုံလို့ပြောရရင်.. ကျောက်စ်မောင်နှံရဲ့ ထမင်းပုဂံဘေးက.. စတီးဇွန်းလေတွေတွေ့လား..
    အဲဒါ. ယူအက်စ်မှာအင်မတန်ရှားတယ်..
    ထိုင်းဆိုင်မှာသွားဝယ်တာတောင်.. အသေးလေးတွေပဲရပြီး..တလောကမှ.. မြန်မာပြည်မှာသုံးနေကျ..ဆိုဒ်အကြီးရတာ..
    ဇီးဘရားတံဆိပ်ပဲ..
    အဲဒီကုမ္ပဏီ.. ထိုင်းမှာရှိတာ.. အလုပ်သမား..ဝန်ထမ်းအများစုကြီးက.. မြန်မာတွေလို့.. ဖတ်ဖူးတယ်…
    ရောင်းအား.. ဘီလီယန်ဟစ်နေလောက်တယ်..။

    • Foreign Resident

      February 19, 2014 at 4:03 am

      ဟဲ ဟဲ ။ ဗမာပြည်သားတွေကတော့ ၊
      အဲဒီ ဇီးဘရားတံဆိပ် ဟင်းချိုသောက် စတီးဇွန်းလေးတွေ နှင့် အသားကျနေပြီလေ ။
      သူတို့နှင့် ခပ်မှဘဲ ဟင်းချိုရည်ကလည်း ပါပေသကိုးဗျ ။

      • Hnin Hnin

        February 19, 2014 at 8:42 am

        ထမင်းစားပန်ကန်မဟုတ်တဲ့ ပန်းကန်ထဲ ထမင်းထည့်စားနေကြတော့(သေးတော့ ထမင်းနည်းနည်းပဲ စားဖြစ်ကြလို့)
        ဗမာပီပီ ဟင်းချိုသောက်ဇွန်းနဲ့မှပဲ အဆင်ပြေတယ်..သူ့ထမင်းစားပန်းကန်ပြဲကြီး(ခေါက်ဆွဲကြော်ထည့်ထားတာ) တွေက မ..ရ၊ဆေးရတာ လေးလွန်းလို့ အသုံးနည်းတယ် 😀

    • မမချွိ

      February 19, 2014 at 7:42 am

      ဒီမှာက ဘာလို့လဲမသိ။
      ယိုးဒယားပစ္စည်းက နေရာတကာ ရခဲဘိခြင်းးးးးး
      အဲဒါ ဟိုတလောက ယိုးဒယားဈေးက အဲဒီ ဇွန်းဂေါက် (အဲလိုပဲခေါ်တယ်) ဘူး တွေ့လို့ ဝယ်ခဲ့တယ်။
      ဒါပေမဲ့ သံချေးလိုလို အညှိလိုလို တက်လို့ တဝက်လောက်က ဝဲပလိုက်ရတယ်။
      တခြားနေရာမသုံးဖြစ်ဘူးးးး
      ကိုယ်ကလည်း မွင်းဂါး စားရင် အဲဒီ ဇွန်းနဲ့စားရမှ ဆိုတော့။
      စွဲလန်းမှု။
      😀

      • Hnin Hnin

        February 19, 2014 at 8:52 am

        ချွိချွိ..အိမ်မှာတော့ လွန်ခဲ့တဲ့ အနည်းလေး ၁၅နှစ်လောက်ကတည်းက ဝယ်ထားတဲ့ အဲ့ ဇွန်းဂေါက် အသေးရော၊အကြီးရော ဘူးလိုက်တွေ ကောင်းသေးတယ်..အသစ်တွေ ထူပြီး ပြောင်လက်နေတုန်းပဲ..သံချေးလည်း မတက်သေးဘူး..ခုနောက်ပိုင်း က ကွာလတီကျတယ် ထင်တယ်..ဦးကျောက်ကတော့ ဟင်းချိုသောက်ရင် ဇွန်းရှည်ထိ်ပ်ဝိုင်း၊ ထမင်းစားရင် အဲ့ဇွန်းဂေါက်၊ မုန့်လုပ်စားရင် ဇွန်း၊ခက်ရင်း သုံးတယ် 🙂

    • Hnin Hnin

      February 19, 2014 at 8:24 am

      ဒါဆို မြန်မာပြည်ထွက် အမေရိကားက လူတွေကို အဲ့ဒီဇွန်းလေးတွေ လက်ဆောင်ပေးရင် အတော်အလုပ်ဖြစ်မယ် ထင်တယ် 😀

    • ဦးကျောက်ခဲ

      February 19, 2014 at 8:57 am

      အဲသည့် စတီးဇွန်းတွေက ကျောင်းသားဘဝ ၊ ဝန်ထမ်းဘဝ…
      အစဉ်အဆက် လက်တွဲဖက်မို့…
      တုံးတယ်လို့ဆိုဆို ၊ တောကျတယ်ပြောပြော… အဲဒါလေးနဲ့မှ…
      ဟိ မ.ဆ.လ ခေတ်က ကြွေရည်သုတ်ဇွန်းတွေကို မလွမ်းဘူးလား…
      😀

      • မမချွိ

        February 19, 2014 at 9:13 am

        ကျောက်(စ)
        ကျန်တဲ့ ဟင်းချက်နည်းလေး ရေးပေးပါဦးးး

        😀

    • TNA

      February 19, 2014 at 5:47 pm

      ဒဂျီးနှယ် ဟင်းမကြည့်ပဲ ဇွန်းကြည့်နေတယ် တညျိုးပါလား 😀

  • flamingo

    February 19, 2014 at 10:11 am

    ပို့စ်နဲ့တော့မဆိုင်ပါဘူးဗျာ..internet explorer…google chrome…firefox…opera …ဘာတခုနဲ့မှ FBကိုဖွင့်လို့မရဘူး..ဖြစ်နေပါတယ်ဗျာ…ဆရာသမားတို့…ကူညီပေးကြပါဦး…
    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…fire fox မှာတော့ error 504 ဆိုပီးပြထားတယ်ခင်ဗျ…

    • Mr. MarGa

      February 19, 2014 at 11:11 am

      Error 504 ကို ရှာကြည့်တော့ Server ဘက်ကလို့ တွေ့တာပဲဗျို့
      နည်းနည်းလောက် ထပ်ကြိုးစားကြည့်ပါဦးဗျ….
      တစ်ခုခုနဲ့များ ပိတ်ထားလေသလား……….

      • flamingo

        February 20, 2014 at 7:43 am

        ကျေးဇူးတင်ပါတယ်ကိုမာဃ…ကျွန်တော်မှားသွားတာပါ..error 502 ပါ….ကွန်ပြူတာအကြောင်းတခုမှမသိပါဘူးခင်ဗျား…သူငယ်တန်းအဆင့်ပါ၊ဖြစ်နိုင်မယ်ဆိုရင်တဆင့်ချင်းပြောပြပါလား..အနှောက်အယှက်ဖြစ်ရင်တော့ sorry ပါခင်ဗျာ…

        • Mr. MarGa

          February 20, 2014 at 1:15 pm

          error 502 ကိုလဲ အဲ့လိုပဲတွေ့တယ်ဗျ။
          ဆိုတော့ အရင်ဆုံး browser history ကိုရှင်းကြည့်ပါ
          Firefox မှာ Clear recent History ဆိုပြီး ပါပါတယ်။ ညာဘက်အပေါ်ထောင့်နားက icon ကိုနှိပ်ပြီးရှာကြည့်ပါ။
          အဲ့လိုလုပ်လို့မှ မရရင်တော့ တမင်ပိတ်ထားတယ်လို့ ယူဆမိပါကြောင်း 🙂

  • Mr. MarGa

    February 19, 2014 at 11:02 am

    အရောက် နောက်ကျလေခြင်း
    ကုန်ပြီလားမသိ…. :mrgreenn:

    • မမချွိ

      February 19, 2014 at 11:36 am

      ဟွန့်။
      ခုမှ လာပြီးတော့။

      :mrgreenn:

  • မဟာရာဇာ အံစာတုံး

    February 19, 2014 at 11:07 am

    ဥငေးဆီက ဟင်းစပ် ရချင်ရင် နည်းပေးမယ် ..
    အပေါ်မှာ တွေ့လား ..
    အဆီအစိမ့်တွေ မစားရလို့ စိတ်ပိန်နေတယ် ပြောထားတယ်
    အိုက်ဒါ ….
    စားလို့ရအောင် တိုက်တွန်းပေးမယ်လို့ ပြောလိုက် ..
    ဒါဆို ဟင်းစပ် ရလိမ့်မယ် … ထင် .. တယ် …

    • မမချွိ

      February 19, 2014 at 11:35 am

      ကျောက်(စ)
      အံစရာ ပြောတာ ဟုတ်လားးးး
      အာ့ဆို နှင်းကို ရအောင်ပြောပေးမယ်။
      နှင်းက မမချွိ စကား နားထောင်တယ်။

      😀

  • myat pearl phyu

    February 20, 2014 at 2:31 pm

    d ၁ ခါတော့ ပုံနှင့်တကွ သွားရည်ကျရပီ …
    ကောင်းမှကောင်း

Leave a Reply