မီးခိုးတွေ အူနေတာက
မြင်ကွင်းအားလုံး အရောင်တွေချို့တဲ့ နေသလို မိုးလုံးမှိုင်း
မိုးအုံ့နေတာလို့ ထင်ချင်ထင်ကြမယ်
ဟင့်အင်း
မိုးအစား မီးတွေ အုံ့နေတာ
အ၀တ်မရှိတဲ့ သစ်ခြောက်ပင်တွေကလည်း
တစ်ခါက စိမ်းခဲ့ဖူးတယ်ဆိုတာကို
အခုပဲ ကြိမ်ပြကြတော့မလို ရှက်ရွံအားငယ်
တကယ်က
နောင်မှ တမိတဲ့ နောင်တလေးဟာ
ကြီးလေးလှတယ် ဆိုပြီး သဘောတရားပေါက်မြောက်ချင်နေတော့တာ
ရှုရှိုက်နေရတဲ့ လေဟာ
သစ်ရွက်ကြွင်းရနံ့ထက် မကဘူးဆိုတာကိုလည်း
တောမီးတန်းလှလှစွေးစွေးတွေက လှမ်းအော်တယ်
ဟုတ်ကဲ့
တစ်ချက် တစ်ချက်မှာ ၀ါးလုံးပေါက်ကွဲသံတွေ ကြားရပါတယ်
အဲထဲမှာမှ
ပေါက်ကွဲသံ တစ်စုံ တစ်ခုကတော့ အကျယ်လောင်ဆုံးပဲ
နောက်ဆုံး
တို့ မီး ရှို့မီး အမျိုးမျိုးကြားထဲ ပြေးစရာ မြေရှားပါးလွန်းတယ်ဆိုတာ
ပြာမှုန်စတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုကပဲ ကျန်ရစ်ပြခဲ့တယ် ။ ။

အရိပ်စစ်

About အရိပ်စစ်

hninnu zin has written 23 post in this Website..