ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များ…

alinsettFebruary 18, 201411min32630

 

 

 

အဟမ်း ။

နည်းနည်း လေရှည်လိုက်ဦးမယ်ဗျာ ။

သူရ အခုတလော စာတွေ သိပ်မရေးဖြစ်ပဲ ဖတ်တဲ့ဘက်ကို အားသန်နေမိတယ်။

ဘယ်မှာ ဖတ်တာလဲ ဆိုတော့  သူရ ချစ်သော ဂဇက်စာမျက်နှာပေါ်မှာပေါ့ဗျာ ။

လက်ထဲက ကိုင် ဖတ်မိတဲ့စာအုပ်လေးတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အဲဒီစာအုပ်တွေကိစ္စက တစ်ပိုင်း ဆိုတော့

အခု ပြောလိုတာကို ဆက်ပါ့မယ်။

 

သူရ ဂဇက်မှာ ဝင် မွှေနေတာ ကြာပြီဆိုရမယ်။

သုံးနှစ်နီးပါးရှိပြီ ထင်တယ်။

အခုမှ မန်ဘာ ဝင်လာသူတွေထက်တော့ ကြာပြီပေါ့။

ရွာသားဟောင်းတောင်းတောင်း ဖြစ်နေသယောင်ယောင်ပေါ့ နော့ ။

ဘာ သွားတွေ ့လဲ ဆိုတော့  …………

အမျိုးမျိုးအစားစားသော မိတ်ဆွေတွေ တွေ ့ရပါတယ် ။

အမျိုးမျိုးသော ပိုစ့်တွေ နဲ့ အမျိုးမျိုးသော comment တွေ တွေ ့ရပါတယ် ။

အမျိုးမျိုးးသော အယူအဆတွေနဲ့ အမျိုးမျိုးသော  ချစ်စရာကောင်းမှုတွေကိုလည်း တွေ ့ရလို့ ….

အမျိုးမျိုးသော စိတ်ခံစားမှုတွေနဲ့  ဂဇက်ကို ချစ်မြတ်တွယ်တာခဲ့ပါပြီ။

——————————————

ပိုစ့်တွေ ကို တင်ပြီး ပြန် လှည့်မကြည့်ဖြစ်သူတွေ ရဲ့ ပိုစ့်တွေ ထဲ

ဝင် ဖတ်ကြ  ဆွေးနွေးသွားကြတာလည်း ရှိတာပါပဲ ။

ပိုစ့်တင်ပြီး လှည့်မကြည့်ဖြစ် ပြန် ဝင် မဆွေးနွေးဖြစ်သူ ပိုစ့်ပိုင်ရှင်ကတော့ နည်းပါတယ် ။

အကြောင်းကြောင်း ကြောင့် တင် ပြီး ပြီးရော ဖြစ်သွားရတာလည်း နားလည်ပေးလို့ရကြတာပါပဲ ။

များသောအားဖြင့်တော့. . .

ပိုစ့်တင်သူက  ပို့စ်ထဲ ဝင် ဖတ် ရှု ခံစား ဆွေးနွေးသွားသူတွေ ရဲ့ comment တွေကို

တစ်ယောက်ချင်းစီအတွက်…. reply လုပ်ကြပါတယ် ။

ဖတ်သူ အယူအဆနဲ့ ရေးသူရဲ့အယူအဆ တူတာလည်း ရှိ မတူတာလည်းရှိ ။

ဘာပဲဖြစ်ဖြစ် ပြန်လှန်ဆွေးနွေးစကားတွေနဲ့ နွေးထွေးသော စကားဝိုင်းတွေ ဖွဲ ့တည်နေသလိုပါပဲ ။

( ရွာသူားအသစ်ထဲကရော အဟောင်းထဲကပါ…. တော်တော်များများကတော့.. .

ပိုစ့်တစ်ပုဒ် ဝင်ဖတ်ပြီး comment ပေးခဲ့ပြီးရင်တောင် ကိုယ်ပေးသွားတဲ့ comment ကို

ပိုစ့်ပိုင်ရှင်က ဘာများ ပြန်ဆွေးနွေးထားသလဲ လို့ နောက်တစ်ခေါက်တော့ ဝင်ကြည့်ကြတယ် ။

အပြန်အလှန် reply တွေ လုပ်ကြလို့ . . .ရွာလေးထဲက ပိုစ့်တွေဟာစကားဝိုင်းလေးတွေ ဖြစ်နေတာပါပဲ ။ )

———————————–

ရေးသူတွေက ရေးပြီး တင်ပြ နေသလို ဖတ်သူတွေကလည်း မပြတ်တမ်းဖတ်ကြ ဝေဖန်ဆွေးနွေးကြမြဲပါ ။

အဲဒီမှာ ………..

ဂဇက်ကို မပြတ်တမ်း ဝင် နေနိုင်သူနဲ့ အကြောင်းကြောင်းကြောင့် အဆက်ပြတ်သူတွေ ရှိနေပါတယ် ။

အမြဲတမ်း မဝင်ဖြစ်သူတွေ …….

မအားလပ်တဲ့ကြားက သတိရနေသူတွေ  ………..

ကပျာကယာလေး ပြေးဝင်လာသူတွေ ……………………….

ဘယ်လိုမှ မအားလပ်လို့ စိတ်က ရောက်ပြီး လက် မရောက်ဖြစ်သူတွေ  . . …..စသည်ဖြင့်ပေါ့ဗျာ  . . . .

ရှိကြတာပေါ့ ။

 

———————————–

 

သူရ က ဘယ်လို အခြေအနေထဲမှာပါလဲဆိုတော့ ……

ဂဇက်သည်သာ စိတ်ဖြေရာမို့ မအားတဲ့ကြားကဆိုရင်တောင် အပြေးဝင်လာမိသူပါ ။

လစ်ရင် လစ်သလို အားရင်အားသလိုပေါ့လေ . . .

ဝင် ဝင် လာမြဲ ဆိုတော့ …..

သူရ …. ဂဇက်နဲ့ အဆက်ပြတ်သွားချိန် နည်းတယ်ဆိုရမယ် ။

 

သင်…ကရော . . . ဘယ်လိုအခြေအနေထဲမှာပါနေလဲ . . .

 

အဆက် ပြတ် ပြတ်သွားတတ်သူလား. . .

 

အကြာကြီး ခွဲမိ ပြီး လွမ်းနေသူလား. . .

 

အားရင် အားသလို ဝင် လာရင်းနဲ့ အဆက် မပြတ်ခဲ့သူလား. . .

 

ဒါမှမဟုတ် အင်မတန် စိတ်ပျက်စရာကောင်းလှသော မြန်မာပြည် အင်တာနက် ကွန်နက်ရှင်ကြောင့် ဂဇက်ထဲ ဝင်ဖို့ ကြိုးစားရင်း

ရောက်နိုင် ခဲ သူလား. . . .

 

ဒါမှမဟုတ်. . . .

သင်…  လာသွားမှန်း ဘယ်သူမှ မသိလိုက်ရအောင် …

တိတ်တိတ်ကလေး စာတွေ လာဖတ်သွားတတ်သူလား. . .

 

???????????????????????????????

 

တကယ်လို့ . . .

သင်… သည်. . . .

ဂဇက် နဲ့ အဆက်ပြတ် ပြတ်သွားတတ်တဲ့ မအားသော အခြေအနေကြားက

ဂဇက်ချစ်သူ လူသား ဖြစ်နေတယ်ဆိုပါစို ့. . .

ဂဇက်ထဲ ဝင် ရ ထွက် ရတာလည်း အသုံးမကျသော မြန်မာပြည် အင်တာနက်မြန်နှုန်းကို အံတုနေရသူ ဂဇက် ချစ်သူ ဆိုပါစို့ဗျာ. . . .

 

ဒါဆိုရင်တော့  ….

ဂဇက် ထဲမှာ သင်…မဖတ်ရသေးတဲ့ ပိုစ့်ကောင်းတွေ ရှိပါတယ်။

သင့် အကြိုက် ဟုတ်တယ် မဟုတ်ဘူးကိုတော့ မလိုက်နိုင်ပေမယ့် . . .

သင်… မဖတ်ရသေးတဲ့ အထဲက ဖတ်ချင်စရာ ဖြစ်မယ်ထင်နဲ့ ပိုစ့်လေးတွေကို ညွှန်းပြချင်ပါတယ် ။

အဲဒီလို သင်… ဖတ်ဖြစ်အောင် ရွေးထုတ်ပြပြီး ညွှန်းဆိုပေးတာဟာ. . . သင့်… အကြိုက်ကို သူရ မသိပါဘူး ။

လူတစ်ယောက် ရဲ့ အကြိုက်နဲ့ အခြားသူတစ်ယောက် ရဲ့ အကြိုက် တူလည်း မတူနိုင်ဘူးကိုး ။

ဒီတော့ သင့်…  အကြိုက် ပိုစ့်တွေပါ လို့ သူရ မပြောနိုင်ဘူး ။

 

သူရ ရွေးထုတ်ပြီး ညွှန်းဆိုပြလိုက်တဲ့ ပိုစ့်တွေက ဂဇက်ထဲမှာ …

သင်… မဖတ်လိုက်ရသေးတဲ့ ပိုစ့်တွေထဲက တချို့ ဖြစ်လိမ့်မယ်. .

အဲဒါတွေဟာ  ဂဇက်ထဲက အကောင်းဆုံးပိုစ့်တွေပဲလို့လည်း ယူဆလို့မရဘူး။

ဘာလို့လဲဆိုတော့  သူရ ရွေးထုတ် ညွှန်းဆိုပြလိုက်တဲ့ပိုစ့်တွေဟာ သူရ တစ်ယောက် သဘောအရ သူရ ကြိုက်မိတဲ့ ပိုစ့်တွေပါပဲ။

သူရ ညွှန်းချင်တဲ့ပိုစ့်တွေပေါ့ ။

သူရဆိုတာ အကောင်းဆုံးကို ရွေးထုတ် ညွှန်းဆိုပြနိုင်တဲ့ ပညာရှင်ကြီးလည်း မဟုတ်လို ့. . .

သူရ ညွှန်းချင်တဲ့ ပိုစ့် တချို့ လို့ပဲ ယူဆပေးရင် ရပါပြီ ။

 

တခြားဘာမှ တွေးမနေပဲနဲ့ . . .

သူရ ညွှန်းသောပိုစ့်များထဲက

သင်….  မဖတ်ရသေးတာ /

ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင်  ဖတ်ပေးပါ… လို ့… ။

 

တကယ်လို ့….

 

သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် ….

ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။

ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။

 

 

မဖတ်ရသေးသူတွေအတွက် . . .

ဖတ်စေချင်လို့ . . .

(သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။

 

 

************************

 

(( တစ်လ ကို နှစ်ခါလောက်  ( တစ်ခါညွှန်းရင် ပိုစ့်ဆယ်ပုဒ်လောက် ) ဖတ်ညွှန်းလေး လုပ်ကြည့်မယ်လို့ ရည်ရွယ်ထားပါတယ် ။

စကားမကျန်အောင် ပြောရရင်တော့ ဒီလို ဖတ်ညွှန်း ပိုစ့်အညွှန်းမျိုး သူရ ပိုစ့်တင်ပြတာကို သဂျီးးမင်း ခွင့်ပြုရင်ပေါ့ ။

သဂျီးမင်း ခွင့်ပြုချက်ရယ်. . သူရ ညွှန်းတဲ့ပိုစ့်  ရေးသူတွေရဲ့ ခွင့်ပြုချက်ရယ် လိုပါတယ် ။

ခွင့်မပြုလောက်စရာတော့…  မရှိ်ဘူး..ထင်တာပါပဲ.. ။   ))

 

:kwi:

 

_________________________________________________________________________

 

 

 

 

လွဲနေသော ဆုံမှတ်တစ်ခု၏ ဆန် ့ကျင်ရာ-သော်ဇင်(လွိုင်ကော်)

Posted by on Jan 20, 2014

 

ပေးသူက ပေးနိုင်သလောက်လေးပေးပြီး ကျေနပ်သွားမည်ထင်သော်လည်း ယူသူဘက်က တစ်ခါစားဖူးသည် စားကောင်း သောက်ဖွယ်ရာတွေကို ပြန်တမ်းတတတ်သည် ဆိုသည်ကို မေ့နေကြသည်လား။ရွာကလေးပြောင်းလဲနေပေပြီ။

ထို့အတူ ဝါးရုံတောလေးလည်း ပြောင်းလဲနေပေပြီ။

“ဘာမှမသိ၊ ဘာမှမမြင်တတ်ခဲ့ရင်တော့ ကျောက်ခေတ်လူသားလိုပဲ အသားကိုအစိမ်းစားခြင်းနဲ့ လူ့ဘဝကို ရှင်သန်နေရလိမ့်မယ်

 

ပြောချင်တဲ့ အတွေးစလေးကို လှလှပပလေးသီကုံးပြသွားပုံက

လက်ဖျားခါလောက်တယ် ဆိုရမယ်။

အကျိုးအပြစ် / အကျိုးနဲ့ အပြစ် ကြားက ကမောက်ကမ နိုင်မှုနဲ့ လူ့ဘဝဖြစ်တည်မှု အတိုင်းအတာတွေကို

အနုပညာနဲ့ တိုင်းတာပြလိုက်သလိုပဲ ။

အခင်း ရယ် အခက်ရယ် အဖြေရယ် ….

သမားစဉ်အတိုင်း ရေးသားတင်ပြမှုတွေကို သိပ် မခံစားတတ်တဲ့ ကျွန်တော်. . .

ကိုသော်ဇင် ရဲ့ အနုပညာဖန်တီးမှုနောက်ကိုတော့…  ကောက်ကောက်ပါအောင် လိုက်ပါ ခံစားမိသွားတယ် ။

ကျစ်လျစ်သန်မာတဲ့ စကားပြေ အစီးအမျောနဲ့

ဘာများပါလိမ့် ဘာများပါလိမ့်ဆိုပြီး သိချင်စိတ်ပြင်းထန်စွာ တစ်ကြောင်းပြီးတစ်ကြောင်း တရစပ် ဖတ်မိသွားအောင် . . . .ရေးလည်း ရေးတတ်ပါ့ ။

စာတစ်ပုဒ်လုံး ဆုံးသွားတော့လည်း. . .

စာရေးသူ ချပြသွားတဲ့ အတွေးအခေါ်ကို ဝတ္ထုပြင်ပမှာ တမျှော်တခေါ် ဆက် တွေးခေါ်မိတဲ့အထိ. . . .

မယုံနိုင်လောက်အောင် ညှို့ငင်အားကောင်းတဲ့ အနုပညာ . . . .

ယုံချင်ရင် ဖတ်ကြည့်ကြပါဦး. . .

 

 လွဲနေသော ဆုံမှတ်တစ်ခု၏ ဆန့်ကျင်ရာ https://myanmargazette.net/192630

 

_______________________________________________________________

ဖေဖေါ်ဝါရီ ၁၃ – ခရမ်းပြာထက်လူ

Posted by on Feb 13, 2014

မမေ့နဲ့ ဆင်တွေ ခြင်္သေ့တွေနဲ့ဖုံးထားဖိထားပေမယ့် ။ မမေ့နဲ့…

ဘုရား နဲ့ အဖေအမေဓါတ်ပုံကလွှဲရင် ဒီနံရံပေါ်မှာသူရှိနေရတယ်ဆိုတဲ့အသိနဲ့ မမေ့နဲ့…

စကြဝဠာနောက်ခံနဲ့ လည်နေတဲ့ကမ္ဘာလို ။ မမေ့နဲ့…

မမေ့နဲ့ ။ စစ်ပွဲသွားဖို့ မြင်းလို အစီးခံထားရတယ် ။ မမေ့နဲ့…

ကျွန်လို ကျာပွတ်သံစောင့်နေရတဲ့ခေတ်အကွဲ ကြီးအောက်မှာ……

 

အထူးအထွေ ပြောနေစရာ မလိုဘူးထင်ပါတယ်။

စာသားတွေ ဖတ်ပြီး ကြက်သီးတဖျန်းဖျန်းထသွားစေလောက်

တဲ့ ရသမျိုး ခံစားကြည့်မလားပဲ မေးတော့မယ်။စကားလုံးတွေ စာသားတွေက ရဲရဲတောက်ပြီး
ဖတ်သူရဲ့ စိတ်နှလုံးကို ဗြုန်းခနဲ အိပ်ရာက နှိုးလိုက်မယ့် အဖြစ်မျိုး . . .ရင်ထဲမှာ နင့်ခနဲ. . .
သတိ္တသွေးတွေ ဝုန်းခနဲ ခုန်ထွက် ရာဇဝင်တွင်အောင် စွန့်စားပြလိုက်ချင်စိတ်တွေ မွေးဖွားစေသော …
စကားလုံးများးးး
စာသားများးးးးးးခံစားကြည့်ပါဦး ။

ဖေဖေါ်ဝါရီ ၁၃ – ခရမ်းပြာထက်လူ https://myanmargazette.net/193695

 

_______________________________________________________________

“မိုး ခါး ရေ အ တူ သောက် ကြ ခြင်း ”

 

Posted by on Jan 29, 2014

 

 

ကဲ ဒီ တော့ ဘာ လို သေး လဲ ကွယ်

မိုး ခါး ရေ အတူ သောက်

စည်း ကမ်း အ တူ ဖောက် လိုက် ကြ တာ ပေါ့။

သာ သာ ယာ ယာ လေး ပါ

 

ခေါင်းစဉ်က စပြီး စာဖတ်သူကို ညှို့ယူလိုက်တဲ့ စာမူလေးပါ ။

မြန်မာ့ လူမှုဝန်းကျင်မှာ တွေ ့မြင် ကြုံနေရတဲ့ သာမန်အဖြစ်အပျက်တွေ….

ရှင်သန်နေရတဲ့ အခြေအနေတွေကိုက ကိုယ့်အတ္တကို ရှေ ့တန်းတင်ပြီး ကိုယ့်ဘက်ကိုယ် ရပ်မှ ဖြစ်တော့မှာဆိုတော့. . .

အဲဒီ အတ္တတွေနဲ့ အများဘက် ထည့်မတွေးမိတော့လောက်အောင် စည်းစနစ်ဖောက်ထွက်မိသူတွေအကြောင်း …

တစေ့တစောင်းလေး ရေးးထားတာပါ။

ထူးခြားတဲ့ ရေးဟန် အဖွဲ့အနွဲ ့လို့ ဆိုရင်ရမယ့် တိတိရိရိ သွက်လက် ရှင်းလင်းတဲ့ အရေးအသားနဲ့ တင်ပြပုံက
ဖတ်သူရဲ ့ရင်ထဲ တိုက်ရိုက် ထိုးခွဲဝင်ရောက်ပါတယ်။စာရေးသူ ကိုပေါက် ( မန္တလေး ) ပြောချင်တဲ့ အကြောင်းအရာ ပေးချင်တဲ့ အချက်အလက်က
အဲဒီ အရေးအသား စတိုင်မိမိလေးကြောင့် တန်းတန်းမတ်မတ် ….နဲ ့… ဖတ်သူရင်ထဲ ရောက်လာတယ်လို့ ပြောရမှာပါ။ဖတ်ကြည့်ကြပါဦး ။

 

 “မိုး ခါး ရေ အ တူ သောက် ကြ ခြင်း ” https://myanmargazette.net/192998

 

 

_____________________________________________________________________

 

ဖြစ်နိုင်ခြေ…

Posted by on Jan 31, 2014

 

 ဟိုး….ရခိုင်မှာ ဖြစ်ခဲ ့တာက ပိုဆိုးသေးတယ်..။………

 

 

အင်တာနက် (နတ်) ခေတ်မှာ အင်တာနက်စာမျက်နှာပေါ်က ဖတ်ရတဲ့ ဇာတ်စင်ပေါ်က နတ် အကြောင်း။

ဒါပေမယ့် အဲ့ဒါထက် ပိုတယ် ။

ဘာပိုလဲ ဆိုတာကိုတော့ ကျွန်တော် မပြောဘူး။

အဲဒီ လူကြီးရေးတဲ့ပိုစ့် အောက်ဆုံးက အဆုံးသတ်ပုံလေးကိုသွားကြည့်. . .

အဟိခနဲ မရယ်ရဘူးဆိုရင် ကျွန်တော့်အလွန်. . .

ကျော်စွာခေါင် ဆိုတဲ့ ပုဂိ္ဂုလ်ကြီး အတွေ ့အကြုံစုံပြီး စာရေးအလွန်ကောင်းတာကို အသိအမှတ်ပြုရမှာပဲ ။

အခုလည်း ကြည့် . . .

အစကနေ အဆုံး မပျင်းရအောင် ဖတ်မိစေမယ့်အပြင်  ….

ရင်တခုန်ခုန်နဲ့ ဖတ်ရတာ။

မျက်ဝါးထင်ထင် ကိုယ့်ရှေ့မှာ ဖြစ်ပျက်ပြနေသလိုမျိုးပုံဖော်ပြထားနိုင်တာများ  လက်ဖျားခါရတယ် ။

ရသရော သုတပါ . . .တပြိုင်ထဲ ခံစားရယူနိုင်အောင်
လှလှပပဖမ်းစားတတ်တဲ့ အနုပညာ. . .
သွားဖတ်ကြည့်မှ ဖြစ်မယ်နော်. . . .

ဖြစ်နိုင်ခြေ…https://myanmargazette.net/193064

 

________________________________________________________________________

 

ဖြူ နဲ့ တစ်ပတ်စာဟင်းစပ်

Posted by on Feb 10, 2014

 

ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး

ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့

ဒီလောက် ဝီရီယစောနေခြင်းသာ။ ဖြစ်ပုံက  …….

 

အိမ်ရှင်မတစ်ယောက်ရဲ့ လက်တွေ့ ဘဝတစ်စိတ်တစ်ပိုင်းကို မီးဖိုချောင်တီးလုံးနဲ့ ကပြသွားတယ်လို့ ပြောချင်တဲ့ပိုစ့် …

ပြီးတော့ . .

သွားရေမကျသော်ငြားလည်း အစာပြေလှစေသော ဟင်းစပ်များ. . .

ပြီးတော့. . . .

ပြုံးစိစိနဲ့ ဖတ်ပြီး ရင်ထဲ ကလိကလိဖြစ်သွားစေမယ့် comment နှစ်ခု. . . .

ဝင် လေ့လာကြည့်စေချင်ပါတယ်. . . .

 

 

ဝင့်ပြုံးမြင့် says:

..တော်လိုက်တာ မမချွိရယ်။ တကယ်ပြောတာပါ။ယဉ်ကျေးမှုအရပြောတာ မဟုတ်ဘူး။

ဒီဟင်းစပ်တွေကတော့ အသေအချာကို အသုံးဝင်လွန်းလို့ စာနဲ့မှတ်ပြီး နံရံမှာ ကပ်ထားရမယ်။

လက်တွေ့မှာ ဒါမျိုးကပဲ အသုံးဝင်တာ။ လက်တွေ့မှာ ထွေလီကာလီ ဖွယ်ဖွယ်ရာရာတွေ ဘာမှ မလုပ်နိုင်ဘူး။
—–
ဟိုလေ အိမ်ရှင်မတွေကို မှီခို လို့ခေါ်တာကတော့ မှီခိုစရာ ဆိုတာကို အတိုကောက်အနေနဲ့ ` စရာ ´ ကိုဖြုတ်ပြီး မှီခို လို့ခေါ်တာပါ။

တကယ်က မြန်မာပြည်မှာ မိန်းမထုရဲ့ လုပ်အားစွမ်းအင်က ယောက်ျားထု ထက်တောင် များသေးတာ။

မြန်မာပြည်မှာ အိမ်ရှင်မတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကအရမ်းကြီးတော့ အိမ်မှာ သူတို့ဟာ အားကိုးမှီခိုစရာ ဖြစ်တဲ့အကြောင်းကို

မှီခို ဆိုတဲ့စကားလုံးနဲ့ ဖော်ပြကြတာပါ။

စကားစပ်လို့ ပြောရရင် မြန်မာပြည်မှာ ယောက်ျားဖြစ်ရတာ အရမ်းကံကောင်းတယ် သိလား။

မိန်းမထုကြီးရဲ့ သဘောထားကြီးမှုအောက်မှာ ယောက်ျားတွေ ပ စား ပေးခံရတာ သိပ်သေချာတာပေါ့။

ဒါကြောင့် မှီခို ဆိုတာ မှီခိုစရာ ရဲ့ အတိုကောက်ဖြစ်ကြောင်း ထပ်မံအတည်ပြုပါတယ်။

အို …. ဘာတဲ့ …
….. မိန်းမရိုသေ အသက်ရှည်
……. မိန်းမအားကိုး စီးပွားတိုး
…….. မိန်းမ နာခံ တစ်သက်စံ ။

—————————

kai says:

ဟုတ်ပါ့..မြန်မာမိန်းမတွေအားကိုးရပုံများ…

လူ၅သိန်းလောက်ဘုန်းကြီးဝတ်ပြီး ထိုင်စားနေကြတာကို ၂ဆအားစိုက်ပြီး.. လုပ်ကျွေးတဲ့တိုင်းပြည်..။

ဒါတောင်.. ဘုရားပေါ်..ဟိုဟာပေါ်..ဒီဟာပေါ် မိန်းမမတက်ရဘူး.. ဘုန်းနိမ့်တယ်.. ဘာညာနဲ့နှိမ်ထားသေးလို့..

အာဟိ..။ :mrgreen:

 

ဖြူ နဲ့ တစ်ပတ်စာဟင်းစပ် https://myanmargazette.net/193059

_______________________________________________________________________________

 

အယ်ဒီတာ့သင်ပုန်း ဖေဖော်ဝါရီ ၂၀၁၄

Posted by on Feb 11, 2014

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ကမ္ဘာ့အသိအမှတ်ပြုခေါင်းဆောင်တယောက်ကိုပင် အမြင်မှောက်မှားကာ ဖယ်ချပစ်ပယ်လိုသောသဘောသဘာဝတို့ မြန်မာသာမန်လူထုအတွင်းတွင်ပင် ခပ်စိတ်စိတ်ကလေးတွေ့လာရသည်။

ကံကြီးထိုက်နေသလော။ ခိုက်နေသလော၊ ကျိန်စာမိနေသလော။

ထူးပေသည့်ဆန်းရာသော်တော့မဟုတ်။

ဘုန်းတော်ကြီးများက ဥပဒေပြုလိုသောတိုင်းပြည်။ စစ်တပ်က လွှတ်တော်တွင်ဆုံးဖြတ်မဲယူထားသောတိုင်းပြည်၊

ဆရာဝန်က ဆေးရောင်းထွက်ရသောတိုင်းပြည်၊

အင်ဂျင်နီယာက သင်္ဘောတက်အလုပ်လုပ်သောတိုင်းပြည်ပင်တည်း။

ပြည့်တန်ဆာဝင်ငွေက ရဲအရာရှိလစာငွေကိုကျော်လွန်နေသည့်နိုင်ငံတည်း။

 

ဖတ်ရင် ရေငတ်သွားသလို ခံစားရစေတဲ့ ပိုစ့်တစ်ပုဒ် ရှိပါတယ် ။ မဖတ်ရသေးသူများ ဖတ်ကို ဖတ်သင့်တဲ့ ပိုစ့်လို့ပြောရမှာပါပဲ။

ကျွန်တော် ဘာဘာညာညာ လျှောက်မပြောတော့ပါဘူး။
အဲဒီ ပိုစ့်အောက်မှာ ဆွေးနွေးထားကြတဲ့ အပြန်အလှန်ဆွေးနွေးချက်တွေကို

လည်း ညွှန်းလိုက်ချင်ပါတယ် ။

ဘာဘာညာညာ မပြောတော့ပါဘူး။ ရေငတ်လာလို့ပါ။ ဘာလို့ ရေငတ်နေလဲဆိုတော့ အဲဒီပိုစ့်ကြီးကို ဖတ်ကြည့်ပါတော့. . . .

အယ်ဒီတာ့သင်ပုန်း ဖေဖော်ဝါရီ ၂၀၁၄ https://myanmargazette.net/193671

 

 

_________________________________________________________________________________

 

တရားစည်ကြီး မြည်ဟီးပြီ Sayarma Chit Myat Noe

Posted by on Jan 20, 2014

 

 ဘယ်အရာမှ တကယ်ဖြစ်မနေ..အရင်ကလည်း မဖြစ်၊ ခုလည်းဘာမှ ဖြစ်မနေ၊ နောင်လည်း ဖြစ်စရာ မရှိဆိုတဲ့ အသိလေးကို

လက်ခံနိုင်လျင်ကိုပဲ လောကီ၊လောကုတ် ဘာပဲလုပ်လုပ် သံသရာ အစွန်းနှစ်ဖက်ကနေ လွတ်စေ၊ ပေါ်ဆဲပေါ်လတ္တံ့ ပေါ်ပြီးသော

ကိလေသာ ဆင်းရဲခြင်းထဲ မိမိကိုယ်မိမိ တုပ်နှောင်ခံမိထား ရခြင်းကနေ လွတ်မြောက်စေ၊ သက်သာရ ရစေပါတယ်။

အဲဒီ အသိလေးတချက် အရင်းတည်လို့…….

 

 

ဘာသာရေး အသိ အမြင် ရှုထောင့်တစ်ခုလို့ပဲ ညွှန်းဆိုပါရစေ ။

ဦးကြောင်ကြီးတင်ပြသော မှောင်ကြီးမည်းကြီးမဟုတ်တဲ့… အလင်းပိုစ့်တစ်ပုဒ်ပေါ့ဗျာ။

တသီတတန်းကြီးတွေးတော မျှော်မြင်မှုပေးစွမ်းနိုင်မယ့်

ပိုစ့်လို့ ယုံကြည်မိပါရဲ့ ။

တရားစည်ကြီး မြည်ဟီးပြီ https://myanmargazette.net/192621

 

____________________________________________________________________________

 

မဟာဆဒ္ဒန်ဂူ- ကရင်ပြည်နယ်

Posted by on Feb 6, 2014

 

ကရင်ပြည်နယ် မှာ ရှိတဲ့ မဟာဆဒ္ဒန်ဂူကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ်

ရောက်ခဲ့တာနဲ့တန်အောင် ဂူအစကနေအဆုံးထိဝင်ဖို့ဆုံးဖြတ်ခဲ့ကျပါတယ်

ဂူဝကိုရောက်တော့ ဂေါပကအဖွဲ့က ဂူထဲကိုဝင်မှာလားလို့မေးပါတယ်

ဝင်မှာလို့ပြောတော့ …..

 

သဘာဝပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကို.. ကြည်ကြည်လင်လင် မြင်ရတွေ ့ရတာဟာ..

စိတ်အပန်းပြေမှုကို.. ရစေပါတယ်.. ။

ကရင်ပြည်နယ်..ထဲ..အလည် အပတ်… သွားကြည့်ဖို ့….

ဒီပိုစ့်လေးထဲ..ဝင်လိုက်ရင်… ရပါတယ်.. ။

 

မဟာဆဒ္ဒန်ဂူ- ကရင်ပြည်နယ် https://myanmargazette.net/193494

 

 

_________________________________________________________________________________

 

ဒါလေး နှစ်ပုဒ်ကတော့…  မျက်လုံးရှိတဲ ့သူတိုင်းအတွက်..

အကျိုးရှိစေမယ့် ပိုစ့်လေးတွေပါ..လို ့….

 

ဝင်လေ့လာစေချင်ပါတယ်… ။

 

မျက်လုံးကောင်းတာသေချာရဲ့လား????

Posted by on Jan 24, 2014

 ရှင်တို့ရဲ့မျက်လုံးတွေဟာ ပုံမှန်အားဖြင့် နေရာအတည်တကျသတ်မှတ်ထားတဲ့ အမှတ်အသားတခုကို နာရီပေါင်းများစွာထိုင်ကြည့်ေ

နဖို့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပါဘူး။

 

မျက်လုံးကောင်းတာသေချာရဲ့လား https://myanmargazette.net/192852

&&&&&&&&&&&&&&

 

Eye Yoga လေးစမ်းကြည့်ဘာ

Posted by on Jan 27, 2014

 

မျက်လုံးကိုအနားပေးဖို့အတွက် Dr.Bazan အကြံပြုတာက………

Eye Yoga လေးစမ်းကြည့်ဘာ https://myanmargazette.net/192920

 

_________________________________________________________________________

 

 

လောလောဆယ်တော့.. ဒီလောက်ပဲ.. ညွှန်းခဲ့ပါတယ်.. ။

 

ဆက်လက် ညွှန်းဆိုချင်တာလေးတွေ .. ရှိလာမှာမို ့.. ချီတတ်ခွင့်ပြုပါဦး…

 

လေးစားစွာဖြင့်….

 

အလင်းဆက် ( Gazette )

 

18 . 2 . 2014 .

 

 

 

30 comments

  • မမချွိ

    February 18, 2014 at 1:41 pm

    ဟိ။
    ကျေးဇူးတင်ပါတယ်လို့။
    သူရ မဟုတ်ပဲ ကိုရ ဖြစ်ပါစေ။

    😀

  • alinsett ( Gazette )

    February 18, 2014 at 1:46 pm

    ဒို ့ရွာလေး.. လူမစည် စည်အောင်…
    တစ်ဖက်တစ်လမ်းက.. လုပ်ကြည့်တာပါ..မမချွိ.. ။
    🙂

    အမှန်တော့… ကိုယ့် ရွာသူားတွေရဲ ့ ပိုစ့်ကို..ကိုယ် ပြန်ကြော်ငြာဝင်ပေးတာပေါ့နော်.. ။

    မဖတ်မိသူတွေအတွက်တော့.. အကျိုးရှိစေမယ် ထင်ပါရဲ ့… ။

    :kwi:

    ———-

    ကိုယ်ပဲ..ရချင်ပါတယ်…ခညာ…
    😆

  • nozomi

    February 18, 2014 at 3:47 pm

    ကောင်းတာပေါ့ ကိုသူရ ရယ်
    ပို့စ် တိုင်းဖတ်ချင်လို့ အမြဲ ရွာထဲ နေချင်ပေမဲ့ အခြေအနေ မပေးလို့ အချိန်မရလို့
    တစ်ခါတစ်လေ ပဲ ရောက်တဲ့ အခါ အဆင်သင့်တာလေး တွေ ပဲ ရွေးဖတ်နေရတယ်
    ဒါမျိုး လေးတွေ ရှိတော့ အကုန် မဖတ်နိုင်တဲ့ အခါမျိုးအတွက် အထောက်အကူ ရတာပေါ့
    ဒီ လို့ လက်ရွေးစင် ရွေးထုတ်ဘို့ ဆိုတာ ဝါသနာလဲ ပါမှ စိတ်လဲ ရှည် အချိန်လဲ ပေးနိုင်မှ ဖြစ်မှာ
    လုပ်မှတော့ ကာလရှည်လေး လုပ်ပေးပါလို့ လဲ တောင်းဆိုချင်ပါတယ်
    ……
    ဒါ လေး မြင်တော့ ဘလက်သောက်တဲ့ ကိုချော ဆိုတဲ့ လူကြီးရဲ့
    တံခါးစောင့် လုပ်ခဲ့တာလေးတွေတောင် သတိရမိသေး
    ဒီလူကြီး
    ဘယ်ချောင်မှာ မူးပြီး မှောက်နေတယ် မသိ
    ဘယ် အငယ်အိမ် ရောက်နေတယ် မသိ

    • alinsett ( Gazette )

      February 18, 2014 at 3:59 pm

      ဟုတ်ကဲ့ ကျေးဇူးပါ

      အားပေးမယ့် အသံလေးကြားတော့ အားတက်ရပါတယ်
      အမြဲ လုပ်နိုင်ဖို့ကြိုးစားပါ့မယ်ဗျာ

      ဒီပိုစ့်တစ်ပုဒ် တင်ဖြစ်ဖို့က မလွယ်ဘူးဆို သတိပြုမိပြီး.. အသိအမှတ်ပြုပြောသွားလို့ ဝမ်းသာရပါတယ်

      ဟုတ်ပါတယ်
      တကယ့် မလွယ်ကြော ။ (သူများအတွက် လွယ်ချင်လွယ်လိမ့်မယ်..ကျနော့်အတွက် မလွယ်ကြော… )
      🙂

      လင့်ခ်တွေ ချိတ် တာ ပိုစ့်အပြင်အဆင် လုပ် ရတာက အင်တာနက်ဆိုင် မှာ
      ကွန်နက်ရှင် အစုတ်အပြတ်နဲ့ နပန်းလုံးရတော့ ပို ပင်ပန်းတယ်

      ပိုစ့်မတင်ခင် အပြင်က ကျင်းပ ရတာကလည်း
      တင်ထသမျှပိုစ့်တွေထဲက ပိုစ့်တွေထဲက ကောင်းနိုးရာရာကို ရွေးထုတ်ရ
      မေးလ်ထဲ ထည့်သိမ်းရ

      အိမ်ရောက်တော့ ဖုန်းစုတ်ကလေးနဲ့ အင်တာနက် ဖွင့် မေးလ် ဖွင့်ပြီး
      သိမ်းထားသမျှ ဆယ်ပုဒ်လောက်ကို အချိန်ယူ ဖတ်ရ

      မှတ်ချက်လေးတွေ ရေးပြီး မေးလ်ထဲမှာ ပြန် သိမ်းရ

      အားလုံး အဆင်သင့်ဖြစ်ပြီဟေ့ ဆိုတော့မှ . . . .

      အင်တာနက်ဆိုင် ပြေးပြီး စုဆောင်းထားသမျှတွေကို ပိုစ့်အဖြစ် ပြင်ဆင်ခြယ်သ တွဲချိတ် တင်ပြရတာ

      မောထာ

      🙁

      အိမ်မှာ ကွန်ပြူတာလေးတစ်လုံးမဝယ်နိုင်သေးတဲ့ ဒုက္ခ…
      ဖုန်းလေးနဲ့ အစအဆုံး လုပ် မရတဲ့ ဒုက္ခ …
      အင်မတန် နှေးတဲ့ အင်တာနက် ပက်ကျိ မြန်နှုန်း ဒုက္ခ . . .

      အဲဒါတွေကို အန်တုရတာဆိုတော့ ရေ ရှည်နိုင်ဖို့ ….အတော်အားထုတ်ရမယ်။

      ဘာပဲဖြစ်ဖြစ်
      ပိုစ့်တင် ရတဲ့ အမောတွေ ကန့်လန့်ကာ နောက်ကွယ်မှာ ရှိစေတော့. . .

      အားပေးကြရင်ပဲ အမောပြေရပါပြီဗျာ

      :kwi:

  • ခရီးသည်ကြီး

    February 18, 2014 at 3:55 pm

  • myat pearl phyu

    February 18, 2014 at 4:51 pm

    တစ်ချို့စာဒွေတော့ ဖတ်ပိပိ..
    ရွာထဲ ဖတ်ဖို့ မှတ်ဖို့ များရီး ကျှန်တေးဒယ်..
    အမရေး .. အလင်းဆက်ရယ် ..နိအစား နာ ရင် မော လိုက် ထှာ ဟယ်…
    ပို့စ်တစ်ခု တင်ဖို့ တစ်ကယ်မလွယ်ပါဘူးကွယ်…
    အဲ့ဒါကြောင့်…နာရှို တူညားရေးဒါပဲ လိုက် လိုက် ဖတ် ထှာ .. ေိခိ
    အရင်ကရှို ဂဇက်ကို အပြင်ကပဲ လာ လာ ဖတ် တွားဒါ..
    ထုမှ မန်ဘာဝင်လိုက်တာရှိုပေမယ့် .. ရွာထဲက သချို့ သချို ့ လူဒွေကို မတိလည်း နံမည်ဒွေကို ရင်းနှီးနေတာကြာပေါ့…
    ကိုယ်တိချင်တာရှိရို ့ Gooling လိုက်ရင် မန်းဂဇက်က တင်ဒဲ့ ပိုစ့်ဒွေ တန်းတွေ့တာပဲလေ ..
    ဒိရွာက အစထဲက နာမည်ကြီးပါဒယ်..ဆြာဂီးဒွေ များတယ်တဲ့ … ေိခိ
    ဟုတ် တယ် ဟုတ်
    😀

    • alinsett ( Gazette )

      February 18, 2014 at 5:00 pm

      အဲ့ ဆြာဂီးတွေထဲ အနော်တော့ ပါဘူးရယ်။

      အနော်က ဆေးကြားခဲဂျီး
      :kwi:

  • TNA

    February 18, 2014 at 6:07 pm

    ကောင်းတယ်။ ကွန်နက်ရှင်ကြောင့်ဖတ်ချင်တဲ့ပိုစ့်လောက်ပဲ တက်သုတ်ရိုက်ဖတ်သွားရတာတွေရှိတယ်။ အကုန်မဖတ်နိုင်ဘူး။ ကျန်ခဲ့တဲ့ပိုစ့်တွေအများကြီးပဲ။ ကျန်ခဲ့တာတွေပြန်ဖတ်ရတော့ကောင်းတယ်။ ဒီပိုုစ့်ကလေးကိုကြိုဆိုပါတယ်

  • padonmar

    February 19, 2014 at 12:34 am

    ကျေးကျေးပါ အလက်ဆင်း။
    အများအကျိုးဆောင်တဲ့ အလင်းဆက်လေး
    ကိုယ့်အကျိုး အလိုလို အောင်ပါစေ။

  • မဟာရာဇာ အံစာတုံး

    February 19, 2014 at 10:11 am

    ေ က ာ င ် း စ ် …

  • Novy

    February 19, 2014 at 12:10 pm

    သဘာဝပတ်ဝန်းကျင် ရှုမျှော်ခင်းတွေကို.. ကြည်ကြည်လင်လင် မြင်ရတွေ ့ရတာဟာ..စိတ်အပန်းပြေမှုကို.. ရစေပါတယ်.. ။
    ကရင်ပြည်နယ်..ထဲ..အလည် အပတ်… သွားကြည့်ဖို ့….
    ဒီပိုစ့်လေးထဲ..ဝင်လိုက်ရင်… ရပါတယ်.. ။

    ပို့စ်တွေတင်ဖို့ အားဆေးတစ်ခွက်သောက်လိုက်ရသလိုပါပဲကွယ်
    သူကြီးရဲ့ဆာဖာ လေးရင်လေးပလေ့စေ ခရီးသွားအမှတ်တရဓါတ်ပုံတွေထက်တင်အုံးမယ် 😀

    • alinsett ( Gazette )

      February 19, 2014 at 1:11 pm

      တင်ပါခင်ဗျ
      ကျနော်ကိုယ်တိုင်ကလည်း ခရီးသွားပိုစ့်တွေ ပုံတွေ . . .မြင်ရင် အသည်းထဲက ချစ်လာလွန်းတာလေ
      🙂

  • လုံမလေးမွန်မွန်

    February 19, 2014 at 1:17 pm

    စာညွှန်းလေးတွေ ပေးထားတော့ ပိုစိတ်ဝင်စားဖို့ ကောင်းတာပေါ့.. တစ်ခါတစ်ခါ ခေါင်းစဉ်ကြည့်ပြီး ကျော်သွားမိတာတွေ ရှိတာကိုး.. ဒီလို ပို့စ်တင်တာ ကောင်းတယ်…
    Thura.. Forward.. :mrgreen:

    • alinsett ( Gazette )

      February 19, 2014 at 5:28 pm

      အေးဆို

      ကျနော်လည်း ဖတ်မိတာထဲက တွေးတတ်သလောက်လေး နဲ့ ညွှန်းကြည့်တာ

      အညွှန်းမတတ်ရင် စာပျက်မှာ

      ဆိုတော့

      ခွင့်လွှတ်ကြပါကုန်. . . .

      :kwi:

    • alinsett ( Gazette )

      February 19, 2014 at 7:27 pm

      ကိုသော်ဇင် ရဲ ့ ရသ စာမူတွေက…
      ကျနော့်ရင်ထဲက..ရသအစုအဝေးထဲမှာ..နေရာတစ်ခု ယူထားပါတယ်.. ။

      ဒါကြောင့်… ဆက်လက် ညွှန်းဆိုချင်တာလေးတွေ….ခွင့်ပြုပါနော်..

      😆

  • ကျော်စွာခေါင်

    February 20, 2014 at 1:28 am

    အလင်းဆက်ရေ
    စိတ်ကူးလဲ ကောင်းတယ်
    အားလဲ ပေးပါတယ်….
    တခုဘဲ…
    ပင်ပန်းမှာသေချာတယ်.. နက်အခြေအနေအရ တွေးကြည့်တာ..
    ပင်ပန်းတဲ့အခါ…စာပေချစ်စိတ်လေးနဲ ့ အမောဖြေပါ…။

    အားပေးလျျှက်
    ဦးခေါင်

    • alinsett ( Gazette )

      February 20, 2014 at 6:34 am

      ဟုတ်ကဲ့ ဦးခေါင်ရည်

      အားပေးတဲ့အတွက် ကျေးဇူးပါ

      အဲဒီလို အားပေးမယ့်သူတွေ ရှိနေရင် အမောပြေပါတယ်။
      🙂

  • kyeemite

    February 20, 2014 at 11:36 am

    Like x 100000000000000000000000000000000
    ဂွတ်တယ်အလက်ဆင်းရေ…လုပ်ထားကွ 😆

  • အဲ လို ညွှန် း တယ် ဆို တာ တ ကယ် မ လွယ် ပါ ကွယ်
    ဘယ် လို ဘဲ ပြော ပြော ဖုန်း က လေး တစ် လုံး နဲ့ ဒီ အ လုပ် တွေ လုပ် နေ တာ ကြောင့်
    လေး စာ း ပါ တယ်

  • Ma Ma

    February 20, 2014 at 7:19 pm

    ညွှန်းတဲ့သူရှိလို့ လွတ်သွားတဲ့ပိုစ့်ကောင်းတွေ ပြန်ဖတ်မိသွားလို့ ကျေးကျေးးး မစ်စတာ အလက်ဆင်းးး 🙂

    • alinsett ( Gazette )

      February 20, 2014 at 9:16 pm

      အားပေးနေမယ်ဆို ဝမ်းသာပြီး အမောပြေပါတယ် တီမမ

      🙂

  • ဦးကြောင်ကြီး

    February 24, 2014 at 6:55 am

    ခုလို စာကောင်းပေမွန် ရွေးရဂေါင်းမှန်း မသိဒဲ့ သဂျီ းဇုတ်ထက် မင်းအပုံဂျီ း သာဒယ် ဓညင်းဝက်..

    • alinsett ( Gazette )

      February 24, 2014 at 7:21 am

      အဟိ. . . .

      ကျနော်က သဂျီးထက်သာတဲ့ ဝင် ဂျီး တော့ ဟုတ်ပါဘူး။

      🙂

Leave a Reply