စဉ်းစားကြစေလိုပါတယ် ( ၇၀ )

( အသိပညာ နဲပြီး နုံနဲ့တဲ့ —ုန်းကြီး ( အချို့ ) တွေ ဖတ်ဖို့စာ )

 

ဟဲ ဟဲ ၊ သူကြီး ရဲ့ ” သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ ” ဆိုတဲ့ Post လေးဖတ်ရင်း ၊

အဘ လဲ ၊ တစ်ချီ တစ်မေါင်း ဝင်ပြောချင်လာလို့ ။

 

ဟဲ ဟဲ ၊ ခေါင်းစဉ်လေးက အသိပညာ နဲပြီး နုံနဲ့တဲ့ —ုန်းကြီး ( အချို့ ) တွေ ဖတ်ဖို့စာ ဆိုတော့ ၊

အသိပညာ မနဲဘဲ ၊ မ နုံနဲ့တဲ့ ၊ —ုန်းကြီး တွေ နှင့် တော့မဆိုင်ဘူးလို့ သဘောထားပေးပါ ခမျ ။

ဟီ ဟိ ။

 

၁ ။

 

ကြုံလို့ တစ်ခု အရင် ပြောလိုက်ဦးမယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ ( ၁၆ – ၀၂ – ၂၀၁၄ ) က ၊ ဆစ်ဒနီမှာ လုပ်တဲ့ ၊

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပညာရေး ရန်ပုံငွေ ရှိုးပွဲ ကို သွားအားပေးဖြစ်တယ် ။

 

ထွန်းအိန္ဒြာဘို ၊ ချစ်သုဝေ နှင့် လင်းလင်း တို့ သီဆို ဖျော်ဖြေကြတယ်ပေါ့ ။

သူတို့က အမေစု ရဲ့ ပညာရေး ရန်ပုံငွေ အတွက် လုပ်အားခ အလှူ လာရောက် ဖျော်ဖြေတာပါ ။

 

လင်းလင်း

လင်းလင်း

 

အဲဒီပွဲမှာ တွေ့ရတာက ၊ ထွန်းအိန္ဒြာဘို က သူတို့ကို စင်ပေါ်တက်လာပြီး ဆုချတဲ့ ငွေတွေကို ၊

အဲဒီ စင်ပေါ်မှာတင် ဖွင့်ဖေါက်ပြီး ငွေ Amount ကို ကြေငြာပါတယ် ။

 

သူက ပြောရှာပါတယ် ၊ ဒီလို တစ်ခါတည်း ဖွင့်ဖေါက် ကြေငြာရတဲ့အတွက် ခွင့်လွှတ်ပါတဲ့ ။

 

ဒီပွဲက ရမယ့်ငွေတွေ အကုန်လှူမှာ မို့ ၊ အောက်က စာရင်းကောက်မယ့်လူတွေ လဲ ၊

သိသာအောင် နှင့် အများသူငှာ ပွင့်လင်းမြင်သာ အောင်လို့ပါတဲ့ ။

 

အောက်က ပရိသတ်ကြီး ထဲကလည်း ၊ လှူချင်တဲ့သူတွေ တက်လှူကြသပေါ့ ။

အများစုကြီးကတော့ ၊ တစ်ခါ တက်လှူ ၅၀ / ၁၀၀ လောက်ဘဲ လှူနိုင်ကြရှာတာပါ ။

 

အဲဒါလေးတွေကိုကြည့်ပြီး ရင်ထဲက ခံစား စိတ်မကောင်းဖြစ်မိတယ် ။

 

ထွန်းအိန္ဒြာဘို

ထွန်းအိန္ဒြာဘို

 

၁ – ၁ ။

 

ထွန်းအိန္ဒြာဘို ၊ ချစ်သုဝေ နှင့် လင်းလင်း တို့ ခမျာ ၊

သူတို့ရဲ့ ကိုယ်ကျိုး မပါ ၊ တစ်ပြားမှ မရ / မယူ ဘဲ ၊

နိုင်ငံ အတွက် ၊ ပြည်သူတွေရဲ့ ပညာရေး အတွက် ၊

တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံနေတဲ့ ၊

တိုင်းပြည်ရဲ့ တကယ့် ရတနာ သူရဲကောင်းတွေဘဲ လို့ ။

 

၁ – ၂ ။

 

သြော် နိုင်ငံ့ အကျိုး ကို တကယ် လုပ်နေရှာတဲ့သူတွေ ခမျာ ၊

အခွင့်အရေးတွေ မတရား မပေးနိုင်တာမို့ ခရိုနီကြီးတွေဆီက မရနိုင်တော့ ၊

သူတို့မှာ ရှိတဲ့ အနုပညာ အရည်အချင်းနှင့် ပြည်သူကို ဖျော်ဖြေ လှူံ့ဆော်ပြီး ၊

ဒေါ်လှလေး ၅၀ မျိုး ၊ ၁၀၀ မျိုး ကောက်သင်းကောက် စုနေရရှာတယ် ။

စိတ် မ ကောင်းဘူး ။

 

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပညာရေး ရန်ပုံငွေ ရှိုးပွဲ

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပညာရေး ရန်ပုံငွေ ရှိုးပွဲ

 

၂ ။

 

ဒီ Post မှာ အဓိက ပြောချင်တာကတော့ ၊ သိပ် မကြာသေးခင်ကဘဲ Face Book ပေါ်မှာ ၊

ဦးနိုင်ဝင်း ဆိုသူ ရေးတဲ့ Post ကောင်းလေး တစ်ပုဒ် ဖတ်မိတယ် ။

အရင်ဆုံး အဲဒီ Post ကောင်းလေးကို  ရွာသူားတွေ ဖတ်ကြည့်ကြပါဦး ။

 

Quote

 

၈၈ များ ထောင်ချောက် ဧရိယာထဲသို ခြေတစ်လှမ်း စဝင်ခြင်း

သိုမဟုတ် ….. ဥသဘ ဗျူဟာ အဖွင့် စတင်ခြင်းပေလော …… ။

 

၈၈ ခေါင်းဆောင် ကိုကိုကြီးက ၊

အမျိုးသားရေဆိုတဲ့နေရာမှာ အစွန်းမရောက်ဖို့ ပြောကြားခြင်းနှင့် ၊

ကိုမြအေးဟာ နိုင်ငံအတွက် နိုင်ငံအကျိုးအတွက် ၈၈ အဖွဲ့တွင် ၊

အရင်ကတည်းက ပူးတွဲ လုပ်ကိုင်ခဲ့ပြီး အစွန်းရောက်စကားကို ၊

ဘယ်တုန်းကမှ ပြောကြားခဲ့ခြင်းမရှိကြောင်း ပွင့်ပွင့်လင်းလင်း ဒဲ့ဒိုး ရှင်းလင်း ပြောကြားခဲ့ ။

 

အထက်ပါ ကိုကိုကြီး၏ ပြောကြားချက်မျိုး ၊ ၈၈ အဖွဲ့က တုန့်ပြန်ချက်မျိုး ဖြစ်ပေါ်လာအောင် ၊

စစ်အာဏာရှင်များက အမျိုးသားရေးဆိုပြီး မဟာဗျူဟာမြောက် ထောင်ချောက်ဆင်ခဲ့တာ ကြာပါပြီး ။

 

၈၈ အဖွဲ့ကိုသာမဟုတ် အန်အယ်လ်ဒီပါတီကိုလဲ ဤကဲ့သို့ ထောင်ချောက်ဆင်ခဲ့တာ ကြာပါပြီ ။

 

နိုင်ငံရေးသမားဆိုတာက နိုင်ငံတနိုင်ငံလုံးအတွက် နိုင်ငံသားအားလုံအတွက် ၊

နိုင်ငံ၏ အကျိုးစီးပွား တိုးတက်ရေး ကောင်းမွန်ရေး ငြိမ်းချမ်းရေးကိုသာ ၊

အဓိကထားပြီး ရှု့မြင်သုံးသတ် လုပ်ဆောင်ကြတယ် ။

 

စစ်အာဏာရှင်ဆိုတာက ဘယ်သူသေသေ ငတေမာပြီးရော ၊

အာဏာရ လူတစု အတွက်သာ ကာကွယ်စောင့်ရှောက်ရေးကို ၊

အဓိကထား ကာကွယ်လုပ်ဆောင်ကြတယ် ။

 

ဒီနေရာမှာ နိုင်ငံရေးသမားများ၏ နိုင်ငံကောင်းကျိုးဆိုတဲ့နေရာမှာ ၊

ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်နေလေတော့ ၊

၇၅% ကျော်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များ ဘာသာခြား ကိုယ်ကွယ်မှု မတူကြသူများ ၊

တိုင်းရင်းသာလူနည်းစုများနှင့် လူမျိုးခြားများပါဝင်ပါတယ် ။

 

ဒီတော့ စစ်အာဏာရှင်တွေက မွတ်စလင်ဘာသာနဲ့ ပတ်သက်လာရင် အကဲဆပ်ချင်တဲ့ ၊

ဗုဒ္ဓဘာသာဝင်တွေကို အသုံးချဖို့ ကျိုးစားလာကြတယ် ၊

အဲဒါကြောင့် ၂ နှစ်လုံးလုံး မွတ်စလင်ဆန့်ကျင်ရေးကို ၊

နည်းမျိုးစုံ ဗျူဟာခင်းပြီး ရန်တိုက်ပေးနေသလို ၊

အကဲဆပ်ချင်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ၊

နောက်ကွယ်ကမြှောက်ပေးပြီး ကြိုးကိုင်လာတယ် ။

 

ဒီနေရာမှာ စစ်အာဏာရှင်တွေကို ၊ မမှန်ရင် မမှန်သလို ပြတ်ပြတ်သားသား ပြောမည့် ၊

ဘုန်းတော်ကြီးတွေကို တရားဟောခွင့်တွေ ပိတ်လိုက်တယ် ၊

ဒါပေမယ့် စစ်အာဏာရှင်တွေ အလိုကျ ဟောပြောမည့် ဘုန်ကြီးတွေကို ၊

ထင်သလိုပြောဖို့ ခွင့်ပြုထားလိုက်တယ်။

 

အဲ့ဒီတော့ အမှားတွေကို ထပ်ခါထပ်ခါ ကြားနေရရင် အမှန်တွေလို့ ထင်လာသလို ၊

ဒီနှစ်ပိုင်းအတွင်းမှာမှ မွတ်စလင်တွေကို မနှိမ်နင်းရင် ၊

မြန်မာပြည်ကြီး ပျက်စီးသွားတော့မည့်အတိုင်း ဝါဒတွေ ဖြန့်လာတယ် ။

 

လူပြိန်း အချို့ သိုမဟုတ် အဆင်မပြေတာတွေများပြီး ၊

အလိုလိုနေရင်း ပေါက်ကွဲချင်နေတဲ့ လူအချို့နှင့် ၊

ချုပ်တည်းမှု့တွေ တသက်လုံးများနေခဲ့ပြီး ၊

လွတ်လပ်ခြင်းကို နားမလည်တဲ့ ဟေးလားဝါးလားသမားတွေဟာ ၊

ဒီအဓိကရုဏ်းဖန်တီးမှု့တွေထဲမှာ သွတ်သွင်းခြင်းခံလိုက်ရတယ်၊

 

တနိုင်ငံလုံးရဲ့ အကျိုးစီးပွားနှင့် တရားမျှတရေးကို ဆောင်ရွက်နေသူတွေက ၊

စစ်အစိုးရဲ့ မတရားလှည့်ကွက်တွေအောက်မှာ မတရားမှု့တွေ သိပ်များလာရင် ၊

လက်ပိုက်ကြည့်နေကြမှာမဟုတ်ဘူး ကြားဝင်လှုပ်ရှားလာကြလိမ့်မယ်ဆိုတာ ၊

အာဏာရှင်တွေ ကောင်းကောင်းနားလည်နေလေတော့ ။

 

အလွန်မတရားတဲ့ ထောင်ချောက်တွေဖြစ်တဲ့ လယ်ယာမြေ ပြဿနာများ ၊

ဦးပိုင်စစ်တပ် ပြဿနာများနှင့် ဘာသာရေးပြဿနာဖြစ်အောင် ၊

ဗုဒ္ဓဘာသာဝင်တွေနဲ့ ရန်တိုက်ပေးပြီး ဖန်တီးလာကြတယ်၊

 

ဥပမာ မွတ်စလင် ဘာသာဝင်ဖြစ်တဲ့ အာဇာနည်ကြီးတဦးဖြစ်သူ ဦးရာဇတ်ကိုတောင်မှ ၊

မွတ်စလင်ဘာသာဝင်ဖြစ်နေလို့ အာဇာနည်မဟုတ်ဘူး လက်မခံနိုင်ဘူးစသည်ဖြင့် ၊

၆၅ နှစ်ကာလတိုင်အောင် မြန်မာ / ကမ္ဘာမှာ မြန်မာအာဇာနည် သမိုင်းဝင်သူကို ၊

ပယ်ဖျက်ရမယ်ဆိုတဲ့ ဘာသာရေး မုန်းတီးမှု့ဖြစ်အောင် မှိုင်းတွေ တိုက်လာခဲ့တယ် ။

 

အဲ့ဒီလို မတရားသဖြင့် ဥပဒေမဲ့ပြောချင်ရာပြော လုပ်ချင်ရာလုပ်လာတာကို ၊

အန်အယ်လ်ဒီနဲ့ ၈၈ တွေက ထောက်ချောက်ဆိုတာကြီးကို မြင်ပါတယ် ၊

ဒါပေမယ့် နိုင်ငံတော်အကျိုးအတွက် ပြဿနာဆိုတာကြီးကို မဖြစ်စေချင်လို့ ၊

တတ်နိုင်သလောက် လက်ရှောင်နေထားခဲ့တယ် ။

 

ဒါကလဲ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တွေကို တော်လှန်ခဲ့ရတဲ့ အချိန်တွေနဲ့ ၊

လူယုတ်မာတွေကြားမှာ ဆုတ်ယုတ်ခဲ့ရတဲ့ အချိန်တွေကို ပြန်ချိန်ထိုးရင် ၊

လက်ရှိဖြစ်ပေါ်နေတဲ့ ရလာဘ်တွေကို မဆုတ်ယုတ်စေချင်လို့ပါ ။

 

ဒါပေမယ့် ပြဿနာက မဖြစ်ဖြစ်အောင် ၊

ပြည်သူတွေက မပေါက်ကွဲ ပေါက်ကွဲလာအောင်၊

မကျေနပ်မှု့တွေ မပွင့်အံ ပွင့်အံလာအောင် ၊

မဟာဗျူဟာ အခင်အကျင်းတွေနဲ့ အကွက်တွေချပြီး ဖန်တီးလာတယ် ။

 

ခုတော့ လွန်သည်ထက် လွန်လာပြီး ၊ မြန်မာနိုင်ငံသား စစ်စစ်တွေကို ၊

ဘာသာမတူတာနဲ့ ရန်သူလို သတ်ဖို့ လုပ်လာကြတာကို မြင်နေရတယ် ။

 

ရည်ရွယ်ချက်ကတော့ ၊ ဒီမိုကရေစီရရင် မွတ်စလင်နိုင်ငံဖြစ်မယ်ဆိုတဲ့ ၊

မမှန်ကန်တဲ့ ဘာသာရေးမှိုင်းတခုကို လူတွေက အဟုတ်ထင်လာစေပြီး …..

 

ကိုမြအေးကို ကုလားဆိုပြီး ရန်တိုက်ပေးလိုက်တော့ ၊

မမှန်တာကို မတရားတာကို ဒီထက် လက်ရှောင်နေရင် ခွေးသာသာ ဖြစ်ရတော့မယ် ။

အသေခံတိုက်ပွဲဝင် ဒီမိုသမားတွေကို ဘာသာရေး မုန်တိုင်းတွေအကြားမှာ ၊

၈၈ ဒီမိုလှေကို တိုပီတိုနဲ့ပစ်ပြီး တိုက်ပွဲခေါ်လိုက်ခြင်းပါပဲ။

 

ကိုမြအေးတယောက်ထဲအတွက်နဲ့ ထောက်ချောက်ထဲ ဝင်မှာလားလို့ မေးစရာရှိပြန်တယ် ။

ဒါက ၈၈ ကို မီးနဲ့စပြီး တို့ပေးလိုက်ခြင်းပါ ။

 

ဒီခြေလှမ်းရဲ့နောက်ကွယ်မှာ ကုဋေတစ်သန်းမကတဲ့ ၊

ကျုံးသွင်းထားတဲ့ စစ်မောင်းထောင်ချောက်တွေက အဆင့်ဆင့်၊

ခြေတလှမ်းအဝင် မှားလိုက်တာနဲ့ ဂိမ်းအိုဗာအဆင့် ဖန်တီးထားတယ်ဆိုတာ ၊

နိုင်ငံရေးသမားတွေ သိကြတယ် ။

 

အဲ့ဒါကြောင့် နိုင်ငံရေးမှာ ဟန်ဆောင်ထားတဲ့ ဒီမိုကရေစီဆိုတဲ့ အမာခံတွေတောင် ၊

ခြေလှမ်းတွေ ပေါ်တင်ပြောင်းကုန်ကြတာ သကောင်းသားတွေ သိပါတယ် ။

ထောင်ထားတဲ့အကွက်က ဖွတ်ဖြစ်မလား ကျွတ်ဖြစ်မလားဆိုတာကြီးပေါ့ ၊

ဒီအချိန်မှာ သွေးကြောင်လို့ ကျွတ်ဖြစ်မှာ ကြောက်တဲ့လူတွေ ဖွတ်ဖြစ်သွားကြတာကတော့ ၊

ရှင်းပြနေစရာတောင် မလိုတော့ဘူး၊

 

အခုတော့ ကိုကိုကြီးက ဒီတိုက်ပွဲကို ၊

လက်မရှောင်သာတော့ပဲ လက်ခံလိုက်ရပြီဆိုရင် မမှားပါဘူး ။

 

Unquote

 

အဓိက မှတ်သားစရာကတော့ ၊

 

၂ – ၁ ။

ရွှေညဝါ ဆရာတော် ၊ ဒါယ်အိုး ဆရာတော် စတဲ့ ၊

မမှန်ရင် မမှန်သလို ပြတ်ပြတ်သားသား ပြောမည့် ၊

ဘုန်းတော်ကြီးတွေကို တရားဟောခွင့်တွေ ပိတ်လိုက်တယ် ။

ဒါပေမယ့် စစ်အာဏာရှင်တွေ အလိုကျ ဟောပြောမည့် ဘုန်ကြီးတွေကို

ထင်သလိုပြောဖို့ ခွင့်ပြုထားတယ် ။

 

၂ – ၂ ။

အဲ့ဒီလို မတရားသဖြင့် ဥပဒေမဲ့ပြောချင်ရာပြော လုပ်ချင်ရာ လုပ်လာတာကို ၊

အန်အယ်လ်ဒီ နဲ့ ၈၈ တွေက ထောက်ချောက် ဆိုတာကြီးကို မြင်ပြီးသားပါ ။

ဒါပေမယ့် နိုင်ငံတော်အကျိုးအတွက် ပြဿနာဆိုတာကြီးကို မဖြစ်စေချင်လို့ ၊

တတ်နိုင်သလောက် လက်ရှောင်နေခဲ့တယ် ။

 

၂ – ၃ ။

ကိုမြအေး တယောက်ထဲ အတွက် နဲ့ ထောက်ချောက်ထဲ ဝင်မှာလားလို့ မေးစရာ ရှိပြန်တယ် ။

ဒါပေမယ့် ၊ မမှန်တာကို မတရားတာကို ၊ ဒီထက် လက်ရှောင်နေရင် ၊

ခွေးသာသာ ဖြစ်ရတော့မယ့် အခြေအနေကြောင့် ၊

တရားမျှတမှု ကို ချစ်မြတ်နိုးတဲ့ ဒီမိုသမားတွေ ကိုယ်စား ၊

ကိုကိုကြီး ( ၈၈ ) က စတင်ပြီး ပြန် တုံပြန် ရတော့တာပါ ။

 

အဲဒီ Post လေးမှာလေ ၊ အချက်အလက်လေးတွေကို ကြိုက်လွန်းလို့ ၊

ရေတွင်းပျက်ထဲက ဖားသူငယ်လို အမြင်ကျဉ်း ပညာနုံနဲ့လွန်းတဲ့ ၊

ဘုန်းကြီး ( အချို့ ) တွေ ကို ဖတ်စေချင်လွန်းလို့ ၊ အဘ က ၊

 

” အသိပညာနဲပြီး နုံနဲ့တဲ့ ဘုန်းကြီးတွေ ဖတ်ဖို့စာ ” ဆိုပြီး ၊

Comment လေး ရေးလိုက်မိပါတယ် ။

 

အဲဒီမှာ တင်ယောက်က အဘ ကို ၊

” သံဃာကို စော်ကားဖို့ မင်းမိဘက သင်ပေးထားသလား ” တဲ့ ။ ဟီ ဟိ ။

 

အမှန်ကတော့ အစထဲက အဲဒီ အတွေးအခေါ်ဟာ မှားနေပါတယ် ။

အသက် ၂၁ နှစ်ပြည့်ပြီးသား ၊ ကောင်းစွာ တွေးခေါ်နိုင်တဲ့ ၊

Adult လူကြီး တစ်ယောက် ရဲ့ တွေးခေါ်တာ ၊ ပြုမူတာဟာ ၊

သူ့ မိဘ နှင့် ဘာမှကို မဆိုင်တော့ပါဘူး ။

ပြောရရင် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်နေပါပြီ ။

 

အဲဒါနှင့်ဘဲ အဘ လည်း ၊ သူ့ကို အောက်ပါအတိုင်း အကြောင်းပြန်လိုက်တယ် ။

 

Quote

 

” သံဃာကိုစော်ကားဖို့ မင်းမိဘက သင်ပေးထားသလား “

 

ငါ့ မိဘ က သင်ပေးစရာ မလိုဘူး ။

ငါ့ အသက်အရွယ် နှင့် ၊ ငါ ဖြတ်သန်းခဲ့တဲ့ ဘဝ အတွေ့အကြုံ နှင့် ၊

ငါ့ တစ်သက်တာ လေ့လာ ဆည်းပူးခဲ့တဲ့ ပညာ တွေ အရ ၊

 

ဒီလို ဘုန်းကြီးမျိုးတွေ နှင့် ထိုက်တန်တယ်ထင်တဲ့ စကားလုံး ၊

” အသိပညာနဲပြီး နုံနဲ့တဲ့ ဘုန်းကြီးတွေ ဖတ်ဖို့စာ ” လို့ သုံးတာ ။

ဘာဖြစ်သတုံး ၊ ငါ ပြောတဲ့အထဲမှာ ဆဲတာ တစ်ခွန်း ပါလို့လား ။

 

ဗုဒ္ဓဘာသာ အကြောင်း ခြေခြေမြစ်မြစ် မသိဘဲနှင့် လာပြောမနေနှင့် ။

ငါ ကိုယ်တိုင် ဦးစီးပြီး ဝိပဿနာ တရားစခန်း ၃ ခါတောင်ဖွင့်ဖူးတယ် ။

 

သံဃာ အစစ်အမှန်ကို မ ကြည်ညိုတတ်ဘူးလဲ လာမပြောနှင့် ။

ပြီးခဲ့တဲ့ November ကဘဲ သိန်း ၃၀ နှင့် ၊

သံဃာ့ဆောင် အခန်းတစ်ခန်း လှူထားတာ ၊

မင်းမယုံရင် ငါ့ Profile ပေါ်တက်ကြည့်လို့ရတယ် ။

 

အေး ၊ မင်းတို့ကသာ အဲဒီလို ဘုန်းကြီးမျိုးတွေ ကို အထင်ကြီးနေတာ ။

 

ငါတို့လို နိုင်ငံတကာ အဆင့် ၊ အမြင်ကျယ်တဲ့ ၊ ပညာတတ်တွေက ၊

ဗုဒ္ဓ ရဲ့ မေတ္တာတရား အစစ်ကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် အစစ်တွေ က ၊

အဲလို မတရား မမျှတမှုတွေကို လုပ်နေတဲ့ ဘုန်းကြီးတွေကြောင့် ၊

ငါတို့ လည်း ဗုဒ္ဓဘာသာ ကိုယ်စား အရှက်ရနေတယ် ။

 

အဲလို အစွန်းရောက် ဘုန်းကြီးတွေကို ၊ ငါတို့ ဗုဒ္ဓဘာသာ ရဲ့ အရှက်ကို လှည့်ခွဲနေတဲ့ ၊

ငါတို့ ဗုဒ္ဓသာသနာကို မျက်နှာပျက်အောင် လုပ်နေသူတွေလို့ ယူဆတယ် ။

 

ဒါကြောင့် ၊ ငါက ၊

ငါတို့ရဲ့ မေတ္တာတရား နှင့် စစ်မှန်တဲ့ ဗုဒ္ဓဘာသာ ကို ကာကွယ်တဲ့ အနေနှင့် ၊

အဲဒီလို အစွန်းရောက်တဲ့ ဘုန်းကြီးတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ် ။

 

ဒါဟာ ငါ့အမြင်အရတော့ ၊ ငါ့နည်းနှင့် ငါ ဗုဒ္ဓ သာသနာပြုနေတာဘဲ ။

ငါ့နည်းနှင့် ငါ ဗုဒ္ဓ သာသနာကို သန့်စင်အောင် လှုံ့ဆော်နေတာဘဲ ။

 

မြန်မာပြည် ဥခွံထဲက အတွေးအခေါ်လောက်နှင့် တက်လာမပြောနှင့် ။

 

Unquote

 

အဲဒီမှာ ၊ ဘေးလူတွေဆီက ၊ အဘ ဘက်က ထောက်ခံတဲ့ Comment တွေ ၊

တက်လာပြီးနောက်မှာတော့ ၊ အဲဒီ အဘ ကို လာပြောတဲ့သူလည်း ၊

သူ့ Comment ကို သူ ပြန်ဖျက်ပြီး ၊ လစ်သွားပါလေရော ။

 

၃ ။

 

OK ၊ အခုမှ ဘဲ အဘ ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောတော့မယ်နော် ။

 

၃ – ၁ ။

 

အခု ၉၆၉ တွေ ၊ မဘသ တွေ ၊ လုပ်မှ / လှုံ့ဆော်မှ ဘဲ ၊

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ဒင်းကြမ်းဖြစ်လာပြီး ၊

အဘ တို့ ရဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာ သမိုင်း တစ်လျှောက်မှာ ၊

ဂုဏ် ကျက်သရေ ၊ အကျဆင်းဆုံး အခြေအနေ နှင့် ကြုံတွေ့နေရတယ် ။

 

၃ – ၂ ။

 

ဒီလိုသာ ဆက်ပြီး ၊ မတရားမှုတွေကို ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တွေက ဆက်လုပ်နေမယ်ဆိုရင် ၊

သိပ် မကြာခင်မှာဘဲ ၊ လူစိတ် ရှိတဲ့ ၊ လူသားချင်း ကိုယ်ချင်း စာနာစိတ်ရှိတဲ့ ၊

နိုင်ငံတကာ အဆင့်မှီ ၊ ပညာတတ်တဲ့ ၊ အမြင်ကျယ်တဲ့ ၊

ပညာတတ် သူတော်ကောင်း တွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာကို စွန့်ခွာကြတော့မှာပါ ။

 

၃ – ၃ ။

 

အဲဒီတော့ကာ ၊ အဘ အနေနှင့်ကတော့ ၊

အဘ တို့ရဲ့ မေတ္တာတရား နှင့် စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကာကွယ်တဲ့ အနေနှင့် ၊

 

အစွန်းရောက် ၉၆၉ တွေ ၊ မဘသ တွေ က ၊ သာသနာကို ကာကွယ်တယ်လို့ ထင်နေပြီး ၊

အဘ တို့လို့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ၊ သာသနာကို အရှက်လှည့်ခွဲနေတယ်လို့ မြင်နေတဲ့ ၊

 

” အစွန်းရောက် အမြင်ကျဉ်း ဘုန်းကြီးတွေရဲ့ မ တရား လုပ်ရပ်တွေ ကို “

အဘ ကတော့ ကြုံတဲ့အကြိမ်တိုင်းမှာ ထောက်ပြ ကန့်ကွက်သွားမှာပါ ။

 

ဒါဟာလည်း ၊ အဘ အမြင် ပြောရမယ်ဆိုရင် ၊ အဘ နည်း နှင့် ၊ အဘ ဟန် နှင့် ၊

ဗုဒ္ဓ သာသနာကို သန့်စင်အောင် ၊ လှုံ့ဆော် သာသနာပြုနေတာဘဲလေ ။

 

၎ ။

 

အခုပြောမှာကတော့ ပုဂ္ဂိုလ်ရေး Personal သိပ်ဆန်တဲ့ စကားတွေပေါ့လေ ။

 

၎ – ၁ ။

အဘ ဟာ မေတ္တာ တရား ကို အဓိကထားတဲ့ စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ပါ ။

အဘ ကိုယ်တိုင် ဦးစီးပြီး ၊ ဝိပဿနာ တရားစခန်း ၃ ခါတောင်ဖွင့်ဖူးခဲ့ပါတယ် ။

ဘာသာရေး နှင့် ပါတ်သက်ပြီး အမြဲမပြတ် လဲ ဆည်းကပ် လှူဒါန်း နေသူပါ ။

 

၎ – ၂ ။

အဘ တစ်သက်တာမှာ ၊

အဲဒီ ဘာသာခြားတွေဟာ ကောင်းရှာပါတယ် ဆိုတဲ့ စကား တစ်ခွန်းတောင် မ ပြောဖူးဘူး ။

အဘ မှာလည်း မျက်စိတွေ နားတွေ ပါတဲ့အတွက် ၊ ဥာဏ်ပညာလဲ အတုံးကြီး မဟုတ်တဲ့အတွက် ၊

သူတို့တွေ ရဲ့ မတရားမှု တွေ ၊ အကြမ်းဖက်မှုတွေကိုလဲ မြင်ပါတယ် ။

ခပ် ရှင်းရှင်း ပြောရရင် ၊ အဲဒီ ဘာသာခြားတွေကို အဘ လဲ မကြိုက်ပါဘူး ။

 

၎ – ၃ ။

 

ဒါပေမယ့် ၊ ပွင့်ပွင့်လင်းလင်း ပြောတော့မယ်နော် ၊

ထေရဝါဒ ဗုဒ္ဓ ဘာသာ ကို ချစ်လှပါပြီ ဆိုတဲ့ ၊

ထေရဝါဒ ဗုဒ္ဓ သာသနာ ကို ကာကွယ်ချင်လှပါပြီ ဆိုတဲ့ ၊

ရဟန်း ရှင်လူ ၊ ညီ အစ်ကိုတော်များ ခင်ဗျား ။

 

တကယ့် ဘာသာရေး အဓိကရုဏ်း တွေသာ ဖြစ်လာခဲ့မယ်ဆိုရင် ၊

အခု ခင်ဗျားတို့ကို အပြစ်ပြောနေတဲ့ အဘတို့လို ဗုဒ္ဓဘာသာဝင် တွေကိုတောင်မှ ၊

ခင်ဗျားတို့ကဘဲ ၊ ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးမယ့်သူတွေဆိုတာ ၊ ယုံပါတယ် ။

 

ဒါပေမယ့် ၊ ခင်ဗျားတို့ ချစ်တဲ့ ၊ ကာကွယ်ချင်တဲ့ ၊ ထေရဝါဒ ဗုဒ္ဓ သာသနာတော် ကို ၊

ခင်ဗျားတို့ ရဲ့ ပုဂ္ဂလိက ဆန်ဆန် လုပ်ရပ်တွေနှင့်ဘဲ ကာကွယ်ကြပါဗျာ ။

 

( ခင်ဗျားတို့ ဘာသာ ၊ လူဘဲ သတ်သတ် ၊ အကြမ်းဘဲ ဖက်ဖက် )

( ပြီးရင်တော့ ကိုယ် လုပ်ရဲပြီးရင် ၊ ကိုယ် ခံရဲ ကြပေါ့ဗျာ )

( ငါ့ ရဲ့ ဗုဒ္ဓ သာသနာတော်အတွက် ငါ ထောင်ကျခံ / အသေခံပြီး တိုက်ခဲ့တယ်ပေါ့ )

 

ဒါပေမယ့် ၊ မေတ္တာတရားတွေ နှင့် ထုံမွန်းနေတဲ့ ၊ နိုင်ငံတကာမှာ ၊

အေးချမ်းပြီး ရန်သူမရှိလို့ နာမည်ကောင်းရနေတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ၊

 

၁ ။ မ တရားတဲ့ ဥပဒေ ( မျိုးစောင့် ဥပဒေ ) တွေ ပြဌာန်းပြီး ၊

၂ ။ မ တရားတဲ့ လုပ်ရပ် ( ကိုမြအေး ကို တရားဟောခွင့် မပြုခြင်း ) တွေ လုပ်ဆောင်ပြီး ၊

 

ကျနော်တို့ရဲ့ ထေရဝါဒ ဗုဒ္ဓ သာသနာတော်ကြီးရဲ့ အရှက် ကို မခွဲကြဖို့ ၊

တောင်းပန် တိုက်တွန်း လိုက်ပါတယ် ။ ( ချစ်ရာ မရောက်ဘဲ ၊ နှစ်ရာ ရောက်နေလို့ပါ )

 

၅ ။

 

ရှင်းရှင်းလင်းလင်း ဥပမာ ပြရရင်တော့ ။

အမေရိက မှာလဲ အမေရိကန် သမ္မတ က ၊ တရားမျှတမှု အကြောင်း ဘယ်လိုဘဲ ပြောပြော ၊

အောက်က စီအိုင်အေ လို အဖွဲ့မျိုးက ၊ လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို ၊

ကြမ်းကြမ်းတမ်းတမ်း လုပ်သွားတာပါဘဲ / လုပ်သွားမှာပါဘဲ ။

 

ဒါပေမယ့် ၊ တရား မ မျှတ တဲ့ အလုပ်မျိုး ( မျိုးစောင့် ဥပဒေ ) တွေကို ၊

ဥပဒေ ထဲ ထည့်မပြဋ္ဌာန်းဖူးဗျ ။ ဥပဒေ ထဲ ထည့် ပြဋ္ဌာန်းဖို့လည်း မ တောင်းဆိုဘူး ဗျ ။

 

တရား မ မျှတတဲ့ ဥပဒေမဲ့ လုပ်ရပ်မျိုး ( ကိုမြအေး ကို တရားဟောခွင့် မပြုခြင်း ) တွေ ကို ၊

အမေရိကန် သမ္မတကြီး / အစိုးရ က လုပ်ခွင့်ပြုမှာ မဟုတ်ဘူးဗျ ။ လုပ်ရင် ဖမ်းမဗျ ။

 

အဲဒီတော့ ၊ သမ္မတကြီး / အစိုးရ က နာမည် မပျက် အရှက်မကွဲဘူးပေါ့ဗျာ ။

သမ္မတကြီး / အစိုးရ က အပြစ်လွတ်သပေါ့ဗျာ ။

( တပည့် လိမ္မာတော့ ၊ ဆရာ အာပါတ် လွတ်တယ် ခေါ်ရမပေါ့ )

 

အခုတော့ ကြားလို့မှ ကောင်းကြသေးရဲ့လား ။

သံဃာ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးတွေ နှင့် တိပိဋက ဆရာတော်တွေ ၊

အင်္ဂလန် UK နိုင်ငံမှာ တရားပွဲသွားလုပ်ဖို့ Visa လျှောက်တာ ၊

Visa အငြင်းခံရတယ် Reject တဲ့ဗျာ ။ ကြားလို့မှ ကောင်းကြသေးရဲ့လား ။

လိမ္မာကြစမ်းပါဗျာ ။

 

တော်သေးဘီ ။

 

အဘ ဖေါ  ( F R ) ။

 

 

Foreign Resident

About Foreign Resident

Foreign Resident has written 203 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။