ငါတကယ်ခံစားခဲ့ရပါတယ်

GarmeThaneAugust 8, 20101min610

ငါတကယ်ခံစားခဲ့ရပါတယ်

အဲ့ဒီနေ့ကပေါ့……….

ငါတကယ်မှတ်မိသေးတယ်

ငါသူ့ကိုပြောခဲ့တယ်

ငါ့ကိုသတိမရဖို့အကြောင်းပေါ့…………

ငါမပြောလို့မရဘူးလေ……………

ငါမပြောခဲ့ရင် သူဘဝပဲ နစ်နာ လိုက်ရမှာလေ……..

ငါချစ်တဲ့သူတစ်ယောက်ကိုတော့

အဲ့ဒီလိုမဖြစ်စေချင်ခဲ့တာ အမှန်ပါ..

ကျွန်တော်သူ့ကိုအဲ့ဒီနေ့ကပြောလိုက်တယ်….

ညီမ ကိုယ့်ကိုမေ့ထားလိုက်ပါ လို့ပေါ့…………………………..ဟုတ်တယ်လေ…….သူက အခုမှ ၉ တန်း

ပဲရှိသေးတာ   ကျွန်တော်က ၁ဝ တန်း ကို သုံးနှစ်ဖြေထားတဲ့ ငနာ တစ်ကောင်လေ……သူနဲ့ တန် သလား မတန်ဘူးလား ဆို တာတွေးကြည့်တာနဲ့ရ ပါတယ်ဗျာ…….

ပြီးတော့  …သူနေတာက အင်းစိန်မှာ မိဘတွေကလည်းချမ်းသာကြတယ် …… ဆိုင်တွေလည်းအများကြီး ပိုင် ကြသေးတယ်…………

ကျွန်တော်နေတာက ..မြောက်ဒဂုံမှာ…နေတော့ အိမ်က ေ—ာက်စုတ် နဲ့ …..လူကရပ်ကွက်ထဲမှာအပေတေ ……  အခုမှ အလုပ်လုပ်တာက နှစ်ရက်နဲ့တစ်ပိုင်း ပဲရှိသေးတယ်…

အင်တာနက်ဆိုင်မှာပေါ့…………….

ကျွန်တော့် ကိုကောင် ကိုမှ သူကလာပြီး ချစ်တယ်တဲ့……… တကယ်ကွာ လောကကြီးက သူ့အတွက်တကယ်မတရားတာပဲ…နော်……..

သူကံဆိုးတာပေါ့..ကျွန်တော့် ကိုလာချစ်တာ……  အမှန်တိုင်းပြောရရင် လောကမှာကျွန်တော့ထက်သာတဲ့သူတွေအများကြီးရှိပါတယ်…..

သူ့လို ငယ်ငယ်ရွယ်ရွယ်  နဲ့ချမ်းသာတဲ့ အသိုင်းအဝိုင်းထဲက တစ်ယောက်ကို ..ကျွန်တော့ လို

အနုတ်စုတ် ဂုတ်စုတ် ဘဝထဲကိုဆွဲခေါ်ခဲ့ ရင်………ကျွန်တော် လူမဆန်တဲ့ခွေးဖြစ်သွားမှာပေါ့

ကြည့်လိုက်မှ ကျွန်တော့်ညီမအရွယ်ပဲရှိတယ်….ဒါပေမဲ့ ကျွန်တော်သူ့ကို ….

ကျွန်တော်သူ့ကို………………

ကျွန်တော်သူ့ကို………………

ကျွန်တော်သူ့ကို………………

တကယ်ချစ်ခဲ့တယ်

ဒါမလိမ်မညာပဲအမှန်တိုုင်းပြောတာပါ……..

သူလည်းကျွန်တော့ကိုချစ်ရှာပါတယ်………..

ကျွန်တော် သူ့ကိုတကယ်ချစ်လို့ပဲ ..သူ့ကို ဒီလိုပြောခဲ့တာပေါ့……..

8.8.2010   ရက်နေ့…

`ညီမ ကိုယ့်ကိုခဏလောက်မေ့ထားပါလားဟင်….´

သူကငိုတယ်…ပြီးတော့ပြောတယ်….` ဘာလဲ ..အစ်ကို …..အစ်ကိုကအသစ်တွေ့နေလို့လား ´ တဲ့

ကျွန်တော့်ပြန်ပြောလိုက်ပါတယ်……………

`ညီမ … ကိုယ်က ညီမကလွဲပြီးဘယ်သူမှချစ်ဖို့စိတ်ကူးမရှိတော့ဘူး … အခုပြောရတာက ညီမအတွက်ပါ……. မဟုတ်ဖူးလားညီမ…. ညီမပဲစဉ်းစားကြည့်လေ….. ကိုယ်နဲ့ ချစ်နေလို့ညီမဘာအကျိုးထူးမှာလည်း…….. ကိုယ့် ဘဝကိုလည်း တွေးကြည့်လိုက်ဦး…..

ကိုယ့်ဘဝ က ဒီမှာတင်ပြီးချင်လည်းပြီးသွားမယ်……….အင်တာနက်ဆိုင်မှာလုပ်ရင်းနဲ့ပေါ့…..

ဒါမှ မဟုတ်ရင်လည်း ခွေးဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်……… ဘယ်တော့မှ  ဒါ့ထက်တက်လာမှာမဟုတ်ဘူးလေ……………´  ဒီတော့ သူက ပြုံးတယ်…. မျက်ဝန်းထဲမှာလည်း မျက်ရည်တွေနဲ့ပေါ့…………. ဘာမှပြန်မပြောဘူး…

ကျွန်တော်လည်း ပြုံးမိလိုက်တယ်

`ဒါဆိုရင် နောက်ထပ်မတွေ့ရတော့ဘူးပေါ့နော်…´တဲ့

`ဒါဆိုနောက်နေ့ညီမ မလာတော့ဘူးနော်´

`အင်းပါ´

ကျွန်တော်ဒီ စကားတစ်ခွန်းပဲပြောလိုက်နိုင်တယ်လေ

ပြီးတော့ ကျွန်တော် သူ့နှုတ်ခမ်း လွှာ ပါးပါးလေးပေါ်ကို အနမ်းလေး ခြွေချလိုက်ခဲ့ တယ်

နှုတ်ဆက်ခဲ့တယ်ဆိုတဲ့ အဓိပါယ်နဲ့ပေါ့

ဘေးနားမှာတော့… သံယောဇဉ်တွေ ကခုန်နေကြတုန်းပေါ့

ပြီးတော့ …..အလွမ်းတွေ ခြားခဲ့ကြတယ်

အနမ်းတွေမှားခဲ့ကြတယ်လို့ ဝန်ခံရင်း

မျက်ရည်တွေက မေတ္တာ ရှိရှိနဲ့

ဆက်လက်ပေါင်းသင်းနေထိုင်ခဲ့ကြတယ်…………..။။

အဲ့ဒီ နေ့ကပေါ့…………..

mgthura22@gmaill.com