ယာယီ

အာဂFebruary 19, 20141min21113

ခဏ ခဏ ပြောတယ် ဘဝဆိုတာ
ယာယီ…ပါပဲလို့….။
ဝန်ကြီး နေမကောင်းရင် လူနာဖြစ်သလို
ဆရာဝန် သေရင်လည်း အသုဘဖြစ် တတ်တယ်။

စစ်သား(-) ဝန်ကြီး(-)သမ္မတ(-) (-)=ဖြစ်
ယာယီပါပဲ။
ပိုးလောက်လန်း၊ ခြင်း…ယာယီပါပဲ။
ပိုးတုံးလုံး…။ လိပ်ပြာ…ယာယီပါပဲ။

သူဌေး၊အဆိုတော်၊မင်းသား၊မင်းသမီး ထောင်ထဲရောက်တော့ ထောင်သားပေါ့။
ချစ်သူ.တွေလည်း ယာယီ။
မုန်းသူတွေ လည်း ယာယီ။
မိတ်ဆွေ၊ရန်သူ ယာယီ။
ရှင်သန်ခြင်းဟာ ယာယီ။
သစ္စာတရားဟာ ယာယီ။

နေဝင်းလဲ ယာယီပဲ။
စောမောင်လဲ ယာယီပဲ။
သန်းရွှေလဲ ယာယီပဲ။
ခင်ညွှန့်လဲ ယာယီပဲ။

ကင်အီလ်ဆွန်မှ ကင်ဂျုံအီလ် မှ ကင်ဂျုံအွန် မြောက်ဘိလည်း ယာယီပဲ။
အာဏာလည်း ယာယီပဲ။ ပါဝါလည်း ယာယီပဲ။
သူတောင်းစားရုပ်ရှင်ကြည့်ရင် ပရိသတ်ဖြစ်တာပဲ။
ဘယ်သူကို အပြင်မှာ ဘယ်လိုဟောက်ခဲ့ ဟောက်ခဲ့..
ကားတိုးစီးတော့ စပယ်ယာ အဟောက်ခံရတာပဲ။
သူဌေးလိုနေပေမဲ့ ကိုယ့်ထက်ချမ်းသာတဲ့လူ နဲ့တွေရင် ဆင်းရဲသားပဲ။

ခပ်တင်းတင်းပြောရမယ်ဆိုရင်….။ ယာ…ယီ…ယာယီ…
ဘဝ တစ်လျောက်လုံး ယာယီတွေ့နဲ့မို့…….။

နို့တိုက် သမ္မတစကားငှားပြောရရင်…မိဘပြည်သူအပေါင်းတို့ဘဝလဲ..ယာယီပါပဲ..။

13 comments

  • Mr. MarGa

    February 19, 2014 at 7:02 pm

    အဲဒါတွေ သိနေလို့ ယာယီကနေ တည်မြဲဖြစ်အောင်များ လုပ်နေကြရော့သလား……..

  • alinsett ( Gazette )

    February 19, 2014 at 7:40 pm

    ပိုးလောက်လန်း၊ ခြင်း

    ဆိုတာလေ…
    ” ခြင် ” လို ့ပြောတာထင်တယ်နော်.. ။
    ——————

    ကဗျာလေး..ခံစားသွားပါတယ်လို ့…

    • အာဂ

      February 20, 2014 at 4:55 pm

      ဟုတ်ပ…မှားနေလိုက်တာ..။ ကျေးကျေးပဲ ငါ့ညီ

  • kyeemite

    February 20, 2014 at 10:54 am

    “သစ္စာတရားဟာ ယာယီ။” ….ဒါလေးတော့ စဉ်းစားနေမိဂျောင်း…
    အင်း…စဉ်းစားတာလည်း ယာယီပါပဲလေ 😀

    • အာဂ

      February 20, 2014 at 4:59 pm

      ကျေးဇူးလေးမိုက် လေးမိုက်ပိုစ့်လေးတောင် မဖတ်ရသေးဘူး… အဟီး…။ ဒါကလည်း ယာယီပါပဲ ပြီးရင်ဖတ်မယ်လေ။

  • မမချွိ

    February 20, 2014 at 11:23 am

    မမြဲခြင်းတရားသည်သာ မြဲ၏ ဆိုပဲ။

    😀

    • အာဂ

      February 20, 2014 at 5:00 pm

      မှန်ပ မမချွဲ အဲ ချွိ ပြောင်းလဲခြင်းတရားက ဘယ်တော့မှ မပြောင်းလဲ ဘူးဆိုတဲ့အတိုင်းပါပဲ။

  • TNA

    February 20, 2014 at 7:58 pm

    ယာယီ ယာယီ နဲ့ ကြာပြီ ကြာပြီမို့ ငါသည် ငါသည် 😥 :byee:

  • Novy

    February 21, 2014 at 4:14 pm

    ယာယီဆိုတာခဏပါ
    ခဏဆိုတာလည်း ထာဝရ မဟုတ်လို့
    ထာဝရ ဆိုတာလည်း ယာယီပါဘဲ

    ယာယီ = ခဏ =ထာဝရ

  • အာဂ

    February 25, 2014 at 4:59 pm

    အယ်မလေး အခုမှကြည့်မိတယ်။ အာဂကို ချစ်တဲ့လူတော်တော်များပါလား..။ အနီဆင်ကို ရဲရဲတောက်နေတတော့တာပဲ..။ဒါကိုကြည့်ခြင်းအားဖြင့် ခင်ဗျားကြီးမရေးရင်တော်တော်ကောင်းမယ်ဆိုတဲ့ သဘောသက်ရောက်နေပါရေ..။ ဟိဟိ…။ အနီကတ် အပြခံရလို့ ရေးတော့ဘူး။ အားပေးကြပါဦးရှင်….။အခြောက်ကြီးများရဲ့ …အာဂရှင်..။

    • မမချွိ

      February 25, 2014 at 6:22 pm

      နိ က သူတို့ ကိုးကွယ်တဲ့ လူဂျီးတွေကို ယာယီလို့ ပြောလို့နေမှာ။
      ပြန်ပြင်ပြောလိုက်။
      တည်မြဲမှာပါလို့ (ငရဲ မှာ)

      :kwi:

  • Ma Ma

    February 25, 2014 at 6:36 pm

    သူငယ်ချင်းတစ်ယောက်ပြောဖူးတာလေးအမှတ်ရသွားတယ်။
    လောကမှာ မပြောင်းလဲသောအရာရှိတယ်။
    အဲဒါဟာ ပြောင်းလဲခြင်းပဲတဲ့။

    လောကကြီးမှာ ……..
    ပြောင်းလဲတတ်လို့လဲ ယာယီလို့ ပြောတာလား။
    ယာယီမို့ ပြောင်းလဲတတ်တာလား။

Leave a Reply