ဆုကြီးပန် …အလှည့် အပြောင်း

ရန်ကုန်ကို သွားလည်တုန်းက အသိတစ်ယောက်ရဲ ့အိမ်ကိုရှာရင်း

ရွာလည်နေခဲ့ဘူးတယ်..

ရှာရမယ့် အိမ်က 68..

လမ်းလဲမှန်တယ်…ရပ်ကွက်လဲ မှန်တယ်..

တစ်ခြားအိမ်ေတွေ တွေ ့ပြီး ဒီတစ်အိမ်လဲ နံပါတ်ပျောက်နေတာ…။

ခေါက်တုန် ့ခေါက်ပြန် ခြေညောင်းမှ လမ်းထိပ်က ဖုန်းပြန်ဆက်ပြီး

အိမ်ရှင်ထွက်စောင့်ပေးမှ အိမ်ကို ရှာတွေ ့တာ…

အိမ်နံပါတ်ကြည့်လိုက်တော့ 98….

ဒါနဲ ့ အကို ကျနော့်ကိုပေးတဲ့ အိမ်နံပါတ်က 68လေ…ခုဟာက  98..

ဘယ်လိုဖြစ်တာလဲဆိုတော့…..

ဆောရီး ညီလေးရာ   6 ထိပ်မှာရိုက်ထားတဲ ့သံ ပြုတ်နေလို ့ကွ….တဲ့..။

…သံ တစ်ချောင်း…ဟာ မျက်စေ့လည်သွားအောင်

စွမ်းဆောင်နိုင်တာဘဲ…။

 

အလှည့်အပြောင်း ဆိုတာ …

တခုခုကို လှည့်စားပြီး အမြင်ပြောင်းအောင် လုပ်လိုက်တာ….

အောက်က ဂဏန်းလေး ၃လုံးကို ထက်အောက်ပြောင်းပြန် လုပ်ကြည့်ပြီး

စဉ်းစားပါ…

666 သုံးလုံးဆိုတာ စာတန်အမှတ်အသား ဂဏန်း။။

666

969

………….

၆၆၆

၉၆၉

မြန်မာပြည်က ယောကျင်္ားတွေ တော်တော်များများ ကြွေးကြော်တတ်ကြတယ်

ဘုရားဆုပန် မင်းယောကျာင်္းတဲ့…။

ဘိန်းစားပါးစပ်ကလဲ ပြောတာဘဲ…

အရက်သမားပါးစပ်ကလဲ ပြောတာဘဲ..

ပြည့်တန်ဆာခေါင်းပါးစပ်ကလဲ ပြောတာဘဲ…။

ဆုကြီးပန် သီအိုရီ အရဆိုရင်….

ယောကျာင်္း တစ်ချို ့….

လူတစ်ချို ့နဲ ့ဘုန်းကြီး တစ်ချို ့ရော….

ဆုကြီးပန် ဒေဝဒတ်လောင်း

ဆုကြီးပန် မာရ်နတ်လောင်း မဖြစ်နိုင်ပေဘူးလား…။

…တစ်နည်းပြောရရင်

ဗုဒ္ဓဘုရားရှင် ရဲ ့သာသနာ့ဂုဏ် ဖျက်ဆီးဘို ့ ဆုပန်ခဲ့သူများပေါ့…

…။

 

 

 

ခေါင်

 

25 comments

  • မမချွိ

    February 20, 2014 at 3:53 am

    ဒေဝဒတ် ဆုုပန်တွေများလာရင်တော့ သေချာတယ်။
    အဇာတသတ် လောင်းလျာတွေလည်း များကြီးရှိလာဦးတော့မယ်။

    😥

    • ကျော်စွာခေါင်

      February 20, 2014 at 11:02 pm

      ကေဇီ…
      ပို ့စ်တင်တုန်းက စိတ်ခံစားမှုကတစ်မျိုး…
      ကွန်မန် ့တစ်ချို ့ ဖတ်ပြီးတော့ တစ်မျိုး ပြောင်းသွားတယ်..
      …..
      …..
      ဒီဘာသာ….ဒီ သံဃာနဲ ့…ဒီလူတွေကို အင်မတန် ဂုဏ်ယူပါတယ်ဗျာ….လို့ဘဲ ပြောတော့မယ်။

  • alinsett ( Gazette )

    February 20, 2014 at 6:37 am

    အဟဲ
    တစ်ဖက်လှည့်လေးနဲ့ ထောင့်တမျိုးက တွေးပြ/ရေးပြသွားပုံများ. . .
    :kwi:

    • ကျော်စွာခေါင်

      February 20, 2014 at 11:04 pm

      ချစ်ခဲ့မိတာ…ရေးခဲ့မိတာ….ရေးတတ်ခဲ့တာ… ဦးခေါင် အမှား…။

  • kyeemite

    February 20, 2014 at 8:22 am

    ဟုတ်ပါ့ ကိုခေါင်ရာ…ဆုကြီးပန် ဒေဝဒတ်လောင်း၊ ဆုကြီးပန် မာရ်နတ်လောင်း တွေခုခေတ်မှာပေါလာသဗျို့
    “ဘုရားသာသနာကိုဖျက်မှာ ဘုရားသားတော်တွေ” လို့ကြားဖူးတယ်…

    • ကျော်စွာခေါင်

      February 20, 2014 at 11:06 pm

      ကိုမိုက်
      ကျနော့် စာလေးတွေ အမြဲလာဖတ်ပြီး အားပေးတာ ကျေးဇူးနော်..။

    • ကျော်စွာခေါင်

      February 20, 2014 at 11:20 pm

      ဖားသဂျိုး
      မျက်လုံးလေး ပေကလပ် ပေကလပ်နဲ ့…. ထပ်တွေးလိုက်ပါဦး

      ၆+၆+၆= ၁၈……….၁+၈=၉ ( ဂုဏ်တော် ၉ပါး…..အင်မတန်ကောင်း)
      ၇+၈+၆=၂၁………..၂+၁= ၃ ( ရတနာ သုံးပါး…..အင်မတန်ကောင်း )
      ၉+၆+၉=၂၄………..၂+၄= ၆ ( တရားဂုဏ်တော် ၆ပါး….အင်မတန်ကောင်း )
      ….
      ၉+၃+၆= ၁၈………..၁+၈= ၉….
      ၉ နဝင်း မိုးလင်းတော့ သိလိမ့်မယ်………။

      ခေါင်

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 20, 2014 at 10:25 am

    . မှန်စွာမြင်ခြင်း မှန်စွာသိခြင်း ဆိုတဲ့ သဘောတွေကို
    . ဦးတည်ထားလိုက်ပါတယ်
    . ဥပမာ
    . ကျုပ်သာ သံမဒဂျီးဖြစ်လိုက်ပါတော့လို့ ဖြစ်ခြင်တဲ့အာသီသ ( ဆန္ဒ ) ကသပ်သပ် ပါ
    . ကိုယ့်ဖြစ်နိုင်တဲ့ အရည်ခြင်းရှိမရှိကို ကိုယ့်ကိုယ်ကိုယ်မသိတာက သပ်သပ်ပါ
    . ဒီလိုပါဘဲ
    . သဘာဝထဲမှာ ဘုရားဆိုတဲ့ အရာကို ယောက်ျားဖြစ်မှ ရနိုင်တယ် ဆိုတဲ့
    . သဘော သဘာဝက ရှိနေတာကိုး
    ( ဒါက ဘုရားဆိုတာကို ယုံကြည်သူရဲ့အမြင်ပေါ့ မယုံသူအတွက်တော့ ရီစရာပါ )
    . ဒီလိုပါဘဲ သူ့ယုံကြည် ချက်နှင့်သူပြောတာ သူ့အကြောင်းပါ
    . အခြေနေအရ သူ့မှာ ပြောခွင့်ရှိတာကို း
    . ( သူ့ကိုယ်သူအဆင့်မမှီတာ သူမသိတာက သပ်သပ်ပါ )
    . ဥပမာ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ဘါကောင်မှန်းမသိဘဲနဲ့
    . ဘါကောင်ညာကောင်ကြီးတွေကို လိုက်ပတ်ဆဲသလိုပေါ့ :mrgreen:
    . ( ဆုကြီးပန် ဒေဝဒတ်လောင်း )
    . ( ဆုကြီးပန် မာရ်နတ်လောင်း မဖြစ်နိုင်ပေဘူးလား )
    . သူတို့တွေဟာ တစ်ကယ်ရော ဘုရားမဖြစ်နိုင်ဘူးလား
    . ရံခါ ကိုယ့်အတွးနဲ့ကိုယ်မှာ ကိုယ်မှန်တယ် ထင်ရပေမယ့်
    . သူများအမြင်မှာ ကိုယ်က မှားနေတတ်တယ်ဆိုတဲ့သဘောရယ်
    . ကိုယ်က မှားပါတယ်ဆိုလို့ ထင်တာကို သူများက မှန်တယ်လို့ ထင်တတ်ပါတယ်
    . ဒီနေရာမှာဘဲ မှန်စွာမြင်ခြင်း မှန်စွာသိခြင်း ဆိုတဲ့ သဘောတွေကို အသက်သွင်းရရင်
    . တစ်ကယ်အမှန်မြင် တစ်ကယ်အမှန်သိသူတွေဟာ
    . ကုလားကိုလည်းမဆဲသလို ဘုန်းကြီးကိုလည်း ဆဲမည်မထင်
    . ပြောလို့ပြောတာ လက်ရှိအခြေနေထဲ
    . ကျုပ်ကတော့ ဘုရားတော့ဖြစ်ခြင်တာထက်
    . သံမဒဂျီးသါဖြစ်လိုက်ခြင်ဘါဒေါ့ဒယ် ( ကိန်ကိန် )

    • ကျော်စွာခေါင်

      February 20, 2014 at 11:48 pm

      ကိုမိုက်ကယ်…
      ကျနော်ကတော့ ဘာသာပြောင်းလာတဲ့သူဆိုတော့…….
      အကိုတို ့လောက် မတတ်ပါ….
      …..
      …..
      ဆုကြီးပန်ထားသူတွေမို ့…. ဘုရားဘဲ ဖြစ်ဖြစ်…မာရ်နတ်ဘဲ ဖြစ်ဖြစ်…ဒေဝဒတ်ဘဲ ဖြစ်ဖြစ်
      ကိုယ့်ဆု ကိုယ်ပန်….ကိုယ်စိုက်ပျိုးတဲ့ ဂျုံ..ကိုယ်ရိတ်သိမ်းရမှာပါဘဲ….
      တခုတော့…ရှိတာပေါ့လေ…
      နောက်ဘဝကို သေချာဟောနိုင်တဲ့ ဆရာတစ်ယောက်က
      ကောင်လေး…
      အခု မင်းမိခင်ကို စော်ကားမော်ကားပြောပြီး အိမ်ရှေ့က မျက်နှာစာကို ဆေးအမဲရောင်တွေ ပက်ပြီး ဖျက်ဆီးနေတဲ့လူက…
      နောက် …၃ ဘဝနေပြီး မင်းအဖေ ဖြစ်လာမယ့်လူလို ့ ပြောနေပါစေ…
      လက်ရှိဘဝ တော်စပ်နေတဲ့ အမေ့ကို ကျနော်ကာကွယ်မယ်….အိမ်ရှေ့က မျက်နှာစာဖျက်ဆီးနေတာကို ပြောမယ် တားမယ်။
      ….
      ဘုရားရှင်ဟောထားတယ်လေ…အခုစီးဆငိးနေတဲ့ ရေက ခုနက စီးဆင်းနေတဲ့ ရေမဟုတ်ဘူးလို ့…။

  • လုံမလေးမွန်မွန်

    February 20, 2014 at 10:41 am

    ဖတ်ဖူးလိုက်တာက.. ဘုရားက မိန်းမဘဝမှာ ဘုရားဖြစ်ချင်တဲ့ဆု တောင်းခဲ့ဖူးသတဲ့.. အဲဒီတစ်ခု.. စိတ်ထဲဘဝင်မကျတာ.. ကြက်ဥအစရှာမရသလို သံသရာထဲမှာ မြတ်စွာဘုရား မိန်းမမဖြစ်ခဲ့ဖူးဘူးဆိုတာ မဖြစ်နိုင်ဘူးလေ.. သေချာတာက ဗျာဒိတ်တော်ရတဲ့ သုမေဓာဘဝနောက်ပိုင်းတွေသာ မိန်းမမဖြစ်တာ.. ဆိုတော့.. မိန်းမတွေလည်း ဘုရားဆုတောင်းခွင့်ရှိတယ်လို့ မြင်တယ်..

    နောက် ဒေဝဒတ်ပေါ့.. တစ်ခါတစ်ခါ ဗီလိန်ဘက်က လိုက်တွေးပြီး ဂေါက်မိတာ အခါခါ.. ဒေဝဒတ်သာ မရှိခဲ့ရင် မြတ်စွာဘုရားရဲ့ ပါရမီတွေ ပြည့်ခဲ့ပါ့မလား ရယ်လို့..

    ပို့စ်နဲ့ မဆိုင်သလိုဖြစ်သွားရင် ခွင့်လွှတ်ပါ. ဖေခေါင်.. 🙂

    • ကျော်စွာခေါင်

      February 21, 2014 at 12:59 am

      လုံလုံ
      ဟိုး..တစ်ချိန်က စာပေလိုက်စားသူ ပရိတ်သတ်ကို လှုပ်ခတ်နိုင်ခဲ့တဲ့…ဇာတ်ကောင် ၂ ဦး ပေါ်ခဲ့တယ်..
      ဆရာ မင်းသိင်္ခရဲ ့ ဇာတ်ကောင် …မနုစာရီ နဲ ့
      ဆရာချစ်ဦးညိုရဲ ့………………..ရာဝဏ
      မနုစာရီကို တွေ ့ချင်စိတ်နဲ ့ရှာဖွေခဲ့ဘူးတယ်…
      ရာဝဏကို သနားပြီး ရာမက စိတ်ထဲမှာ မကျေမနပ် ဖြစ်ဘူးတယ်….
      ကိုယ်တိုင် ဇာတ်ကတဲ့အချိန်မှာ နာမည်ကြီး လူကြမ်းတစ်ယောက်ကို စာချုပ်နဲ ့ငှားလိုက်တယ်..
      သူ ့ပညာက ကောင်းပါတယ်…
      ဒါပေမယ့် ပွဲကလို ့ ၅ပွဲလောက်လဲပြိးရော….
      သူမရှိရင် ဒီဇာတ်က ဘာမှ လုပ်မရပါဘူး…ဒီမင်းသားလဲသူ မရှိရင် ဘာမှလုပ်မရဘူး…….
      လူကြမ်း မပါဘဲ…ဘာလုပ်လို ့ရမှာလဲဆိုတာတွေ ပြောလာတော့…
      ဒက်က မေးတယ်….
      ကိုယက္ခ…..အဲသလို တစ်ကယ်တွေးထားတာလားလို ့…
      သူက ဟားတိုက်ရယ်ပြီး စမ်းကြည့်လေတဲ့….။
      ဒက်က ဇာတ်ဆရာနဲ ့ အဖွဲ ့သား အားလုံး ကို ခေါ်ပြီး….
      တစ်ကယ်လို ့ လူကြမ်းကို ယက္ခ တစ်ခန်းမှ မထွက်ရင်တောင် ညကြေးကို အပြည့်ရှင်းပေးဘို ့ စည်းကမ်းအရ ပြောတယ်…
      ပြီးတာနဲ ့….ကိုယက္ခ ခင်ဗျား နားချင်နားလို ့ရပါပြီ…
      ည မနက် ဇာတ်ထမင်း စားခွင့်ရှိတယ်…မိုးလင်းတာနဲ ့ ညကြေး ပုံမှန်ထုတ်ယူနိုင်ပါတယ်လို ့ ပြောတယ်…
      ပြီးတာနဲ ့….သူပါတဲ ့ အော်ပဒါ ပြဇာတ် အားလုံးဖျက်ပြီး…
      ဒက်က အကုန် အသစ်ပြန်ရေးတယ်… ပြန်တိုက်တယ်…
      လူကြမ်း မပါတဲ့ ဇာတ်လမ်း သက်သက်ကို ကပြတယ်…
      ကြိုက်လိုက်ကြတာမှ…. ငိုလိုက်ကြတာမှ….။

      နောက် ရရုံလောက် ကပြီးတော့ သူက ဒက်ကို စကားပြောလာတယ်..
      ဇော်…မင်းရှာကျွှှေးတဲ့ ထမင်းကို ညမနက်စားပြီး မင်း ချွှေးနဲ ့ရှာထားတဲ့ ညကြေးငွေကို ထုတ်သုံးနေရတာ
      ငါ…ရှက်လာပြီတဲ့….ငါ့ကို ပြန်ကခွင့်ပေးပါတဲ့…

      ဒက်က သူ ့ပခုံးဖက်ခေါ်ပြီး ၂ယောက်အတူ ..ဆိုင်သွားပြီး လဘက်ရည်သောက်တယ်..
      “ ကိုယက္ခ အကိုမပါဘဲ ကျနော် ကလို ့ရတယ်နော်လို ့ ” ဒက်က ပြောတော့…
      “ ငါ…ယုံပါပြီကွာ…တစ်ကယ်တော့ ငါတို ့က ကိုယ်တတ်ကျွှမ်းတဲ ့အပိုင်းကို တာဝန်ကိုယ်စီရှိတာ..ငါနားလည်သွားပြီ..
      မင်းငါ့ကို…အပီအပြင် ပညာပေးလိုက်တာဘဲ..”
      ဒက်က ပြောတယ်….
      “ မဟုတ်ဘူး အကို..ကျနော်က အကို ့ကို ကျေးဇူးတင်တာ”
      “ ဟမ်…ငါ့လို ကလန်တဲ့လူကို…..ကျေးဇူးတင်တယ်..”
      “ဟုတ်….ဘာလို ့ ကျေးဇူးတင်လဲဆိုတော့ ..ကျနော် တွေးနေတာ ၁ဝ နှစ်ကျော်ပြီ…အခု အဖြေသိသွားပြီဗျ..”
      “ ဘာတုန်းကွာာာာ…”
      “ အရင်က ကျနော်က ရာဝဏ မရှိရင် ရာမဇာတ်တော် မဖြစ်လာနိုင်ဘူး… ဒေဝဒတ်မရှိရင် သိဒ္ဓတ္ထမင်းသား ဂေါတမဘုုရား မဖြစ် နိုင်ဘူး တွေးမိခဲ့တာ…ကျနော့်လို
      အနုံညာတ မင်းသားတောင်…ကိုယက္ခ မပါဘဲ က နိုင်တာ… သိဒ္ဓတ္ထအလောင်းတော်က လေးသချေင်္နဲ ့ကမ္ဘာ ၁သိန်းတောင်
      ပါရမီ ဖြည့်ခဲ့တာ…..
      ဘယ်သူမှ ဇာတ်ပို ့မလုပ်လဲ….သိဒ္ဓတ္ထမင်းသားက ဘုရားစင်စစ် ဖြစ်ကို ဖြစ်မှာဗျ…
      ကဲ…သောက် ..ပြီးရင် ကိုယက္ခပါတဲ့ပြဇာတ်ဟောင်းတွေ ပြန်တိုက်ဘို ့ လုပ်ရဦးမယ်….
      ဟင်းးးး အိပ်ရမှာတော့ ဟုတ်ပါဘူး…နောက် ဆို ဗွေ မဖောက်နဲ ့ကျေးဇူးရှင်..”
      …..
      …..
      …..
      ဉာဏ်ကောင်းတဲ့ သမီးလုံလုံ ဆက်တွေးနိုင်ပါစေ
      လုပ်ကြံ မဟုတ်ဘူးနော်….အဲဒါ…ဒက်ကိုယ်တွေ ့…မျှပေးတာ…။

      • Foreign Resident

        February 21, 2014 at 7:45 am

        ” ကျနော့်လို အနုံညာတ မင်းသားတောင်…ကိုယက္ခ မပါဘဲ က နိုင်တာ…
        သိဒ္ဓတ္ထအလောင်းတော်က လေးသချေင်္နဲ ့ကမ္ဘာ ၁သိန်းတောင် ပါရမီ ဖြည့်ခဲ့တာ…..
        ဘယ်သူမှ ဇာတ်ပို ့မလုပ်လဲ….သိဒ္ဓတ္ထမင်းသားက ဘုရားစင်စစ် ဖြစ်ကို ဖြစ်မှာဗျ ”

        ကို ခေါင် ရေ ။
        ကောင်းလိုက်တဲ့ အမြင်လေးဗျာ ။

        နောက်တစ်ချက် ကတော့ ၊
        ရှင်ကြီး ဒေဝဒတ် ဟာ ပစ္ဆေက ဗုဒ္ဓ လောင်းလျာ ဖြစ်သဖြင့် ၊
        ဒေဝဒတ် ကို ချိုးနှိမ်ပြီး ” ဒေဝဒတ် ” လို့ မခေါ်ရဲ / မခေါ်ရက် ဘဲ ၊
        ရှင်ကြီး ဒေဝဒတ် လို့ လေးစားသမှု နှင့် ခေါ်တဲ့သူတွေ တွေ့ဖူးတယ်ဗျ ။

  • ခရီးသည်ကြီး

    February 20, 2014 at 1:15 pm

    ဇတ်တော်တွေ နိပါတ်တော်တွေ နဲ့ ဓမ္မပဒအရ
    ဒေဝတတ္ထဟာ လာမယ့်ကမ္ဘာ ၁သိန်း အထက်မှာ
    ပစ္စေကဗုဒ္ဓ ဖြစ်လာပါမယ် လို့သိထားပါတယ် ။
    ဒီတော့ကာ သူ့မှာလည်း ပါရမီ ပြည့်လုနီပေါ့ ။
    ဒီတစ်ပွဲမှာက ဂေါတမဗုဒ္ဓရဲ့ သာသနာ ဖြစ်နေလို့
    သူ့ရဲ့အကြောင်းက မပေါ်လွင်လှဘူး။
    ဆုကြီးပန်တို့မည်သည် ဗျာဓိတ်ရထားတဲ့ဘဝမှတပါး
    အခြားဘဝတွေမှာ ဘယ်ဘုရားနဲ့ကြုံသည်ဖြစ်စေ
    လေကုတ္တရာ ညဏ်တွေဖြစ်ပြီး အရိယာအဆင့်
    မရောက်ဘူး ။
    ပုထုဇဉ်ပဲ ရှိနေမယ် ။ ဈဉ်အဘိညဉ်ရလဲ လေကီ ဈဉ် အဘိညဉ်ပဲ။
    ဆိုချင်တာက ပုထုဇဉ်သည် အမှားများစွာကျူလွန်တတ်တယ်။
    ကျုပ်တို့ ခင်ဗျားတို့ ကောင်းကောင်း သတိထားအပ်တဲ့ သဘောပဲဖြစ်တယ် ။
    တစ်ခုသောကာလမှာ ပစ္စေကဗုဒ္ဓတစ်ပါရဲ့ အတ္ထုပတ္တိကို ပြန်ဖတ်ခွင့်သာကြုံခဲ့ရင်
    ရှင်ဒေဝတတ္ထရဲ့ လွမ်းမောဖွယ်အတိတ်တွေကို
    ခင်ဗျားတို့ ကျုပ်တို့ သိလာရပါလိမ့်မယ်

    • ကျော်စွာခေါင်

      February 20, 2014 at 11:49 pm

      း)
      ကျေးဇူးပါ

  • Ma Ma

    February 20, 2014 at 3:06 pm

    တိုတိုထိထိ အလွန်မိ၏၊ 🙂

    • ကျော်စွာခေါင်

      February 20, 2014 at 11:49 pm

      မမ
      ကျေးဇူးပါ

    • ကျော်စွာခေါင်

      February 20, 2014 at 11:50 pm

      အဲဒီ အဆိုကို လက်ခံပါတယ်..ကိုပေါက်ရေ..။

  • Paing Lay

    February 20, 2014 at 3:26 pm

    ဖြစ်ပျက်သမျှအားလုံး နိဗာန ပစ္စယော အဟောတု ပေါ့ဗျာ 🙂

    • ကျော်စွာခေါင်

      February 20, 2014 at 11:51 pm

      သာဓု…သာဓု…သာဓု…..။

      ….

  • TNA

    February 20, 2014 at 8:05 pm

    ဘယ်လိုပြောရင်ကောင်းမလဲ ယောင်္ကျားတွေဟာ မိန်းမတွေထက်မြင့်မြတ်တယ် မြင့်မြတ်တယ်နဲ့ တကယ်တော့ မိန်းမတွေလောက်စိတ်ဓါတ်အဆင့်အတန်းမရှိတဲ့သူတွေအများကြီး။ ဘယ်လိုဆုတွေပန် တယ်ဆိုတာတော့ အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ကျော်စွာခေါင်

    February 20, 2014 at 11:58 pm

    မနုအေး

    ငါ…သူတစ်ပါး…ယောကျာင်္း ..မိန်းမ မရှိ…
    ရုပ် နာမ်ဘဲ…ရှိတယ်တဲ့…။
    ရှိတာလေးတောင် ….မြဲတာ မဟုတ်…။
    ဝိပသနာတရား ကျင့်ကြံသူက ပိုမြတ်မှာပါ အမရယ်.။

  • ဦးဦးပါလေရာ

    February 21, 2014 at 10:17 am

    ဘုရားအလောင်း ပါရမီဖြည့်တယ် ဆိုတာနဲ့ပတ်သက်လို့….
    ပါရမီ ဆိုတာ (ကောင်းသောအလုပ်) လို့ ဆရာတော်ကြီးတပါးက မိန့်ဆိုဖူးတယ်
    ပါရမီဖြည့်တယ်ဆိုတာ ကောင်းသောအလုပ်တွေကို လိုအပ်ချက် ပြည့်မီသည်အထိ/ပြည့်စုံသည်အထိ လုပ်တာကို ဆိုလိုတာပါပဲ..။

    ကျုပ်တို့ဗုဒ္ဓဘာသာဆိုတာက နု ရာက ရင့် ရတဲ့ သဘောရှိပါတယ်..။
    (အချို့အခြားဘာသာများလို ထာဝရ နု -နေသွားရတာမျိုးမုဟုတ်ပါဘူး)
    ငယ်ငယ်ကတည်းက မိဘ ဆွေမျိုးတွေက ဦးတော် ဦးတော်… လို့ သင်
    နဲနဲ သိလာတော့ ဘုရားရှိခိုး သီလယူ ဥပုသ်စောင့် တရားနာ ……..
    တစ်ခါတစ်လေ အတွေးခေါင်မိတာက-
    ဗုဒ္ဓဝင်မှာ မာရ်နတ်နဲ့ ဒေဝဒတ်မပါရင်
    ကလေးတွေအဖို့ တော်တော်ပျင်းစရာကောင်းမှာ…..

    ကျုပ်ကတော့
    အတွင်းက ထေရဝါဒ ဗုဒ္ဓသာသနာရဲ့ အဆီအနှစ် အကျင့် အသိ တရားတွေကို
    မိရိုးဖလာ(သဗ္ဗလနံ ဆွဲယူကောက်ထည့်) ဗုဒ္ဓဘာသာယဉ်ကျေးမှု့ အကာတွေနဲ့
    အပြင်က ကာရံမွမ်းမံထားတာလေး သဘောကျ သဗျာ….

    အနှစ်ဆိုတာ သူ့ ကို ထိမ်းသိမ်းနိုင်တဲ့ အကာထဲမှာ တည်လေ့ရှိတယ်…
    အနှစ်ကို စားသုံးတဲ့အခါမှာတော့ အကာတွေကို အလိုလို ခွာထုတ်စွန့်ပစ်မြဲဖြစ်တယ်…..

    • ကျော်စွာခေါင်

      February 22, 2014 at 11:34 pm

      ကိုပါ..
      ခုမှဘဲ ကွန်မန့်ကို ပြန်ရေးဖြစ်တာ…
      အကို ့ကွန်မန် ့အတွက်လဲ ကျေးဇူးပါ… မှတ်သားစရာကောင်းပါတယ်..

      “ကျုပ်တို့ဗုဒ္ဓဘာသာဆိုတာက နု ရာက ရင့် ရတဲ့ သဘောရှိပါတယ်..။
      (အချို့အခြားဘာသာများလို ထာဝရ နု -နေသွားရတာမျိုးမုဟုတ်ပါဘူး)
      ငယ်ငယ်ကတည်းက မိဘ ဆွေမျိုးတွေက ဦးတော် ဦးတော်… လို့ သင်
      နဲနဲ သိလာတော့ ဘုရားရှိခိုး သီလယူ ဥပုသ်စောင့် တရားနာ ……..
      တစ်ခါတစ်လေ အတွေးခေါင်မိတာက-
      ဗုဒ္ဓဝင်မှာ မာရ်နတ်နဲ့ ဒေဝဒတ်မပါရင်
      ကလေးတွေအဖို့ တော်တော်ပျင်းစရာကောင်းမှာ…..”
      အဲဒီအတွေးကတော့ အမှန်ပါဘဲ..
      ကျနော်တို ့က အိမ်မှာ စာပေဖြန် ့ချီရေး လုပ်ငန်းလုပ်တော့…
      ရွှေသွေး စာစောင်တွေမှာ ပန်းချီဆရာကြီး ဦးဘကြည် လက်ရာနဲ ့ဇာတ်နိပါတ်တော်တွေဆို ဖတ်လို ့အရမ်းကောင်းတာပါ…

      နုရာမှ ရင့်ရာ….
      အကာမှ အနှစ်သို ့ သဘောတရားကို လက်ခံပါတယ် ကိုပါ..
      မြန်မာပြည်ရဲ ့ကန် ့လန် ့ကာအဖွင့်မှာ….
      နိုင်ငံခြားသားတွေက အပြင်ဗန်း လတ်တစ်လော ဘာသာရေးအကျည်းတန်မှုတွေကိုဘဲ …ကြည့်ပြီး
      မြန်မာပြည်က ထေရဝါဒ ဗုဒ္ဓသာသနာဆိုတာ ….ဒါမျိုးလားလို ့ အနှစ်ကို မကြည့်ဘဲ ဆုံးဖြတ်လိုက်မှာတော့ စိတ်ပူမိတာအမှန်ပါ..
      ….
      ဖြစ်ချိန်တန်လို ့ဖြစ်တာဘဲ…ဆိုတဲ့ စိတ်ကို ကျနော်မွေးကြည့်ပါတယ်…
      မလွယ်ဘူးကိုပါ….။ ကိုယ်က တန်ဘိုးထားပြီး ကြည်ညိုခဲ့မိတာလေ…။

      ကျေးဇူးပါ ကိုပါ…
      နောက် ၂ ပုဒ်လောက်ရေးပြီးရင်တော့ ဘာသာရေးနဲ ့ပါတ်သက်တာ မရေးချင်တော့ပါဘူး။။။
      ခရီးသည်ကြီးနဲ ့မန်းဂေဇက်ချစ်ခင်သူတွေ….စာဖတ်သူတွေအတွက် စိတ်အနှောက်အယှက် မဖြစ်စေချင်လို ့ပါ..။

Leave a Reply