လူပျင်းကြီး ဘလက်…။

black chawFebruary 21, 20141min21413

ပျင်းပျင်း ရှိတာနဲ့ ဂျာနယ်ဆိုင်မှာ 8 Days ဂျာနယ်တစ်စောင် ဝယ်ဖတ်တယ်ပေါ့ဗျာ…။
တစ်စောင်ကို ၆၀ဝ ကျပ်တောင် ပေးရသဗျ…။
မျက်နှာဖုံးက မော်လ်ဒယ်မလေးကလည်း ပေါင်ရင်းအထိ ဖေါ်ပြီး…
ဒါပဲ…ဆိုတဲ့ စတိုင်နဲ့ ခါးထောက်ပြထားလေတော့ အင်း…
သမီးပေါင်လုံးလေးတွေက Sexy မဖြစ်ဘူး သမီးရေ…။
သမီးလေးရဲ့ ရုပ်ရည်နဲ့ဟန်ပန်ကလည်း Sexy နဲ့ မလိုက်ဖက်ပေဘူးကွယ်…။
ရိုးရိုးလေးသာ တကယ့်အလှပဲ ဆိုတဲ့ ကိုငှက် သီချင်း ဘယ်နားသွားထားမလဲ သမီးလေးရေ…။
အရိုးဆုံး က အဆန်းဆုံး ပါကွယ်…။
ဟေးဟေး…။
ကဲ…လာလေရော့ နောက်တစ်မျက်နှာ…။
ဟော…စာမျက်နှာ-၂ ခေါ်မလား IFC (Inside Front Cover) ခေါ်မလား…။
အဲဒီမှာ လေးဖြူကြီးက ယောင်ထုံးတွေ ဘာတွေနဲ့ အတည်ပေါက်ကြီး စိုက်ကြည့်လို့…။
အော်…CNC အင်္ကျ ီ ကြော်ငြာကိုး…။
ကောင်းပါလေ့ဗျာ…။
ခုနက ဂျာနယ်တစ်စောင် ၆၀ဝ ကျပ်ထဲမှာ ဒီလေးဖြူကြီးစိုက်ကြည့်နေတဲ့ပုံက…
၅ဝ ကျပ်လောက်တန်နေမလား…။
တွေးမိတာကို ပြောတာပါဗျာ…။
အောက်ဘက်ဆက်ကြည့်လိုက်တော့ စဉ်ဆက်မပြတ် ကလေးမွေးခြင်းပြုနေတဲ့ ကိုနိုင်းနိုင်း နဲ့
ပူပူနွေးနွေး မင်္ဂလာပွဲ ဆင်နွှဲထားတဲ့ မဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ပုံနဲ့…။
အောင်မယ်…ZAZZLE ကြော်ငြာဗျ…။
ဒါလည်း အဝတ်အစား ကြော်ငြာပဲ ဖြစ်ပုံရရဲ့…။
ဘာတတ်နိုင်မှာလဲ သူ့ဂျာနယ်ဝယ်ဖတ်မိမှတော့ သူ့ ကြော်ငြာတွေလည်း ကြည့်ပေးရမယ်ပေါ့…။
ကဲ…စာမျက်နှာ ၃ ကို သွားကြစို့…။
ဟော…မောင်ဥက္ကာမြင့်ကြူနဲ့ မဝိုင်းစုခိုင်သိန်း တို့ရဲ မင်္ဂလာညစာ စားပွဲတဲ့…။
အနောက်တိုင်းဝတ်စုံပြည့်နဲ့ သတို့သားနဲ့ ပြင်ထား ဆင်ထားတဲ့ မဝိုင်းစု တို့…။
လုပ်ကြပေါ့ဗျာ…။
ခင်ဗျားတို့ ခေတ်ပေကိုး နော..။
အောင်မယ်…နှုတ်ခမ်းခြင်းတောင် တေ့ပြီး နမ်းပြနေကြသေးသဗျ…။
Sky Net ကတောင် တိုက်ရိုက်လွှင့်သွားသေး လို့ နားစွန်နားဖျားကြားလိုက်မိသေးရဲ့…။
တစ်နေ့နေ့သော တစ်နေ့နေ့မှာပေါ့ဗျာ…။
မင်္ဂလာဦးည ဖြတ်သန်းမှု ကို တိုက်ရိုက်မလွှင့်ဘူးလို့ ဘယ်သူ ပြောနိုင်ပါသလဲ…။
အင်း…ဘလက်ကြီးလည်း သူတို့ အနမ်းတွေကြည့်ပြီး နှုတ်ခမ်းတွေတောင် ယားတားတားဖြစ်မိသွားသေး…။
ထီးဆိုင်ကြီးဆိုတဲ့ သီချင်းလိုပေါ့…။
အရက်ကိုမြင်ရင် မသောက်ခင်ကမူး…တဲ့…။
ဟေးဟေး…။
နှုတ်ခမ်းကိုမြင်ရင် မနမ်းက ယား…ပေါ့ကွယ်…။
ဟုတ်လား…။
ဘာတတ်နိုင်မှာလဲ ဗျာ…။
ဝါက ရင့်ထော်နေမှတော့…ဒီလောက်တော့ ရှိမယ်ပေါ့…။
ညစာ စားပွဲတက်သူတွေရဲ့ ပုံကို ကြည့်မိတော့…
ရဝေအောင်၊ စာရေးဆရာ အကြည်တော်၊ နဲ့ အိန္ဒြာကျော်ဇင် တို့လည်း တွေ့ရဲ့…။
ဒါရိုက်တာ ညိုမင်းလွင်လည်း တွေ့ရဲ့…။
အမေရိကားပြန် မီမီဝင်းဖေကြီးနဲ့ ရတနာဦးတို့လည်း သီချင်းဆိုနေကြတာ တွေ့ရဲ့…။
ကောင်းပါတယ်ဗျာ…။
အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်…။
ကဲ…လာထား…စာမျက်နှာ ၄။
Cover Star Album ဆိုပဲ…။
ခုနက မျက်နှာဖုံးမှာ ပေါင်လုံးကြွားထားတဲ့ ကလေးမ…။
ဓါတ်ပုံ ဆရာက ကိုကို အေးဇော်မိုး တဲ့…။
မော်လ်ဒယ်က ဧငြိမ်းဖြူ @ ရတနာ တဲ့…။
မည်သို့ပင်ဆိုစေကာမူ…။
အနုပညာလောကမှာ အောင်မြင်ပါစေကွယ်…။
ဘလက်ကြီးရဲ့ ရင်ကိုတော့ လှုပ်ခါအောင် မစွမ်းဆောင်နိုင်ဘူးဆိုတာ ဝန်ခံချက်ပေးခဲ့ပါရစေဗျာ…။
အောင်မယ်…စာမျက်နှာ ၅ မှာကျတော့ Cover Star Interview တဲ့ဗျာ…။
ဘာတွေ မေးပြီး ဘာတွေဖြေထားလဲ သိချင်ရင် ဝယ်သာဖတ်…။
တစ်စောင် ၆၀ဝ ကျပ်ထဲပါ…။ ဟေးဟေး…။
စာမျက်နှာ ၆ ကို လှန်လိုက်တော့ တွေ့ပါပြီဗျာ…။
ကိုကို အောင်ရဲလင်း…။
ပရိသတ်နဲ့ အမေး အဖြေ ဆိုလား…။
ဒို့က အောင်ရဲလင်း စိတ်မဝင်စားဘူးကွယ်…။
အောက်ဘက်ကိုဆက်ကြည့်လိုက်တော့ ဒါရိုက်တာ မောင်ဗေဒါရဲ့
ရွှေလိုချင် ရွှေဖြစ်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ ဆောင်းပါးဗျာ…။
စာမျက်နှာ ၇…။
နွေဦးအိမ် ရဲ့ ပွဲတက် ဖက်ရှင် တွဲဖက် ပစ္စည်းများ ဆိုတဲ့ ဆောင်းပါး…။
ဖက်ရှင်စိတ်ဝင်စားရင် ဖတ်ကြပေါ့…။
အောက်ဘက်ဆက်လေ့လာလိုက်တော့…၊
အိမ်ထောင်ရေးသုခပြည့်စုံပြီး အောင်မြင်သောမိသားစုဘဝ ပိုင်ဆိုင်စေဖို့ TOP-ROLL သောက်ကြစို့ ဆိုတဲ့
TOP-ROLL ကိုးရီးယား ဂျင်ဆင်းအားဆေး ကြော်ငြာ…။
ကျော်ရဲအောင်ကြီးကို မိုးဟေကိုကြီးက ထွေးပွေ့လို့…။
အော်…TOP-ROLL သောက်ရင်ဖြင့် အိမ်ထောင်ရေးသုခ ရမရတော့မသိ…။
မိုးဟေကိုကြီး ကြည့်ရုံနဲ့ အင်း… TOP-ROLL သောက်လိုက်ရသလိုပါပဲ ကွယ်…။
ကဲ…စာမျက်နှာ ၈…။
ပန်းပွင့်ကဗျာ ရဲ့ နားလည်လေးစားမှုနဲ့ တည်ဆောက်ရယ့် ချစ်ခြင်းမေတ္တာ ဆိုတဲ့ ဆောင်းပါး…။
တည်ဆောက်ရမယ့် ဖြစ်မှာပါ…။ တည်ဆောက်ရယ့် ဖြစ်နေပါတယ်…။
ကဲ…ခေါင်းစဉ်မှာကတည်းက သတ်ပုံမှားနေလို့ အပြစ်ပေးတဲ့အနေနဲ့…
မဖတ်တော့ဘူးဗျာ…။
ဟေးဟေး…။ ဘလက်ကြီးက သိတ်စိတ်ကြီးတာ…။
နောက်ဆောင်းပါး တစ်ပုဒ်က မေနဒီရဲ့ အချိန်ပိုင်း ချစ်သူ ရှာပေးမည်…တဲ့…။
ခေါင်းစဉ်လေးက စိတ်ဝင်စားစရာ အကောင်းသား…။
ကွယ်…ဘလက်ကြီးက အချိန်ပိုင်း ချစ်သူ မလိုချင်ပါဘူး…။
ကဲ…လာထား စာမျက်နှာ ၉…။
အင်…။
ကျွန်မတို့ အားလုံး သားအိမ်ခေါင်း ကင်ဆာ ကို ကာကွယ်ထားကြပါတယ်…ဆိုတဲ့
ဆေးကြော်ငြာထင်ပါရဲ့…။
ကောင်းတာပေါ့ဗျာ…။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို ထိရောက်တယ်ဆိုလား…။
စာမျက်နှာ-၁၀…။
သတင်း အတိုအထွာတွေနဲ့ 8 Days ပဟေဠိ (၈၇) တဲ့…။
စာမျက်နှာ-၁၁…။
VOICE OF ARTIST ဆိုပဲ…။
အရာအားလုံးက ဖြစ်နိုင်မယ့် လက်တစ်ကမ်းမှာပါ ဆိုပဲ…။
ကျော်ကျော်ဗို က ပြောတာဗျ…။
အောင်မယ်…နောက်တစ်ယောက်က ပြောတာလေးလည်း အမိုက်စားဗျ…။
ကျွန်မ တစ်ယောက်ယောက်ကို ချစ်နေသလားဆိုတာ အတိအကျ ပြောလို့မရဘူး ဆိုပဲ…။
ဆလီနာ ဂိုမက်(ဇ်) ဆိုပဲ…။
ကောင်းပါလေ့ဗျာ…။
စာမျက်နှာ-၁၂…။
Web Side Guide တဲ့…။ DVD Guide တဲ့…။
5 Movies ကလွှင့်မယ့် နိုင်ငံခြားကားလေးတွေ မိတ်ဆက်တဲ့…။
လာထား စာမျက်နှာ-၁၃…။
မေဝသန်ရဲ့ ကင်ကာဒါရှိုင်ယန် ရောဂါ (ဗြူတီ ဗိုင်းရပ်စ် အသစ်) ဆိုပဲ…။
အဲဒီ မိန်းမ…။
ကင်ကာဒါရှိုင်ယန် ဆိုတဲ့ မိန်းမ…။
စွဲဆောင်နိုင်စွမ်းမြင့်မားလွန်းတဲ့ မိန်းမ…။
ကုလားထိုင်ကို ခွပြီး ကြာမူပါပါကြည့်နေတဲ့ ဒင်း ဓါတ်ပုံကလည်းပါသေး…။
တင်ပါးကြီးတစ်လုံးလုံးကိုလည်း ဖေါ်ပြထားသေး…။
ဟေ့ရောင် ဘလက်…။
အဲဒါ အပုတ်ကောင်…ဟ…။ အပုတ်ကောင်…။
အင်း တရားရသွားပြီ…။
မပြောတော့ဘူး…။
အဲဒီတင်ပါးကြီးအကြောင်း…။
ဆောင်းပါး ကိုဖတ်ကြည့်လိုက်တော့ အင်း…။
သိချင်ဝယ်သာ ဖတ်ကြ…။
တင်ကြီးဆေး ထိုးတယ် ဆိုလား…။
ရှာရှာဖွေဖွေ တွေဗျာ…။
တင်သားကြီးတာကို အကြိုက်များလာကြတယ်ဆိုလား…။
တော်ပြီဗျာ…။
အညှီအဟောက်တွေ…။
လာထား စာမျက်နှာ ၁၄…။
လမင်းအိန္ဒြေ ဆိုတဲ့ ကလေးမလေး ရဲ့ ပေါင်တံတုတ်တုတ် ကြီးနဲ့
ဂါဝန် နဲ့ ကွယ်…။ အသာလုပ်ကြပါ…။
ဒီဘက်မှာကျတော့ ဂျီလတ်ရဲ့ တစ်နေ့တော့ ဆိုတဲ့ သီချင်း အကြောင်း…။
စာမျက်နှာ-၁၅…။
ယုသန္တာတင် လေး ခင်ဗျ…။
ဟေးဟေး…။
ဒီကလေးမလေး အခုတလော လှ လှ လာတယ်။
ဘလက်ကြီးတို့က လှသူတွေကို အားပေးဖို့ ဘယ်တုန်းကမှ
တွန့်ဆုတ်မနေခဲ့ပါဘူးဗျ…။
ယုသန္တာတင်လေး လှတယ်နော်…။ အားပေးဖို့ အဆင်သင့်…။
ဝတ်ထားတဲ့ အင်္ကျ ီကလည်း အလည်တဲ့တဲ့ က ဇစ် ကြီးနဲ့ဗျ…။
Sexy ဖြစ်တယ်ပေါ့ဗျာ…။ ဘာရှက်စရာလိုလဲ…။
ဒီဘက်က ဘယ်သူလဲ ဆက်ကြည့်တော့…။
ဉာဏ်လင်းအောင် တဲ့…။
ဒါမျိုးဆို…ဘလက်ကြီးတို့က စိတ်…မ…ဝင်…စား…။
ဟေးဟေး…။
စာမျက်နှာ-၁၆…+စာမျက်နှာ…၁၇…။
ဗိုက်ဖုံးအင်္ကျ ီ ကြီးနဲ့ ချောရတနာ အင်တာဗျူး ခင်ဗျ…။
ဒီနှစ် အကယ်ဒမီ ပိုင်ရှင်…။ ကဲ…သိချင် ဝယ်သာဖတ်ကြည့်ကြပါဗျာ…။
စာမျက်နှာ-၁၈…+စာမျက်နှာ-၁၉…။
နိုင်ငံခြား မင်းသားမင်းသမီး အဆိုတော်တွေရဲ့ သတင်းတွေ…။
ဝတ်မှုံရွှေရည်ကို ဒီလိုမေးကြတယ် ဆိုပဲ…။
သိချင် ဝယ်ဖတ်ဗျာ…။
စာမျက်နှာ ၂၀…။
မြန်မာ အနုပညာ သတင်းတွေ ခင်ဗျ…။
ကိုနေကိုတိုးကြီးက ဒါရိုက်တာ လုပ်ဖို့ အစီအစဉ်ရှိတယ် ဆိုလား…။
အကုန်သိချင်ရင်တော့ ဝယ်သာ ဖတ်ကြဗျာ…။
စာမျက်နှာ ၂၂…။
ရုပ်ရှင်အညွှန်းတဲ့…။
မာကြီးရှည် ဆိုလား…။ သိတ်ရိုင်းပြတဲ့ စကားလုံးကြီးနဲ့…။
အဓိပ္ပာယ် ၂ ခွ ထွက်တဲ့ စကားလုံးကြီးနဲ့ မြန်မာရုပ်ရှင်…။
ဒီဘက်က 5 Series မှာလာမယ့် တရုပ်ကား အညွှန်း…။
စာမျက်နှာ ၂၃…။
ဒါလည်း FM တွေနဲ့ အထွေထွေ အညွှန်းတွေ ခင်ဗျ…။
စာမျက်နှာ – ၂၄+၂၅…။
Behind The Scene တဲ့…။ ဒါလေးကလည်း စိတ်ဝင်စားစရာတော့ အကောင်းသားဗျ…။
မကြီးစိုး လည်းတွေ့ရဲ့…။ သဉ္ဇာဝင့်ကျော်လေးလည်း တွေ့ရဲ့…။
အဲဒါလေးနဲ့ တင် စိတ်ဝင်စားစရာကကောင်းနေပြီ…။ ဟေးဟေး…။
စာမျက်နှာ ၂၆…။
လမင်းကဗျာ ဆိုတဲ့ ကောင်မလေးပုံ…။
သူလည်း ပေါင်လုံးကြီးဖေါ်လို့ဗျ…။
အင်တာဗျူးလေးလည်း ပါရဲ့…။ သိချင်ဝယ်ဖတ်ဗျာ…။
ဒီဘက်က ဟန်ထွန်းရဲ့ ခေါင်းနဲ့ပန်း သီချင်း ကို စာသားနဲ့တကွ တွေ့ရရဲ့…။
သီချင်းတောင်းတဲ့ အစီအစဉ်ဆိုလား…။
စာမျက်နှာ ၂၇…။
ပရိသတ်ကြိုက်တဲ့ စာအုပ် တဲ့…။
ကြည်လင်အေး တင်ပြတာဗျ…။
ဒေါက်တာစိုးလွင်ရဲ့ ချစ်ရမ္မက်နွံနစ် ပန်းကလေးတစ်ပွင့် ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ စာအုပ်အညွှန်းဗျ…။
ဒီလို စာအုပ်အညွှန်းလေးတွေ ဖတ်ရတာတော့ ကျေးဇူးတင်မိပါတယ် ကိုကို ကြည်လင်အေး ခင်ဗျ…။
ဒီဘက်ကိုကြည့်လိုက်တော့ ဗေဒင် ခင်ဗျ…။
ပရိသတ်မျိုးစုံအတွက် စီစဉ်တင်ဆက်ရတဲ့ ဂျာနယ်ဆိုတော့ ဗေဒင် ဝါသနရှင်တွေအတွက်…
ရည်ရွယ်တယ် ထင်ပါရဲ့ဗျာ…။
စာမျက်နှာ ၂၈…။
စာမျက်နှာ ၂၉…။ ဖိုးကာ ပုံ တွေ့ပါတယ်…။
ဟုတ်ကဲ့…။ သိချင် ဝယ်ဖတ်ပေါ့ဗျာ…။
တေးရေး ကိုကိုမြင့်မိုးအောင်ကြီးပုံတွေ့ပါတယ်…။
ကိုမြင့်မိုးကြီးတွေ့ရင် ကိုငှက် နဲ့ ကိုကြွက်ကြီး သွားသွား သတိရမိတယ်ဗျ…။
ကိုငှက် က သူ့ကိုယ်စား ကိုမြင့်မိုးကို ကျွန်တော်တို့အတွက် ပေးသွားခဲ့တာများလား…။
ဟုတ်တယ်…။
အဲဒီလိုမျိုးပဲ ဖြစ်မှာပါ…။
အခုတော့ မြန်မာပြည်စတီရီယို လောကမှာ ကိုမြင့်မိုး တို့ အရှိန်အဝါ ကြီးနေပုံကို…
ကိုငှက် မြင်ရင် ဘာပြောမယ် မသိ…။
စကားလုံးမရှိတဲ့ ကောင်းကင် လို နောက်ထပ်တစ်ခွေများ ရေးခိုင်းပြီး ဆိုနေဦးမလား…။
ပြိုင်ပွဲဆိုတာ သူ့ရဲ့ ရည်ရွယ်ချက် ဦးတည်ချက် အမျိုးမျိုး ရှိပါတယ် ဆိုလား…။
သီချင်းဆိုပြိုင်ပွဲတွေ အကြောင်း ကိုမြင့်မိုး ပြောထားတာလေးတွေ သိချင် ဝယ်ဖတ်ကြည့်ကြဖို့ပါ…။
စာမျက်နှာ ၃၀…။
အိပ်မက်ဆုံရာ က နာမည်ကြီးလာတဲ့ ရဲသွေးနောင် ပုံတွေနဲ့ တင်ပြထားတဲ့
ပေါ့ပ် စာမျက်နှာပါဗျာ…။
စာမျက်နှာ ၃၁…။
စိုးပြည့်သဇင်လေးနဲ့ အင်တာဗျူးခင်ဗျ…။
စိုးပြည့်ကို ချစ်သူများ ဖတ်ကြစေသတည်းပေါ့…နော့်…။
Back Cover မှာတော့ အမ်မာသွန်မ်ဆန် ပုံနဲ့ အင်တာဗျူးခင်ဗျ…။
အင်း…ပျင်းလို့ ဝယ်ဖတ်လိုက်မိတဲ့ 8 Days ဂျာနယ်အကြောင်း ပျင်းလို့ပဲ ရေးမိသွားတာပါ…။
ခင်ဗျားတို့လည်း ပျင်းလို့ ဝင်ဖတ်မိသွားတယ်ပေါ့…။
ဟုတ်ကဲ့…။
နေ့စဉ်ရက်ဆက် အပူအပင်မဲ့စွာ ပျင်းနိုင်ကြပါစေဗျာ…။
မျိုးနဲ့ ရိုးနဲ့ ပျင်းကြောကြီးခဲ့ပြီး…
အခုတော့ ပြေးရင်းလွှားရင်း ပျင်းနေရတဲ့…
လူပျင်းကြီး ဘလက်…။

13 comments

  • alinsett ( Gazette )

    February 21, 2014 at 11:40 am

    လူပျင်းလေး သူရ
    အပျင်းပြေစရာတွေးတောစရာပိုစ့် ဖတ်ရပြီးဆိုပြီး ဝင် ဖတ်သွားပါတယ်လို့ ။
    အပျင်းလည်းပြေသွားပါရဲ့။
    ဒါမယ့် အပျင်းပြေဖို့ အပြေးအလွှား ဝင် ဖြေရတာဗျို့။

    တစ်မိနစ် လေးကျပ် နဲ့ အဝိုင်းလေး လည်နေခြင်းက အနောက်က ကျားလိုက် လာသလိုပဲ မို့ . . . .

    သိချင်တာလေးတွေပါနေလို့ ဝယ်ဖတ်ရဦးမယ်. . .

    🙂

  • kyeemite

    February 21, 2014 at 11:58 am

    ပျောက်ချက်သားကောင်းနေတဲ့ လူပျင်းကြီးဘလက်…
    ဟိုတနေ့က ဆုံချင်လို့ မတ်စိပို့တာတောင် အကြောင်းပြန်ရမှာ ပျင်းတယ်ထင်ရဲ့…အသံမကြားရ..
    မန္တလေးက ခင်ကြီးပေါက် နဲ့ လွဲသွားရှာပေါ့..လူဇိုး… 😛
    ခီများ ဓါတ်ပုံတွေပေးမယ်ဆိုလို့ စောင့်နေရင်း မနေနိုင်တာနဲ့ ကျုပ်ပို့စ်ကောက်တင်လိုက်ပြီ… 😀
    အဖြူရောင် သံယျောဇဉ်…Remembrance…
    – kyeemite
    http://myanmargazette.net/193782

  • မမချွိ

    February 21, 2014 at 12:01 pm

    မသိချင်တော့ဘူးးးးး
    ရှင်ကြီး အမြည်းပေးသလောက်နဲ့ မှန်းမိသွားပြီ။

    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 21, 2014 at 12:15 pm

    တောက်စ်!!!!!!!!!!!!
    . ကျုပ်အစ်ကိုကြီးကို
    . စပ်စပိုင်တာမဝတ်တဲ့ မွေးနေ့ရှင်ဓာတ်ပုံကြီး
    . မြင်စေဂျင်ဇမ်းဘါဘိဒေါ့

  • ဦးကျောက်ခဲ

    February 21, 2014 at 12:35 pm

    အဲဂလို စေတနာထားပြီးရေးပေးတာ အဝေးရောက် ကျောက်စ်တို့အတွက် ရှယ်ပဲ…
    ၆၀ဝကျပ်ပေးပြီး ဝယ်ဖတ်စရာမလိုတော့ဘူး… တန်သွားပြီ ကိုဂျီးဘလက်…
    ကပုပြောတဲ့ Paris Hilton အကြောင်းပြီးရင် Taylor Swift အကြောင်းလေး… အားဟိ
    😀

  • kai

    February 21, 2014 at 3:00 pm

    အော်စကာပွဲလာတော့မယ်..။ နေတဲ့နေရာနဲ့ သိပ်မဝေးတာမို့.. သွားချောင်းရိုက်ပြီး..” အော်စကာပွဲတက်တင်ကြီးရင်ကြီးများ”ဆိုခေါင်းစဉ်တပ်… ပုံတင်လိုက်ရရင်တော့လား..
    ပျင်းသူတွေ..ထခုန်ရမယ့်.. 9 days ဖြစ်သွားမယ်…

    နောက်တာပါ..
    မနက်ဖြန်တဘက်.. မိုင်း၁၀၀ဝလောက်ခရီးကားမောင်းရမယ်..။
    ပြန်လာရင်.. ဝါရှင်တန်သွားရဦးမယ်..
    သေဟဲ့.. မပျင်းနိုင်တဲ့ငါ..။ :buu:

    • TNA

      February 23, 2014 at 11:57 am

      အချေ့ဘက်မယ် မုန်တိုင်းဝင်နေဆိုဒဂျီးရဲ့။ လွတ်ကဲ့လား လေနဲ့ပါသွားအုံးမယ် :mrgreen:

  • TNA

    February 23, 2014 at 11:56 am

    ကောင်းပါလေ့ လူပျင်းလေး ဦးဘလက်ရေ။ ကျွန်မက ဦးဘလက်ထက်ပိုပျင်းလို့ ဂျာနယ်လေးကို နေ့တိုင်းတနေ့တစောင် ခုလိုပဲ လိုရင်းတိုရှင်းဝယ်တင်ပေးပါလားဟင်။ အကျဉ်းချုံးလေးပဲ သိချင်လို့။ အကျယ်ဖတ်ရတာပျင်းလို့ 😀 ( ဟီးဂယ်တော့ ဂျာနယ်ဖိုးသက်သာအောင်ပါ ) :mrgreen:

  • ရွှေတိုက်စိုး

    February 24, 2014 at 1:56 pm

    အော်အက်ဘလူးကြီး လက်ဖက်ရည် ချိုပေါ့ကျဖျော်နေရာကနေ.. အခု ဘက်စ်ကားပေါ်မှာ ဂျာနယ်လိုက်ရောင်းနေပြန်ပြီ…
    အင်းလုပ်ပေါ့ ရှင်ရယ် ရှင်ကြီးဘလက်ရယ်..
    ဒါနဲ. နှုတ်ခမ်းဒွေယားနေဒယ်ဆို…. ဒါဆို ကန်ဘောင် Prome လက်ဖက်ရည်သွားသောက်ရင်း အယားပြေလမ်းထိပ်က ဟိဟိဟိ လေးဆီသွားမယ်လေ…. ခစ်ခစ်

  • အာဂ

    February 25, 2014 at 4:40 pm

    ခပ်ပျင်းပျင်းရှိတာနဲ့ဖတ်ကြည့်လိုက်တာ မပျင်းရတော့ဘူး…..။

  • mgpoe zar

    February 26, 2014 at 1:44 am

    ယုစ်ကို ထိရင် လူပျင်းဘလက်စ် အား အခု မပျင်းဖက်နိုင်အောင်
    အပြုအပြင်း ဘီယာတိုက်ခိုင်းမည်။ ၈ ဒေလ်းမဖတ်နဲ့ ကောင်းဘူး
    အော်တိုမိုဘိုင်းဖတ်ပြီး ဂေါ်မလို အပျိုရိုင်းတွေအကြောင်း ရေးစမ်းပါဗျ။ :mrgreen:

  • Ma Ei

    February 26, 2014 at 10:47 am

    ဂျာနယ်လေးတွေဖတ်ဖို့ ဆိုတာလဲ
    စိတ်အေးလက်အေး အဲ့လိုလေး ပျင်းနေမှ
    ဖတ်ကောင်းတာဆိုတော့ အားကျလိုက်တာနော်…

  • black chaw

    March 2, 2014 at 4:24 pm

    alinsett ( Gazette ) ;
    အပြေးအလွှား အပြင်း ဝင် ဖြေသွားတယ်ဆိုလို့…
    အားနာစိတ်ဖြစ်မိရပါတယ် ညီလေးရေ…။
    အပြေးအလွှားဝင်ပေးသွားတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။

    Kyeemite ;
    အဖြူရောင် သံယောဇဉ် တဲ့လား ကိုမိုက်ရေ…။
    အဲဒီလိုမျိုးကြီးတွေ ရှိတယ်တဲ့လားဗျာ…။
    ပို့စ်ကို မဖတ်ရသေးပေမယ့် အကြောင်းအရာသိထားသူတစ်ယောက်အနေနဲ့
    ပြောရရင်…အနက်နုရောင် သံယောဇဉ် လို့ ခေါ်ချင်တာပါဗျာ…။
    အဲဒီလို အနက်နုရောင်လေးတွေက အနုပညာအားကောင်းရင် အဖြူရောင်ဖြစ်သွားတတ်တာမျိုးပါ…။
    တော်ရုံ အတွေ့အကြုံ တော်ရုံကျွမ်းကျင်မှုမျိုးနဲ့လည်း
    ဒီလိုကိစ္စမျိုးတွေကို ရေးသားရဲ ကြလိမ့်မယ် မဟုတ်ပါဘူး…။
    မရေးတတ်ရင် အနက်နုရောင်ကနေ အနက်စစ်စစ် ကြီးဖြစ်သွားတတ်ပါတယ်ဗျာ…။
    ဆိုတော့ အနုပညာ အားကောင်းပြီး သတ္တိလည်းကောင်းသော ကိုမိုက်ရယ်လို့…
    ကျွန်တော်က ပို့စ် ကို သွားမဖတ်သေးပဲ ဒီနေရာကနေပဲ ကွန်းမန့်ပေးခဲ့ပါရစေ ဗျာ…။
    အဲဒီလို အနုပညာ အားကောင်းလို့ အဖြူလိုလို ဘာလိုလို ဖြစ်သွားတဲ့ သီချင်းတစ်ပုဒ်ရှိတယ်ဗျ…။
    blockquote><ဒို့ ၂ ယောက် ခုထက်ပို စောတွေ့ကြရင် ပျော်ကြရမှာ
    မင်းရောငါရော ဆိုင်သူ ကိုယ်စီရှိပြီးသားဘဝမှာ
    တဲ့…။
    ဂျေမောင်မောင် ရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ ဆိုင်သူကိုယ်စီနဲ့မို့ သီချင်းပါဗျာ…။
    😀

    မမချွိ ;
    အမြည်း နဲ့ တင် ကျေနပ်သွားတယ် ဆိုပါတော့…။
    😀

    မိုက်ကယ်ဂျော်နီအောင်ပု ;
    ဟာဂျာ…ဟာဂျာ…ပြနဲ့ဂျာ…
    ကြည့်ရဲဝူး…။
    😀

    ဦးကျောက်ခဲ ;
    Taylor Swift ပြီးရင် ရော ကိုကို…။
    😀

    kai ;
    အော် သူကြီးရယ်…။
    မိုင် ၁၀၀ဝ လောက် ခရီးကို ကားမောင်းရမှာများ ညည်းနေသေးတယ်ဗျာ…။
    ဘလက်ချောကြီး က မြန်မာပြည်အနှန့် ကားမောင်းရင်း ပျင်းနေရတာပါဗျ…။
    ပို့စ်တင်ချင်လွန်းလို့ ရတဲ့အချိန်လေး ဂျာနယ်တစ်စောင်ဝယ်ပြီး
    ပို့စ်ရေးတင်လိုက်ရတာပါ…။
    အင်း…ကွန်းမန့်ရေးရင်းတောင် ပျင်းလာပြီဗျာ…။
    😀
    TNA ;
    စိတ်သာချ ကျောင်းအစ်မ…။
    လိုရင်းတိုရှင်း ကြိုက်ရင် လိုရင်းတိုရှင်း လေး လာမယ်ဗျာ…။
    😀

    ရွှေတိုက်စိုး ;
    အယားပြေ တော့ မလုပ်ပါနဲ့ ကိုကိုရယ်…။
    အဲဒီ နားက ရပ်ကွက်လူကြီးက ကိုမိုက်တဲ့ ဗျ…။
    ကလေးမလေးတွေက ဒင်းကြီးကို ဆက်ကြေးပေးနေရသေးသလား
    မသိ…။ အာဟီး…။
    😀

    အာဂ ;
    မပျင်းရရင် ပြီးရော…ပြီးရော…။
    မပျင်းဖို့က အဓိက…။
    😀

    mgpoe zar ;
    ဟယ် မောင်ပိုးဇာ ဆိုပါလားဟဲ့…။
    ဂေါ်မစွံ လူပျိုရိုင်းကြီး ရွာထဲရောက်နေတယ်ဟေ့…
    အပျိုတွေ ပြေးနိုင်မှ လွတ်မယ်ဟ…ဟေးဟေး…။
    😀

    Ma Ei ;
    အော်…မအိရယ်…။
    ဘလက်ချောကြီးဘဝက…
    စိတ်အေးလက်အေး ပျင်းနေနိုင်တဲ့ ဘဝမျိုးမဟုတ်ရပါဘူးဗျာ…။
    ပြေးရင်းလွှားရင်း လို့ ပြောထားသလို…
    တကယ်ပဲ ပြေးရင်းလွှားရင်း ပျင်းထားတဲ့ ပို့စ်လေးပါ…။
    ဝမ်းနည်းတယ် တိလား….။ အာဟင့်…။
    😀

Leave a Reply