နက်ဖြန် သို့မဟုတ် ဘယ်သောခါ…

johnnydeerFebruary 21, 20141min21210

ကျွန်းသစ်ကို ဗြင်း…
ကြက်ဆူခင်း လို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ….

လူကောင်း စတေး…
လူယုတ် မွေးလို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

မြစ်ကိုလဲ ရောင်း…
တောင်ကို ရောင်းလို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ပုဆိုးလှန်ပြ…
ဗိုက်လှန်ပြပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

တနပ်စာ ဖျောက်…
နွားနို့သောက်ပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ဟိုဟာကို တို့…
ဒီဟာ ရှို ့ ပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

လူကောင်းကို ထောင်…
လော်ဘီဆောင်ပြီး….
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ဒီလို တည်ဆောက်…
ဒီလို ဖောက်လို့…
ရောက်ပါ့မည်လား…
ဒို့ မြန်ပြည်…
မျှော်လေ ဝေးလေ…

ဒီမိုကရေစီ…

10 comments

  • မမချွိ

    February 21, 2014 at 3:17 pm

    ရွှေပြည်တော်ရယ် မျှော်လင့်ဆဲ ဝေးးးးးးး

    သီချင်းဆိုသွားတာနော်။
    😀

  • kyeemite

    February 21, 2014 at 3:23 pm

    အရှေ့ကနေဝန်းထွက်သည့်ပမာ……..

  • Novy

    February 21, 2014 at 4:29 pm

    ထမင်းတစ်နပ်ပဲစား
    ဖယောင်းတိုင်ထွန်းပြီ
    နို့သောက်နေတာတောင်
    ပါးရိုက်မယ်ပြောတာခံ
    ဗိုက်လှန်ပြတာခံပြီးတာတောင်
    ဝေးနေစဲလား ကရေစီ

  • alinsett ( Gazette )

    February 21, 2014 at 5:55 pm

    ကောင်းလိုက်တဲ့ ကဗျာလေး
    like များစွာ ဗျို့. . .

  • johnnydeer

    February 21, 2014 at 11:00 pm

    မတတ် တတတ်နဲ့ စမ်းရေးကြည့်တာပါဗျို့…ဟိုး…ဟိုး…သည်းခံ ဖတ်ရှုကြပါလော့…ဟော့…ဟော့…

  • kai

    February 22, 2014 at 12:20 am

    ကမ္ဘာတလွှား ပါတ်လာခဲ့သည်
    ဒီမိုကရေစီ..
    မြန်မာပြည်ရောက် ခြေခေါက်မှောက်
    :mrgreen:

  • Foreign Resident

    February 22, 2014 at 2:06 am

    ကောင်းလိုက်တဲ့ ကဗျာလေး ။

    ၁ ။ အဘ တို့လို လူအိုကြီးတွေ နားလည်မယ့် ကာရန်လေး နှင့် ။
    ၂ ။ လက်ရှိ အချိန် ထိ Updated ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အကုန်နီးပါး ပါတယ် ။
    ၃ ။ ဒီ ကဗျာဟာ အပြင် ဂျာနယ် ကိုတောင် ပို့လို့ရတယ် ။

  • မဟာရာဇာ အံစာတုံး

    February 22, 2014 at 9:26 am

    နက်ဖြန် သို့မဟုတ် ဘယ်သောခါ ..
    ဆိုတော့ကာ …
    သစ်ကုလားအုတ် ပေါ့ ခင်ဗျာ ..

  • johnnydeer

    February 22, 2014 at 1:56 pm

    ဟီး..ဟီး..စမ်းရေးကြည့်တာပါဗျာ…အဘရာ…ကောင်းတယ်လို့ ချီးကျုးတော့လဲ ကျေးဇူးပါပဲ…

    မနက်ဖြန် သို့မဟုတ် ဘယ်သောခါ ဆိုတော့လဲ မျှော်လင့်ချက်လေးတော့ ရှိသေးလို့ ဆိုးတော့ ဆိုးပါဘူးလေ လို့ပဲ စိတ်ဖြေနေရတာပါပဲ…ခြောက်မျက်နှာကြီးရေ…

  • လုံမလေးမွန်မွန်

    February 22, 2014 at 5:04 pm

    မနက်​ဖြန်​သည်​ မနက်​ဖြန်​တိုင်​းတွင်​ ရှိသည်​.. ကဗျာ​လေးကို အရမ်းကြိုက်​မိပါ​ကြောင်​း..

Leave a Reply