ကျောက်မျက်ရတနာ ဖွယ်ဖွယ်ရာရာ

ဇီဇီFebruary 26, 201418min60639

 

 အလက်ဆင်းရဲ့ ကျောက်မျက် ပို့(စ) တွေပါ။

( 1 ) THE POWER OF YOUR BIRTHSTONE (သဂျီး မဖတ်မိပါစေနဲ့)https://myanmargazette.net/191131

 

( 2 )  ကျောက်မျက်တန်ဖိုး တိုင်းတာချက်. . .4Cs https://myanmargazette.net/191115

( 3 ) သဘာဝတွင်းထွက် ကျောက်မျက်/အတုနဲ့အစစ် ခွဲခြားနည်း https://myanmargazette.net/190946

 

 

 

 

ကျနော် ဒီရွာကို ချစ်တာ တစ်ကြောင်းက ကျနော့ကို စာဖတ်.. သိချင်တာတွေ.. လိုက်ရှာစေတာပါပဲ။

အလက်ဆင်း ပို့(စ) တွေ ဖတ်ပြီး ကျောက်မျက်အကြောင်း ဖတ်ချင်စိတ် သိချင်စိတ် ပေါက်လာလို့ဗျာ။

နဂိုက အစိမ်းသက်သက်ကြီးရယ်။

ဝတ်ရစားရတာလည်း ဝါသနာမပါ။
လိုချင်သလောက်လည်း မဝယ်နိုင်။  :mrgreenn:

အဲဒါနဲ့ ဟိုလိုက်ရှာ ဒီလိုက်ဖတ် ဖတ်ဖြစ်တယ်ဆိုပါတော့။

အဲဒါလေးတွေ မရေးခင်တော့ အရင်ပွါးပါရစေနော့။ အကျင့်ကပါနေလို့။   :mrgreenn:

 

တကယ်ပါ။

အနော်တို့ နိုင်ငံလောက် ကျောက်မျက်အမျိုးအစား ပေါများတာ အနော်တို့ နိုင်ငံပဲ ရှိပါတယ်။ တွင်းထွက် ရတနာရှိတဲ့ ဒေသတွေ နေဖူးရင် ပိုသိမှာပေါ့။

အဲ! ခုတော့ ဘယ်ရောက်သွားပြီလည်း မမေးပါနဲ့။ မဖြေရဲပါဘူးးးး  :mrgreenn:

ဒီ အကြောင်းတွေပြောမှာ မဟုတ်ပဲ ကျက်သရေရှိတဲ့ ရတနာတွေ အကြောင်းပဲ ပြောရအောင် နော့။

ကျနော်ပြောမှာ အပေါ်ယံ ဖတ်ထားသလောက်နဲ့ အကြိုက်ပေါ် မူတည်ပြီးပြောမှာဖြစ်တဲ့ အတွက် ကျောက်မျက်သင်တန်းပြီးသူများ သိနားလည်သူများ

သည်းခံကြပါကုန်။ :mrgreenn:

မှားတာ၊ လွဲတာရှိရင်တော့ အားမနာတမ်းပြောသွားပါ။

 

ပတ္တမြား၊ စိန်၊ နီလာ၊ မြ စတဲ့ ရတနာတွေကတော့ တန်ဖိုး အရှိဆုံး ဆိုတဲ့ ရတနာတွေပေါ့ဗျာ။

အရည်ကောင်းရင် ကောင်းသလို ပြည်တန်တဲ့ ရတနာမျိုးတွေပေါ့။

အဲ ဒုတိယဆင့် တန်ဖိုးထားခံရတဲ့ ရတနာတွေကတော့ ကျောက်စိမ်း၊ ပြောင်ခေါင်းစိမ်း၊ ရွှေတွင်းဝါ၊ သုံးပန်လှ၊ ခရမ်းစွဲ စတာတွေပေါ့။

ဒီကစကြိုက်ပါပြီ။ တန်ဖိုးအားဖြင့် မပြောပဲ အလှအားဖြင့်ပြောရင် သူတို့ အလှကို အရမ်းးးးး ကြိုက်ပါတယ်။

ပြောင်ခေါင်းစိမ်းကြည်ကြည်စိမ်း နဲ့ ရွှေတွင်းဝါ အဝါကြည်ကြည်လေးတွေကို ဘယ်လို သဘောကျမှန်းမသိ။ သုံးပန်လှဆိုတာ နေရောင်မှာတစ်မျိုး၊ အရိပ်မှာ

တစ်မျိုး၊ မီးရောင်အောက်မှာ တစ်မျိုး ၃ မျိုးပြောင်းတတ်တဲ့ ရတနာပါ။ ခရမ်းဆွဲကတော့ ကြိုက်တဲ့ အရောင်ထဲ ခရမ်းရောင်ပါလို့ကို ကြိုက်တာပါ။

 

1
1

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

ကျနော့ အကြိုက်ဆုံး အဆင့်ကတော့ Stone လို့ခေါ်တဲ့ ကျောက်တုံး ဘဝကနေ တန်ဖိုးတစ်ဆင့်မြင့်ခံထားရတဲ့ ရတနာလေးတွေပါ။

(အဲလို ဆင်းရဲဇာတာပါတာ)   :mrgreenn:

အောက်က ပုံလေးကို ကြည့်ပါ။

2
2

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကြည့်ရတာကို ပသာဒဖြစ်တယ်ဟုတ်။

တစ်ချို့ကတော့ မွေးနေ့မွေးနံ နဲ့ကျောက်မျက်ကို ဆောင်ကြတယ်။

အောက်မှာ ပုံ ၂ ပုံရှာတွေ့လို့ ထည့်လိုက်တယ်။

3
3

 

4
4

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

နောက် သွေးပုံသွေးနည်းလေးတွေပါတွေ့လို့။

5
5

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“

အင်းးး နောက်ပြီး ရတနာထဲမှာ ကျက်သရေ အရှိဆုံး ပုလဲ။

ပုလဲနက်၊ ရွှေပုလဲ ငွေပုလဲ အကုန်ကြိုက်တာ။ အနက်တော့ အကြိုက်ဆုံးပဲ။

:mrgreenn:

kinds-of-pearls-chart
6

 

 

pearl-shapes500-228
7

 

 

types-of-pearls
8

 

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ။ ဒီမှာတင် ဇာတ်လမ်းက စတာရယ်။

အထက်ပါ ပုံတွေကြည့်ပြီးးး ကျနော် ဗမာလို အခေါ်အဝေါ်သိတဲ့ ကျောက်မျက်တွေကို အင်္ဂလိပ်လိုမသိဘူးးး။

ဒါနဲ့ ဝီကီလိုက်တော့ အင်္ဂလိပ်လိုထွက်လာပါရဲ့။ ဗမာလို မတွဲမိဘူးးး

အဲ့မှာတင်သံသရာလည်နေတာနဲ့ ပို့(စ) တင်ဖို့ကြာနေတာ။

 

ဒါနဲ့ တီချယ်နုကို အဲဒီ စာရင်းပို့…..

မိုးကုတ် အဖွဲ့ဝင်မို့ အဲဒီ အဖွဲ့ထဲကို စာရင်းပို့။

  ပို့လိုက်တဲ့ အချိန်မှာ ရလာတဲ့ အခေါ်အဝေါ်တွေကို ပြန်တိုက်ပြီးမှ ရေးထားတာပါ။

ကြည့်လိုက်ပါဦးးး

 

ကူညီတဲ့ အကိုကြီး Adamas Crystal    နဲ့ တီချယ်နု ကို ကျေးဇူးတင်ပါတယ်။

 

There are over 130 types of minerals that have been used as gemstones. These include:

1. Agate – သင်္ဘောမဟူရာ/ သလင်း (၊ကျောက်စိမ်းလောက အခေါ် မြစ်ဆုံ / လိပ်ကျောက်)

2. Alexandrite and other varieties of chrysoberyl – သုံးပန်လှ

3. Andalusite – မရှိ

4. Axinite – မရှိ

5. Benitoite – မရှိ

6. Aquamarine and other varieties of beryl – မိုးကုတ်အခေါ်သလင်းစိမ်း (သလင်းမဟုတ်) ရန်ကုန်မန်းလေး အခေါ် မြပြာ

beryl အုပ်စုတွင် အခြားနာမည်များ ရှိပါသေးတယ်

7. Bixbite – မရှိ နာမည်သုံးလိုက မြနီ ဟုသုံးရမလိုဖြစ် red beryl

8. Cassiterite – မရှိ

9. Chrysocolla – မရှိ

10. Chrysoprase – သလင်း

11. Clinohumite – မရှိ

12. Iolite – အညံ့နီလာ

13. Danburite – ရွှေတွင်းဝါ

14. Diamond – စိန်

15. Diopside – မိုးကုတ်မြ

16. Dioptase – မရှိ

17. Dumortierite – မရှိ

18. Emerald – မြ green beryl

19. Feldspar – မျောအုပ်စု

a) Amazonite – Feldsparအုပ်စု

b) Labradorite – Feldsparအုပ်စု

c) Moonstone – မျော

d) Sunstone – Feldsparအုပ်စု

20. Garnet – ဂေါ်မုတ် / ဥဒေါင် ( ဥဒေါင်းမဟုတ်ပါ)

a) Hessonite – ဥဒေါင်

21. Hambergite – မရှိ

22. Hematite – ရေသံ

23. Jade – jadeite and nephrite – ကျောက်စိမ်း

24. Jasper – သလင်း

25. Kornerupine – မရှိ

26. Kunzite – မရှိ

27. Lapis lazuli – ဒုတ္ထာ/ဝံသဝဏ်/မဲနယ်ကျောက်

28. Malachite – မရှိ/ မာလကိုက်၊ ပါလ ဒုတ္ထာ

29. Opal – ရွဲ ( မဟူရာမဟုတ်)

30. Peridot – ပြောင်ခေါင်းစိမ်း

31. Prehnite – မရှိ

32. Pyrite – ဗဟန်း/သံတိုက်ကျောက်

33. Quartz and its varieties – သလင်း (ခ) စလင်း

a) Agate – သင်္ဘောမဟူရာ/ သလင်း (၊ကျောက်စိမ်းလောက အခေါ် မြစ်ဆုံ / လိပ်ကျောက်)

b) Amethyst – ခရမ်းစွဲ

c) Aventurine – သလင်း(အစိမ်းရောင်လကြေးပါသောသလင်း)

d) Citrine – သလင်းဝါ

e) Chalcedony – သလင်း/ကျောက်ချဉ် ဖြူ

f) Onyx – မဟူရာ

g) Tiger’s-eye – ကြောင်မျက်ဆန် / ကျားမျက်လုံး (သလင်း) (သလင်းများစွာ ကျန်နေပါသေးတယ် )

34. Rhodocrosite – မရှိ

35. Ruby – ပတ္တမြား

36. Sapphire – နီလာ

37. Spinel – နတ်သွေး ဘဲရံ ( အညံ့)

38. Sugilite – မရှိ

39. Tanzanite and other varieties of zoisite – မရှိ (tanzanite နဲ့ zoisite မသက်ဆိုင်)

40. Topaz – ထတ္တရာ/ကျောက်ဆန်း (ဥဿဖရား)

41. Turquoise – ကျောက်စိမ်းပြာ

42. Tourmaline – ဖရဲအူ

43. Variscite – မရှိ

44. Vesuvianite – မရှိ

45. Zeolite (Thomsonite) – မရှိ

46. Zircon – ဂေါ်မိတ်

မရှိဆိုသည်မှာ မြန်မာနာမည် မရှိကို ဆိုလိုသည်…. အခြားကျောက်မျက်များစွာ ကျန်နေပါသေးတယ်….

 ~~~~~~~~~~~~~~~~

ကျွမ်းကျင်ပညာရှင်တွေဘာပြောမတုန်းတော့မသိ။

သိသလောက် ကြိုက်သလောက် ပြောပြတာ။

အတွင်းကျကျတော့ တတ်သိနားလည်သူများဆီမှာ နှိုက်ပါ (အဲ) နှိုက်နှိုက်ချွတ်ချွတ်မေးပါလော့။

:mrgreen:

 ~~~~~~~~~~~~~~~~~~~~`

ဒါတွေပြီးတော့ ကိုယ့်ဝါသနာအရ အစားဘက်နွယ်ပြီးရှာတွေလိုက်တာ။

 

  Gem Corn တဲ့။ ချစ်လိုက်တာဗျာ။ အပြင်မှာတော့မမြင်ဖူးသေးဘူးးး

အပြင်မှာမြင်ရင် စားရက်ပါ့မလားတောင်မသိ။  :mrgreenn:

 

 

 UGdd23z

39 comments

  • ဦးကျောက်ခဲ

    February 26, 2014 at 9:32 am

    အွီ… ဝင်လျှာရှည်ပါရစေကွီ…
    တွင်းထွက် ကျောက်မျက်ကျောက်မျက်ရတနာကို…
    – မာဆင့် (Hardness)
    – သန့်စင်မှု (Purity)
    – အက်ရာ (Cleavage)
    – တောက်ပမှု (Luster)
    – ရှားပါးဆင့် (Rarity) တွေနဲ့ အဆင့်သက်မှတ်ပါတယ်…
    ( 3 – C ; Clarity, Color, Cutting ဆိုတာလည်း ရှိပါသေးတယ်)
    ဘူမိလောကမှာတော့ “ပုယင်း” နဲ့ “ပုလဲ” ကို စံမမှီလို့ ရတနာစာရင်း မသွင်းပါဘူး ။
    မြန်မာနိုင်ငံမှာ စိန် မထွက်သလို …
    ရှေးဟောင်း စိန် (အိန္ဒိယ စိန်) တွေကိုလည်း အညံ့စားလို့ သတ်မှတ်ပါကြောင်း… ။
    နောက်ပြီး စိန် က အရောင်တောက်ပြီး အရွယ်ကြီးလေ …
    ဝတ်ဆင်သူကို ကြမ္မာဆိုးတွေပေးလေဆိုတာ သတိချပ်သင့်ပါဂျောင်း… ။
    😀

    • မမချွိ

      February 26, 2014 at 9:36 am

      အဲဒါတွေ ချစ်ရတာ။
      :chit:
      ဒီ ပို့(စ) ကို အရင်ကတည်းက ပြချင်တာ.
      မင်ဂါဆောင် အလုပ်များချိန်နဲ့မို့ ဒုက္ခမပေးတော့တာ။ :mrgreenn:

      သိသလောက်လေး ဆက်မျှပါဦးးး
      ကျေးဇူးတင်ပါတယ်။
      🙂

    • Hnin Hnin

      March 3, 2014 at 3:04 pm

      ဘာမှမဟုတ်ဘူး..ဟိုမှန်ပုံးထဲက ဖျပ်ဖျပ်လက်၊အလုံးကြီးကြီး စိန်လက်စွပ် မဝယ်ပေးချင်လို့ ကြိုကန်ထားတာ ချွိချွိ 🙂

  • Mr. MarGa

    February 26, 2014 at 10:00 am

    ပုံ ၁ နဲ့ ပုံ ၂ က ruby ချင်း ဘာကွာလဲဟင် သွေးပြီးတာနဲ့ မသွေးရသေးတာ ကွာတာလား
    ပီးလော့ မဟူရာ ကို ဘယ်အစားထဲမှာ ထည့်ထားလဲ
    မြန်မာက ထွက်တဲ့ ပုလဲက ဘယ်အမျိုးအစားထဲမှာ ပါသလဲ ဟင်…
    ဂျီးဒေါ် ဂလို ရေးတာတွေ့တော့ ကျနော်လည်း တာဝတိံသာ research center ကို အလုပ်ပေးချင်လာမိတယ်….
    ဘာဖြစ်ဦးမယ်တော့ မသိ…. :mrgreenn:

    • ဦးကျောက်ခဲ

      February 26, 2014 at 10:21 am

      ၁ – ပုံက သွေးပြီးသား လုံးချောပါ…
      ၂ – ပုံက မသွေးရသေးတဲ့ အညံ့ပန်း Spinel လို့ ခေါ်ပါတယ်…
      မဟူရာက Cleavage မရှိတဲ့ Oxided Silica (Chalcedony) အုပ်စုဝင်ပါ…
      အနက်ရောင်တင်မဟုတ်… အရောင်မျိုးစုံရှိပါတယ်…
      မြန်မာနိုင်ငံက ပထမတန်းစားပုလဲ မထွက်ပါဘူးကွယ်…
      မုတ်ကောင်တွေအတွက် ပင်လယ်ရေအပူချိန် ကွက်တိမရှိလို့ပါ…
      အဲသည့်တော့ မုတ်ကောင်တွေလည်း ပါးစပ်ထဲရောက်ရော… အရသာရှိပါဘိ.. ဟိ
      😀

      • Mr. MarGa

        February 26, 2014 at 11:18 am

        မုတ်ကောင်တွေအတွက် ပင်လယ်ရေအပူချိန် ကွက်တိမရှိလို့ ဆိုတော့
        ပင်လယ်ရေအပူချိန်က ဘဇာကြောင့် ကပြောင်းကပြန် ဖြစ်နေသတုံးး….. (ဟင်းပွဲထဲ ထည့်တာကိုတော့ သဘောတူအိ)
        ၂ ပုံကို သွေးလိုက်ရင် ၁ ပုံ ဖြစ်သလားဟင် 😛 😛
        ဂျီးဒေါ် ဘယ်နားမှာလဲ မမြင်လို့

        • မမချွိ

          February 26, 2014 at 11:20 am

          33.f

    • မမချွိ

      February 26, 2014 at 11:14 am

      လစ်(စ) ထဲမှာ မဟူရာ ပါပါတယ်။

      ပုလဲကတော့ ကိုယ့်လို လူပြိန်း နားလည်တာကတော့ ရတနာထဲပါတာပဲ။

      အပေါ်က ဘူမိကလူဂျီးကိုမေးလေ။

      😀

  • Ma Ei

    February 26, 2014 at 10:27 am

    1,2,3,4,5,6,7,8….
    လှလိုက်တာ…
    ချစ်စရာလေးတွေ…
    ဟိုဟာလေး လိုချင်သလိုလို…
    ဒီဟာလေးက ပိုလှ ဝေခွဲမရ
    9….WOW….
    သူအလှဆုံးဘဲ…
    🙂

    • မမချွိ

      February 26, 2014 at 11:17 am

      ဟယ်။
      ဝါးရေ။ အလှဆုံးပဲတဲ့။
      မွအိ နဲ့ အနော် နဲ့ အကြိုက်တူတယ်။
      ၉ ကို အကြိုက်ဆုံးးး

      :mrgreenn:

  • Wow

    February 26, 2014 at 10:43 am

    ပျောင်းဖူးလိုချင်တယ်…. အောင်သိန်းလင်းလိုလက်က မကိုင်ဝူး လဗင်းမှာဆွဲထားမယ်…. :mrgreen:

    ဒမာကျိအူး…
    သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီး အစိတ်စိတ် အမွှာမွှာကွဲ
    25.02.2014
    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တွေ့ရှိထားတဲ့ တန်ချိန် ၃ရ တန် ရှိတယ်လို့ သတင်းဖြစ်ပေါ်နေတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ယူဖို့ မလိုက်တဲ့အချိန်မှာ ကွဲအက်သွားပြီး တန်ဖိုးမရှိတဲ့ ကျောက်တုံးကြီးဖြစ်နေကြောင်း တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

    လောလောဆယ်မှာတော့ ကွဲအက်သွားတဲ့ ကျောက်တုံးအပိုင်းအစတွေကို လုံးခင်းမြို့က ကျောက်စိမ်းရုံးမှာ ပြသထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

    • မမချွိ

      February 26, 2014 at 11:19 am

      “ဒါဒွေဟာ မျက်လှည့်
      ထင်နေရင် မျက်လှည့်”

      ဝိုင်းစု သီချင်း ဆိုပြတာ။
      တို့ တွေက ကဘာ့ အတော်ဆုံး မျက်လှည့်ဆရာတွေရထားတာပါ။
      အားမငယ်နဲ့၊
      😀

  • alinsett ( Gazette )

    February 26, 2014 at 5:27 pm

    ကျောက်မျက် အကြောင်းက ပြောစရာတွေ မကုန်နိုင်အောင်ပါပဲ
    မေးမယ်ဆိုလည်း မေးစရာတွေ မကုန်နိုင်
    ရေးစရာတွေလည်း မကုန်နိုင်

    သိသူက သိထားသလောက် မျှဝေတင်ပြလေလေ
    မသိသူတွေ သိချင်သူတွေ အကျိုးရှိလေပါပဲ။

    🙂

    • မမချွိ

      February 26, 2014 at 5:28 pm

      တော်ကြာ မျှတာတွေက မှားနေမှာ
      သိပြီးသားဖြစ်မှာတော့
      စိုးရိမ်သားးးး

      🙂

  • alinsett ( Gazette )

    February 26, 2014 at 5:35 pm

    မပြောလို့ မမှားတာထက်
    ပြောလို့မှားတာ ပိုကောင်းအိ
    အဘယ်ကြောင့်ဆိုသော်
    မပြော မမှား သင်ခန်းစာ မရ
    ပြော မှား သင်ခန်းစာရ

    🙂

  • Ma Ma

    February 26, 2014 at 5:39 pm

    ကောင်းလိုက်တဲ့ပိုစ့်။ 🙂

    ရတနာပစ္စည်းတွေကို ရေးပြထားတာ ရတနာတန်းဝင်တန်ဖိုးထားလောက်ပါပေတယ်။

    ပုလဲမှာ အရောင်တွေ ပြထားတာ တန်ဖိုးအနိမ့်အမြင့် အစဉ်လိုက်လားဆိုတာတော့ သိချင်သား။

    Gem corn ကလည်း မစားရက်စရာ ကောင်းအောင်ကို လှပနေတယ်။
    ဒါပေမယ့် တွေ့ခဲ့ရင်တော့ စားမိလိုက်မှပဲ။ 😀

    • မမချွိ

      February 26, 2014 at 6:00 pm

      ဟုတ်တယ်နော်။
      ရတနာ ပြောင်းလေး ဝါးစားရတာ နည်း မှတ်လို့။

      😀

  • TNA

    February 26, 2014 at 6:20 pm

    ကျောက်ကတော့ စိတ်မဝင်စားလို့ ဗဟုသုတအနေနဲ့ဖတ်သွားပါတယ်။ အောက်ဆုံးကပြောင်းဖူးကိုတော့ စားဖူးချင်သား။

    • မမချွိ

      February 26, 2014 at 6:26 pm

      အာ့ဆို
      ချွေးမွလေးက ရတနာတွေ ဝတ်မယ်။
      ယောက်ခမွကို ပြောင်းဖူးပဲ ကျွေးမယ်နော်

      :mrgreen:

  • နီလာကိုကြိုက်တယ်။လောလောဆယ်တော့ကျောက်စိမ်းပဲဆောင်ဖြစ်တယ်။
    စိန်နဲ့နီလာတွဲထားတဲ့လော့ကတ်လေးတစ်လုံးလောက်လိုချင်တယ်။

    • မမချွိ

      February 27, 2014 at 8:06 am

      ပတ္တမြားထက် နီလာကို ပိုကြိုက်တယ်။
      ထူးထူးဆန်းဆန်း အနီအရမ်းကြိုက်တဲ့သူက အပြာရောင်ကျောက်တွေကို ပိုကြိုက်နေတာတော့။

      🙂

  • ဘဆွေ

    February 27, 2014 at 12:01 am

    ယောက်ျားတန်မဲ့ မရှက်တန်းပြောရရင် အဲဒါတွေကို အရမ်း သဘောကျ ပါတယ်..
    မြကတော့ BIRTH STONE ဖြစ်သလို အစိမ်းရောင်ကိုပါကြိုက်နှစ်သက်တဲ့အတွက် ဖေးဘရိတ်ပါ..
    ခရမ်းစွဲ ကိုလည်းကြိုက်တဲ့ ထဲမှာ ဒုတိယပေါ့…နီလာမိသားစုဝင်LIGHT BLUE ကိုလည်းသဘောကျတယ်..
    ဒါပေမယ့် စိန်နဲ့ နီလာက နံမည်တစ်ခုနဲ့ ရောင်ကွဲ နီလာဖြူ ပြာ ဝါစိမ်း ရောင်စုံရှိပြီး စိန်မှာလည်း ဒိလိုပဲ ရောင်စုံ တွေနဲ့ မျက်နှာများ ပရိယာယ် များလို့ သောက်မြင် ကပ်ပါတယ်
    ဘာကျောက်ဖြစ်ဖြစ် သဘောကျ လို့ ရောက်ရာနေရာတိုင်းမှာ ပြည်တွင်းပြည်ပ ကောက်မိပြီး အမှတ်တရ သိမ်းတတ်ပါတယ်..
    အိမ်မှာဆို မြန်မာပြည် အနှံ့က ကျောက်တွေ နိုင် ငံတစ်ကာ ရောက်ဘူးသမျှ က ကျောက်တွေ (လမ်းဘေးကျောက်) စုထားတာ အများကြီးရယ်..အမေ့ဆီက ရတဲ့ အကျင့် အမွေပါ..

    • မမချွိ

      February 27, 2014 at 8:09 am

      ဟယ်။
      တကယ်?
      သများ က ခုမှ စ စု မလား လို့ စဉ်းစားနေတာ။ :mrgreenn:
      ဒီမှာလေ အဲ ဒီ ဒုတိယတန်း ကျောက် လောက်နဲ့ လုပ်ထားတဲ့ ဖန်စီဆိုတာတွေက အရန်း ဈေးကြီးတာပဲ။
      ဒီတစ်ခေါက်ပြန်မှ ဂျမ် စတုန်းတွေ စုထားပြီး ဖန်စီပုံ လုပ်ဝတ်မယ်။
      ရောင်စုံပဲ။
      ဘဆွေ အစဉ်ပြေရင် ဓာတ်ပုံလေးတွေ တင်ပေးပါ။
      ကြည့်ချင်လို့။

      🙂

    • မမချွိ

      February 27, 2014 at 11:14 am

      ကြောက်တော့
      မကြောက်ပါရစေနဲ့ ပေါက်ပေါက်ရယ်။

      😀

  • မင်း ခန့် ကျော်

    February 27, 2014 at 11:45 am

    မြန်မာ့ ကျောက်လောက ကြီးလည်း တိုးတတ်လာစေပါတယ်။

    အရိုင်းပို့ကုန်မှ အချောထည်ပို့ကုန်ဖြစ်ဖို့ နည်းပညာနဲ့ ဥပဒေတွေလဲလိုပါ၏။

    ဘာပဲဖြစ်ဖြစ် သွားရည် ကျမိသွားကြောင်းပါ ။

    • မမချွိ

      February 27, 2014 at 12:01 pm

      နိုင်ငံတကာကို စံမှီတဲ့ အချိန် ကျောက်တွေ မရှိတော့မှာပဲ ကြောက်ရတယ်။

      ခုတောင် နိုင်ငံခြားကို ပို့စရာ လူပဲကျန်လို့ လူပဲ ပို့နေရပြီ။

      :hint:

  • Crystalline

    February 27, 2014 at 11:53 am

    ရတနာထဲတော့ စိန်နဲ့ ပုလဲ ( အူးကျောက်ပြောတော့ ရတနာဟုတ်ဖူးတဲ့ ) ကြိုက်တယ်… စိတ်ထဲ အဲဒါလေးတွေကို မိန်းမဆန်တယ်ထင်လို့… ဒါပေမယ့် အမွေရထားတာတွေလည်းကြိုက်ကြိုက် မကြိုက်ကြိုက်ဝတ်တယ်.. ဒီဇိုင်း..ရတနာအစွဲမရှိဘဲ.. ဒီဇိုင်းလှရင်အကုန်ဝတ်တယ်… ကေဇီလက်ဆောင်ပေးမယ်ဆိုလည်း ဘာကျောက်ဖြစ်ဖြစ်ယူမယ်.. အောက်ကပြောင်းဖူးလေးလည်းစားချင်တယ်.. :mrgreenn:

    • မမချွိ

      February 27, 2014 at 12:16 pm

      အကြံတူဖြစ်နေပြီ။
      ကျောက်ဆို လက်ဆောင်ရရင် ယူတယ်။
      ကွကိုယ် မဝယ်ဘူးးး
      နားမှ မလည်တာကို။
      ဟိဟိ :mrgreenn:

  • kyeemite

    February 27, 2014 at 11:54 am

    ရတနာစိန်ကျောက်တော့ မချိပါဘု
    သားသမီး ရတာနာ..အဲလေ..ရတနာတော့ချိတယ် 😀
    အန်တီချွိ ပျောင်းဖူးတွေ့လို့ ဂူဂဲမှာ Gem corn ဆိုပီးရိုက်လိုက်တာ…အားပါးပါး…အရမ်းလှတဲ့ ပြောင်းဖူးတွေပဲ …ဂွတ် 😛

    • မမချွိ

      February 27, 2014 at 12:19 pm

      ဟုတ်တယ်နော်။
      စားချင်စရာ။

      😀

      • kyeemite

        February 27, 2014 at 3:27 pm

        အော်..မေ့လို့ …မေ့လို့ နာမည်မှာတော့ “စိန်” တစ်လုံး(သရက်သီးမဟုတ်)ချိသားဟ 😀

  • myat pearl phyu

    February 27, 2014 at 1:53 pm

    ဇူလိုင်မွေးရင် ရှုဘီ ဆောင်ကြတာလား… နေ နဲ့ လ ၊ ရွှေ နဲ့ မြ လို့ လိုက်ဖက်မှုကို တင်စားကြသလို
    စိန် နဲ့ မြ လည်း ခေါ် ကြ တယ်နော်.. (အဲ့ဒါ မွှေ့ယာဆိုင် နာမည် ) 😛
    သာမီးကတော့ စိန် ၊ ရွှေ ၊ ငွေ ၊ ပုလဲ ကြိုက်ဒယ်…
    ပြောင်းဖူးလေးက လှလိုက်ဒါ… သိမ်းထားချင်စရာလေး…

    • မမချွိ

      February 27, 2014 at 2:40 pm

      ဟယ်။
      စိန် ရွှေ ငွေ ပုလဲ ကြိုက်တယ် တဲ့။
      အာ့ကြောင့် နာမည်မှာ ပုလဲ ပါတောင် မှည့်ထားတာလားဟင်?

      🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 27, 2014 at 4:38 pm

    ရတနာစိန်ကျောက်တွေရဲ့
    အကောင်းဆုံး နှစ်သက်စရာလုပ်ဆောင်ပေးနိုင်တဲ့
    ကျုပ်အကြိုက်ဆုံးအကြောင်းတစ်ခုကတော့
    အပေါင်ဆိုင်မှာ မျက်နှာဘန်းလှဂျင်းဘဲ
    ပုံ
    မိုက်ကယ်ဂျော်နီအောင်ပု
    ကျောက်မျက်ကြွမ်းကျင်ပညာရှင်ကြီး ( ကိန်ကိန် )

    • မမချွိ

      February 27, 2014 at 7:52 pm

      ဘပုလာရင်မှတ်သားစရာတွေပြောလွန်းလို့။
      ဘာရယ်။
      အပေါင်ဆိုင်က ဈေးကောင်းပေးတယ် ဟုတ်လားး

      :mrgreenn:

  • ကျော်စွာခေါင်

    February 28, 2014 at 3:20 am

    မမချွိကေ
    ကျောက်တွေကို လှတာတော့ သိတယ် ..နားမလည်ဘူး
    ပတ္တမြားတော့ စိတ်ထဲမှာ ကြိုက်နှစ်သက်သလိုဘဲ..။
    ဗဟုသုတ ရစေတဲ့ အလင်းဆက်နဲ ့ ချွိကို ကျေးဇူးပါ..
    စကားမစပ်..
    ဘာဖြစ်လို ့ မမချွိဖြစ်သွားတာလဲ… ဟင်..
    ခုချွိ…ခုချွိ

    • မမချွိ

      February 28, 2014 at 7:56 am

      ဒီ မှာလေ။
      အနော့မောင်လေး လွမ်းလို့ စီတဲ့စာ။
      သူပေးတဲ့ နာမည်မို့ ။

      http://myanmargazette.net/193474
      လွမ်းတော်မူလို့ စာကိုစီဒယ်… -၁ မမချွိ
      by အဘရဟူဒီ

      😀

Leave a Reply