ခေတ်အမှားကြီးထဲက သားတစ်ယောက်ပါ မေမေ. . .

alinsettFebruary 24, 20144min25119
ခေတ်အမှားကြီးထဲက... သားတစ်ယောက်ပါမေမေ...
ခေတ်အမှားကြီးထဲက…
သားတစ်ယောက်ပါမေမေ…

 

 

မေမေရေ. . .

ကဗျာဆိုတဲ့ သွေးတွေ . . .

သားရင်ဘက်ထဲ စီးဆင်းဖို့. . .

ဘယ်လို ညမျိုးမှာ သားကို မွေးခဲ့ရသလဲ. . .

ဖိနပ်ပါးပါးတစ်ရံကို အကြာကြီးစီးရပြီး

အယူအဆထူထူတွေကို ဝတ်ဆင်လို ့. . .

ဆူးခင်းတဲ့လမ်းကိုမှ လျှောက်ချင်သူ. . .

သားဟာ. . . .

ကဗျာဆန်သောလူတဲ့လား. . .

တကယ်တော့. . .

ခါးလှတဲ့သစ်တစ်ရွက်ပါမေမေ

မေမေရေ. . .

ရာဇဝင်တွင်အောင် ရက်ရောတဲ့

သားအတွက် ကံဆိုးမိုးမှောင်တွေ ရွာချ..

ကဗျာဆိုပြီး နူးညံ့သိမ်မွေ့ပြရတဲ့ညတွေ

တကယ်တော့. . .

ရူးလောက်အောင် မာကျောကြမ်းရှ. . .

သားရဲ့အမှန်တရားတချို့တောင် . . .

သားကို ဟားတိုက် လမ်းခွဲကြတဲ့ညတွေပါ

မေမေရေ. . . .

စည်းပျက်ကမ်းပျက်မြေပေါ်မှာ. . .

စည်းလွတ်ဝါးလွတ် မကချင်လို့ပါ. . .

သားကိုလှောင်တဲ့ရယ်သံတွေကို . . .

သံစဉ်လုပ်ပြီး သရုပ်ဆောင်. . .

ကဗျာသမားရဲ့ ဘဝ . . .မှောင်တယ်မေမေ

မေမေရေ. . . .

အရိုးအရင်းသာ…ကိုက်ဖို့ကျန်တော့တဲ့

ဟောဒီစားကျက်မြေကြီးပေါ်. . .

ဆာလောင်မှုဖြေ စားသောက်ယူဖို့တောင်

သားရဲ့ လက်တွေ မအားဘူး. . .

ညည်းညူနာကျင်ခြင်းသာ. . .

သားအတွက် အဆာပြေဆေးလားမေမေ

မေမေရေ. . . .

သူတပါးအတွက် ပြုံးပြရင်း. . .

ကိုယ့်မျက်ရည် သူတို့မမြင်အောင်

ခေါင်းငုံ ့ချရတဲ့အဖြစ်မျိုး. . .

သား မုန်းတယ်မေမေ. . .

မေမေ့သား ကဗျာသမား. . .

တားဆီးမရ မှားနေတဲ့ ခေတ်အမှားကြီးထဲ

တဟဲဟဲ ရယ်နေပေမယ့်

ပျော်နေတယ် မထင်နဲ့မေမေ . . .

ဒဏ်ရာတွေ ရေတွက်မရလောက်အောင်များခဲ့လို့

စိတ်ပျက်လက်ပျက် ရယ်မောပစ်ခဲ့ရတာလေ

မေမေရေ. . . .

သူတို့ သူတို့ နိုင်ငံတွေထဲမှာ

ကဗျာဆရာဆိုတဲ့ကြယ်တွေ . . .

ဒီမှာထက်ပိုပိုသာသာ လင်းကြသတဲ့. . .

သား အဲဒီနေရာမှာ ကြယ်မဖြစ်ချင်ဘူးမေမေ

ဒီမြေ ဒီရေ. . .ဒီလေနဲ့ ဒီအရှုပ်အပွေတွေကြားမှာပဲ. . .

ဒီက ကြယ်တွေ လင်းစေချင်တယ်. . .

မေမေရယ်. . . .

ကဗျာသွေး ကဗျာမာန် ခပ်ထန်ထန်နဲ့. . .

ထည်ထည်ဝါဝါ တည်ဆောက်ပြလိုက်ချင်တယ်

အခုလို ညစ်နွမ်းနွမ်းဒီမိုကရေစီဆိုတာကြီး

ပြီးသွားဖို့ သင့် . . .

သစ်လွင်တောက်ပလာစေချင်ပြီလေ. . .

မေမေရယ်. . .

ကဗျာလက်နက် တအားမထက်တဲ့အဖြစ်နဲ့

ခပ်ရစ်ရစ် ကဗျာတွေ ဖောက်ခွဲ ထုတ်ပစ်ရုံကလွဲလို့

အခု . . . .

ဘာမှ မတတ်နိုင်ဘူး။

ရူးလိုက်ချင်တယ်မေမေရယ်. . .

မေမေရေ. . . .

သားချစ်မြတ်တွယ်တာမိတာတွေက. . .

အမှန်အမှား ခွဲခြားတတ်တဲ့ဉာဏ်ပညာ.. .

ရိုးသားခြင်းရယ်. . .ကဗျာရယ် . . .

ပြီးတော့ မေမေရယ်. . .

သားမုန်းတီးနာကြည်းမိတာတွေကတော့…

သမ္မတအတုရယ်. . .

မသင်္ကာဖွယ်ရာ လွတ်မြောက်မှုတွေရယ်. . .

ကျောင်းသားတွေကို ထိမှန်ခဲ့တဲ့ကျည်ဆံတွေရယ်. . .

ပြီးတော့. . . ခဏတာအဆင်ပြေလိုမှုနဲ့ ရေရှည်ကို ရောင်းစားခြင်းတွေရယ်ပေါ့. . .

ဒီလိုပါပဲမေမေရယ်. . .

သားဖြစ်ချင်တဲ့ဖြစ်သင့်တာတွေက မဖြစ်ခဲ့ဘူး…တဲ့…

ရူးမယ်ဆိုလည်း ရူးလောက်တယ် . . .

မေမေရေ. . . .

မေတ္တာတရားကို ကိုယ်စားပြုပြီး. . .

ကျယ်ကျယ်ဝန်းဝန်းအော်ဟစ်ပြချင်ပေမယ့်..

သားရဲ့ စကားတွေဆွံ့အ. . .

ခပ်ညံ့ညံ့ စကားလုံးလေးတောင် ထွက်ပြမရဘူး ။

ဘယ်ရမလဲ. . . .

ဒါက. . .

ဆွံ ့အစွာ နေပြရသူတို့ရဲ့တိုင်းပြည်လေ

အလင်းဆက် ( Gazette )

22 / 2 / 2014

 

 

0101

 

 

 

 

19 comments

  • Mr. MarGa

    February 24, 2014 at 11:43 am

    ဆွံ့အ စွာ အနေကြာတော့
    ဖွင့်ဟ ကာ ပြောကျင့်မရှိ
    လှစ်ဟ ကာ ပြချင်သော်ငြား
    ခေတ်က အဲ့လောက်မရ။
    ပစ်ချ ကာ နေရုံသာရှိ….

    ကျလိ ကျလိ

    • alinsett ( Gazette )

      February 24, 2014 at 5:53 pm

      အဲဒီ ပစ်ချလိုက်ရသမျှထဲမှာ
      ချစ်လှစွာသော ငါတို့မျှော်လင့်ချက်တွေ
      ငါတို့အိပ်မက်တွေနဲ့ ငါတို့အနာဂတ်တချို့. . . ပါ ပါသွားလေရဲ့

      သူတို့ခေတ်ကိုးးးဆိုပြီး ကိုယ့်အချစ်နဲ့ကိုယ် နစ့်မဲနစ်နေရတာ
      ကြာတော့လည်းးးးးး
      မွန်းတယ်

  • မမချွိ

    February 24, 2014 at 11:58 am

    ခေတ် က မမှားပါဘူးးးး

    မှားနေတဲ့သူတွေက ဟိုးမှာ………………….။

    မြင်ရလားးးး??
    အထက်မှာသိပ်မြင့်လွန်းလို့ မမြင်ရဘူးဟုတ်? :mrgreenn:
    မကြာပါဘူး။
    ဟိုးးး အောက် အနိမ့်ဆုံးကို သူတို့ရောက်တော့မှာပါ။
    အဲဒီအချိန်လည်း မြင်ရမှာမဟုတ်ပါဘူးးး :mrgreenn:

    • alinsett ( Gazette )

      February 24, 2014 at 12:15 pm

      မြင် ရ ရင် တောင်
      မမြင်ယောင် ဆောင် နေ ရ တော့မှာ. . .
      အမှန်တော့ မမြင်လို မတွေ ့လို. . .
      အမှားကို အမှန်လုပ် ဟုတ်ပြနေတဲ့သူတွေကိုပြောပါတယ်. . .

      🙂

      ကဗျာလေး လာအားပေးတဲ့မမဂျီး
      ကျေးဂျူးဘာ. . .

  • kyeemite

    February 24, 2014 at 1:11 pm

    ဒီကဗျာလေးတော့ တော်တော်ကြိုက်တယ်ကွာ…

  • myat pearl phyu

    February 24, 2014 at 2:45 pm

    it (ငအ) ခေတ်မှာ
    အ ချင် ယောင် ဆောင် လိုက်တာပဲ ကောင်းပါဒယ်…
    အ ချစ် မှာ တောင် .. အ လို့ ချစ် တာ နဲ့ ချစ် လို့ အ လိုက်ပါတယ် နဲ့ တောင် ရှိသေးဒါပဲ …
    ဒါပေမယ့် က ကဗျာလေးနဲ့ ဆ ဆန္ဒလေးတွေတော့ ဂ ဂဇက်ရွာထဲ ထုတ်ဖော်လို့ ရ ပါသေးတယ်ကွယ်..
    အားပေးလျှက် ..

  • Novy

    February 24, 2014 at 2:49 pm

    ကဗျာဆရာ တွေကိုလေးစားပါတယ်
    ပီတိကိုစားအားရှိနေကျလို့
    ဥနှောက်ကိုဖေါက်ပြီး နှလုံးသွေးနဲ့ ရေးနေကျရတယ်
    ဒါပေမဲ့သူတို့အတွက် ရပ်တည်မှုက အခုအချိန်အထိသေချာမှု့ အများကြီးမရှိဘူး

    • alinsett ( Gazette )

      February 24, 2014 at 5:46 pm

      ဟုတ်တယ် မမနို
      ကဗျာဆရာတွေဘဝ မသာယာကြသေးဘူး။
      😆

      ဒါပေမယ့်ပေါ့လေ. . .
      ဘယ်ခေတ်ကို ရောက်ရောက် . . .
      ကဗျာဆရာတွေးသွေးက ရဲနေဆဲပဲ. . .
      ရေးနေဆဲပဲ. . .

    • alinsett ( Gazette )

      February 24, 2014 at 5:47 pm

      ဟုတ်တယ် မမနို
      ကဗျာဆရာတွေဘဝ မသာယာကြသေးဘူး။
      😆

      ဒါပေမယ့်ပေါ့လေ. . .
      ဘယ်ခေတ်ကို ရောက်ရောက် . . .
      ကဗျာဆရာတွေသွေးက ရဲနေဆဲပဲ. . .
      ရေးနေဆဲပဲ. . .

  • မဟာရာဇာ အံစာတုံး

    February 24, 2014 at 3:00 pm

    အမေတော့ မရှိဘူးဟ
    ငါပဲ ရှိတယ် …
    :mrgreen:

    • alinsett ( Gazette )

      February 24, 2014 at 5:37 pm

      နီဂ နာ့အမေနဲ့မတူပါဘူး
      ဒေါ်ဖွားမေဂျီးနဲ့တော့ ခပ်ဆင်ဆင်ရယ်
      🙂

  • TNA

    February 24, 2014 at 7:06 pm

    ခေတ်တွေမှားတာလား လူတွေမှားတာလား ကိုယ်တွေပဲမှားတာလား တွေးရင်းနဲ့မောမိပါ တယ်အေ။ လောလောဆယ်ဆယ်မတွေးချင်သေးဘူး။

    • alinsett ( Gazette )

      February 25, 2014 at 6:45 am

      အမှားများနှင့် အမှားများ. . .
      🙂

      တီသဲရေ
      ကဗျာလေး ဝင်ရောက်ဖတ်ရှု ခံစားပေးသွားတဲ့အတွက် ကျေးဇူးပါ

  • မင်း ခန့် ကျော်

    February 25, 2014 at 1:13 pm

    မသူတော်တွေခေတ်ထဲက

    လူသားမျိုးနွယ်တွေရဲ့

    အမွေဆိုလို့

    ဆိုးလွန်းလှတဲ့

    ဘဝပေးတွေပဲ

    ရှိပါတယ်။

    နှလုံးသားနဲ့ရင်းပြီး

    သွေးထဲကနေ

    အားပေးသွားပါတယ်။ :mrgreen:

    • alinsett ( Gazette )

      February 25, 2014 at 3:00 pm

      ဟုတ်

      ခံစား အားပေးမှုအတွက် ကျေးဇူးပါခင်ဗျ

  • မမချွိ

    February 25, 2014 at 3:05 pm

    ဘာမှမပြောင်းလဲတဲ့
    ပြောင်းလဲရေးခေတ်မှာနေရတာ
    အခက်ဆုံး။

    နောင်လာနောက်သားတွေကို
    သနားလိုက်တာနော်။
    သူတို ့မှာခိုးစရာ
    ဘာမှမကျန်တော့ဘူး။

    ဘယ်လောက်အားကောင်းတဲ့
    မုသားဖြစ်ပါစေ
    ဘယ်တော့မှ အမှန်ဖြစ်မလာဘူး။

    ဘယ်လောက်ဆင်းရဲတဲ့
    နိုင်ငံလည်းဆိုရင်
    ဥပဒေ တောင်မရှိဘူး။

    လူညံ့ လူဖျင်း အချင်းချင်း
    အဝေးကမြင်ကြတယ်
    အမြင့်မှာထိုင်နေကြတာကိုး။

    အကုန်လုံးကိုရထားပြီးပြီ။
    ဒါပေမယ့်
    ကျန်တာအားလုံးကိုလိုချင်
    သေးသတဲ့။

    တာဝန်ခွဲတဲ့သူမှာ
    အခွင့်အရေးအများဆုံး။

    ဈေးနှုံးတွေထက်
    ရီစရာကောင်းတာ
    လစာဘဲရှိတယ်။

    ဥပဒေ ရဲ ့ေ့ရှမှောက်မှာ
    အခွင့်အရေးမရှိသူတွေဘဲ
    တန်းတူဖြစ်ကြတယ်။

    မမှန်ဘူး
    ဒါပေမယ့် နောက်လိုက်တွေ
    အများကြီး။

    ချစ်ခင်လေးစားရပါသော
    ပြည်သူများခင်ဗျား
    ဆိုတဲ့ စကားလောက်
    ဈေးပေါတာမရှိဘူး။

    ပြည်သူတွေကို
    ချစ်ဟန်ဆောင်တဲ့
    သရုပ်ဆောင်ခ
    ပြည်သူတွေဘဲပေးရပါလား။

    ဘယ်လိုမဲပေးလဲဆိုတာ
    အရေးမကြီးဘူး
    မဲတွေကိုဘယ်လိုရေတွက်လဲ
    ဆိုတာဘဲ အရေးကြီးတယ်။

    နည်းနည်းမခိုုးနဲ ့
    အဖမ်းခံရလိမ့်မယ်။

    တကယ်တမ်းပြောရရင်
    ဥပဒေ ဆိုတာ
    အဲဒီဥပဒေကိုထိန်းသိမ်း
    စောင့်ရှောက်သူတွေလောက်
    ကြောက်ဘို ့မကောင်းဘူး

    thet khaing

Leave a Reply