တိမ်မြုပ်နေသောသမိုင်းတကွေ့

မြန်မာနိုင်ငံမှာ တခြားတခြားသောနိုင်ငံများလိုပဲသမိုင်းဆိုတာ

ရှိခဲ့ပါတယ်။ သမိုင်းကတော့ကိုယ်စီရှိကြတာပဲဘာထူးလို့တုန်း

ဆိုတော့ ။

အခြားအခြားသောနိုင်ကံများရဲ့သမိုင်းကြောင်းက မှတ်တမ်း

တင်ပုံခြင်းကွဲပြာနေမယ်လို့ယူဆလို့ပါ။

ဘယ်လိုကွဲပြားတာတုန်းဆိုရင် တော့နည်းစုံ လိမ်တယ်။

လိမ် လို့မရရင် မှေးမှိန်အောင် လုပ်တယ်။

ဒီလိုနည်းစုံပေါင်းမြောက်များစွာနဲ့ သမိုင်းကို အစိုးရအစဉ်အဆက်

လိမ်ညာ ဖျောက်ဖျက်မှေးမှိန်လာအောင်လုပ်ကြတော့

မြန်မာ့သမိုင်း ဆိုတာမှာ လူသက်သေအထောက်အထား

မှတ်တမ်းမှတ်ရာအထောက်အထား ကျန်လေ့မရှိပါဘူး။

ဒီတော့ မှော်ဘီဆရာသိန်း လို ပါစပ်ရာဇဝင်ကိုပဲ တခါတလေ

အားကိုးရပါတယ်။

ဒီတော့ ကျတော်ပြောချင်တာက သမိုင်းတခု ရဲ့ တရားဝင်

အထောက်အထား (ရှိခဲ့ရင် ) နဲ့ ပါးစပ်ရာဇဝင် သိရှိခဲ့သူ

ဒီရွာသူား များထဲမှာရှိခဲ့ရင် ကျတော်သိချင်လို့ပါ။

ဒါကတော့ အမှတ်တမဲ့တွေ့လိုက်ရတဲ့ ဖေ့ဘုတ်ထဲက

ပိုစ့်တခုကို တွေ့လိုက်ရလို့ ဒီပိုစ့်ထဲက အကြောင်းအရာ

တခုကိုစိတ်ဝင်စားမိလို့ပါ။

ဒီပို့စ်ကတော့

ချင်းအမျိုးသား နေ့ မှာ ချင်းတစ်ယောက် ရေးတဲ့ စာ

ဧရာဝတီ အနောက်ဘက်ကမ်းက
တောင်တန်းအထက်မှာ
ချင်းလူမျိုးစုလေးတွေ အဓိက နေတယ်…

မျိုးနွယ်ကွဲ ၅၃ မျိုးပေမယ့်
ကိုယ့်တရား သူစောင့် သူ့တရားကိုယ်စောင့်
ငြိမ်းချမ်းစွာ အသက်မွေးကြတယ်.,

၁၉၂ရ မှာ တိုင်းတပါးကျွန်ဖြစ်ခဲ့ရ

မွေးရာပါ စစ်ရေးပျူငှါနဲ့ နယ်ချဲ့ရန်ကာကွယ်ခဲ့ကြ
သူ့ကျွန်ဘဝက ရုန်းထွက်ခဲ့ရ
ကျုပ်တို့ လေးမြားဓါးလှံ တိုင်းမှာသမိုင်းရှိတယ်

ခေတ်ဆိုးမှာ
ရန်ကုန်အစိုးရကို ကျုပ်တို့ကယ်ခဲ့တယ် လို့
ဘယ်ချင်းမှ လက်ခမောင်း ထမခတ်ဖူးဘူး

ပြည်ထောင်စု ဆိုတာကို ပြည်ထောင်စု လိုပဲ
ကျုပ်တို့ ချင်းတွေ ရိုးရိုးမြင်ခဲ့
သူတို့ နှစ်ကျပ်သုံးတယ် ငါးကျပ်သုံးတယ်
ငါ့ကိုကော တစ်ကျပ်ပေးပါ
ဘယ်ချင်းတစ်ယောက် လက်ဖြန့်ဖူးပါသလဲ ??

အမေ့လျော့ခံဘဝမှာ
ရိုးရိုးအအ ဖာသိဖာသာနေတတ်ကြခဲ့

ဘယ်သူ့ကိုမှ ကျုပ်တို့ချင်းတွေ မျှော်မကြည့်ဘူး
ဘယ်သူ့ကိုမှ ကျုပ်တို့ တရားခံရှာ အပြစ် မတင်ဘူး

ပါရာစစ်တမော ပါမီတွန်တောင် မသောက်ဖူးပဲ
သေဆုံးသွားကြတဲ့ ဘိုးဘေးညီအစ်ကို မောင်နှမတွေ….

မိုးမလုံ လေမလုံ ကျောင်းလေးတွေမှာ
စာဖတ်စာအံ တဲ့ ကျုပ်တို့ကောင်တွေ အတွက်
ကိုယ့်အမျိုးသား စာပေတောင် သင်ကြားခွင့်မရှိ မှတော့
တက္ကသိုလ်ကောလိပ် မလိုအပ်သလိုမျိုးလား
ချင်းပြည်နယ်မှာ တက္ကသိုလ်ကောလိပ် မရှိ

လူတွေက ခေတ်နောက်အောက်ကျတွေမို့
ခေတ်မီဆေးရုံဆေးခန်းဆေးဝါး ထားဖို့
မထိုက်တန်တာများလား
လေတိုက်တိုင်း အသက်တွေကြွေတာ
မျက်ရည်အဝိုင်းသားနဲ့ ငေးကြည့်ကြရ ။

လမ်းပန်းဆက်သွယ်ရေးကောင်းမှုကြောင့်
ကုန်ဈေးနှုန်းတွေ ဈေးမြင့်မြင့်ရောက်တယ်
နောက်နှစ်သေမယ့် အသက်တွေ ဒီနှစ်သေတယ်
ဒီနှစ်သေမယ့် အသက်တွေ ဒီမနက်သေတယ်….

ဒီအဖြစ်ဆိုးတွေက တောင်တန်းပေါ်က
ပျိုရွယ်သူမှန်သမျှ ကို မောင်းထုတ်တယ်….

လူတစ်ချို့ ခေါင်းငုံ့ အံကြိတ်ပြီး ထွက်ခွါခဲ့ကြတယ်
ကျန်ခဲ့သူတချို့က မျက်ရည်တွေနဲ့ ပိုပိုစည်းလုံးလာကြတယ်….

ချင်း ဆိုတာကတည်းက
ဘယ်တော့မှ တောင်တန်းနဲ့ ကြာကြာ ခွဲလို့တော့ မရဘူး

ထွက်သွားသူတွေ တစ်နေ့ကျရင်

တောင်တန်းဆီကို
လမ်း တွေ ထမ်းပြန်လာကြ လိမ့်မယ်…..

ဆေးဝါးနည်းပညာတွေထမ်းပြန်လာကြလိမ့်မယ်

ပညာမီးရှူးမီးပန်းတွေ နဲ့ တောင်တန်းကို
အလှဆင်လာကြလိမ့်မယ်…..

ချင်းအမျိုးသားနေ့ ဟာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုပဲ
စိတ်လွတ်ကိုယ်လွတ် ဆင်နွှဲရပါတော့မယ်…..

ခုဆိုကြည့်ကြစမ်းပါ
ဒီစိတ်နဲ ကျုပ်တို့ချင်းတွေရဲ့ မျက်နှာ
ကြည်လင် ရွှင်မြနေတာကိုပေါ့ ။ ။

ဆလိုင်း လိဏ်းပိ ( မင်းတပ် )

credit >>> Ling Pih

ဒီထဲက ဘာကိုသိချင်တာလဲဆိုတော့

“ခေတ်ဆိုးမှာ

ရန်ကုန်အစိုးရကိုကျုပ်တို့ကယ်ခဲ့တယ်လို့

ဘယ်ချင်းမှလက်ခမောင်းထမခတ်ဖူးဘူး”

ဆိုတာလေးပါ။

ကျတော်မှန်းသလောက်ကတော့ ဒီထဲမှာ ဦးနေဝင်း

ပါမယ်လို့ယုံကြည်တယ်ဗျာ။

သိတဲ့သူ ကြားမိတယ်လူများရှိရင်သိပါရစေ။

14 comments

  • ကထူးဆန်း

    February 22, 2014 at 10:50 am

    ချင်းတပ်တွေ ခေါ်လာတယ် ဆိုတာ …………………………………
    တော်ပြီ .. ပြောဘူး……………………………………………………………………….

    • မင်း ခန့် ကျော်

      February 22, 2014 at 11:36 am

      အေဗျာ

      ကျတော်ကလည်း အဖြေခက်မဲ့မေးခွန်းများမေးမိသလားမသိဘူး။

  • မမချွိ

    February 22, 2014 at 11:54 am

    နားလည်ဘူးတော့။

    အေးရော။

    ချင်း ဆိုရင် သက်မွန်မြင့်ရယ် ချင်း လုံချည်ကြိုက်တာပဲ သိတယ်။

    😀

    • မင်း ခန့် ကျော်

      February 22, 2014 at 1:30 pm

      သက်မွန်လဲ ယောက်ကျား ရသွားပြီ။

      မမချွိ လည်းရသွားပြီ။ (ချင်းလုံချည်ပြောပါတယ်) :mrgreen:

  • လုံမလေးမွန်မွန်

    February 22, 2014 at 5:08 pm

    ငယ်​ငယ်​တုန်​းက​တော့ ချင်​း​ခေါင်​း​ဆောင်​ ကြွမ်​ဘိ ဆိုလားမသိဘူးသင်​ဖူးတယ်​.. ​လေး​လေးထူးဆန်​းရဲ့.. ဆိုတာ… ​လေးကို ဆက်​​ပေးပါလား.. 🙂

    • မင်း ခန့် ကျော်

      February 23, 2014 at 3:27 pm

      ဗိုလ်လရောင် ဆိုတာတော့သိမယ်ထင်ပါတယ် :mrgreen:

      သိရင်ဗိုလ်လရောင် ရဲ့ နောက်ဆုံးတိုက်ပွဲလေး ပြောပြပေးပါလားး။

      ခုတလော သမိုင်းကို ချဉ်ချင်း တက်နေသလိုပဲ :mrgreen:

  • alinsett ( Gazette )

    February 22, 2014 at 6:22 pm

    ချင်းပြည် ချင်းတောင်တန်းတွေဆီ တနေ့နေ့တော့ အရောက်သွားဦးမှာ. . .

    ကျန်တာတော့ မပြောတတ်ဘူး

    😆

    • မင်း ခန့် ကျော်

      February 23, 2014 at 3:30 pm

      ရိရေကန်ဘက်သွားရင်လိုက်မလားး ? လိုက်မယ်ဆိုရင် ခေါ်မယ်လေ။

      ဟိုဘက် ကုလားပြည်ပါ ဝင်လို့ရတယ် :mrgreen:

  • Foreign Resident

    February 23, 2014 at 2:37 pm

    ရန်ကုန် အစိုးရ ဘဝ တုန်းက ၊
    KNDO ကရင် သူပုန်တွေရယ် ၊ ရဲဘော် ဖြူ ၊ ဝါ နှင့် ၊
    ကွန်မြူနစ် ဖြူ ၊ နီ တွေ ဝိုင်းပြီး သူပုန်ထ ချိန်က ၊
    ဗမာ အစိုးရဘက်ကနေ ချင်း သေနတ်ကိုင်တပ် တွေ နှင့် ၊
    ကချင် သေနတ်ကိုင်တပ် တွေက သစ္စာရှိစွာ တိုက်ပေးခဲ့တာကို ပြောတာပါ ။

    အရေးပါတဲ့ ဧရာ အနောက်ကမ်းက မြို့တစ်မြို့မှာ ဆိုရင် ၊
    လက်နက် ခဲယမ်း ကုန်ပြီး လစာ မရလို့ စိတ်ဓါတ်ကျပြီး ၊
    ချင်းပြည် ပြန်တော့မယ့် ချင်း သေနတ်ကိုင် တပ်ခွဲ တစ်ခွဲ ကို ၊
    ဦးနု ကိုယ်တိုင် လေယာဉ် နှင့် သွားပြီး လက်နက် ပို့ပေးခဲ့ရတယ် ။

    အင်းးးး ၊ အဘ က စောစော ကတည်းက ပြန် မဖြေမိတာက ၊
    ဒီလောက် အချက်လေးကိုတော့ ၊ လူတိုင်း သိကြမှာဘဲလို့ ထင်မိလို့ ။

    အခုတော့ ၊ မယုံကြည်နိုင်လောက်အောင်ပါဘဲ ၊
    လူငယ်တွေ သမိုင်း ကို မျက်ခြေပြတ်နေပြီဘဲ ။

    အဘ တို့ တုန်းကဆို ၊ အဘ ၁ဝ နှစ်သားလောက် ကတည်းက ၊
    သခင် သန်းထွန်း ၏ နောက်ဆုံး နေ့များ ၁ + ၂ ကိုဖတ်နေပြီ ကွဲ့ ။

    • မင်း ခန့် ကျော်

      February 23, 2014 at 3:21 pm

      အဘပြောတာမှန်သင့်သလောက်မှန်ပါတယ်လို့ပဲပြောပါရစေ။

      ဒါက မှတ်တမ်းထဲက ပေါ်ယံသုံးသပ်ထားတဲ့ သမိုင်းဖြစ်ရပ်ပါ။

      တပ်မတော်သမိုင်း ကိုပြန်ကြည့်မယ်ဆိုရင်လည်း အလားတူ တွေ့ရမှာပါ။

      အဲဒီခေတ်ကာလအချိန် မန္တလေး မြို့ကို ကေအန်ဒီအိုလက်ထဲက ပြန်တိုက်ယူပေး

      ခဲ့ရတဲ့ အရာရှိ တစ်ဦးခုထိသက်ရှိထင်ရှား ရှိနေပါသေးတယ်။

      သူပြောပြတဲ့အထဲမှာ အဲဒီ ရန်ကုန်အစိုးရကို တိုက်ပေးရတဲ့အကြောင်းအရင်း

      နဲ့ရလဒ်နိဂုံးချုပ်ကိုပါသိခွင့်ရခဲ့တယ်။ သူပြောပြတဲ့အချိန်တုန်းက ကျတော်ကငယ်သေးတာရယ်

      အချိန်တွေတော်တော်ကြာသွားတာမို့ ပြောရမှာ မဝံ ဖြစ်နေတာ။

      အဲဒီ ဘဘ ပြောတဲ့ သမိုင်းကတော့ ဖျောက်ဖျက်ခံလိုက်ရပုံပေါ်ပါတယ်။

      တိုင်းရင်းသားလူမျိုးစုတွေ ဗမာလူမျိုး/အစိုးရအဆက်ဆက်ကို ရာစုနှစ်တဝက်လောက်မယုံကြည်

      ခဲ့ရတဲ့ အကြောင်းအရင်းကြီးတခုလဲဖြစ်ပါတယ်။

      တချို့သမိုင်းတွေဆိုတာ သက်ဆိုင်ရာ ဘက်အသီးသီးက အပြိုင်အဆိုင် ရေးသားခွင့်ရမှ

      နှောင်းလူတွေ အမှန်တရားနဲ့အနီးစပ်ဆုံး ဆင်ခြင် နိုင်မှာပါ။

      ပိုပြောပြနိုင်ရင် အဘဖောကို အောင်မှတ်ပေး လိုက်ပါ့မယ် ။

      ဒီခေတ်အခြေအနေအရ ထဲထဲဝင်ဝင် ပြောရမယ်ဆိုရင်လည်း တိုင်းရင်းသားများ

      စည်းလုံးညီညွတ်ရေးကို (ကျတော်အဆင်ပြေအောင်မရေးနိုင်ခြင်းကြောင့်သာ)

      မထိပါးစေချင်လို့ပါ။

      ဘာပဲဖြစ်ဖြစ်အဘ ရဲ့ အဖြေ ကို လက်ခံပါတယ်။

  • တစ် ခု တော့ ပြော ချင် ပါ တယ်။

    သ မိုင်း ဆို တာ ပေ ၊ ပု ရ ပိုဒ် နဲ့ ပုံ နှိပ် ထား တဲ့ စာ အုပ ်ကို ကိုင် ပြီး မှန် တယ် ပြော လို့ မ ရ။

    ပေ ပုရ ပိုဒ် နဲ့ တင် ထား တာ မှာ နီး ရာ ဓါး ကြောက် လို့ မင်း လို လိုက် မင်း ကြိုက် ရေး တာ ရှိ မယ်။

    ပုံ နှိပ် စာ ပေ ဆို တာ ဝါ ဒ ဖြန် ့ချီ တဲ့ စာ ပေ ရှိ မယ်

    အုပ် ချုပ်သူ အ ကြိုက် လိုက် ရေး တဲ့ စာ ရှိ မယ်။

    ဟော ပါး စပ် ပြော သ မိုင်း ကြ ပြန ်တော့ ကိုယ် လို ရာ ဆွဲ ပြော တာ ရှိ မယ်။

    အဲ တော့ သ မိုင်း အမှန် သိ ချင် ရင် ဖတ် ကြည့် တာ နဲ့ ကြား ဘူး တာ ကြား မှာ ကိုယ် ဘာ သာ ကို ယ် ချိန် ဆ စဥ်း စား ဘို့ လို အပ ် ပါ တယ်။

    • မင်း ခန့် ကျော်

      February 24, 2014 at 9:14 am

      မှန်လိုက်တဲ့ သမိုင်းကို သုံးသပ် ပုံအယူအဆ။

      သဘောတူပါတယ်လေးပေါက်။

      လွန်ခဲ့သောအနှစ် ၆ဝ လောက်က အဖြစ်အပျက်ကို ကိုယ်တိုင် ပါဝင်ခဲ့ခြင်း။

      ယနေ့မျက်မှောက်ခေတ် လူများ၏ စိတ်ဓါတ် များနှင့် မတူနိုင်သေးသော ခေတ်ဟောင်း

      လူကြီးများ၏ ပါစပ်ရာဇဝင်သည် ယနေ့ခေတ် ပုံနှိတ်မီဒီယာသတင်းများထက်စာလျှင်

      အမှားပိုနည်းလိမ့်မလား ဆိုတာတော့စဉ်းစားစရာပါပဲလေးပေါက်ရေ။

  • Moe Pi

    February 23, 2014 at 5:48 pm

    တက္ကသိုလ် စိန်တင် ရေးတဲ့ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း စာအုပ်ကိုဖတ်ကြည့် လိုက်ပါ
    ရန်ကုန်အစိုးရအကြောင်းရယ်၊ ချင်းသေနတ်ကိုင် တပ်ရင်းအကြောင်းရယ်၊ အပစ်ပယ်ခံ သမိုင်းအမှန် တရားတစ်ချို့ရယ်ကို တွေ့ပါလိမ့်မယ်…
    http://www.scribd.com/doc/100197401/bogyi-thai-coeng-kawng-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%9E%E1%80%B0%E1%80%9B%E1%80%AD%E1%80%9A-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%B8

    • မင်း ခန့် ကျော်

      February 24, 2014 at 9:36 am

      ခုခေတ်မှာငြိမ်းချမ်းရေးအသံအော်တတ်တဲ့လူ/အဖွဲ့အစည်းတွေ

      ကများသောအားဖြင့် လက်ရှိအခြေအနေနဲ့ပဲငြိမ်းချမ်းအဖြေကိုရှာချင်နေကြတာ။

      ပြည်ထောင်စုကြီးပြည်ထောင်စုကြီး အားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်

      ချင်လိုက် ကြတဲ့ လူ/အဖွဲ့အစည်းတွေ။

      ခေတ်ကာလခံစားမူ့လောက်နဲ့ပြသနာဖြေရှင်းချင်နေကြတာ။

      တကယ်အဖြေရှာကုစားရမှာက စိတ်ထဲနှစ်ပေါင်းများစွာ ခံစားလာခဲ့ရတဲ့

      နာကျည်းမူ့တွေ ခံစားချက်တွေ ပါ။

      ပြည်ထောင်စု စည်းလုံးချင်ရင် ငြိမ်းချမ်းရေး ချင်ရင် အတိတ်က ကိစ္စတွေကို

      ပါ သက်ဆိုင်ရာ လူမျိုး စုတွေနဲ့ပါတ်သတ်တဲ့သမိုင်းကြောင်းတွေကိုပြန်လိုက်ပြီး

      ဖြေရှင်းသင့်တယ်လို့ထင်ပါတယ်။

      ဒီစာအုပ်က(ချင်းလူမျိုး နဲ့ ပါတ်သတ်တဲ့ သမိုင်း တချို့)ဆိုပါစို့။

      ကချင်တွေရဲ့ သမိုင်းကော?

      ရှမ်းတွေရဲ့ သမိုင်းကော?

      ကရင်တွေရဲ့သမိုင်းကော?

      ရခိုင်တွေရဲ့သမိုင်းကော?

      ကျေးဇူးတင်ပါတယ်ဗျာ ။

Leave a Reply