မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်း၊သံဃာများထဲတွင်….

sai saimgFebruary 23, 20141min34286

           မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်း၊သံဃာများထဲတွင် အဓမ္မဝါဒီများနှင့် အဝိနယဝါဒီများလွမ်းမိုးနေသူများများပြားနေသဖြင့်ကိုရှင်းလင်းသုတ်သင်ရန်နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်မှုအစည်းအဝေးတွင် သဘာပတိဆရာတော်မှမိန့်ဆိုညွန်ကြား.

သတ္တမအကြိမ်ကျင်းပသောနိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်မှုအထူးအစည်းအ ဝေးတွင် သဘာပတိဆရာတော်  ဒေါက်တာဘဒ္ဒ န္တကုမာရဘိဝံသဆရာတော်မှ အထူး

အစည်းအဝေးပွဲသို့ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအားမိန့်ကြား

လျှောက်ထားလိုက်ပါသည်။ ထိုသတင်းကို ၂၂-၁-၂၀၂၄ ရက်နေ့သတင်းစာတွင်ဖေါ်

ပြပါရှိပါသည်။အဘယ်ကြောင့်ဆိုသော်ယနေ့မြန်မာနိုင်ငံ တွင်ဖြစ်ပွါးနေ

သောပြဿနာများတွင် ၉၆၉ ဘုန်းကြီးများနှင်     ့ဝီရသူကဲ့သို့သော   အစွန်းရောက် အားဓမ္မဝါဒီဘုန်းကြီးများက အမျိုးချစ်သယောင်ဖြင့် အဝိနယ၊     အာဓမ္မတရားများကို

မသိနားမလည်သောပြည်သူလူထုအားသွေးခွဲဟောပြောကာအခြားဘာသာဝင်များအ ပေါ်ရန်လို့မုန်းတီးစေခဲ့သောသမိုင်းဆိုးကြီးကို ပြည်သူလူထုတစ်ရပ်လုံး ကသိရှိပြီး

ဖြစ်ပါသည်။       မြန်မာနိုင်ငံတွင်သမိုင်းစဉ်ဆက်အတူတကွနေထိုင်လာခဲ့ကြသော

တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပြိုကွဲ အောင်ထိုကဲ့သို့ဘုန်းကြီးများကအစွန်းရောက်တရားပွဲများ၊ဗီဒီယိုတိပ်ခွေများဖြင့်သွေး ထိုးခြင်းလှုံဆော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသဖြင့်တသက်လုံးအတူတကွနေထိုင်လာ ခဲ့ကြသော တိုင်းရင်းသားအချင်းချင်း ဘာသာရေးကိုအကြောင်းပြကာ မုန်းတီရေး  တရားများကို ပေါ်ပေါ်တင်တင်ပြလုပ်ဟောပြောခဲ့ကြပြီး          ထိုသည်ကိုလည်း သက်ဆို်င်ရာအာဏာပိုင်များကသိရှိပါလျှက်မတားဆီးခဲ့သဖြင့်ပြည်သူလူထု့ပေါင်းများ စွာသေကြေပြီးအိုးအိမ်များ၊ဗလီဝတ်ကျောင်းတော်များများစွာပျက်စီဆုံးရှုံးခဲ့ကြပြီးယနေတိုင်တစ်ဦးနှင့်တစ်ဦးမယုံကြည်ကြအောင်၊ဆက်သွယ်မှုမပြုလုပ်ကြရအောင်၊ဈေးဆိုင်များတွင်ဝယ်ယူခြင်းမပြုကြအောင်ပြုလုပ်နေကြသည်ကိုဝမ်းနည်းဖွယ်ရာတွေ့မြင်နေကြရပါသည်။

မြန်မာပြည်သူများသည်လည်း ဘုန်းကြီးဟောလျှင်အမှားအမှန်ဝေဖန်ပိုင်း

ခြားနို်င်စွမ်းမရှိဘဲမျက်ကန်းယုံကြည်ဆောင်ရွက်တတ်ကြခြင်း၊တရားပွဲများတွင်ဘုန်းကြီးဟောတိုင်းမှန်သည်ထင်ကာစွတ်ရွတ်ထောက်ခံတတ်ခြင်းအစရှိသောအခွင့်ကောင်းယူကာယခင်အစိုးရလက်ထက်ဘာသာရေးအစွန်းရောက်မှုဖြင့်ထောင်ကျနေသောအကျဉ်းသားများကိုပင်လွတ်ပေးပြီးအစွန်းရောက်တရားဟောကြားကာနိုင်ငံရေးဖက်အာဏာအာဏာမလှည့်အောင် လုပ်စားသွားကြသည်ကိုဝမ်းနည်းဖွယ်ရာသမိုင်းဆိုးကြီးကသက်သေ

ခံနေပါသော်လည်း ၊  ဒါဘာသာရေးပဋိပခမဟုတ်  သာမန်မတော်တဆမှုဆိုကာ နိုင်ငံတော်အာဏာရှင်များဖက်မှလည်း ထိုအစွန်းရောက်မှုကို မသိဟန်ပြုလျှက်၊    သတင်းများကိုဖုံးဖိလျှက်တင်ပြမှုများကိုလည်းတွေ့မြင်နေရပြီး ၊ တိုင်းရင်းသား

ဘာသာခြားများသေကြေပျက်စီးခြင်းမီးရှိုခံရခြင်းစသောပြဿနာတစ်ခုဖြစ်ပွါးပါလျှက် ထိုပြဿနာကိုဘာမှမဟုတ်သယောင်ဖြင့်သတင်းအမှန်ကိုဖုံးဖိလိမ်ညာပြောကြားကာ လက်တွေ့တွင် ပြည်သူလူထုမှာအမိုးအကာမရှိသော ရွာအပြင်ဖက်တွင် ထောင်သား များကဲ့သို့ဒုက္ခသည်စခန်းတွင်နေထိုင်နေကြရသည်မှာပြည်သူလူထုပင်ဖြစ်ပါသည်။ ထိုဖြစ်စဉ်ကိုနို်င်ငံတကာမှသိရှိပြီးစာနာမှုအကူအညီများပေးနေပါသော်လည်း  မစာနာနိုင်သည်မှာသက်ဆိုင်ရာတို့ပင်ဖြစ်ပါသည်။နိုင်ငံတကာမှဒုက္ခသည်များအတွက်ပေးလှူသောအလှူငွေများကိုမိမိတို့အိပ်ထဲရောက်အောင်နည်းမျိုးစုံဖြင့်လှည်ဖြားရယူ နေသည်မှာဝမ်းနည်းဖွယ်ပင်ဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင်၏တရားကိုနားမလည်း၊ဘုန်းကြီးပြောရင်အမှန် ဟူသော

တရားသေဆုပ်ကိုင်ထားကြသောပြည်သူလူထုကိုတရားစစ်တရားမှန်ရရှိပြီးအေး

ချမ်းသာယာအောင်၊      ဗုဒ္ဓ၏မေတ္တတရားကိုလူတိုင်းနားလည်သဘောပေါက်

အောင်၊အစွန်းရောက်ဘုန်းကြီးအတုများ၏အန္တရယ်မှကင်းဝေးအောင်သာသနာတော်

သန့်ရှင်းရေးကိုထိထိရောက်ရောက်ဆောင်ရွက်မှသောမြန်မာနိုင်ငံတော်ကြီးအေးချမ်း

မည်ဖြစ်ပါသည်။ထိုသတ္တမအကြိမ်ကျင်းပသောနိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်မှုအထူးအစည်းအ ဝေးတွင် ဆရာတော်ကဆက်လက်၍မိန့်ကြားရာတွင်ယခုအခါအချိုသော

ရှင်ငယ် ။ရဟန်းငယ်များသည် သမဏသာရုပ္ပမဖြစ်သည့်အမှုများ၊အကြမ်ဖက်မှုများ၊

ဝိနည်းဒေသနာတော်သံစည်းလုပ်ထုံးလုပ်နည်းများနှင့်ဆန့်ကျင်သည့်ကိစ္စရပ်များကို

တစ်ပါးချင်းမှအစု့အဖွဲ့လိုက်လွန်ကျူးဆောင်ရွက်နေသည်ကိုတွေ့မြင်ကြားသိနေခြင်း

ထေရဝါဒပိဋကနှ့်မကို်က်ညီသောဟောပြောမှုများကိုကြားသိနေရခြင်းများ၊အဓမ္မဝါဒ

များကို တစ်စတစ်စပြန်လည်ဟောပြောနေခြင်းများစသည်တို့ပေါ်ပေါက်နေသဖြင့်

အားဓမ္မဝါဒီပုဂ္ဂိုလ်၊အဝိနယဝါဒီပုဂ္ဂိုလ်များအင်အားမများမှီ တပည်တော်များသံဃာ

အဖွဲ့အစည်းအဆင့်ဆင့်တို့ကလည်းကောင်း၊တိုက်အုပ်တိုက်ကြပ်၊ပဓာနနာယက

စသောအဆင့်ဆင့်ဆရာတော်ကြီးများကလည်းကောင်း၊သာသနာတော်အတွက်

အရှည်မျှော်တွေးပြီး သာသနာပြုစိတ်အရင်းခံကာ ရှင်းလင်းသုပ်သင်ဆောင်ရွက်

သင့်ပါကြောင်းတင်ပြသွားပါသည်။

ထိုဆရာတော်မှပင်ဆက်လက်၍ဂိုဏ်းပေါင်းစုံသံဃာအဖွဲ့အစည်းကြီးမှ

အဓမဝါဒီ၊အဝိနဝါဒီများကိုမတားဆီး နိုင်ပါက အဆိုပါဝါဒများပိုမိုထွန်းကားလာ

မည်ဖြစ်ပြီးအကွပ်မရှိသည့်ကြမ်းပရမ်းပတာဆိုသကဲ့သို့ အလဇ္ဇီပုဂ္ဂိုလ်များထင်ရာ

စိုင်းကြသဖြင့် ဤသာသနာတော်ကြီးရေတိမ်နစ်သွားမည်ဖြစ်ကြောင်းကိုလည်း

လမ်းညွန်မိန့်ကြားသွားပါသည်။

ထိုဖြစ်စဉ်ကိုလည်း နိုင်ငံတကာ မှ ဒလိုင်းလာမားကဲ့သို့သောနိုဘယ်ဆုရှင်

ဆရာတော်များကလည်းမြန်မာနိုင်ငံရှိ ရဟန်းရှင်များသည် ဗုဒ္ဓ၏မေတ္တာတရားကို

ဂရုမစိုက်ဘဲ၊ဗုဒ္ဓ၏အဆုံးအမကိုနာမခံဘဲ အစွန်းရောက်နေကြောင်း၊ထောက်ပြခဲ့ကြ

ပြီးရွှေညဝါဆရာတော်ကလည်း နိုင်ငံရေးလုပ်ချင်ရင် ၊အမျိုးသားရေလုပ်ချင်လျှင်

သင်္ကန်းချွတ်ရန်မိန့်ကြားသွားခဲ့သည်ကိုလည်အထင်အရှားတွေမြင်နိုင်ပါသည်။အဖမ်းခံရရန်ကြောက်တိုင်းသင်္ကန်းခြုံကာလုပ်စားခဲကြသောအဖြစ်ကိုလည်းစွန့်လွတ်ကြရန် မိန့်ကြားထားပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာအလယ်တွင်မြန်မာဘုန်းကြီးအတုများကြောင့်

မြန်မာဘုန်းကြီး ဝီရသူကိုပင် ဗုဒ္ဓဘာသာအကြမ်းဖက်သမားမျက်နှာဟု့ခေါင်းကြီး

တပ်ကာဓါတ်ပုံများဖြင့် TIME သတင်းစာကပင်ဖေါ်ပြခဲ့ပြီး နိုင်ငံတကာအလယ်တွင်

မြန်မာဗုဒ္ဓဘာသာကို မျက်နှာပျက်စေခဲ့သည်ကို သတိတရားရှိစွာဖြင့် ­­အားလုံးမှဝိုင်း

ဝန်ထိ်မ်းသိမ်းကြမှသာ ကမ္ဘာအလယ်တွင် မြန်မာတို့၏ အေးချမ်းသိမ်မွေသော

လူသားချင်းစာနာသနားတတ်သော၊   အေးအတူပူအမှနေထိုင်ကြသော ဗုဒ္ဓ၏

မေတ္တာတရားလွမ်းသောတရားကို လူသားတိုင်းနားလည်ပြီးအေးချမ်းသောကမ္ဘာ

ကြီးတစ်ခုတည်ဆောက်နိုင်ပါရန်အတွက် လူသားတိုင်းမှ အမှန်တရားကိုလေးစား

တတ်သော၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်သော တရားစစ်တရားမှန်ကိုလေး

စားပြီး မမှန်တရားကိုဟောကြားနေသူများကို ဝိုင်းဝန်းတွန်းလှန်တိုက်ဖျက်သွား

နိုင်ပါမှ ငြိမ်းချမ်းရေးတရားစစ်     တရားမှန်များပေါ်ထွန်းလာမည်ဖြစ်ကြောင်း စေတနာကောင်းဖြင့်  တိုက်တွန်း  တင်ပြလိုက်ရပါသည်။

6 comments

  • koyinmaung

    February 23, 2014 at 4:20 pm

    ဘယ်ဘာသာမဆို အစွန်းရောက်ယင် ဆန့်ကျင်တယ်ဗျို့……

  • alinsett ( Gazette )

    February 23, 2014 at 5:48 pm

    ပိုစ့် နာမည်ပေးပုံကြီး ကြည့်ကြည့်ပြီး ချဉ်လိုက်တာဗျာ
    သွားတွေ ကျိန်းနေပြီ ။
    😆

    အမှန်တော့ ဒီလို သတင်းတွေ မဖတ်ချင်တော့တာ အမှန်. . . .

  • TNA

    February 23, 2014 at 9:20 pm

    အစွန်းရောက်ရင်တော့လက်မခံနိုင်ပါဘူး။

  • ကျော်စွာခေါင်

    February 23, 2014 at 11:57 pm

    အလွန် အကျိုးများတဲ့ ပို ့စ်ပါ..
    တင်ပေးတာကိုလဲ ကျေးဇူးပါ..။
    ယခုလို…
    ရ ရက် သားသမီး ဒကာ.ဒကာမတွေကပ်တဲ ့ဆွမ်းကို အသိတရားနဲ ့ဆင်ခြင်တတ်တဲ့ ရဟန်းတွေ နောက်ထပ် အများကြီး
    ပေါ်ထွန်းလာပါစေလို ့ ဆုတောင်းပါတယ်..။

  • ဦးကြောင်ကြီး

    February 24, 2014 at 1:18 am

    ဟိတ်ရောင် မာမွတ်ရှာပွတ်…. သဘာပတိဆရာတော်ပြောတာကို နင့်အာဘော်နဲ့ ရောမချနဲ့လကွာ… သီးခြားစီရေးတင်မှပေါ့… ငါလခွီး.. ပန်းသေးတရုတ်မ ကြေးအိုးဂို အမဲသားနဲ့ ပြုတ်စားသလိုဖြစ်နေပြီ..

  • Paing Lay

    February 24, 2014 at 3:24 pm

    ဒီလို ပို့စ်မျိုးကတော့ ဖွဘုတ်မှာ ရှားပါးရတနာပဲဂျို့ :mrgreen:

Leave a Reply