မလေးရှားမှ မြန်မာ လူသတ်မှု

Zaw WonnaAugust 9, 20101min902

ပြီးခဲ့သော စနေနေ့က မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ Ipoh မြို့နယ်မှ Menglembu မြို့တွင် မြန်မာ အလုပ်သမား တစ်ယောက်က လုပ်ဖော်ကိုင်ဖက် မြန်မာ ၂ ဦးအား ငွေကြေးကိစ္စ စကားများ ရန်ဖြစ်ကြရာမှ ပုဆိန်ဖြင့် ခုတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

မနက် ၂း၁၅ ခန့်တွင် ဖြစ်ပွားသော လူသတ်မှုတွင် သေဆုံးသော အလုပ်သမား ၂ ဦးမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ဒါဏ်ရာများ ရရှိထားကြောင်း Perak မြို့နယ် စီအိုင်ဒီ အကြီးအကဲ Datuk Mohd Dzuraidi Ibrahim မှ ပြောကြားသည်။

လူသတ်သမားနှင့် အတူ ၎င်းတို့ နေထိုင်သော အိမ်တွင် သေဆုံးသူများနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက် များကို မတွေ့ရှိရဟု သိရသည်။

လူသတ်မှုဖြစ်ပြီး ၂ နာရီ အကြာတွင် ရဲက ဖမ်းမိသော လူသတ်သမားဟု သံသယရှိသူမှာ  ဖိနပ်စက်ရုံတစ်ရုံမှ အလုပ်သမားဖြစ်ပြီး မလေးရှား၌ တရားမဝင် နေထိုင်နေခြင်း ဖြစ်သည်။

2 comments

  • cobra

    August 9, 2010 at 9:43 am

    သူများနိုင်ငံရောက်နေတာတောင်မြန်မာအချင်းချင်းတော်တော်ချစ်နေကြတယ်….။ဂုဏ်ယူစရာပါ…။

  • winne

    August 9, 2010 at 12:00 pm

    အဲဒီမှာ ရှိနေတဲ့ မြန်မာတွေ ပြသနာ အရှာခံနေရအုန်းမယ် အလကားနေရင် အနိပ်ခံနေရတာ ခက်တော့ ခက်တယ် ငြိမ်ငြိမ်မနေကြဘူး

Leave a Reply