ကပ်ပါးကောင်

Silicon make up ဆိုတာ နိုင်ငံတကာရုပ်ရှင်နယ်ပယ်မှာ သုံးနေခဲ့တာ ကြာပါပြီ..။

ပန်းချီပညာနဲ ့မိတ်ကပ် ပညာက နီးစပ်နေတော့ အရင်ကတည်းက စိတ်ဝင်စားနေမိခဲ့ပါတယ်..။

နောက်ပြီး မြန်မာ့ရုပ်ရှင်လောကမှာလဲ သုံးစွဲတာ မတွေ ့ရသလောက်ပါဘဲ…။

ဈေးကြီးတာ။ အလှမ်းဝေးနေတာနဲ ့ နည်းပညာလိုအပ်နေလို ့ဘဲလို ့ထင်မိပါတယ်…။

စီလီကွန် မိတ်ကပ်က တစ်ကယ်ကျွမ်းကျင်လာပြီဆိုရင် ရုပ်ရှင်တွေ ကြည့်ရင်းအတုလား အစစ်လား ခွဲမရနိုင်တာကို တွေ ့ရပါတယ်..။

ဒီ ပညာရပ်ကို စိတ်ဝင်စားတော့ လက်လှမ်းမှီသလောက်လေ့လာရင်း စမ်းသပ်ကြည့်ပါတယ်…

မိုက်ကယ်လ် ဂျက်ဆင် ပုံတွေ ကြည့်နေရာက ဂျက်ဆင်ရဲ ့နှာတံလို သေးတဲ့

အိမ်သူသက်ထား မဒမ်ခေါင်ကို စမ်းကြည့်ထားတာပါ…

ဒါက…စီလီကွန် မိတ်ကပ် အစစ်မဟုတ်သေးပါဘူး…

ရိုူးရိုး မိတ်ကပ်ကိုဘဲ…စမ်းထားတာပါ…။

SAMSUNG DIGITAL CAMERA

 

မဒမ်ခေါင် မူလရုပ်သွင်

IMG_0797

 

မိတ်ကပ်ကို မူလထက် ဖြူအောင်လိမ်း…

နှာတံဖော်…နှုတ်ခမ်းကိုအရောင်နဲ ့ချဲ့ပြီးပုံဖော်….

မျက်လုံးထက်အောက် အိုင်းရှဲဒိုးများများပေး…

IMG_0801

 

ဆံပင်တွေကို ကော်နဲ ့လိမ်ကောက်ကောက်တွေ ဖြစ်အောင်လုပ်……မျက်လုံးကို

ကွယ်ဘို ့ မျက်မှန်သုံး….ပုံမှန်ရယ်တာကို ပြင်ပြီး အမျိုးမျိုးရယ်ခိုင်း….

IMG_0802

 

နည်းနည်း ကျိုးစားပြီး ထပ်ရယ်ပေးပါဦး….မဒမ်….။

IMG_0811

 

အနီးစပ်ဆုံး အကျီနဲ ့ ဦးထုပ်ကို သေချာရွေး…….စတိုင်း အမျိုးမျိုးပြောင်း…

IMG_0813

 

နီးစပ်သလောက် ဖြစ်လာပြီ …ဦးထုပ် မတူဘူး…ပြောင်း…နောက်ပြီး မျက်နှာက

နည်းနည်းလေးပြည့်နေတယ်…မိုက်ကယ်က မေးစေ့ကြီးပြီး ပါးချောင်ကျတယ်…

ကဲ…လာ… မျက်နှာချောင်အောင် အညိုရောင်နဲ ့ပါးပြင်ကို လှည့်စားမယ်…

ကဲ…

Kopi av IMG_0813(2)

 

ဒါ…စီလီကွန် မပါသလောက်ဖြစ်ပြီး မိတ်ကပ်ကိုဘဲ ကစားထားတာပါ…

သူ ့မျက်နှာကို ပံ့ပိုးမယ့် အကျီ ဆံပင် ဦးထုပ် အသုံးအဆောင် မီးအလင်းအမှောင်နဲ ့

ထပ်ပြီး ပံ့ပိုးပေးလိုက်တာပါ….

ကျနော့်ရဲ့ စီလီကွန်မိတ်ကပ်က အရမ်းအကောင်းကြီး မဟုတ်သေးပါဘူး…။

စီလီကွန်မိတ်ကပ်ကို တစ်ကယ်ကျွမ်းကျင်ပြီး လှည့်စားလာရင် ကြည့်နေသူတွေ

မျက်စေ့မှားတော့တာဘဲ…။

အတုကို အစစ်ထင်ပြီး အမြင်မှားတော့တာပါဘဲ…။

အတုဆိုတာကလည်း အစစ်ကို အခြေခံရတာပါ…။

တစ်ခုတော့ရှိပါတယ်….

စီလီကွန် မိတ်ကပ်ကောင်းရင်  ရုပ်ရှင်မိတ်ကပ်လောက တိုးတက်နိုင်ပေမယ့်….

စီလီကွန် သင်္ကန်းတွေ အားကောင်းပြီး သိပ်ပီပြင်နေရင်…..

သာသနာ အတွက်တော့ မကောင်းဘူး….။

 

ခေါင်

 

40 comments

  • ဦးကြောင်ကြီး

    February 24, 2014 at 1:13 am

    မဒမ်ခေါင်ဂ မွန်ဆိုဒေါ့စ်… သမော်ဒီးဂိုစ် နန္ဒာလှိုင်လို ခြယ်သပေးလိုက်လျင်… ဂလုစ် နေမှာဗဲစ်.. လုပ်စ်ပါဗျာစ် တဗုံလောက်စ်… ကွိကွိ

  • ကျော်စွာခေါင်

    February 24, 2014 at 3:54 am

    ဦးကြောင်…
    သမော်ဒီးစ်ကို နန္ဒာလှိုင်နဲ ့ တူအောင် ပြင်းပေးပြီး…
    ဦးကြောင်ကို ဦးခင်ရွှေဂျီးနဲ ့တူအောင် ပြင်ပေးလိုက်လို ့ဂတော့…အံမာလေး ( မိုက်) လိုက်မယ့် ဖြစ်ခြင်း…။
    မိတ်ကပ်အဖက်ထ် မိုက်တာကို ပြောတာ… ဟိ။

    ….
    မဒမ်ခေါင်က မြန်မာမလေးပါဂျာ…။ း)

  • မမချွိ

    February 24, 2014 at 9:53 am

    ဟိုးနောက်ဆုံး က ကပ်ပါးကောင် အကြောင်းတော့ ပြောတော့ဘူးနော့။
    😀

    အဲဒီ မျက်နှာကို ချောင်ကျသွားစေတယ်ထင်ရတဲ့ မိတ်ကပ်လိမ်းနည်းတော့ သဘောကျတယ်။

    နို့မို့ မျက်နှာကျအောင် နံပတ် ဖိုး တွေ ရှုနေရမစိုးလို့။
    :mrgreenn:

    အဖေရော အမေရောချောတယ်ဆိုတော့ ကလေးတွေ ချောမှာ သေချာသလောက်ပဲ။
    🙂

    မိုက်ကယ် ဂျက်ဆင် ကို စ ကြည့်ဖူးတော့ ၆ တန်းးး

    Dangerous ကို အပိုင် မဝယ်နိုင်လို့ သူငယ်ချင်းဆီကနေ အခွေတွေ ကူးပြီး တိတ်တွေ ပါးသွားတဲ့ထိ အခေါက်ခေါက်အခါခါကြည့်ဖူးတယ်။

    ဘဝမှာ ဇာတ်ကြည့်ဖူးတာ ၁ဝ တန်းအောင်ပြီးတော့။
    မိုးမင်း တို့ပေါ့။
    သူ့ စတိတ်ရှိုး အပိုင်းက သူ က တာ မိုက်ကယ် ဂျက်ဆင် အတိုင်းပဲ ဆိုလို့ အဲဒီအပိုင်းကျမှ သွားကြည့်တာ။ :mrgreenn:
    ကန့်ဘလူမှာ သားအမိ ၂ ယောက် စောင်လေးတွေ ခေါင်းမှာ ခြုံပြီးးးးး ရုပ်ဖျက်သွားတာ။ :mrgreenn:

    • ကျော်စွာခေါင်

      February 25, 2014 at 2:11 am

      ငယ်ငယ်ကတည်းက ဂျက်ဆင်ကို ကြားဘူးပေမယ့် ခွေကြည့်ရတာ နောက်ကျတယ်…
      ရန်ကုန်က မင်္ဂလာဒုံဝါယာလက်မှာ ဂျက်ဆင်အကနဲ ့ ဘရိတ်ရောပြီး ရှိုးမှာ က လိုက်တာ တားမြစ်ထားတဲ့ စည်းကမ်းချိုးဖျက်တယ်ဆို
      ပြီး သဘင်ကောင်စီက လာဖမ်းတုန်းက ပြေးပုန်းနေရတာ တွေးမိသွားတယ်..အဲ့တုန်းက ပိတ်တယ်လေ…
      နှစ်းပါးကချိန်မှာ တစ်ခေါက် အမိပြန်လာဖမ်းတာ …ဒဏ်ငွေဆောင်လိုက်ရတယ်..“ ဟီးးးး
      အဲလောက်ကို ဂျက်ဆင်ကြိုက်တာ…
      ကေဇီနဲ ့ တူတယ်..။

  • ဦးကျောက်ခဲ

    February 24, 2014 at 10:20 am

    ဟီ ဟိ မိုက်ခဲကြက်ဆင် စတိုင်က အမိုက်သားပဲ…
    အော်ရီဂျင်နယ်လည်း ဖတ်လို့ကောင်း ၊ ဂလိုလေးလည်း တမျိုးကောင်း…
    ဗရာကြော်ပါ အကိုကြီး…
    စကားအတင်းစပ်… ကျောက်စ်ကို ဖြူအောင်လုပ်ပေးမည့် မိတ်ကပ်လေးများ ညွှန်းပါ…
    😀

    • ကျော်စွာခေါင်

      February 25, 2014 at 2:14 am

      ကိုကျောက်စ်
      ဆန်တွေကတော့ များများဖွပ်ရင် ဖြူလာတယ်လို ့ ကြားတာဘဲ…
      မဒမ်ကျောက်စ်ကို ထုထောင်း ပြီးဖွပ်တဲ့နည်းတွေ ပို ့ပေးလိုက်မယ်လေ…။

  • kyeemite

    February 24, 2014 at 10:52 am

    အော်..ဟော်..မိတ်ကပ်လည်းရပေသကိုး 😀
    စကားမစပ် ..ဒုတိယပုံက မမချွိ နဲ့တစ်ပုံစံထဲပဲ..ဟိဟိ

    • မမချွိ

      February 24, 2014 at 11:03 am

      ဟယ်။
      သူများတွေ ကြား ရင်
      သများ ကို အထင်လွဲကုန်ပါ့မယ်ဟယ်!!

      😀

    • ကျော်စွာခေါင်

      February 25, 2014 at 2:18 am

      “အော်..ဟော်..မိတ်ကပ်လည်းရပေသကိုး”
      ….အမငီးးးး
      ကိုမိုက် လေယူလေသိမ်းကြီးက သားသားကို ကြိမ်းဝါးနေသလိုဘဲ…သားသား ကြောက်ကြောက်..။ ဟဲ…စ တာ။
      ကိုမိုက် ပြောပုံအရဆို မမချွှိ လဲ…တော်တော်လှမယ်…( ကဲ…မုန် ့ကျွေးပါ ကေကေ )

    • မမချွိ

      February 25, 2014 at 7:06 am

      ဟုတ်တယ်။
      မဒမ်ခေါင် က မကြီးစိုးနဲ့ တူတယ်ဆို …..
      မဒမ်နဲ့ တူတယ် ဆိုတဲ့ မမချွိက ဒါဒါ နဲ့ တူမှာပဲ။ :mrgreenn:
      တစ်ပြားမှ မလျှော့နိုင်ဘူးးး
      ဝ တာ တူတာဟုတ်ဘူးနော်။ :mrgreenn:
      လှတာ လှတာတူတာ။
      နင်လား နင်လားပဲ။ :mrgreenn:

      မုန့်မကဖူးလေ ကြိုက်ရာကို ထမင်းဆိုင်မှာ စားသွားလေ။
      ခုခိ ခုခိ!

      😀

  • Mr. MarGa

    February 24, 2014 at 10:56 am

    မိတ်ကပ် မိတ်ကပ်
    ဒါသည်လဲ ပညာရပ် တစ်ခုပေ…
    ကောင်းသည့်ဘက်တွင် အသုံးချတော့ အကျိုးဖြစ်သည်။
    ဆိုးသည့်ဘက်တွင် အသုံးချပြန်တော့လဲ….
    အင်း… အကျိုးဖြစ်ပေသည်… :mrgreenn:

    ဖားသဂျိုး ၏ ဝိုးတိုးဝါးတား ဒဿနများ…. :mrgreenn:

    • ကျော်စွာခေါင်

      February 25, 2014 at 2:20 am

      ဖားသဂျိုး ၏ ဝိုးတိုးဝါးတား ဒဿနများ….

      ဆောင်ပုဒ်က မိုက်တယ်…ဖားသဂျိုးရေ..။

  • kai

    February 24, 2014 at 3:59 pm

    စိုးမြတ်သူဇာပုံကို.. မိုက်ကယ့်ပုြံဖြစ်အောင်.. ပြင်နိုင်တာ.. နည်းနည်းနောနော… စွမ်းရည်တော့မဟုတ်..
    တော်ပါပေ့..။ :mrgreen:

    • ကျော်စွာခေါင်

      February 25, 2014 at 2:25 am

      သူကြီးကိုဘဲ တိုင်ရမှာဘဲ…
      ခု သူကြီးပြောလို ့လေ…ရွာက အေးဘုံက သူ ့လို စိုးမြတ်သူဇာ မျက်နှာထားရှိသူက မီးဖိုချောင် ဝင်ရမယ့် ရုပ်ရည်မဟုတ်ဘူးဆိုပြီး
      အလှတွေ ပြင်မယ် တကဲကဲ လုပ်နေပြီဗျ…။

  • TNA

    February 24, 2014 at 7:17 pm

    တော်လိုက်တဲ့ဆြာခေါင်နှယ်။ ဆြာခေါင် မြန်မာနိုင်ငံအနုပညာလောကထဲမရှိတာ အတော်နစ်နာတယ်။ ဆြာခေါင်သာ မြန်မာပြည်ထဲရှိပြီး အနုပညာလောကထဲရှိနေမယ်ဆိုရင် အနုပညာလောက ရဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်မှာပဲ။ ပြုပြင်ရေးတွေလုပ် မုန်းသူထောက်ခံသူတွေကြားထဲမယ် အနုပညာလောကတော့ အတော်အတန်တိုးတက်ပြောင်းလဲလာနိုင်ဒါမို့ နှမျောမိပါတယ်။ 😥

    • ကျော်စွာခေါင်

      February 25, 2014 at 2:35 am

      မနုအေး
      မောင်နှမချင်း သိပ်မြှောက်နေ…သူများ ပြောလိမ့်မယ်..။
      ကျနော်က ဒီလောက်ကြီဒ မဟုတ်သေးပါဘူး…။
      ဒါပေမယ့် တတ်နိုင်တဲ့ဘက်ကတော့ တနေ့နေ ့ ပြန်ကူညီဘို့ ဆုံးဖြတ်ထားပါတယ်..။
      ကျနော်တို ့ မြန်မာ့ ရုပ်ရှင်နယ်ကတော့ ရုပ်ဖျက်ပြီဆိုရင် သွားခေါနဲ ့ ကျောဘု ဘဲ….ကြာလှပြီ..။
      မကြီးစန်းတို ့က အလှလိုင်းတော့ ကောင်းတယ်.. Effect ကျတော့ မလုပ်ကြဘူးလေ..
      နောက် စပါယ်ရှယ် မိတ်ကပ်ကိုလဲ ပိုက်ဆံသိပ်ပေးချင်ပုံမရပါဘူး…
      အကယ်ဒမီ ၄….၅ ခုပိုင်ရှင်တွေကအစ ဒီဇာတ်ရုပ်အတွက် ငါ ဒါတွေ လိုအပ်တယ်…ငွေစိုက်ထုတ်ပြီး ပီပြင်အောင် လုပ်ပြမယ်လို ့
      မတွေးကြပါဘူး….။
      ပြောလိုက်ရင်တော့ အနုပညာနဲ ့ပြည်သူကို ပေးဆပ်တာကို ပါးစပ်ကမချဘူး..။
      ပြီးတော့လဲ…. ခါးကုန်း သွားခေါနဲ ့ ကျောဘုပါဘဲ…။

      • TNA

        February 26, 2014 at 4:25 pm

        အဲဒါပြောတာပေါ့ ဆြာခေါင်ရယ်။ တကယ့်ပညာရှင်တွေအများကြီးလိုအပ်သလို ပြုပြင်ပြောင်း လဲ နိုင်မယ့်သူ ပြုပြင်ပြောင်းလဲမှု့မှာ ဦးဆောင်နိုင်မဲ့သူတကယ်ကိုလိုအပ်နေတယ်လို့မြင်မိပါတယ်။ သူတို့က ဘုန်းကြီးတစေဖြစ်နေလေတော့ ဦးဆောင်မဲ့သူကလဲ တကယ့်ကို ပညာပြည့်ဝပြီး သူတို့ မလှန်နိုင် လောက်အောင်တော်နေမှာသာ ပြုပြင်ရေးကိုလက်ခံလာလိမ့်မယ်လို့ထင်မိပါတယ်။

  • Paing Lay

    February 24, 2014 at 7:34 pm

    Amazing Arts!!!!!!!!!!!! Bravo ဗျာ ဖွဘုတ်မှာ အောက်ဆုံးကပုံကိုပဲ ကွက်ယူလိုက်ရင် မိုက်ခဲကြက်ဆင် အစစ် တရဲခြောက်တယ်ဆိုပြီး Comment ဗလပွ Share ဗလပွ နဲ့ ဖြစ်နေမှာ မြင်ယောင်သေး အဟေးးးးးးးးးးးးးးးးးးးးးးးးးး :mrgreen:

    • ကျော်စွာခေါင်

      February 25, 2014 at 2:37 am

      ပိုင်လေး
      ကျေးဇူးပါဗျာ..အားပေးတာကို..။
      ကျနော်က FB သိပ်မသုံးဘူး…
      ပိုင်လေး ယူသုံးချင်ရင်တော့ ယူသုံးပါ..ခွင့်ပြုပါတယ်

  • swe aung

    February 24, 2014 at 7:55 pm

    မိုက်မှ မိုက် ဗျ

    • ကျော်စွာခေါင်

      February 25, 2014 at 2:38 am

      ကျေးဇူးပါ ဆွေအောင်..ရေ။

  • ဝင့်ပြုံးမြင့်

    February 25, 2014 at 3:48 am

    ဒီလောက်ပညာတွေ အများကြီးကို အချိန်တိုအတွင်းမှာ ဘယ်လိုများ သင်ယူခဲ့တုန်း ကိုခေါင်။ ပညာတွေအတွက် လေးစားရတာထက် အံ့ဩရတာက ပိုနေပြီ။

    • ကျော်စွာခေါင်

      February 25, 2014 at 4:03 am

      ကျနော်လဲ ရှင်းပြလို ့ မတတ်တော့ဘူး မျှစ်ကြော်ရေ..။
      ဘဝဆိုတာကြီးကို နားလည်ရခက်လာသလို…..
      ပါရမီဖြည့်တယ်ဆိုတာ…..
      သူများကို ကူညီဖြည့်ဆီးပေးရင်း ကိုယ့်အတွက်ပြည့်လာတယ်လို ့ဘဲ ကျနော်က ယုံကြည်မိတော့တယ်….။
      မျှစ်ကြော်ကိုလဲ …စာတွေဖတ်ပြီး ကျနော်က လေးစားပြီးသားပါနော်…။

  • မဟာရာဇာ အံစာတုံး

    February 25, 2014 at 10:50 am

    အိမ်သူသက်ထား မဒမ်ခေါင်ကို စမ်းကြည့်ထားတာပါ…

    စမ်းစရာ ရှာလို့ ဒက်ဒီခေါင်ရာ …။
    :mrgreen:

  • မင်း ခန့် ကျော်

    February 25, 2014 at 1:37 pm

    ကျုပ်မှာ လက်ညိုးထိုး ရာ ဖြစ်စေ အာဏာများရှိခဲ့ရင်

    မြန်မာ့ရုပ်ရှင် ဗီဒီယို လောကကလူတွေကို ခင်ဗျားဆီ

    တပြည့်ခံခိုင်းမယ်။တကယ်အဟုတ်။

    စရိတ်စက ဘာညာ တွေကလျောက်ပြောနေတာ။

    တကယ်က တတ်ကိုးမတတ်ကြတာ။

    မြန်မာမှာတော့ပညာရှင်အဆင့်သေချာပါတယ်ဗျာ။

  • Ma Ma

    February 25, 2014 at 6:48 pm

    ဓာတ်ပုံနဲ့ အဆင့်ဆင့်မပြပဲ မဒမ်ခေါင်ကို မိုက်ကယ်ဂျက်ဆင်ပုံဖြစ်အောင် ပြင်နိုင်တယ်ပြောရင် ကြွားတယ်လို့ ထင်မှာ။ 😀
    မြန်မာ့ရုပ်ရှင်လောကမှာတော့ မိတ်ကပ်ကို သဘာဝကျဖို့ထက် လှဖို့ကို ဦးစားပေးနေလို့ မတိုးတက်တာလို့ ပြောချင်တယ်။ 🙁

    • ကျော်စွာခေါင်

      February 26, 2014 at 2:33 am

      မမရေ
      လာအားပေးတာ ကျေးဇူးနော်…
      မြန်မာ့ ရုပ်ရှင်လောက..မိတ်ကပ်လောကကို တိုးတက်စေချင်တာတော့ စေတနာအမှန်ပါဘဲ..
      မတန်မရာ ကြီးကျယ်ပြီး ပြောတာမဟုတ်ပါဘူး…
      အများကြီးလိုအပ်နေသေးပါတယ်..။
      silicon make up effect ကျတော့ ပန်းချီပန်းပု အခြေခံလိုတယ် မမ.။
      သေချာမွေးယူရမှာ…ပညာရှင်ကို..မိပ်ကပ်လိမ်းတတ်ရုံနဲ ့တော့ မပြည့်စုံဘူးလေ..။

  • ဖျားဖျား ဆြာခေါင်ရဲ့အတတ်ပညာက အမျိုးစုံလှတာလက်ဖျားခါပါရဲ့
    ဒါပေမယ့် ဆြာခေါင့်မဒမ်ဖြစ်ရတာမစားသာ။ခမျာ မိုက်ကယ်ဒမ်ခေါင်တောင်ဖြစ်သွားရတယ်။
    ဆြာခေါင်လို့မိတ်ကပ်ဖန်တီးရှင်သာပြန်လာရင် မြန်တျန့်ရုပ်ရှင်လောကကြီး တိုးတက်လာမှာအသေချာ။
    😀

    • ကျော်စွာခေါင်

      February 26, 2014 at 2:40 am

      ” မိုက်ကယ်ဒမ်ခေါင်” တဲ့လား မနန်း…နာမည်ပေးတာကတော့ ရှယ်ဘဲ..။
      ကျနော်လည်း ဒီပညာကို ထပ်လေ့လာမှာပါ…
      ပြီးရင် ကျနော် ပြန်ပြီး မျှဝေပေးမှာပါ..။
      အုတ်တစ်ချပ် မဟုတ်ရင်တောင် သဲတစ်ပွင့် အနေနဲ ့ပေါ့..။

  • Ma Ei

    February 26, 2014 at 12:08 pm

    ပိုစ်တွေ တစ်ခုဖတ် တစ်ခုဆိုသလိုပါဘဲ
    တအံ့ တဩ နဲ့ တွေးစရာ တပုံတပင်
    နောက်ထပ် ဘာတွေများလာဦးမလဲ
    စောင့်ဖတ်နေရမယ့်
    ပညာရှင်ပါ

  • လုံမလေးမွန်မွန်

    February 26, 2014 at 2:10 pm

    အိုး..အိုး..

    လိုက်​မမီ.. ဘယ်​လိုနည်​းနဲ့မှ လိုက်​မမီ .. ​ဖေ​ခေါင်​တို့က မလုပ်​ရင်​အရှင်​း.. လုပ်​ရင်​လည်​း expert..

    အားကျပါအိ.

  • padonmar

    February 26, 2014 at 9:59 pm

    အန်တီမမ လက်တို့လို့ ခေါင့်လက်ရာ မိတ်ကပ်ကို ပြေးလာကြည့်ရတယ်။
    ဆီလီကွန်ကို ရင်သားကင်ဆာဖြတ်ထုတ်ရတဲ့ မိန်းမတွေ အလှမပျက်စေရေး သုံးကြတယ်လို့ပဲ ကြားဖူးတာ ၊ခုမှပဲ မိတ်ကပ်သုံးလို့ရမှန်း တအံ့တဩသိရတော့တယ်။
    စီလီကွန် သင်္ကန်းတွေအကြောင်း မကောင်းတာပြောရင် သစ်ခေါက်ဆိုးသင်္ကန်းတေါက မနာကြဖို့လည်း လိုတယ်ခေါင်ရေ။
    ……………..
    မဒမ်ခေါင်ကလည်း ချောလိုက်တာ။
    မိတ်ကပ်ဆြာခေါင်ကလည်း တော်ပါ့။
    ကျမတို့ နောက်တခါတွေ့ဆုံပွဲကျရင် ဆြာခေါင့်ကို မိတ်ကပ်ခေါ်ပြင်မှပဲ။မျက်စိလေးနည်းနည်းမှေးတာ
    မေးရိုးလေးနည်းနည်းကားတာ၊
    ရုပ်လေးနည်းနည်းဆိုးတာလောက်တော့ သက်မွန်မြင့်လောက်လှအောင် ပြင်ပေးမယ်မလားဟင်။

  • Novy

    February 27, 2014 at 11:47 am

    တော်လိုက်တဲ့ဆရာခေါင်ပါလား..
    ရုံးညီမလေးတွေေတောင် အရမ်းသဘောကျသွားလို့
    ကိုရီယာမင်းသမီးတွေလိုရုပ်ပြောင်းပြီးဓာတ်ပုံရိုက်ချင်လို့တဲ့
    ဆရာခေါင်လိပ်စာမေးနေတယ်

  • Crystalline

    February 27, 2014 at 12:24 pm

    ဦးခေါင်က စွယ်စုံရပဲ… တခါကလေယာဉ်ပေါ်မယ်..ယိုးဒယားမင်းသမီးလားမော်ဒယ်လားမသိ.. မြန်မာမှာ ဓာတ်ပုံလာရိုက်တာထင်ပါတယ်.. သူ့ခရူအဖွဲ့တွေလည်းပါတယ်.. လေယာဉ်ပေါ်တက်စ သူ့မျက်နှာက ပြားပြားဝိုင်းဝိုင်း ကဗျာဘွဲ့မှူးတို့ထက်တောင် ပြားဝိုင်းသေး…. ဘာမှဆွဲဆောင်မှုမရှိ… လေယာဉ်စီးချိန် ၄၅မိနစ်လောက်အတွင်းမှာ သူ့မိတ်ကပ်ဗူး ဘုစုခရုပေါင်းများစွာနဲ့ သူကိုယ်တိုင်ပဲပြင်လိုက်တာ.. မင်္ဂလာဒုံလေဆိပ်လည်းဆင်းခါနီးရော.. သူ့မျက်နှာလေးက ဖူးဖောင်းလှပနေရော…. ပထမ ငါးမူးစေ့မျက်နှာနဲ့ဘာမှမဆိုင်တော့ဘူး.. အဲဒီပညာမျိုးရချင်သား :))

  • ရွှေမိုးတိမ်

    February 27, 2014 at 12:56 pm

    အရမ်းတော်တာပဲဗျာာာာ
    အာ့ပဲပြောနိုင်တော့တယ် စာရေးကောင်း ပန်းချီဆွဲကောင်း ခုတော့ နောက်ထပ်တစ်မျိုး ထပ်တိုးပေါ့ …
    အော် မလိုင်ချက်တာလည်း တော်သေးတယ် 😀

  • နောက် တစ် ခါ ရွာ ထဲ မှာ မင်္ဂ လာ ဆောင် သူ ရှိ ရင် ခေါင်ခေါင် နဲ့ အ လှ ပြင် ခိုင်း မယ်။
    ဒါ ဘဲ။

    အတည် ပြော တော့ မယ်
    ကျ နော် တို့ ဆီ က လူ တွေ က ရှိ တာ နဲ့ လုပ် ဘို့ စိတ် မကူးဘဲ ငါ တို ့ မှာ လက် နက် မ စုံ ဘူး လောက် ဘဲ နဲ့
    ထိုင် နေ ကြ တာ ဗျာ

  • ကျော်စွာခေါင်

    February 28, 2014 at 3:01 am

    မအိ၊ မွန်မွန်၊ မမမာ၊ မလှိုင်း၊ နိုဗီ၊ ရွှေမိုးတိမ် နှင့် ကိုပေါက် ခင်ဗျား
    လာရောက်ဖတ်ရှုဝေဘန် အားပေးတာ သိပေမယ့်..
    ကွန်မန် ့တောင် ရဲရဲ မရေးရဲပါ..
    အပေါ်မှာ ကျေးဇူးပါလို ့ ပြောတဲ့ ကျနော့်ရဲ ့ကွန်မန် ့တောင် မျက်ခြေမပြတ်စောင့်ကြည့်ပြီး အနီလိုက်လုပ်နေတော့
    ကျနော့်အပေါ် တော်တော် မုဒိတာပွားနေပုံရတယ်..
    မန်းဂေဇက် ဆိုက်ဟာ တော်တော် ပွင့်လင်းတဲ့နေရာဖြစ်တာတောင် အမည်တပ် မဝေဘန်ဘဲ
    ကျေးဇူးတင်ပါတယ် လို ့ရေးတာလေးတောင် ဒီလူ မခံစားနိုင်ဘူး ဖြစ်နေတယ်..
    ဘာဘဲ ပြောပြောလေ…ကြိုက်တာ မကြိုက်တာကို နာမည်တပ် ဝေဘန်ရဲပြီး…..မန်းဂေဇက်မှာ
    စာပေလူတောတိုးပါစေ လို ့ဘဲ ဆုတောင်းပေးပါတယ်… း)

    • Foreign Resident

      February 28, 2014 at 5:11 am

      ကျော်စွာခေါင် says:
      ” အပေါ်မှာ ကျေးဇူးပါလို ့ ပြောတဲ့ ကျနော့်ရဲ ့ကွန်မန် ့တောင်
      မျက်ခြေမပြတ်စောင့်ကြည့်ပြီး အနီလိုက်လုပ်နေတော့
      ကျနော့်အပေါ် တော်တော် မုဒိတာပွားနေပုံရတယ်.. ”

      ဟဲ ဟဲ ။ ကို ခေါင် ရေ ။ အဲဒီ အနီ တွေတော့ လိုက်ခံစားမနေနှင့်ဗျ ။

      ပုံစံ က တစ်ဦး တစ်ယောက် ကိုမှ လိုက်နီနေတာတော့ မဟုတ်ဘူးဗျ ။
      MG ဆိုဒ် ကြီး တစ်ခုလုံးက ၊ Post တိုင်းလိုလိုမှာ လိုက်လုပ်နေတာဗျ ။
      သူ့ Feeling နှင့် သူပေါ့ဗျာ ။ Neglect လုပ်လိုက်ပါဗျ ။

  • လုံမလေးမွန်မွန်

    February 28, 2014 at 10:03 am

    နီတာ ဝမ်းတောင်သာသေးတယ်.. သူများ မနာလိုခံရတာလောက်… ပျော်ဖို့ကောင်းတာမရှိဘူးတဲ့.. ဟိဟိ..

Leave a Reply