အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၈ ( Galley Tour ) ။

Foreign ResidentFebruary 26, 201416min29622

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၈ ( Galley Tour ) ။

 

၁၃ – ၁၂ – ၂၀၁၃ ။

 

ဒီနေ့ တစ်နေ့လုံးတော့ သင်္ဘောဟာ ဘယ်ဆိပ်ကမ်းကိုမှ မကပ်ဘဲ ၊

Tauranga ကနေ Wellington မြို့ ကို ခုတ်မောင်းမှာပါ ။

တောက်လျှောက် ပင်လယ်ထဲမှာပါ ။ ကမ်းနား သွားဖို့ မရှိဘူးပေါ့ ။

 

အဲဒီတော့ကာ ၊ ဘာလုပ်နေပြီး အချိန်ဖြုန်းရင် ကောင်းမလဲလို့ ၊

သတင်းလွှာ ၁ ။ ဒီနေ့ နှင့် မနက်ဖြန် ရဲ့ Activities & Events တွေမှာ ရှာကြည့်ပါတယ် ။

 

နံနက် ၁ဝ နာရီ ခွဲမှာ စိတ်ဝင်စားစရာ Galley Tour မီးဖိုဆောင် လေ့လာရေး ခရီးစဉ် ၊

ဆိုတာကိုတွေ့ရလို့ ၊ အဲဒီကိုဘဲ သွား လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

 

8 နံနက် ၁ဝ နာရီ ခွဲမှာ စိတ်ဝင်စားစရာ Galley Tour မီးဖိုဆောင် လေ့လာရေး ခရီးစဉ် ။

 

8 နံနက် ၁ဝ နာရီ ခွဲမှာ စိတ်ဝင်စားစရာ Galley Tour မီးဖိုဆောင် လေ့လာရေး ခရီးစဉ်
8 နံနက် ၁ဝ နာရီ ခွဲမှာ စိတ်ဝင်စားစရာ Galley Tour မီးဖိုဆောင် လေ့လာရေး ခရီးစဉ်

 

အဲဒါနှင့် ၊ Tour စမယ့် Grand Epernay 3 ဆိုတဲ့ Restaurant ကို ၊

နံနက် ၁ဝ နာရီ ခွဲ အရောက် သွားလိုက်ပါတယ် ။

( အဲဒီမှာ ၊ လူတိုင်းကို ကြိုဆိုတဲ့ အနေနှင့် ၊

Welcoming Drink ရှန်ပိန် / အအေး တိုက်ဧည့်ခံ တယ်လေ )

 

အချိန်ကျတဲ့အခါ ၊

ပထမ ဦးဆုံး သင်္ဘောရဲ့ Food & Beverage Director Mr. Martin Fouler ၊

( သူ့ရဲ့ ရာထူးကတော့ ၊ ရွှေချောင်း ၃ စင်း နှင့် ၊

Food & Beverage Department ရဲ့ Head of Department ပါ )

က မိတ်ဆက်စကားပြောကြားပြီး ၊ သူ့ F & B Department ရဲ့ ၊

သင်္ဘောပေါ်မှာ လုပ်ပုံ ကိုင်ပုံ ကို ပြောပြပါတယ် ။

 

8 သင်္ဘောရဲ့ Food & Beverage Director, Mr. Martin Fouler ။

 

8 သင်္ဘောရဲ့ Food & Beverage Director Mr. Martin Fouler
8 သင်္ဘောရဲ့ Food & Beverage Director Mr. Martin Fouler

 

အဲဒီနောက် ၊ သူ့ရဲ့ F & B Dept အောက်က Chef ( Chief Cook ) တွေနှင့် ၊

အဘ တို့ကို မိတ်ဆက်ပေးပါတယ် ။

သူ့ လက်အောက်က ရာထူး အကြီးဆုံး Cook ကတော့ ၊

Executive Chef ဩဇီ လူမျိုး Geoffrey Haviland ပါ ။

Executive Chef ဟာ ရာထူးအနေနှင့်ကတော့ ရွှေချောင်း ၃ စင်း အတူတူပါဘဲ ၊

ဒါပေမယ့် အုပ်ချုပ်မှု အနေနှင့်ကတော့ Food & Beverage Director ရဲ့ အောက်ကပါ ။

 

8 F & B Dept အောက်က Chef ( Chief Cook ) တွေ ။

 

8 F & B Dept အောက်က Chef ( Chief Cook ) တွေ
8 F & B Dept အောက်က Chef ( Chief Cook ) တွေ

 

ပထမဦးဆုံး သူတို့ ဋ္ဌာန ရဲ့ လုပ်ပုံ ကိုင်ပုံ ကို ရှင်းပြပါတယ် ။

 

သူတို့ Food & Beverage Department ရဲ့ အဓိက ပထမ ဦးစားပေးဟာ တဲ့ ၊

ထမင်း ဟင်း အဖျော် ယမကာ တွေ အရသာရှိတာ မရှိတာ မဟုတ်ပါဘူး တဲ့ ။

သင်္ဘောပေါ်က ခရီးသည်တွေ ဝမ်းပျက် ဝမ်းလျှော အစရှိတဲ့ ၊

ရောဂါပိုးတွေ မကူးစက်ဘို့ သန့်ရှင်းရေး ကို အထူး ဂရုစိုက်ရတာပါတဲ့ ။

 

( ခရီးသည် ၂၈၀ဝ ကျော် နှင့် ဝန်ထမ်း ၁၂၀ဝ ကျော်ရှိတဲ့ သင်္ဘောကြီးပေါ်မှာ ၊

ကူးစက်ရောဂါ တစ်ခုခု Out Break ဖြစ်လိုက်လို့ကတော့ ၊ စဉ်းစားသာ ကြည့်ပေတော့ )

 

သန့်ရှင်းရေး နှင့် ရောဂါကူးစက်နိုင်မှု ကို ဘယ်လို ဂရုစိုက်သလဲဆို ၊

အဘ မှတ်မိသလောက်ထဲက နမူနာ တစ်ချို့ ပြောပြရရင် ။

 

၁ ။

သင်္ဘော စထွက်ထွက်ချင်း ၊ ၇၂ နာရီ / ၃ ရက် အတွင်းမှာ ၊

Restaurent တွေထဲက စားစရာ ( ထမင်း / ဟင်း / မုန့် ) တွေကို ၊

ခရီးသည် ကိုယ်တိုင် ထိကိုင် ဖို့ မပြောနှင့် ၊ ဇွန်း နှင့် ခပ်ယူခွင့်တောင် မပြုပါဘူး ။

ခရီးသည်  စားချင်တဲ့ အစားအစာကို Waiter Waitress တွေကဘဲ ခပ်ပေးပါတယ် ။

 

8 စားစရာ ( ထမင်း  ဟင်း  မုန့် ) တွေကို ဇွန်း နှင့် ခပ်ယူခွင့်တောင် မပြုပါဘူး ။

 

8 စားစရာ ( ထမင်း  ဟင်း  မုန့် ) တွေကို ဇွန်း နှင့် ခပ်ယူခွင့်တောင် မပြုပါဘူး ။
8 စားစရာ ( ထမင်း ဟင်း မုန့် ) တွေကို ဇွန်း နှင့် ခပ်ယူခွင့်တောင် မပြုပါဘူး ။

 

၂ ။

ခရီးသည် တွေကို တည်ခင်းတဲ့ ဘယ်စားစရာကို မဆို ၊

ချက်ပြီးတဲ့ အချိန်ကနေ ၄ နာရီအတွင်း မကုန်ရင် လွှင့်ပြစ်ရပါတယ် ။

ပုံထဲမှာ သူတို့ရဲ့ မီးဖိုချောင် Galley ထဲက အမိန့် ညွှန်ကြားလွှာ Time Control Plan ပါ ။

Set Up Time ချက်ပြီးတဲ့အချိန် နှင့် Discard Time လွှင့်ပြစ်ရမယ့်အချိန် ရေးထားပါတယ် ။

 

8 ဘယ်စားစရာ မဆို ချက်ပြီးတဲ့ အချိန်ကနေ ၄ နာရီအတွင်း မကုန်ရင် လွှင့်ပြစ်ပါတယ် ။

 

8 ဘယ်စားစရာ မဆို ချက်ပြီးတဲ့ အချိန်ကနေ ၄ နာရီအတွင်း မကုန်ရင် လွှင့်ပြစ်ပါတယ် ။
8 ဘယ်စားစရာ မဆို ချက်ပြီးတဲ့ အချိန်ကနေ ၄ နာရီအတွင်း မကုန်ရင် လွှင့်ပြစ်ပါတယ် ။

 

၃ ။

နေရာအနှံ့မှာ Purell လို့ရေးထားတဲ့ Hand Cleaner / Gel Dispenser တွေ ရှိပါတယ် ။

အဲဒီအောက်မှာ လက်ခံလိုက်ရင် Automatic လက်ဆေးတဲ့ Gel လေးတွေ ကျလာပါတယ် ။

အဲဒီ Gel တွေနှင့် လက်အနှံ့ ကို ပွတ်လိုက်ရင် ပိုးသတ် သန့်စင်ပြီးသား ဖြစ်သွားပါတယ် ။

ရေ နှင့် ထူးပြီး ထပ်ဆေးစရာ မလိုတော့ပါဘူး ။

 

အဲလို Gel Dispenser တွေကို နေရာ အနှံ့မှာ တပ်ဆင်ထားပေးပါတယ် ။

အထူးသဖြင့် စားသောက်ခန်းတွေရဲ့ အဝင်ပေါက်တိုင်းမှာ ရှိပါတယ် ။

အဲဒီ အပြင် စားသောက်ခန်းတွေရဲ့ အဝင်ပေါက်တိုင်းမှာ ၊

Waiter / Waitress တစ်ယောက်စီက ကြိုဆို နှုတ်ခွန်းဆက်ရင်း နှင့် ၊

လက်ထဲကို အဲဒီ Gel လေးတွေ Manual ကိုယ်တိုင်လဲ လိုက်ဖျန်းပေးပါတယ် ။

 

8 နေရာအနှံ့မှာ Purell လို့ရေးထားတဲ့ Hand Cleaner  Gel Dispenser တွေ ရှိပါတယ် ။

 

8 နေရာအနှံ့မှာ Purell လို့ရေးထားတဲ့ Hand Cleaner  Gel Dispenser တွေ ရှိပါတယ်
8 နေရာအနှံ့မှာ Purell လို့ရေးထားတဲ့ Hand Cleaner Gel Dispenser တွေ ရှိပါတယ်

 

၄ ။

Buffet Dining Room ထဲက Beverage Corner မှာ အပူ အအေး သောက်စရာ စက်တွေ ရှိပါတယ် ။

အဲဒီ အအေး စက်လေးပေါ်မှာ ရေးထားတဲ့ ၊ ” Please do not reuse your glass ” ဆိုတာ ၊

အခု တွေ့ရတဲ့ ၊ ဆေးထားပြီးသား ဖန်ခွက် အပြာ ထဲကို အအေးထည့်ယူသွားပြီးရင် ၊

ကိုယ့် ပါးစပ် နှင့် ထိသောက်ပြီးတဲ့ ( ပိုးတွေ ပါလာနိုင်တဲ့ ) အဲဒီ ဖန်ခွက် အပြာ ကို ၊

ဒီ အအေးစက် ဆီကို ပြန်ယူလာပြီး ၊ နောက်တစ်ခါ အအေး ထပ်ထည့်ခွင့် မပြုတော့ပါဘူး ။

နောက်တစ်ခါ အအေး ထပ်ထည့်ချင်ရင် ၊ နောက် ဖန်ခွက် အသစ် ကို သုံးရပါမယ် ။

 

8 Buffet Dining Room ထဲက အပူ အအေး သောက်စရာ Beverage Corner ။

 

8 Buffet Dining Room ထဲက အပူ အအေး သောက်စရာ Beverage Corner ။
8 Buffet Dining Room ထဲက အပူ အအေး သောက်စရာ Beverage Corner ။

8 နောက်တစ်ခါ အအေး ထပ်ထည့်ချင်ရင် ၊ နောက် ဖန်ခွက် အသစ် ကို သုံးရပါမယ် ။

 

8 နောက်တစ်ခါ အအေး ထပ်ထည့်ချင်ရင် ၊ နောက် ဖန်ခွက် အသစ် ကို သုံးရပါမယ် ။
8 နောက်တစ်ခါ အအေး ထပ်ထည့်ချင်ရင် ၊ နောက် ဖန်ခွက် အသစ် ကို သုံးရပါမယ် ။

 

သူတို့ ဋ္ဌာန ရဲ့ လုပ်ပုံ ကိုင်ပုံ ကို ရှင်းပြပြီးတဲ့နောက် ၊

ဧည့်သည်တွေရဲ့ မေးခွန်းတွေကို ဖိတ်ခေါ် ဖြေကြားပေးပါတယ် ။

 

ပြီးတဲ့ အခါမှာ အဘ တို့ကို အုပ်စုခွဲပြီး ၊

သူတို့ဆီက Chef တစ်ဦးစီက ဦးဆောင်ခေါ်ပြီး ၊

သင်္ဘော ရဲ့ မီးဖိုချောင် Galley ထဲကို လှည့်လည် ရှင်းပြပါတယ် ။

 

8 မီးဖိုချောင် Galley ထဲမှာ ကျယ်ကျယ်ဝန်းဝန်း နှင့် ရှင်းသန့်နေပါတယ် ။

 

8 မီးဖိုချောင် Galley ထဲမှာ ကျယ်ကျယ်ဝန်းဝန်း နှင့် ရှင်းသန့်နေပါတယ်
8 မီးဖိုချောင် Galley ထဲမှာ ကျယ်ကျယ်ဝန်းဝန်း နှင့် ရှင်းသန့်နေပါတယ်

 

8 အစားအသောက် ပုံဖေါ် အလှပြင်တဲ့ နေရာပါ ။

 

8 အစားအသောက် ပုံဖေါ် အလှပြင်တဲ့ နေရာပါ ။
8 အစားအသောက် ပုံဖေါ် အလှပြင်တဲ့ နေရာပါ ။

 

အကြမ်းဖျင်းအားဖြင့် ၊

အဘ တို့ နိုင်ငံတကာသွား ကုန်သင်္ဘောတွေ လိုက်နာရတဲ့ ဥပဒေ နည်းလမ်းတွေ နှင့် ၊

သူတို့ ခရီးသည်တင် Cruise သင်္ဘောတွေ လိုက်နာရတဲ့ ဥပဒေ နည်းလမ်းတွေ နှင့် ၊

အများအားဖြင့်ကတော့ အတူတူပါဘဲ ။ သူတို့ ပိုလဲ / ကွာလှလဲ နဲနဲပါ ။

 

အဲဒီတော့ အဘ အတွက် ကတော့ ၊

သူတို့ဆီက မီးဖိုချောင် Galley ၊ Pantry ၊ Store room တွေ ၊

သန့်ရှင်းတာ ၊ သပ်ရပ်တာ ၊ စံနစ်ကျတာတွေ ၊

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းအောင် OHS လုပ်ထားတာတွေ ၊

အဘ အမြင်မှာ ဘာမှ မထူးဆန်းလှပါဘူး ။

 

ဥပမာအားဖြင့် ဓါတ်ပုံထဲက မီးဖိုချောင် Galley ကြမ်းပြင်မှာ ၊

အနက်ရောင် ရာဘာပြား အထူကြီးတွေ ခင်းထားတာ တွေ့လား ၊

အဲဒါက လျှပ်စစ် ဓါတ်အား နှင့် ကိုင်ထိ နိုင်တဲ့နေရာတွေရဲ့ အောက်တည့်တည့် ဘဲ ၊

လူတွေကို ဓါတ်မလိုက်အောင် ရာဘာပြား အထူကြီးတွေ ခင်းထားတာ ။

အခြေခံ ဥပဒေ နည်းလမ်းတွေက အကုန် အတူတူပါဘဲ ။

သေချာလိုက်ကြည့်ရင် သုံးတဲ့ စက်တွေကအစ အမျိုးအစား အတူတူ ပါဘဲ ။

 

8 ဟင်းတွေ မရောကုန်ဖို့ ပါဝင်တဲ့ ပစ္စည်း ချက်နည်းတွေကို ပုံ နှင့် တကွ ပြထားပါတယ် ။

 

8 ဟင်းတွေ မရောကုန်ဖို့ ပါဝင်တဲ့ ပစ္စည်း ချက်နည်းတွေကို ပုံ နှင့် တကွ ပြထားပါတယ် ။
8 ဟင်းတွေ မရောကုန်ဖို့ ပါဝင်တဲ့ ပစ္စည်း ချက်နည်းတွေကို ပုံ နှင့် တကွ ပြထားပါတယ် ။

 

8 အမျိုးအစားတူတဲ့ ဟင်းခွက်တွေကို တစ်ပြိုင်တည်း ကြိုပြင်နေပုံပါ ။

 

8 အမျိုးအစားတူတဲ့ ဟင်းခွက်တွေကို တစ်ပြိုင်တည်း ကြိုပြင်နေပုံပါ ။
8 အမျိုးအစားတူတဲ့ ဟင်းခွက်တွေကို တစ်ပြိုင်တည်း ကြိုပြင်နေပုံပါ ။

 

အဲ ၊ အဲဒီမှာ အဘ အဓိက အံဩမိတာ တစ်ခုဘဲ ရှိပါတယ် ။

သူတို့ မီးဖိုချောင် Galley ကြီးက အရမ်း ကျယ်ဝန်းသလောက် ၊

ဝန်ထမ်း Chef / Cook အတော်နည်းတာကို တွေ့ရပါတယ် ။

( အဲဒီတော့ Chef တွေ နေရာ ကျယ်ကျယ်ဝန်းဝန်း နှင့် ချက်ရတာပေါ့ )

 

ဒီလောက် လူအများကြီး ( ခရီးသည် ၂၈၀ဝ ) စားဖို့ ကို ၊

ဒီလောက် လူနည်းနည်းလေး နှင့် ချက်နိုင်တာ အံ့ဩမိပါရဲ့ ။

အဘ တွေ့ခဲ့တာ Chef ကော ၊ အကူပါ ၊ ၂ဝ / ၃ဝ လောက်ဘဲ ရှိမယ် ။

8 မီးဖိုချောင် Galley က အကျယ်ကြီးပါ ၊ လူအများကြီး ကျပ်ညပ် မနေပါဘူး

 

8 မီးဖိုချောင် Galley က အကျယ်ကြီးပါ ၊ လူအများကြီး ကျပ်ညပ် မနေပါဘူး
8 မီးဖိုချောင် Galley က အကျယ်ကြီးပါ ၊ လူအများကြီး ကျပ်ညပ် မနေပါဘူး

 

8 ဒါကတော့ မီးဖိုချောင် Galley ထဲက ပစ္စည်းထားတဲ့ Store Room ။

 

8 ဒါကတော့ မီးဖိုချောင် Galley ထဲက ပစ္စည်းထားတဲ့ Store Room ။
8 ဒါကတော့ မီးဖိုချောင် Galley ထဲက ပစ္စည်းထားတဲ့ Store Room ။

 

မီးဖိုချောင် Galley ကို ကြည့်ပြီးတဲ့ အခါကျတော့ ၊

Silk Harvest Asian Restaurant ကို ခေါ်သွားပြီး ၊

ဟင်းပွဲ ပြင်ဆင်ပုံ အဆင့်ဆင့် ကိုပါ ထပ်ရှင်းပြပါတယ် ။

( ဟဲ ဟဲ ရှင်းပြပြီးတဲ့ အခါကျတော့ ဟင်း မြည်းကြပါတယ် )

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 1 ။

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 11
8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 1

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 2 ။

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 2
8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 2

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 3 ။

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 3
8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 3

 

အဘ တို့လဲ ၊ အဲဒီက ဟင်းတွေ နဲနဲစီ မြည်းကြည့်ပြီးတော့ ၊

အပြန်မှာ တစ်ခါတည်း Buffet Restaurant ဝင် ၊

နေ့လည်စာစားပြီး အခန်း ပြန်ခဲ့ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

8 တစ်ချို့ကတော့ ရှင်းပြတာ စိတ်မဝင်စားလှဘဲ မြည်းကြည့်ဖိုဘဲ စိတ်ဝင်စားကြတယ် ။

 

8 တစ်ချို့ကတော့ ရှင်းပြတာ စိတ်မဝင်စားလှဘဲ မြည်းကြည့်ဖိုဘဲ စိတ်ဝင်စားကြတယ် ။
8 တစ်ချို့ကတော့ ရှင်းပြတာ စိတ်မဝင်စားလှဘဲ မြည်းကြည့်ဖိုဘဲ စိတ်ဝင်စားကြတယ် ။

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 4 ။

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 4
8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 4

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 5 ။

 

8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 5
8 ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 5

22 comments

  • မမချွိ

    February 26, 2014 at 8:11 am

    သန့်ရှင်းရေးကို ဘယ်လိုနည်းနဲ့လုပ်လည်းမသိ။
    ကိုယ့်မှာတော့ မီးဖိုချောင်သေးသေးလေးမှာ ချက်ပြီးရင် ချက်ရတာနဲ့ မကာမိအောင် ပြန်သန့်ရတာ။
    🙂

    ကိုယ်ပိုင်ခံစားချက်ပြောရမယ်ဆိုရင်တော့ ဗမာ မို့လားမသိ။
    အလှဆင်ထားတဲ့ တို့ကနန်း ဆိတ်ကနန်း အစားအသောက်ကို မခံစားတတ်ဘူးရယ်။
    စားချင်စိတ်လည်း မပေါ်မိ။
    😀

    အဲဒီ စန်နီတိုင်စာ ကတော့ ဒီမှာ ဆေးရုံ ဆေးခန်းတွေမှာ နေရာတိုင်းထားတယ်။
    ခရီးဆောင်သွားသင့်တယ်ထင်တယ်။
    ဆပ်ပြာမလို ရေမလို လက်သုတ်ပဝါ မို့ ကျနော်တို့ နိုင်ငံလိုသွားရင် အံကိုက်ပဲ။
    ခဏ ခဏ ဆေးရင်တော့ လက် အရေပြား အသားအရည်ခြောက်တယ် ဆိုလားပဲ။

    • Foreign Resident

      February 28, 2014 at 2:35 am

      မမချွိ says:
      ” ခဏ ခဏ ဆေးရင်တော့ လက် အရေပြား အသားအရည်ခြောက်တယ် ဆိုလားပဲ ”

      အဘ မိန်းမ နှင့် လုပ်ဖေါ်ကိုင်ဖက် ဆရာဝန်မ တစ်ယောက်ဟာ ၊
      လူနာကြည့်လိုက် လက်ဆေးလိုက် လုပ်လိုက်တာ ၊
      လက်တစ်ခုလုံး အရေခွံတွေ လန်နေတာ တွေ့ဖူးတယ် ။

  • ဦးကျောက်ခဲ

    February 26, 2014 at 9:02 am

    အဟီး… အဲသည့် မီးဖိုချောင်ကြီးကိုကြည့်ပြီး အားကျလိုက်တာ…
    ဝိုင်ဖန်ခွက်ကိုဘေးချပြီး အဲဒါမျိုးကြီးနဲ့ချက်လိုက်လို့ကတော့… တောက်စ်
    😀

  • Ma Ei

    February 26, 2014 at 1:01 pm

    သန့်သန့် ရှင်းရှင်းချက်
    လှလှပပပြင်
    ကျကျနနစား….
    ချက်ပြုတ်ပြင်ဆင် တာတော့ ဝါသနာပါတယ်
    အိုးခွက် ပန်းကန် တွေတော့ ဆေးချင်ဘူး…
    🙂

    • Foreign Resident

      February 28, 2014 at 2:37 am

      Ma Ei says:
      ” ချက်ပြုတ်ပြင်ဆင် တာတော့ ဝါသနာပါတယ်
      အိုးခွက် ပန်းကန် တွေတော့ ဆေးချင်ဘူး… ”

      မအိ ရဲ့ ဒီဖက် နိုင်ငံတွေမှာက
      အိုးခွက် ပန်းကန် တွေကို စက်နှင့်ဆေးတာလေ ။

  • Ma Ma

    February 26, 2014 at 5:01 pm

    င်္FRရဲ့ ခရီးသွားပိုစ့်တွေ ဖတ်ရတာ ဗဟုသုတအများကြီးရတယ်။
    မြင်ဖူးကြားဖူးထားတော့ တကယ်ထိတွေ့ရတဲ့အခါ အူကြောင်ကြောင်ဖြစ်မနေတော့ဘူးပေါ့။
    (ကိုယ်လည်း တချိန်ချိန်မှာ မြန်မာပြည်ကတိုးရစ်မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ) 😀

    • Foreign Resident

      February 28, 2014 at 2:42 am

      Ma Ma says:
      ” ကိုယ်လည်း တချိန်ချိန်မှာ မြန်မာပြည်ကတိုးရစ်မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ ”

      ဖြစ်ကို ဖြစ်မှာပါလေ ။
      အမှန်က ၊ မမ တို့က ကျနော်တို့ထက် ချမ်းသာပါတယ် ။
      ကျနော်တို့က ပိုက်ဆံလေး ၂ ပြား ၁ ပဲ လောက်ပဲရှိပြီးတော့ ၊
      မ ချွေတာတတ်ဘဲ ၊ လျှောက် ဖြုန်းနေတာပါ ။

      • Ma Ma

        February 28, 2014 at 2:14 pm

        ခင်မောင်ထူးဆိုထားတဲ့ မြန်မာပြည်ကတိုးရစ်သီချင်းထဲကလို မြန်မာပြည်ကတိုးရစ်ဖြစ်ချင်နေတာ။

        ပိုက်ဆံများရှိလို့ကတော့ မြန်မာပြည်ကတိုးရစ်ဆိုပြီး ကမာ္ဘပတ်ပစ်လိုက်မယ်။ (ထက်ထက်မိုးဦးလေသံဖြင့်ဖတ်ပါ) 😀

  • Crystalline

    February 27, 2014 at 1:25 pm

    ဗဟုသုတအများကြီးရသလို.. မြည်းချင်စိတ်တွေလည်း တားမရ ဆီးမရပါ.. :mrgreenn:: ချက်ထားသမျှ လေးနာရီကြာရင်လွင့်ပစ်တယ်ဆိုတော့ နှမျောလိုက်တာ.. သူများတို့များ ချက်ရတာကြာတဲ့ ဟင်းများဆို အများကြီးချက်.. ဘူးတွေထဲခွဲထည့်ထားပြီးတော့ ပြန်နွေးစားတယ်.. :))

    • Foreign Resident

      February 28, 2014 at 2:46 am

      Crystalline says:
      ” ချက်ထားသမျှ လေးနာရီကြာရင်လွင့်ပစ်တယ်ဆိုတော့ နှမျောလိုက်တာ ”

      ဟုတ်ပါ့ ။ ကျနော် ဟင်းပြန်သိမ်းတဲ့ အချိန်ကို စောင့်ကြည့်ဘူးတယ် ။
      တစ်ချို့ ဟင်းဗန်းတွေများ တစ်ဝက်ကျော် ကျန်သေးတယ် ။

  • kyeemite

    February 27, 2014 at 2:49 pm

    အစားအသောက် ပုံဖေါ် အလှပြင်ထားတာလေးတော့ ချီးကျူးပါတယ်
    ကျုပ်တော့ ဒီလိုသဘောင်္ကြီးမျိုးတစ်ခါမှမစီးဖူးသေး…..
    ဒီလောက် လူအများကြီး ( ခရီးသည် ၂၈၀ဝ ) စားဖို့ ကို ၊
    ဒီလောက် လူနည်းနည်းလေး နှင့် ချက်နိုင်တာ အံ့ဩမိပါရဲ့(ကျုပ်လည်းအလွန်အံ့ဩမိဂျောင်း)
    သန့်ရှင်းမှုကိုလည်းလက်ဖျားခါပါတယ်…
    ဟင်း အမျိုးအမည်တွေကို ဘာတွေနှင့် ဘယ်လို တွဲစားရတာကို ရှင်းပြနေတာပါ 3 မှာတွေ့ရတာ
    ဗွန်ဇိုင်းပင်ပန်းအိုးလေးနဲ့တူတယ်… 😛 Thank You

    • Foreign Resident

      February 28, 2014 at 2:56 am

      kyeemite says:
      ” ဒီလောက် လူအများကြီး ( ခရီးသည် ၂၈၀ဝ ) စားဖို့ ကို ၊
      ဒီလောက် လူနည်းနည်းလေး နှင့် ချက်နိုင်တာ အံ့ဩမိပါရဲ့ ”

      တစ်ခုတော့ ရှိတယ် ဦးမိုက် ရဲ့ ။
      ဒီဖက်မှာက Ready to cook ဆိုတာ ဝယ်လို့ရတယ် ။
      ဟင်းသီး ဟင်းရွက်တွေ / အသားတွေကို ၊
      အနေတော် လှီးဖြတ် သန့်စင် ဆေးကြောပြီးသား တွေ ။
      ဟင်းအိုးထဲ တန်းထည့်ရုံ အခြေအနေ ရှိပြီးသားတွေဗျ ။

      ” ဗွန်ဇိုင်းပင်ပန်းအိုးလေးနဲ့တူတယ် ”

      ဟုတ်ပါတယ် ဘွန်ဇိုင်းပင်လေးပါ ။

      • ကထူးဆန်း

        February 28, 2014 at 6:11 pm

        အခု မှ ဖတ်မိပြီး ဘဖော တို့ ကို အင်ထုပြီနဲ့ တူတယ် လို့ ..ready made တွေ များများထားပြီး လုပ်ပြီနဲ့ တူတယ် လို့ ပြောတော့ မလို့ .. လူ၂၈၀ဝ သာ တကယ်ချက်ရရင် ဒီမီးဖိုတွေ အထူး သဖြင့် ကင်တဲ့ Griddle မျက်နှာပြင်တွေ က မီးအပူရှိန် နဲ့ ဒီလောက် သန့် နေဖြူနေတယ် ဆိုတော့ အသုံးမများပုံ ပေါက်နေတယ် ။ Grill မှာ ကြည့်ရင်လည်း ဖြူနေတဲ့ အပိုင်းလေး နဲနဲဘဲ တွေ့ ရတော့ ဝန်ထမ်း မီးဖိုချောင် ကများ ချက်ပြီးပို့နေလား မသိဘူး .. ဒါကတော့ ပြစားပေါ့ .. အဟိ .မကောင်းတာ .. ဗမာကျင့် ဗမာ ကြံ လိုထင်နေသေးတယ် .. မမြင်ဘူးတော့ ….. :hee:

      • Foreign Resident

        March 1, 2014 at 7:33 am

        ကို ထူးဆန်း ရဲ့ ။

        အခုခေတ် ( Maritime Labour Convention 2006 ပေါ်ပြီးချိန် ) မှာ ၊
        သင်္ဘောတွေပေါ်မှာ ၊ အဲလိုသန့်ပြန့်နေအောင် ထားရတယ် ဗျ ။

        သူတို့ Chef တွေ ဇယ်ဆက်သလို အမြန် အလုပ်လုပ်နေတာတော့ တွေ့ရတာဘဲ ။
        ” အမျိုးအစားတူတဲ့ ဟင်းခွက်တွေကို တစ်ပြိုင်တည်း ကြိုပြင်နေပုံပါ ” ဆိုတဲ့ ပုံထဲက ၊
        Chef ဆိုရင် တစ်ယောက်ထဲနှင့် ဗုံတီးသလို လုပ်နေရရှာတာ ။
        ကျနော်တို့ဖက်ကို တစ်ချက်လှည့်ပြီး ပြုံးပြဖို့ နှုတ်ဆက်ဖို့ အချိန်မရှိရှာဘူး ။

        ” မီးဖိုချောင် Galley က အကျယ်ကြီးပါ ၊ လူအများကြီး ကျပ်ညပ် မနေပါဘူး ”
        ဆိုတဲ့ ပုံထဲက ၊ မီးဖို အတွဲလိုက်ကြီးမျိုး ၁ဝ တွဲလောက်တွေ့ခဲ့တယ် ။
        အဲဒီလို မီးဖို အတွဲ တစ်တွဲကို Chef ၂ ယောက်စီလောက် လုပ်နေကြတယ် ။

        မီးဖို တွေ ပြောင်လက်နေတာက အလုပ်ပြီးတိုင်း အကုန်တိုက်ချွတ်ဆေးရတယ်လေ ။
        မှန်တာပြောရရင် ၊ အခုခေတ် နိုင်ငံခြားသွား ကုန်တင်သင်္ဘောတွေရဲ့ ၊
        မီးဖိုချောင် Galley တွေလဲ ၊ ဒီလိုဘဲ ပြောင်လက်နေမှ ရတော့တယ် ။
        အဲလို ပြောင်လက် သန့်ရှင်းမနေရင် MLC 2006 နှင့် အဖမ်းခံရလိမ့်မယ် ။

        ” ဗမာကျင့် ဗမာကြံ လို ၊ ထင်နေသေးတယ် ”

        ဒီ အတွေးကြီးကတော့ ၊ မဟုတ်သေးပါဘူးဗျာ ။
        နိုင်ငံတကာ ရောက်မှတော့ ၊ နိုင်ငံတကာ အဆင့်အတိုင်း အလုပ်လုပ်ရမပေါ့ဗျာ ။
        လိမ် ရင် ၊ ခို ရင် ၊ ပြုတ်သွားမပေါ့ ။

        • ကထူးဆန်း

          March 1, 2014 at 1:36 pm

          ကျွန်တော် က ဘဖော ပြောတဲ့ ပုံ ကို သာကြည့်ပြီးမှတ်ချက်ချတာပါ .. ဘဖော ပြောသလို အဲ့ဒီလို အတွဲ ၁ဝ တွဲ လောက် ရှိတယ် ဆို အခုပုံ ကအနည်း ဆုံး အသုံးပြုထားတဲ့ အတွဲ ဖြစ်မည် ထင်ပါသည် ။ ဘယ်လောက် ပြောင်အောင် သုတ်သုတ် မီးအပူရှိန်နဲ့ Griddle မျက်နှာပြင် ကအရောင်ပြောင်းတတ်ပါတယ် .. အခု က မျက်နှာပြင် ကအသစ်နီးနီးဖြစ်နေလို့ ပါ ..ဆိုတော့ အခုမှ လဲထားတာလည်း ဖြစ်နိုင်သလို ဘဖော ပြောတဲ့ အခြား အတွဲ တွေ မှာ အချက်များတာလည်း ဖြစ်နိုင်တယ် လေ..
          ဗမာကျင့် ဗမာကြံ လို့ ပြောတာ ..နောက်ပြောတာ ဘဖောရေ ..
          ဒီမှာ က လူကြီးလာမယ် inspection လာမယ် ဆိုရင် ပြောင်နေအောင်လုပ်ပြထားပြီး နောက်ကွယ်မှတော့ ဖြစ်ချင်တိုင်းဖြစ်နေတတ်ကျလို့ ပါ …

  • myat pearl phyu

    February 27, 2014 at 4:52 pm

    အိုဇာတာကောင်းခဲ့ရင်ဖြင့် ၈တူ နဲ့ တူတူ ဒီလိုကမ္ဘာလှည့်တိုးရစ် ဖြစ်လိုက်ချင်ပါသေးဒယ်..
    (ထုတော့ မြန်မာပြည်က သင်္ဘောတောင် မစီးဖူးဖူးရယ်) ေိခိ

    • Foreign Resident

      February 28, 2014 at 2:49 am

      myat pearl phyu says:
      ” အိုဇာတာကောင်းခဲ့ရင်ဖြင့် ၈တူ နဲ့ တူတူ ဒီလိုကမ္ဘာလှည့်တိုးရစ် ဖြစ်လိုက်ချင်ပါသေးဒယ် ”

      သူပြောမှ အဘတောင် အားကျ စိတ်လည်သွားပြီ ။
      သင်္ဘော အတူစီးဖို့ ” ၈တူ ” လိုက်ရှာဦးမှပါဘဲလေ ။ 😛

      • kai

        February 28, 2014 at 2:47 pm

        အဲဒီ ၈ကြီးစကားထဲဗမာလိုထည့်ထည့်ပြောရင်.. လူကြည့်ခံရသဗျ..
        အိုးမိုင်၈.. :mrgreen:

  • kai

    February 27, 2014 at 4:53 pm

    မေးမယ်မေးမယ်နဲ့.. အစားအသောက်တွေကြားထဲအိမ်သာထည့်မေးလိုက်ဦးမယ်..
    အဲဒီကျွန်းကြီးပေါ်မှာ.. အိမ်သာမှာ ရေဆွဲချရင်.. ရေက.. နာရီလက်တံအတိုင်းလည်ပြီးဆင်းသွားသလား..
    နာရီလက်တံပြောင်းပြန်လား… ဖြေပါအဘဖောရေ..

    ဝက်အမြီးတွေကရော.. နာရီလက်တံအတိုင်းလား.. ပြောင်းပြန်အတိုင်းလား… :kwi:

  • မဟာရာဇာ အံစာတုံး

    February 28, 2014 at 2:25 pm

    မီးဖိုချောင်က အလုပ်သမားတွေကို လိုက်ပြီး ကြည့်လိုက်တာ
    လူမျိုးစုံပါပဲလား ဘဖောရာ …
    နယ်ပယ်စုံက ကျွမ်းကျင်သူတွေကိုမှ ရွေးပြီးခန့်ထားလေသလားလို့တောင်
    ထင်မိတယ် ….
    လုပ်ဇာတ်နဲ့ သန့်ရှင်းထားတာ မဟုတ်ဘဲ
    နဂိုရှိလို့ နဂိုင်းထွက်နေတဲ့ မီးဖိုချောင်လို့ပဲ မြင်မိပါသဗျားး

  • လုံမလေးမွန်မွန်

    February 28, 2014 at 2:36 pm

    ဂလိုမှန်းသိ .. နာစီးခဲ့တဲ့ သင်္ဘော.. Kitchen Tour လုပ်ခဲ့ပါတယ်.. ဟီး..
    Kitchen ထဲ ဝင်ကြည့်ဖို့ မေ့နေလို့ ပြန်ခါနီးမှ အသည်းအသန် ဓာတ်ပုံရိုက်ခဲ့ရတယ်..

    ရှယ်ပဲနော်.. မီးဖိုချောင်ထဲကို tour program ဆွဲထားတာ.. 🙂

Leave a Reply