ကျနော်ချစ်သော မန္တလေး

alinsettFebruary 27, 20142min26222

ကိုယ့်မင်းနဲ့ကိုယ် အလျဉ်းသင့်သလို ရာဇဝင် မလှပခဲ့ပေမယ့် . . .

ဒီနေရာဟာ ကိုယ့်သမိုင်းကြောင်းထဲက ကိုယ့်အနာဟောင်းတစ်ခု. . .

ညင်သာစွာ ပွတ်သပ်ကြည့်ပြီး  မဲ့ပြုံးကလေးတစ်ချက်တော့ . .

ဟောဒီနေရာမှာ ပြုံးပစ်လိုက်ချင်သေးတယ်။

 

 

 

 

 

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်သမိုင်းရဲ့ အငွေ့အသက် မှတ်တမ်းမှတ်ရာတွေကို ကိုယ့်လက်ကလေးနဲ့ ထိကိုင်ပြီး . . .

အတိတ်ကို ပြန် တမ်းတချင်သေးတယ် ။

 

 

မန္တလေးနှင့် တတိယနေ့

( 15 / 1 / 2014 )

 

ရန်ကုန်ထက် ပိုအေးတဲ့ဆောင်းရာသီနဲ့ မန္တလေး/မနက် လေးနာရီ ဝေလီဝေလင်းကြီးမှာ. . . မန္တလေးတောင်ပေါ် တက်ဖို့ဆိုတာ. . .

ကျွန်တော့်အတွက် အိပ်မက် အဖြစ်တောင် မမက်ဖူးတဲ့ ကိစ္စ ။

 

ဒါပေမယ့်. . . အဲဒါက  . . .

အခု တကယ်ဖြစ်သွားတဲ့ အဖြစ်အပျက် ။

 

မနက်အစောကြီး ခိုက်ခိုက်တုန်အောင် ချမ်းလှတဲ့ကြားက. . .မန္တလေးတောင်ပေါ်တက်ကြတဲ့အကြောင်း ပြောရရင် . . .

ချန်ထားခဲ့လို့မရတာက. . .မန္တလေးသားတစ်ယောက်. . .။

 

ဘယ်သူရှိမလဲ. . .

ကျွန်တော်တို့ ချစ်လှစွာသော . . .

သဂျား* မစ်စတာမာဃ * ပါ။

 

( သဂျားသာ မန္တလေးမြို့မှာ ရှိမနေခဲ့ဘူးဆိုရင်. .

ဒါမှမဟုတ်. . . ကျွန်တော်သာ ဂဇက်ရွာသား မဟုတ်လို ့ သဂျားနဲ့ မိတ်ဆွေရင်းချာ မဖြစ်ခဲ့ရဘူးဆိုရင်. . . မန္တလေးတောင်ပေါ် အမှတ်တရများစွာနဲ့ မရောက်နိုင်ပါဘူး ။ )

 

အခုတော့ . . . မနက်အစောကြီး. . .သဂျားက အပင်ပန်း ခံပြီး

လိုက်ပို ့ပေးလို့သာ ရောက်ဖြစ်ခဲ့တာလေ. . .။

 

ကျွန်တော် တည်းခိုရာ. . .

62 လမ်း က. . .

East Mandalay  Hotel ရှေ့ကို. . .သဂျားရဲ့ ဆိုင်ကယ်လေး ဝေါခနဲ ရပ်လာတော့ မနက် လေးနာရီတောင် မခွဲသေးဘူး။

 

သဂျားမောင်းတဲ့ ဆိုင်ကယ် အနောက်ကနေ. . .

မန္တလေးမြို့ရဲ့ ဝေလီဝေလင်းရှုခင်းကို ကြည့်ရှုငေးမောရင်း  လိုက်လာရတာ. . .

ချမ်းလိုက်တာကွယ်. . .

 

( မန္တလေးမြို့အကြောင်း စဉ်းစားလိုက်ရင်. . .

အရင်ဆုံး သတိရမိတာက. . . .အဲဒီ အသည်းခိုက်အောင် ချမ်းလှတဲ့ ဆောင်းမနက်ခင်းပါပဲ ။ )

 

ချမ်းလွန်းတယ် ဆိုကာမှ. . .

အရှေ့က သဂျားက . . . အငြိမ် မနေဘူး။

ဆိုင်ကယ်မောင်းရာကနေ. . .သူ ့ခန္ဓာကိုယ်ကို ဘယ်ဘက် ယိမ်းထားလိုက် ညာဘက် ယိမ်းထားလိုက်နဲ့. . .

အနောက်က လိုက်စီးသူကို လေပိုတိုးပြီး ပိုချမ်းအောင်. . .

သူ ့ခန္ဓာကိုယ် လေကွယ်နေရာကနေ ယိမ်းဖယ်ပေးနေတာ ။

အဲဒီလို သူ ဘယ်ညာ ယိမ်းလိုက်ပြီဆိုတာနဲ့ အနောက်ကနေ ကျွန်တော် ထအော်မိတာပဲ ။

 

ချမ်းလွန်းလို့ အေးခဲသွားမလား ထင်ရတာကိုး. .

 

မန္တလေးတောင်ခြေကို ရောက်တော့. . .တောင်ပေါ်တက်သူရယ်လို့. . .တစ်ယောက်စနှစ်ယောက်စလောက်ပဲ ရှိမယ့်မနက်ခင်း ဝေလီဝေလင်း. . .

 

မဟုတ်သေးဘူး။ လင်းဖို့တော်တော်လိုသေးတဲ့အချိန်ပါ ။

ဆိုင်ကယ် ရပ်ထားခဲ့တဲ့နေရာမှာတော့. . .ကျွန်တော်တို့ထက် အရင် ရောက်နေတဲ့ဆိုင်ကယ်တစ်စီးသာ ရပ်လျက်သား. . .

 

တောင်ပေါ်ကို မှောင်ရိပ်ဝိုးဝါးကြားကပဲ. . .လမ်းလျှောက်တက်ကြ. . .

တောင်ပေါ်အမြင့်ကို တက်ရတဲ့ လှုပ်ရှားမှုကြောင့်. .  အဲဒီအချိန်မှာ သိပ်မအေးဘူး ။

ကျိုက်ထီးရိုးလို. . . ဇွဲကပင်တောင်လို ချွေးသံတရွှဲရွှဲ တက်ရတာလည်း မဟုတ်တော့. . .

မန္တလေးတောင် တက်ရတာ. . .သက်တောင့်သက်သာ ရှိပါတယ်လေ။

 

တောင်ပေါ်ရောက်တော့  လေတဟူးဟူးနဲ့

အေးစက်လှတဲ့ မန္တလေးမြို့ပြကို စမ်းတဝါးဝါး. . .ငုံ ့ကြည့်ရပါရဲ့ ။

 

မိုးမင်းသားရယ်. . .

သဂျားရယ်. . .

အလင်းဆက် ရယ်. . .

သုံးယောက်သား အမှတ်တရဓါတ်ပုံ ရိုက်ဖို ့ ကြံစည်ကြရတာလည်း ပျော်စရာ အမှတ်တရတစ်ခုပါပဲ ။

 

မိုးမင်းသားကြီးကို ကင်မရာမြင်ကွင်းတည်ရာအဖြစ်ထားပြီး. . .သဂျားနဲ့အလင်းဆက်က ကင်မရာ မြင်ကွင်းကို ချိန်ရတယ် ။

 

မန္တလေးတောင် ရင်ပြင်ရဲ့ လက်ရမ်းဘောင်တန်းလေးပေါ်မှာ. . .ကင်မရာကို အသာလေးတင်ပြီး ၁ဝ စက္ကန် ့စာ  အချိန်သတ်မှတ်ခဲ့ရတာ. . .

 

ကင်မရာ လက်ရမ်းပေါ်တင်ပြီးတော့ပဲ ၃ စက္ကန့် ၄ စက္ကန့် ဖြစ်သွားတော့. . .

မိုးမင်းသားကြီး ရပ်နေတဲ့ ကင်မရာမြင်ကွင်းရှိရာကို သဂျားနဲ့ ကျွန်တော် အိုးနင်းခွက်နင်း ပြေးရပ်ကြရတာ. . .

 

တော်သေးတယ် ။ အချိန်မှီလေးပါပဲ ။

 

မန္တလေးတောင်ပေါ်မှာ  . . . .

ကျွန်တော် တွေးမိတဲ့အတွေးတွေထဲမှာ. . .

 

ဗမာတော်တော်များများဟာ. . .

နေရာမျိုးစုံမှာ. . . ပုံစံမျိုးစုံလုပ်ပြီး. . .

ကိုးကွယ်ကန်တော့စရာတွေ  ဖန်တီးထားကြတာပဲ ဆိုတာလေး  တွေးမိခဲ့သေးတယ် ။

 

************

 

မန္တလေးတောင်ပေါ်က ဆင်းပြီး လမ်းမှာ မနက်စာ မုန့်ဟင်းခါးဝင်စားပြီး  ခပ်သုတ်သုတ်ပဲ

Hotel Shwe Pyi Thar ရှေ ့အရောက်  ကျွန်တော်တို့ကို  လိုက်ပို ့ပေးရတဲ့သဂျား

ကျေးဇူးတင်စရာပါပဲ ။

 

ဟိုတယ်ရွှေပြည်သာကို ရောက်တော့  မနက် ရ နာရီ အတိ ။

 

**************************

 

မန္တလေးနှင့် ဒုတိယနေ ့

( 14 / 1 / 2014 )

 

မန္တလေးမြို့ကို ကျွန်တော်တို ့ရောက်ရှိတဲ့ ဒုတိယနေ့ ။

 

၆၂ လမ်းက . . .

East Mandalay Hotel  ရဲ့ ဧည့်ခန်းမမှာ  ကျွန်တော်နဲ့မိုးမင်းသား ထိုင်နေတော့ . . . 14 / 1 / 2014  မနက် ၅ နာရီ ။

 

မကြာပါဘူး ။ သဂျားရဲ့ ဆိုင်ကယ်လေး ဟိုတယ်ရှေ့မှာ ရပ် /

ကျွန်တော်တို ့တက်ပြီး. . .

မဟာမြတ်မုနိ ဘုရားကြီးဘက် ထွက်ခဲ့တယ် ။

 

မန္တလေးရဲ ့ ဆောင်း  အအေးဒဏ်ကို  အဲဒီ မနက် ဟိုတယ်က အထွက် . . . သဂျားရဲ့ဆိုင်ကယ်နောက်က လိုက်တော့မှ. . .

စ သိတာပဲ ။

 

13 / 1 / 2014 မနက်က နေရောင်ခြည်တန်းတွေ အောက်မှာ. . . မန္တလေးမြို့ထဲ ရောက်တော့ အေးတဲ့ ဒဏ်ကို သိပ် မခံစားလိုက်ရ ။

 

တစ်နေ့ခင်းလုံး . . .

Hotel Shwe Pyi Thar ထဲမှာ အလုပ်ရှုပ်နေတုန်းမှာလည်း… အေးမှန်းမသိနိုင်ခဲ့ ။

 

ညနေ. . .ကျွန်တော်တို့ တည်းခိုရာ. . .Hotel East Mandalay ထဲမှာလည်း နွေးနွေးထွေးထွေးဇိမ်ယူခဲ့တာမို့

မန္တလေးရဲ့ဆောင်းအေးခိုက်မှုကို ဘုရားကြီးအသွား သဂျားရဲ့ ဆိုင်ကယ်ပေါ်မှာမှ စ ခံစားရတာဆိုပါတော့။

 

ချမ်းးလိုက်တာ. . .

အနွေးထည် နှစ်ထပ်လောက် ဝတ်ခဲ့ရမှာ. . .

သဂျားကတော့ ခေါင်းစွပ်တွေရော. . .

လက်အိတ် ခြေအိတ်တွေရော. . . အနွေးထည် အပြည့်အစုံနဲ့မို့. . . တော်သေးတယ်ဆိုရမယ်. . .

ဒါပေမယ့် သူလည်း ဆိုင်ကယ်မောင်းနေရတော့. . . မောင်းတဲ့အရှိနဲ့လေဒဏ်ကို ရှေ့ဆုံးက ခံရတာ. . .

အေးမှာပဲ ။

 

ဘယ်လောက်အေးသလဲဆိုတာတော့ သိလိုက်ရပါတယ် ။

သဂျားက ဆိုင်ကယ်မောင်းနေရင်းနဲ့. . .

သူ့ခန္ဓာကိုယ်ကို ဘယ်ဘက်ယိမ်းလိုက် ညာဘက်ယိမ်းလိုက်နဲ့. . .

အနောက်က ထိုင် လိုက်လာတဲ့ကျွန်တော်တို့လည်း လေဒဏ် အအေးကိုခံရအောင် ပြန် နှိပ်စက်တယ်လေ ။

 

အမှန်တော့ သဂျားလေးကို ကျွန်တော်တို့ နှိပ်စက်ခဲ့တာက. . .ပို များပါတယ်။ အားနာဖို့ကောင်းပါတယ် ။

 

12/ 1 / 2014 ညကလည်း (ရန်ကုန်ဂဇက်တွေ ့ဆုံပွဲကအပြန်) တစ်ညလုံးကားပေါ်မှာ အိပ်လိုက်လာရမှာ. . .

 

13 / 1 / 2014 မနက် မန္တလေးရောက်တာနဲ့ အလုပ်ကို တန်းသွားရသေးတာ. . .

 

14 မနက် အစောကြီးကျတော့လည်း အလင်းဆက်တို့ ဒုက္ခလာပေးလို့ မထစဖူး အစောကြီး ထ အိပ်ရေးပျက်ခံရပြန်တဲ့သဂျားလေး. . .

တကယ် အားနာပြီး တကယ်ကျေးဇူးတင်ပါတယ် ။

( ၃ လ ပိုင်းကျရင် မန္တလေးမြို့ကို ကျွန်တော်အလည် လာပါဦးမယ် သဂျားရေ )

 

ဘုရားကြီးရောက်တော့. . .

မျက်နှာတော်သစ်တာ. . .မမှီလိုက်ပေမယ့် ရေတော်ဆရာတော် ပြန်အကြွ ကို ဖူးလိုက်ရပါတယ် ။

 

ဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်ကြပြီး. . .ကင်မရာလေးနဲ့ ဟိုရိုက်ဒီရိုက် လုပ်ခဲ့ပေမယ့်

မှောင်ရီဝိုးတဝါးအချိန်ပဲမို့ ပုံကောင်းကောင်းလည်း တစ်ပုံမှ မပြနိုင်တော့ပါဘူး ။

 

ဘုရားကြီးက အပြန်မှာ. . .

( ၂၈ × ၇၂ ထောင့် ) က မင်းသီဟ ဆိုင်မှာ နန်းကြီးသုပ် ဝယ်ကျွေးတဲ့ သဂျားလေး ကျန်းမာချမ်းသာစေကြောင်း

ဆုတောင်းမိပါတယ် ။

နန်းကြီးသုပ်ကို မန္တလေးမှာ မုန့်တီလို့ ခေါ်ကြတာကိုလည်း မှတ်သားးမိပါတယ်။

 

ပြီးတော့ မန္တလေးမြို့မှာ သာမန်လက်ဖက်ရည်ဆိုင်လေးတွေကအစ အင်တာနက် wifi ကို လွယ်လင့်တကူ အခမဲ့ သုံးခွင့်ပြုထားကြတာလေးတွေ ့တော့

ကောင်းလိုက်တာ လို့ ရေရွတ်မိပါတယ်။

 

ဒီနေ့မနက်မှာလည်း . . .

Hotel Shwe Pyi Thar ကို

မနက်  ရ း ဝဝ အရောက် အလုပ်ကိစ္စ  သွားရမှာမို ့သဂျားက ခပ်မြန်မြန်လေး လိုက်ပို့ရပါတယ် ။

 

ဟိုတယ်ရွှေပြည်သာရှေ ့ကို ရောက်တော့ ကျေးဇူးတင်ပါတယ် သဂျား လို့တောင် ပြောမထွက်တော့ဘူး ။

 

ဘာလို့လဲ ဆိုတော့. . .

ဆိုင်ကယ်ပေါ်မှာ မေးခိုက်ခိုက်တုန်အောင် ချမ်းစိမ့်ခဲ့ရပြီး ဆိုင်ကယ်ပေါ်ကဆင်းတော့ တကိုယ်လုံး ရေခဲအရိုက်ခံထားရသလို. . .အေးစက်ထုံကျင်နေခဲ့ပြီလေ. . .

 

************************

 

အဲဒီ ညနေမှာ ( ၃၅ × ၆၈ ထောင့် )က . . . ရှမ်းယဉ်ယဉ် ၂  မှာ ညစာ စားးပြီးသွားတဲ့ ကျွန်တော်နဲ့မိုးမင်းသားကို ဆိုင်ကယ်လေးနဲ့ အပြေးလာခေါ်ပြီး အောင်တော်မူဘုရားနားက

လက်ဖက်ရည်ဆိုင်လေးဆီ ခေါ်လာတဲ့သဂျား ပင်ပန်းမှာပါပဲ ။

( ၆၃×၂၉ ထောင့်က cafe blue ဆိုတဲ့ဆိုင်လေးပါ )

( အလင်းဆက်တို့ ရောက်လာမှ သဂျားလည်း မေတ္တာနဲ့ ကူညီရတဲ့ ဆိုင်ကယ် ကယ်ရီသမားလေးကို ဖြစ်လို့ ။ )

 

လက်ဖက်ရည်ဆိုင်ကို ရောက်တော့  ကြိုရောက်စောင့်စားတော်မူနေတာက အိုစမာဗုံလာဒင် လို ့ကျွန်တော်ခေါ်တဲ့ ဗုံဗုံ။

 

ဗုံဗုံတိုက်တဲ့လက်ဖက်ရည်ကို သောက်ပြီး လေးယောက်သား အောင်တော်မူဘုရားထဲ သွားခဲ့ရလို့ အဲဒီ မန္တလေးညချမ်းဟာ ပြည့်စုံသွားတာပါ ။

 

အဲဒီညဟာ. . . .

ဗုံဗုံ့အဆောင် ရှိရာထိ လိုက်ပို့ကြပြီး. . .

ကျွန်တေ်ာ် တည်းခိုရာ ဟိုတယ်ထဲထိ လိုက်ပို ့ ဧည့်ဝတ်ကျေခဲ့သော သဂျားရဲ့ လူမှုရေးညလေးဖြစ်ပါတယ် ။

 

East Mandalay ဟိုတယ်ထဲမှာ ညနက်တဲ့အထိထိုင် ပြီး မနက်ဖြန်မနက်စေစာစော မန္တလေးတောင်ပေါ် တက်ဖို့အရေး ဆွေးနွေးပြီးမှ ပြန်သွားတဲ့ သဂျားရဲ့လူမှုရေးည အစစ်ပါ။

 

ကျေးဇူး အထူးးးတင်ပါတယ် ချစ်သော သဂျားရေ. . .

 

**********************

 

မန္တလေးနှင့် ပထမနေ့ ( 13 / 1 / 2014 )

 

တကယ်တော့ အလင်းဆက်တို ့ ရန်ကုန်ကနေ ထွက်လာတာ 12 /1 /2014 မနက်စောစောကတည်းက

ပြင်ဆင်ပြီး နေ့လည် တစ်နာရီကျော်ကျော်လေးမှာ မန္တလေးသို့ခရီးစဉ် စခဲ့ရတာ ။

 

ဂဇက်တွေ့ဆုံ/ဆုပေးပွဲကို လာချင်ပါသော်လည်း လက်လွှတ်လိုက်ရပြီးတော့ပေါ့. . .

 

လမ်းဟောင်းက သွားရတာမို ့  . . .

၁၃  း ၁၅  ကနေ တစ်ညနေလုံး တစ်ညလုံး မောင်းခဲ့ရတာ. . .

နောက်တစ်နေ့ မနက်

ရ း ဝဝ ကျော်ကျော်မှပဲ မန္တလေးမြို့ထဲ ရောက်တော့တယ်လေ. . . .

 

နေရောင်ခြည်တန်းတွေအောက်က အေးမြသာယာတဲ့ မန္တလေးမြို့ကြီးဟာ. . .

ကြည်ကြည်လင်လင် ကြိုဆိုနေပါတယ်။

 

မန္တလေးသူ မန္တလေးသားတွေ အေးဆေးတည်ငြိမ်ကြတယ်လို့ မြင်မိတယ်။

လမ်းဘေးဝဲယာက ဆိုင်ခန်းတွေ အိမ်တွေ အပြင်အဆင်အခြယ်အသတွေ မြင်ရသလောက်တော့. . .

စိတ်ကူးစိတ်သန်းတွေလည်း ကောင်းမယ့်ပုံပဲ။

တီထွင်ကြံဆမှုနဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေလည်း ကောင်းမယ့်ပုံပဲ။

ကျူံးဘေးမှာ. . . ကျောင်းနဲ့နီးတဲ့လမ်းဘေးနေရာလေးတွေမှာ. . . .

ဖျာလေးတွေခင်းပြီး ထမင်းချိုင့်ဖွင့် စားသောက်နေကြတဲ့ ကျောင်းသားလေးတွေနဲ့ သူတို့မိဘတွေ တွေ ့ရတယ်။

အရိပ်အောက်တွေမှာ. . .

အဲဒီလို အေးအေးလူလူ ထိုင်ကြ စားကြ သောက်ကြနဲ့ . . .။

 

ကားတွေ ဆိုင်ကယ်တွေကလည်း. . .

ရန်ကုန်မှာလို  ကျော်တက်ကြ  အော်ဟစ်ဆူညံကြနဲ့ ပွက်လောရိုက်မနေဘူး။

အားလုံးဟာ. . .အငြိမ်. . . .

ချစ်စရာကောင်းနေတယ် ။

 

ရောက်ပြီး မကြာခင်မှာပဲ. . . လေးပေါက် သို့မဟုတ် ကိုပေါက် ( မန္တလေး ) ဆီ ကျွန်တော်တို့ရောက်နေကြောင်း

သတင်းပို့တယ်ဆိုရင်ပဲ. . . လေးပေါက်က ဝမ်းသာအားရပါပဲ ။

တအောင့်ကြာရင် တွေ ့ကြမယ် ဆိုပြီး အပြေးလေး အရောက်လာလို့ လေးပေါက်နဲ့ စကားတွေ ပြောဖြစ်ခဲ့ပါရဲ့။

 

လေးပေါက် တိုက်တဲ့လက်ဖက်ရည်ကို သောက်ခွင့် စကားပြောခွင့် ရခဲ့ပေမယ့်  ကျွန်တော်ဟာလေ . . .

ကင်မရာရှေ ့ချထားလျက်နဲ့  . . .လေးပေါက်နဲ့အမှတ်တရဓါတ်ပုံ မရိုက်ဖြစ်ခဲ့တာ။

 

သတိမေ့တတ်တဲ့

ကျွန်တော့် အားနည်းချက်ပါ။

 

လေးပေါက်နဲ့ စကားးစမြည်ပြောဖြစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးဟာ. . .အောင်တော်မူဘုရားနားက

( ဗုံဗုံတို့နဲ့ နောက်တစ်နေ့ညမှာ ထိုင်ဖြစ်တဲ့ )

cafe blue ဆိုတဲ့ဆိုင်လေးပါပဲ ။

 

လေးပေါက်နဲ့ တွေ ့ဆုံအပြီးမှာ နွေးထွေးကြည်လင်နေတဲ့ စိတ်နဲ့ ကျွန်တော်. . . . .

ခြေလှမ်းတွေက  မန္တလေးရဲ့ ကျူံးကြီးဘေးကို ရောက်ခဲ့ပါတယ်။ ဓါတ်ပုံတွေ ပန်းချီကားးတွေထဲမှာသာ မြင်တွေ ့ ငေးမောခဲ့ရတဲ့ …

မန္တလေးနန်းမြို့ရိုးကြီးနဲ့ ကျူံးရေပြင်ကြီး. ..

 

ပြီးတော့. . . . ဟိုးမှာ မြင်နေရတဲ့  မန္တလေးတောင်. . .

အခု. . .  ကျွန်တော့်ရှေ ့မှာ. . . မျက်ဝါးထင်ထင် ရှိနေပါပေါ့လား။

 

ကြည့်မဝဘူး ။ ထိုင်နေရာက မထချင်ဘူး ။

ခွဲမသွားချင်ပါဘူး။

ဒါပေမယ့် အလုပ်ကိစ္စတွေနဲ့  အချိန်မရတော့တာမို ့. . . .

မခွဲချင်ပဲ ခွဲခဲ့ရ. . .

မန္တလေးမှာ ရှိခဲ့တယ် ဆိုရုံမျှနဲ့ပေါ့. . . .

 

**************************

 

မန္တလေးကို နှုတ်ဆက်ခဲ့ရသောနေ့

( 16 / 1 / 2014 )

မန္တလေး နန်းမြို့ရိုးကြီးကို အပြင်ကနေ ငေးကြည့်ရုံနဲ့ အားမရပါဘူး ။

 

နန်းတွင်းထဲလည်း ရောက်ဖူးချင်သေးတယ်။

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်သမိုင်းရဲ့ အငွေ့အသက် မှတ်တမ်းမှတ်ရာတွေကို ကိုယ့်လက်ကလေးနဲ့ ထိကိုင်ပြီး . . .

အတိတ်ကို ပြန် တမ်းတချင်သေးတယ် ။

 

ကိုယ့်မင်းနဲ့ကိုယ် အလျဉ်းသင့်သလို ရာဇဝင် မလှပခဲ့ပေမယ့် . . . ဒီနေရာဟာ ကိုယ့်သမိုင်းကြောင်းထဲက ကိုယ့်အနာဟောင်းတစ်ခု. . .

ညင်သာစွာ ပွတ်သပ်ကြည့်ပြီး  မဲ့ပြုံးကလေးတစ်ချက်တော့ . . .ဟောဒီနေရာမှာ ပြုံးပစ်လိုက်ချင်သေးတယ်။

 

ပြီးတော့ နာမည်ကျော် တံတားကြီးရှိရာ. . .

တောင်သမန်အင်းဘက်လည်း မျှော်ငေးလို့တောင် မကြည့်ခဲ့ရမှတော့. . .

 

သေချာတယ်. . .

မန္တလေးမြို့ဟာ. . .

ကျွန်တော်. . .နောက်တစ်ခေါက် . . .

ရောက်ကို ရောက်ရမယ့်. . .မြို့ပါပဲ ။

 

***********************

 

အလင်းဆက် (Gazette)

 

မန္တလေးရောက်အမှတ်တရ

 

 

01
01 .

 

 

 

 

22 comments

  • မမချွိ

    February 27, 2014 at 7:58 pm

    မန်းလေးကို ချစ်လို့ မန်းလေးသူကို ချစ်တာပါတွေ ညာတွေ လာတော့မယ်။
    ဟိုတစ်ယောက် သတိသာထားပေရော့

    :boss:

    • alinsett ( Gazette )

      February 28, 2014 at 7:01 am

      ဘယ်တစ်ယောက်လဲငင် မမဂျီး
      🙂

      မန်းလေးသူ အလှမ်းဝေးလို့
      မှန်းငေး ယူဖို့မလွယ်ပါဘူးကွယ်

      :kwi:

  • Mr. MarGa

    February 27, 2014 at 8:02 pm

    မေးဘရဇီအုံး
    ဘာလို့ ရက်တွေကို အစဉ်လိုက်မသွားဘဲ ဟိုရွှေ့ဒီရွှေ့ လုပ်ထားတာလဲ ဟင်
    ဖတ်ရတဲ့သူ ချာချာလည်အောင်လို့
    ကျန်တာကတော့ မပြောတော့ပါဘု…
    (ပြောစရာလဲ မကျန်တော့ဘူး :mrgreenn: )

    • alinsett ( Gazette )

      February 27, 2014 at 8:47 pm

      နည်းနည်း ထွင်ရေးကြည့်တာပါကွယ်
      သိပ် မထွင်ထားပါဘူး။
      တတိယနေ့ကနေစ ပြီး ဒုတိယနေ့ ပထမနေ့ အဲဒီလိုလေးပါပဲ။
      🙂

      သဂျားသာ အပင်ပန်းခံပြီး မကူညီရင် ဒီပိုစ့်လေးရေးဖို့ရာ အကြောင်
      ရှိလာမှာမဟုတ်ပါဘူး

      ဒါကြောင့် ပိုစ့်ထဲမှာ ပြောပြီးပေမယ့် ဒီမှာ ထပ် ပြောပါရစေဦး

      ကျေးဇူးပါ သဂျားရေ. . .
      အခုလာမယ့် မတ်လ ၃ ရက်နေ့ည ရန်ကုန်မှ မန္တလေးသို့ ခရီးစဉ်
      စထွက်ခဲ့ပါဦးမယ် လို့. . .

      🙂

  • ကျော်စွာခေါင်

    February 28, 2014 at 3:35 am

    တစ်ကယ်ကို ကြည့်ကောင်းတာဘဲ…
    အနုပညာ အမြင်အရ ပြောရရင် ..နောက်က မှန်စီ ရွှေချထားတဲ့…အဲ မဟုတ်ဘူး
    ရှေ့က ၂ယောက် …. း)
    ဖားသဂျိူးရေ…
    မန်းလေးက စောင့်နေပါ…..
    လာမှာ..သေချာပေါက်..။

    • alinsett ( Gazette )

      February 28, 2014 at 6:58 am

      ဦးခေါင်ရည်
      သားတို့ ချောတဲ့ခန့်တဲ့ပုံလေးကို မြင်လိုက်ပြီပေါ့လေ
      အမှန်တော့ သဂျားက မော့စ်နဲ့တူပြီး ကျနော်က အောင်ရဲလင်းနဲ့တူနေတာနော်
      🙂

      တကယ်တော့ သုံးယောက်ပုံပြမို့ဟာ. . . .
      မန်းလေးက ပုံတွေရှိတဲ့ စတစ်က ကြွသွားလို့ ပုံတွေ တစ်ပုံမှ ပြန်မရလိုက်ဘူး။
      ဒီနှစ်ယောက်ပုံလေးတစ်ပုံတောင် ဖေ့ဘုတ်က မနည်းပြန် ရှာလိုက်ရတယ် ။

      🙂

  • Foreign Resident

    February 28, 2014 at 6:14 am

    ဒီ တစ်ခေါက် မြန်မာပြည် ရောက်ရင် ၊
    ဒီလောက်တောင် ဧည့်ဝတ်ကျေတဲ့ ၊
    မန္တလေး က ရွာသူားတွေကို သွားတွေ့အုံးမှပါဘဲ ။
    နှိပ်စက်သလိုတော့ ဖြစ်နေမလားဘဲ ။

    • alinsett ( Gazette )

      February 28, 2014 at 6:54 am

      တကယ်ပါပဲ ဘဖောရေ
      လေးပေါက်တို့ သဂျားတို့ မိဗုံတို့ အရမ်းသဘောကောင်းကြပါတယ်
      အားနာစရာကောင်းးလောက်အောင်ကို ကူညီတတ်ကြတာ။
      ဂဇက်ရွာသားဖြစ်ခြင်းရဲ့ ရလဒ်ကောင်းတစ်ဆိုလည်း မမှားပါဘူး
      🙂

  • kyeemite

    February 28, 2014 at 12:57 pm

    ဧည့်ဝတ်ကျေတာတော့ လက်တွေ့ခံစားခဲ့ဖူးပါတယ်အလက်ဆင်းရေ…
    ကိုယ်လည်းတစ်ခေါက်လောက်ထပ်သွားချင်သေးတယ်..

    • alinsett ( Gazette )

      February 28, 2014 at 5:46 pm

      ဟုတ်

      ကျနော်တော့
      လာမယ့် ၄ ရက်နေ့ မန်းလေးနန်းတော်ထဲ ဝင်မယ်
      သဂျားတို့တော့ မအားလောက်တော့ဘူး
      ရုံးဖွင့်ရက်ဆိုတော့ တခြားသူတွေနဲ့ရော တွေ ့ဖို့လွယ်ပါ့မလား မသိ

  • မဟာရာဇာ အံစာတုံး

    February 28, 2014 at 3:23 pm

    ပို့စ်တစ်ပုဒ်လုံးလည်း
    သဂျား .. သဂျားနဲ့
    သောက်ညင်ကပ်လောက်အောင် ပါနေတာ
    သဂျားက မင့်သား မို့လို့လားကွ …
    :mrgreen:

    • alinsett ( Gazette )

      February 28, 2014 at 5:43 pm

      အဟိ
      သဂျားက သဂျားမို့လို့ပေါ့ဟ
      သဂျားနဲ့ နာ့များ သားအဖ ဖြစ်အောင် လုပ် သမုတ်သွားသေး
      သဂျားနဲ့ နီကမှ ဘီလိုဘီလို တော်စပ်တယ်ဆိုတာ ဟိုတခါ နာရှင်းပြပြီးပြီလေ

      🙂

  • nozomi

    February 28, 2014 at 4:54 pm

    မန်းလေးကိုလဲ ချစ်တယ်
    မန်းလေးသူလဲ ချစ်တယ်

    မန်းလေးသားတော့…..
    နောက်မှ ပြောတော့မယ် အခု အလုပ်နဲနဲ များနေလို့

    • alinsett ( Gazette )

      February 28, 2014 at 5:44 pm

      မန်းလေးရယ်
      မန်းလေးသူရယ် လောက် ဆို ရပါပြီ ဟီဟိ
      မန်းလေးသားတော့ ပြောမနေပါနဲ့တော့

      🙂

  • TNA

    March 1, 2014 at 6:47 pm

    ရေးထားတာ မန်းလေးကိုလွမ်းရောပဲ။ ဒါပေသိ ပိုစ့်ကို နှစ်ခါဖတ်အောင်ရေးထားဒါလားဟင်။ အရေးကောင်းတော့ ဖတ်တဲ့သူတွေပါရောအေးလာသလိုပဲ။ ဒါပေသိ နှစ်ခါဖတ်လိုက်ရတော့ ချွေးပြန်သအေ့ :mrgreen:

    • အခန်းခွဲတာ အဲလိုဖြစ်အောင် လုပ်မိသွားတာ တီသဲ
      အေးလည်းအေးအောင် ချွေးလည်းပျံအောင် ရေးထားတဲ့စာပေါ့နော်

      🙂

  • Crystalline

    March 2, 2014 at 10:55 am

    ဖိုးသကြားလေးရဲ့ဆိုင်ကယ်မှာ သုံးယောက်စီးကြတယ်ပေါ့လေ.. ဒါဟာ စည်းကမ်းဖောက်ဖျက်မှုပဲ.. ဆိုင်ကယ်မှာ လူပိုတစ်ယောက်ထက်ပိုမစီးသင့်ဘူးလေ ကလေးတို့ရဲ့ :kwi: မန်းလေးကိုရှစ်တယ်ရှစ်တယ်လုပ်နေပြီး… ဟိုကလေးမ သတိ :mrgreenn:

      • ဗုံဗုံ

        March 2, 2014 at 3:00 pm

        မန်းလေးသူား တွေ
        ဧည့်ဝတ်မကျေဘူး
        ဖစ်မှာစိုးလို့
        နားကပ်လေးပေါင်ပြီး
        လက်ဖက်ရည်တိုက်လိုက်ရတယ်..
        ခုထိပြန်မရွေးနိုင်သေးဘူး… :mrgreen:

  • တိန်

    ဒါရှိုလည်း
    ပုဆိုးလေးပေါင်လို့ရတဲ့ပိုက်ဆံ မနက်ဖြန်ညနေ မန်းလေးလာရင်
    ထည့်ခဲ့မယ်ဂျာ

    ဒါမှ မဟုတ်လည်း
    ဒေါ်ဖွားမေဆီက နားဂတ်လေး တောင်းကြည့်ဦးမယ်

    🙂

  • မိုး မင်းသား

    March 5, 2014 at 8:11 pm

    မန်းလေးကိုရောက်တော ့မနက်ရနာရီကျော်

    နှစ်ယောက်သားမအိပ်နိူင်….ဟိုဒီလျောက်သွား

    တော်သေးတယ်အရင်ဆုံးတွေ ့ရတာက…ဆရာကိုပေါက်

    ဒုတိယက…..သကြားလေး(အပင်ပန်းဆုံးပါ)ကျေးဇူးတွေတင်ပါရစေ

    တတိယ..အလင်းဆက်ခေါ်တဲ ့အိုစမာဗုံလာဒင်(ခေါ်)ဗုံဗုံ

    ပွင် ့လင်းပြီးသွက်လက်တဲ ့ညီမလေး

    နောက်ဆုံးပြောရရင်……မန်းလေးမှာ

    အစ်ကိုတစ်ယောက်

    ညီတစ်ယောက်

    ညီမငယ်တစ်ယောက်

    သုံးယောက်တောင်ရလိုက်ပါတယ်……

    အားလုံးကျန်းမာကြပါစေ……..ချမ်းသာကြပါစေ……

    • alinsett (gazette)

      March 6, 2014 at 7:06 am

      ကောင်းပါလေ့ ကောင်းပါလေ့

      အာ့ဆို မန်းလေးကို ခနခနသွား
      ကျနော်တော့ မန်းလေးကိုရော . . .မန်းလေးသူလေးတွေကိုရော
      သဘောကျလို့ ခနခနသွားးမှာ
      အဟိ

Leave a Reply