ရန်ကုန်မြို့မှာ ရုံတင်သွားတဲ့ Conjuring သရဲဇာတ်ကားထဲက မကောင်းဆိုးဝါး ၀ိညာဉ်ဝင်ပူးနေသော ကြောက်စရာကောင်းသည့် အရုပ်ကလေးမျိုးအပြင်မှာ တကယ်ရှိတယ်ဆိုရင် အံ့သြသွားကြမှာပါ။ မယုံမရှိပါနဲ့…. အန်နာဘဲ(လ်) (Annabelle) လို့ အမည်ရတဲ့ မကောင်းဆိုးဝါးအရုပ်လေး တကယ်ရှိပါတယ်။
ရုပ်ရှင်ထဲက ကြောက်စရာဇာတ်ကောင် အရုပ်လေးဟာလည်း တကယ့်အပြင်မှာရှိတဲ့ အန်နာဘဲ(လ်) (Annabelle)ကို တုပဖန်တီးခဲ့တာပါတဲ့…။ ဒါပေမဲ့ အန်နာဘဲ(လ်)ကတော့ ရုပ်ရှင်ထဲကလို ကြောက်စရာကောင်းတဲ့ ပုံသဏ္ဌာန်မဟုတ်ဘဲ ချစ်စရာလေးဖြစ်နေပါတယ်။
သွေးပျက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်ဟာ (၁၉၇၀) ပြည့်နှစ် ကျော်ကျော်လောက်က သူနာပြု တက္ကသိုလ် ကျောင်းသူလေး နှစ်ယောက်နေထိုင်ရာ တိုက်ခန်းလေးတစ်ခုအတွင်းမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၁၉၆၀ ကနေ ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း ရက်ဂဒီအန် (Raggedy Ann) လို့ခေါ်တဲ့.. ချစ်စရာအရုပ်ကလေးတွေဟာ အမေရိကားမှာ လူကြိုက်များလာပါတယ်။
သူနာပြုတက္ကသိုလ်ကျောင်းသူလေး ဒွန်နာကလည်း သူမရဲ့မိခင်… မွေးနေ့လက်ဆောင်ပေးတဲ့ ရက်ဂဒီအန် အမျိုးအစား အရုပ်ကလေးကို အင်မတန်မှကို နှစ်သက်သဘောကျတဲ့အတွက် ထိုအရုပ်ကလေးကို ခုတင်အပေါ်မှာ အလှထားလေ့ရှိပါတယ်။
အရုပ်ကလေးဟာ မကောင်းဆိုးဝါး ၀င်ပူးနေတာကို ဒွန်နာကော အခန်းဖော်ဖြစ်သူ အန်ဂီပါ သတိမထားမိခဲ့ကြပါဘူး။ သက်ဝင်လုပ်ရှားလာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ကြပါဘူး။
ဒါပေမဲ့ အရုပ်ကလေးဟာ ကျောချမ်းစရာကောင်းလာတယ်ဆိုတာကို မကြာခင်မှာပဲ သူတို့နှစ်ယောက် တဖြည်းဖြည်းသိလာကြပါတယ်။ အရုပ်ကလေးဟာ ဒွန်နာရဲ့ ကုတင်ပေါ်မှာရှိနေပေမဲ့ သူတို့အပေါ် အမြဲစိုက်ကြည့်နေတယ်လို့ နှစ်ယောက်စလုံး ခံစားမိလာကြပါတယ်။
တနေ့မှာ ဒွန်နာအခန်းထဲကိုပြန်ရောက်လာတော့ အရုပ်လေးဟာ ကုတင်ပေါ်မှာ မရှိတော့ပဲ သူတို့နှစ်ယောက်ထိုင်နေကြ ဆိုဖာပေါ်မှာ တင်ပျဉ်ခွေထိုင်လျှက်သားရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒွန်နာကတော့ သူငယ်ချင်း အန်ဂီနောက်နေတာပဲ ဖြစ်မယ်လို့ ထင်ခဲ့မိပါတယ်။ နောက်တနေ့မနက် ကျောင်းမသွားခင်မှာ ကုတင်ပေါ်က အရုပ်ကလေးကို ယူပြီး ဆိုဖာပေါ်ကို မှတ်မှတ်ရရ တင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အခန်းကို ပြန်ရောက်တော့ အရုပ်လေးက ကုတင်ပေါ်ကို ရောက်နေတာကို တွေ့လိုက်ရပါတော့တယ်။
ဒီလိုနဲ့ပဲ မကြာခင်မှာ အရုပ်လေးဟာ တခန်းလုံး ဟိုနေရာရောက် ဒီနေရာရောက်ဖြစ်တယ်ဆိုတာ သူတို့ ကောင်းကောင်းသတိထားမိနေပြီး ဖြစ်ပါတော့တယ်။ အချိန်ကြာလာတာနဲ့အမျှ Annabelle အရုပ်ကလေးက မသိမသာ လှုပ်ရှားနေရာကနေ သိသိသာသာ လှုပ်ရှားလာပါတယ်။ သူတို့ဆီ လာလည်တတ်သော ယောကျာ်းလေး အတန်းဖော် `လူး´ကတော့ ထိုအခြေအနေကို သဘောသိပ်မတွေ့ပါဘူး။
သူဒီအခန်းထဲမှာ အိပ်နေတဲ့အချိန်တွေမှာဆို အရုပ်ကလေးဟာ သူ့ကို ရန်လုပ်နေတယ်ဆိုတဲ့ အိပ်မက်ကို ထင်ထင်ရှားရှားမက်လေ့ရှိပါတယ်။ အဲဒါကြောင့် `လူး´က သူ့သူငယ်ချင်း နှစ်ယောက်အတွက် စိတ်ပူမိတာပေါ့။ နောက်ဆုံးမှာတော့ အရုပ်ဟာ အသက်ဝင်ပြီး တအိမ်လုံးကို သူ့ဖာသာသူ လျှောက်သွားနေပါတော့တယ်။
အခန်းဖော်နှစ်ယောက် အပြင်ထွက်သွားပြီး အခန်းထဲပြန်ရောက်လာပြီဆိုလျှင် အရုပ်လေးဟာ နဂိုနေရာမှာ မဟုတ်တော့ပါဘူး။ အထူးဆန်းဆုံးကတော့ အရုပ်လေးဟာ မတ်တပ်ရပ်နေပြီး ကုလားထိုင်တလုံးကို မှီနေတာပါပဲ။ နှစ်ယောက်သား အရမ်းကို တုန်လှုပ်ခြောက်ခြားသွားပါတယ်။ အ၀တ်အစားနဲ့ ချုပ်ထားတဲ့ အရုပ်ခြေတောက်တွေက ပျော့ပျော့လေးမို့ သူ့ဖာသာသူ မတ်တပ်ရပ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
အရုပ်ရပြီး တလခန့်အကြာမှာတော့ နောက်ထပ်ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု စတင်ဖြစ်ပွားခဲ့ပါတယ်။ ဒွန်နာနဲ့ အန်ဂီတို့အိမ်ပြန်ရောက်တော့ အရုပ်ဟာ နေရာရွှေ့နေယုံမျှမက ကလေးလက်ရေးလိုလို စာတွေပါတဲ့ တိရစ္ဆာန်သားရေ အပိုင်းအစလေးတွေကိုပါ တွေ့လိုက်ကြပါတယ်။ စာသားတွေကတော့ ကယ်တော့မူကြပါ။ ကျွန်ုပ်တို့ကိုကယ်ပါ။ `လူး´ရေ ကယ်ပါဦးဆိုတာ စတာတွေပါပဲ။
အရုပ်ဟာ မကောင်းဆိုးဝါးဖြစ်ပြီး လွှင့်ပစ်သင့်တယ်လို့လူးက အကြံပေးခဲ့ပေမဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ခေတ်လူငယ်တွေဖြစ်တဲ့အပြင် နာနာဘာဝ၊ မကောင်းဆိုးဝါး၊ ၀ိညာဉ်စသည်တို့ကို အယုံအကြည်ရှိခဲ့သူတွေ မဟုတ်တဲ့အတွက် ယခုကိစ္စကို တိုက်ဆိုင်မှု တစ်ခုခုကြောင့်လို့သာ ထင်ခဲ့ကြတာဖြစ်ပါတယ်။
သို့သော်… စာရွက်ပေါ်မှာ ထူးဆန်းတဲ့စာတွေရေးထားတာတွေ၊ အခန်းထဲကပစ္စည်းတွေ အခန်းအတွင်း ပျံသန်းနေတာတွေ၊ အခန်းထဲက အိပ်နေသူတွေ ထူးဆန်းတဲ့ အိပ်မက်တွေ မက်တာတွေဟာ အချိန်တော်တော်ကြာအောင် ဖြစ်ပျက်နေတာ ကြုံဖန်များလာတဲ့အခါမှသာ သင်္ကာမကင်းဖြစ်နေရာကနေ ကြောက်စိတ်တွေ ၀င်လာခဲ့ကြပြီး
သရဲခြောက်နေတာကို လက်ခံသွားကြတာပါ။
တရားခံ ဘယ်သူလဲ။ အ၀တ်ရုပ်ကလေးဟာ မကောင်းဆိုးဝါးတွေက စေလွှတ်လိုက်တဲ့ အရုပ်ကလေးများ ဖြစ်နေလေ့ရော့သလား။
ဒွန်နာဟာ နတ်ဆရာတစ်ယောက်ကို အကူအညီတောင်းရပါတော့တယ်။ နတ်ဆရာက အန်နာဘဲ(လ်) ဟစ်ဂင်(စ်) (Annabelle Higgins) လို့ခေါ်တဲ့ မိန်းကလေးတစ္ဆေနဲ့ ဆက်သွယ်မိခဲ့ပါတယ်။
ထိုတစ္ဆေမလေး အန်နာဘဲ(လ်)ဟာ မသေဆုံးခင်က ယခုဒွန်နာတို့နေတဲ့ အဆောက်အအုံကြီး ဆောက်လုပ်နေတဲ့နေရာရဲ့ အလှမ်းမကမ်းက အိမ်တစ်အိမ်မှာနေတာပါ။ ဒွန်နာတို့နေတဲ့ တိုက်ကြီးဖြစ်လာမဲ့နေရာမှာ အန်နာဘဲ(လ်)လဲကျ သေဆုံးသွားတဲ့အချိန်မှာ သူမဟာ အသက် (၇) နှစ်အရွယ်ပဲ ရှိပါသေးတယ်။
ထိုအဆောက်အအုံကြီးမှာလည်း ဆောက်ပြီးခဲ့တာ အတော်ကြာပြီဖြစ်သဖြင့် တစ္ဆေမလေး အန်နာဘဲ(လ်)ဟာ တိုက်ကြီးထဲမှာ နှစ်ပေါင်းများစွာကြာအောင် မကျွတ်မလွတ်ဘဲ နေနေခဲ့ရတာပါ။
ဒွန်နာနဲ့အန်ဂီတို့ ပြောင်းလာတော့ တစ္ဆေမလေးက သူတို့နှစ်ယောက်ကို သဘောကျသွားပြီး အရုပ်ကလေးထဲမှာ ၀င်ပူးနေပြီး ပတ်ဝန်းကျင်ကို လေ့လာလျှင်ကောင်းမယ်လို့ စိတ်ကူးရလိုက်တယ်လို့ အန်နာဘဲ(လ်)ရဲ့ ၀ိညာဉ်ကို ပြောပြပါတယ်။
ပြောပြနေသော အနေအထားအရ တစ္ဆေမလေးဟာ သနားစရာဖြစ်နေတာကြောင့် သူမတို့တွေကို ဆက်ပြီး မခြောက်တော့လျှင် ဤအိမ်တွင် အန်နာဘဲ(လ်)ကို သူတို့နဲ့အတူ နေနိုင်တယ်လို့ ဒွန်နာက ခွင့်ပြုပေးလိုက်ပါတယ်။
ဒွန်နာ အန်ဂီနဲ့ အန်နာဘဲလ် တို့သုံးယောက်စလုံးသည် အဆိုကိုသဘောမကျပေမဲ့ သူတို့ရဲ့ ယောက်ကျားလေးအတန်းဖော် ..လူး …ကတော့သဘောမကျပါဘူး။
တစ်ညတော့ လူးနဲ့အန်ဂီတို့ ဟာဧည့်ခန်းဆောင်မှာထိုင်ရင်းနောက်တစ်နေ့မှာခရီးထွက်ဖို့အတွက် မြေပုံတွေကိုကြည့်ကာတိုင်ပင်နေကြပါတယ်။ အဲဒီအချိန်မှာဒွန်နာ ရဲ့အခန်းထဲကနေထွက်လာတဲ့တရှဲရှဲ မြည်နေတဲ့အသံကြီးကိုကြားလိုက်ရတော့ ခေါင်းနားပန်းကြီးသွားပါတယ်။သူခိုးကပ်နေတာများဖြစ်မလားဆိုပြီး ..လူး..ဟာ အိပ်ခန်းဆီကိုအသံမမြည်အောင်ချွတ်နင်းပြီးသွားချောင်းပါတယ်။အခန်းဝရောက်ပြီဆိုတာနဲ့ သူခိုးကိုပက် ပင်းမိအောင် ဆတ်ခနဲပြေးဝင်လိုက်ပါတယ်။ဒါပေမဲ့ဘယ်သူ့ကိုမှမတွေ့ရပါဘူး။အရုပ်ကလေးအန်နာဘဲ(လ်)ကတော့ ခုတင်အောက် ရောက်နေပြီးအခန်းထောင့်မှာငုတ်တုတ်လေးထိုင်နေတာပါ။
ဘယ်သူ့ကိုမှ မတွေ့ရလို့ လူးပြန်ထွက်လာခဲ့ပါတယ်။ နောက်တစ်ကြိမ်တရှဲရှဲ အသံကြီးကိုကြားလို့ထပ်လာကြည့်တော့ အဲဒီအရုပ် ကကြမ်းပြင်ပေါ်မှာခြေကားရားလက်ကားရားနဲ့လဲနေပါတယ်။
…လူး…စိတ်ထဲမှာအရုပ်ကလေးလဲနေပုံက သူ့မှာပူကပ်နေတဲ့ အန်နာဘဲ(လ်)ရဲ့ဝိညာဉ်မရှိတော့သလိုပုံစံပေါက်နေတယ်လို့ ခံစားလိုက်ရပါတယ်။ဒါကြောင့်မင်္သကာလို့ အရုပ်ဆီကိုလျှောက်သွားပြီးသေသေချာချာကြည့်နေတုန်း..သူ့နောက်မှာတစ်ယောက်ယောက်လာရပ်နေသလိုမျိုးခံစားလာရပါတယ်။အန်ဂီမှတ်ပြီးနောက်လှည့်ကြည့်လိုက်တဲ့အချိန်လေးမှာပဲ ရင်ညွန့်ကိုမီးစနဲ့ထိုးလိုက်သလိုပူခနဲ့ခံစားလိုက်ရတဲ့အတွက်သွေးပျက်သွားပါတော့တယ်။ ဘာပြောကောင်းမလဲ..လူးတစ်ယောက်အခန်းထဲကနေ ဧည့်ခန်းဆောင်ဆီကိုဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်သုတ်ခြေတင်ပြေးထွက်လာခဲ့တာပေါ့။ပြီးတော့ ဧည့်ခန်းဆောင်ပြန်ရောက်တော့သူ့ရှပ်အင်ကျီကိုကြယ်သီးဖြုတ်ကြည့်လိုက်တော့..
လားလား …လက်သည်းနဲ့ အကုန်ခံထားရတဲ့ပုံစံမျိုးသွေးထွက်နေတဲ့မီးလောင်ဒဏ်ရာခုနှစ်ချက်။သုံးချက်က ကန့်လန့်ဖြတ် လေးချက်ကဒေါင်လိုက်…
သူနဲ့ အန်ဂီနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးကြက်သေသေသွားကြပါတယ်။ဒဏ်ရာတွေက သွေးစိမ်းရှင်ရှင်ထွက်နေပါတယ်။ မီးလောင်ဒဏ်ရာတွေမှန်းသိသာလွန်းလှပြီ မမြင်ရတဲ့အရာတစ်ခုခုက သူ့ကိုတိုက်ခိုက်လိုက်တာ အသေအချာပါပဲ။သို့သော် ဒဏ်ရာတွေဟာ နှစ်ရက်အတွင်းမှာထူးဆန်းစွာ သူ့အလိုလိုပျောက်သွားပြီးမူလ အသားအရေ ပြန်ဖြစ်သွားပါတော့တယ်။ အခုတော့ သည်အရုပ်ကိုမကောင်းဆိုးဝါးတစ်ကောင် ကောင်က ၀င်ပူးနေတာလို့ ဒွန်နာတစ်ယောက် စိတ်တုံးတုံးချယုံကြည် လိုက်ပါပြီ နောက်တစ်ကြိမ် အကူအညီတောင်းခံရပြန်ပါတယ်။သည်တစ်ကြိမ် အကူအညီပေးသူတွေကတော့ မကောင်းဆိုးဝါးတွေဝင်ပူးတဲ့ကိစ္စတွေကိုဖြေရှင်းပေးနေတဲ့ နတ်ဆရာလင်မရား အက်(ED) နဲ့ လော်ရိန်းဝါရင် တို့ပါပဲ။
တစ္ဆေ သရဲက အရုပ်ကိုဝင်ပူးထားတယ်လို့ထင်ရအောင် လုပ်ထားတာသာဖြစ်တယ်ဆိုတာနတ်ဆရာတွေကမကြာခင်မှာပဲဖော်ထုတ်ပေးခဲပါတယ်။သူတို့ထင်ထားသလို ကလေးသရဲမဟုတ်တော့ဘဲမကောင်းဆိုးဝါးကြီးအဆင့်ရောက်နေပါပြီ။တစ္ဆေသရဲဟာ သူ့ကိုလက်ခဲမဲ့ အိမ်ရှင် တစ်ဦးဦး လိုအပ်နေတဲ့ အချိန်မှာ အရုပ်ကိုအသုံးချခဲ့တာသာဖြစ်ပါတယ်။သူဟာအရမ်း ခင်မင်တတ်တဲ့ တစ္ဆေဖြစ်တယ်လို့ မိန်းကလေးနှစ်ယောက်ယုံကြည်လာစေဖို့အတွက် အရုပ်ကိုဝင်ပူးထားတာပါ။အိမ်ရှင်တွေက ချစ်စရာအရုပ်ကို ၀င်ပူးထားတဲ့ တစ္ဆေသရဲကို ကြောက်ရွံ့မှုလျော့ပါးပြီးနေထိုင်ခွင့် ပေးတဲ့အခါမှာလူတွေကို ဒုက္ခပေးဖို့အခွင့်အရေးရသွားခဲ့တာဖြစ်ပါတယ်။
အမှန်တော့ လက်ရေးစာတွေရေးပြပြီးလူးရဲ့ ဂရုစိုက်မှု တွေကိုရဖို့ ကြိုးစားရင်း လူးရဲ့ဝိညာဉ်ကိုပါ ပိုင်ဆိုင်နိုင်ဖို့ရည်ရွယ်ပုံရပါတယ်။စာတွေအများစုကလည်း လူးဆိုတဲ့ နာမည်တွေသာဖြစ်နေတာကိုကြည့်လျှင်သိသာပါတယ်။ပထမအဆင့်အနေနဲ့ အိမ်မက် တွေကုတ်ရာတွေနဲ့ မီးလောင်ဒဏ်ရာတွေပေးတာကတော့ တစ္ဆေသရဲဟာလူသားတစ်ယောက်ရဲ့ကိုယ်ကိုဝင် ပူးဖို့ကြံရွယ်နေတာပါလို့မှတ်ချက်ချခဲ့ကြပါတယ်။ထို့နောက်တော့မကောင်းဆိုးဝါးကိုတိုက်ခန်းကနေ ကမ္မ၀ါဖတ်ပြီးနှင်ထုတ်လိုက်ပါတော့တယ်။ အက်(ED) နဲ့လောက်ရိန်းဝါရင် တို့ဟာ အရုပ်ကိုယူသွားကြပါတယ်။ထိုအခါမှာတော့ ဒွန်နာ၊အန်ဂီ နဲ့လူးတို့ဟာ လပေါင်းများစွာခြောက်လှန့်ခံခဲ့ ရလို့ ကြောက်တာလန့်တာတွေမရှိတော့ပါဘူး။နတ်ဆရာ အက်နဲ့လော်ရိန်းဝါရင်တို့ လင်မယားဟာ အရုပ်ကလေးကိုအိတ်တစ်အိတ်ထဲထည့်ပြီးအဝေးကြီးမှာရှိတဲ့ သူတို့ရဲ့အိမ်ကိုကားမောင်းပြီးယူလာခဲ့ကြပါတယ်။အဝေးပြေးလမ်းပေါ်မှာတစ်နာရီ ၆၅ မိုင်နှုန်းနဲ့ မောင်းရလို့ မကောင်းဆိုးဝါးအရုပ်ကသာ တစ်ခုခုလုပ်လိုက်ရင် ကားမှောက်တဲ့ အန္တရာယ်ရှိနိုင်တာကြောင့်နတ်ဆရာလင်မယားဟာအဝေးပြေးလမ်းမကြီးတစ်လျှောက်သတိထားပြီးမောင်းနှင်လာခဲ့ကြပါတယ်။ထင်ထားတဲ့အတိုင်းပင်..အပြန်လမ်းတစ်လျှောက်တစ်ခါတစ်ခါ ကားကလမ်းမှားပြီးရောက်လိုရောက် အင်ဂျင်က ရပ်သွားလို ရပ်သွား ကားစတီယာရင်က လှည့်လို့ မရတဲ့အခါမရ ဘရိတ်ကလည်းမနင်းဘဲနဲ့ အုပ်လိုအုပ်နဲ့ အကုန်လုံးကိုးရိုး ကားရားတွေဖြစ်လို့ပေါ့။မနိုင်တော့တဲ့အဆုံး အက်က အိတ်ကိုဖွင့် အရုပ်ကို ထုတ်၊ ပရိတ်ရေတွေနဲ့ ပက်ဖျန်းလိုက်မှအနှောက်အယှက်တွေအားလုံးရပ်သွားတော့တယ်..ဒါပေမဲ့ ခဏပါပဲ။
အက်က အရုပ်ကိုကားဒက်ရှ် ဘုတ်ပေါ်တင်ထားလိုက်တယ်ဆိုလျှင်ပဲအရုပ်က ကြွကြွတက်လာပါတယ်။နှစ်ကြိမ်သုံးကြီမ်လောက်ကြွတက်လာပြီးတော့ ပျံတက်တော့မလိုဖြစ်ပြီးနောက်လဲကျပြီးငြိမ်သက်သွားပါတယ်။ ဒါပေမဲ့ နှစ်ပတ်လောက်အကြာမှာ အရုပ်ကလေး အန်နာ ဘဲလ် ဟာပြန်ဖောက်လာပြန်ပါတယ်။အက်နဲ့ ၀ါရင်တို့အိမ်မှာထားတဲ့နေရာမှာမရှိဘဲ ဟိုနေရာရောက်လိုက်သည်နေရာရောက်လိုက်နဲ့ဖြစ်လာပါတယ်။ မတတ်နိုင်တဲ့အဆုံး ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကိုပူးကပ်နေတဲ့မကောင်းဆိုးဝါးကို မောင်းထုတ်စေပါတော့တယ်။ သို့ရာတွင် ဘုန်းတော်ကြီးက အာဏာကုန်မသုံးဘဲ..ပေါ့ပေါ့ပင် ဟယ်..သင်ဟာအရုပ်တစ်ရုပ်မျှသာဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူ့ကိုမျှထိခိုက်နာကျင်အောင် လုပ်ခွင့်မရှိဘူး လို့သာကြိမ်းမောင်းပြောဆိုသွားပါတယ်။ ဘုန်းတော်ကြီးဟာအိမ်အပြန်လမ်းမှာကား ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။ကံကောင်းလို့ အသက်တော့မသေခဲ့ပါ ဘူး။ဘယ်လိုမှမတတ်နိုင်တဲ့အဆုံးမှာတော့ တစ္ဆေမလေးအန်နာဘဲလ်ကိုမှန်သေတ္တာထဲမှာထည့်ပြီးပိတ်လှောင်ထားလိုက်ရပါတော့တယ်။ မှန်သေတ္တာမှာလည်း သတိ ဖွင့်မကြည့် ရလို့ သတိပေးထားတဲ့ စာတမ်းလေးပါ ကပ်ထားပါတယ်။ သတိပေးချက်ကိုမယုံကြည်တဲ့ ပြတိုက်လာ မိန်းမပျိုတစ်ယောက်ဟာ မှန်တံခါးကိုသွားခေါက်ကြည့်ခဲ့ပါတယ်။အပြန်မှာ ဆိုင်ကယ်မှောက်ပြီးသေဆုံးသွားခဲ့တဲ့ အတွက် မှန်သေတ္တာပေါ်မှာ ထပ်မံအကာအရံလုပ်ပြီး အန္တရယ်ရှိသည် မည့်သည့်အရာမှမထိရလို့ပါ ပြခန်းလာ သူတွေကိုသတိပေးထားလိုက်ရပါတော့တယ်။အရုပ်လေးမှာ တစ္ဆေရှိနေတယ်ဆိုတာကို နားလည်သူတွေဆိုလျှင်တော့ စမ်းသပ်ကြည့်လိုက်ရုံနဲ့ သိနိုင်ကြပါတယ်။ဒါပေမဲ့ တစ္ဆေဟာအရုပ်ထဲကဘာကြောင့်မထွက်သေးတာလဲဆိုတာကတော့ အခုထက်ထိကိုအဖြေမရှိသေးတဲ့ ပဟေဠိပုစ္ဆာတစ်ခုလိုပါပဲ။ အမေရိကန်ုနိုင်ငံ ကွန်နတီကပ် ပြည်နယ် မူးဒူး ရွာလေးက အက်နဲ့လော်ရိန်းဝါရင်တို့အိမ်နောက်ဖက်ရှိအော့ကော့ပြတိုက် ထဲကမှန်သေတ္တာလေးထဲမှာသူရှိနေပါတယ်။ချစ်စရာကောင်းတဲ့အပြစ်ကင်းတဲ့ အရုပ်ကလေးအသွင်နဲ့ပေါ့။
သို့သော် တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ် ဒါကတော့ သူပစ်မှတ်ထားတဲ့လူတစ်ယောက်ပြတိုက်ကိုလာလည်ချိန်မှာ ၀င်ပူးဖို့စောင့်နေတယ်ဆိုတာပါပဲ…ဒါကတော့ Conjuring ဇာတ်ကားထဲမှာပါတဲ့ တစ်ကယ်လည်း ကြောက်စရာကောင်းတဲ့ အန်နာဘဲလ် အရုပ်လေးအကြောင်းဘဲဖြစ်ပါတော့တယ်။
Credit to:
1507712_1442086592686628_1533014874_nhttps://www.facebook.com/onlinetasay

About chityimhtoo

has written 77 post in this Website..