“ ၁၁ မီး´´

ko sixFebruary 28, 20141min18814

(i)​ဒေါင်​လိုက်​တိုးချဲ့လာတဲ့ ​ကျောခင်​းစရာများ
(ii) အလျားလိုက်​ဖြစ်​ထွန်​းလာတဲ့ ကန္တာရများ
(iii)မိတ္တူချုံ့သည်​ထက်​ချုံ့လာတဲ့ သစ်​​တောများ
(iv) အနံလိုက်​ခုန်တက်​လာတဲ့​ရေမျက်​နှာပြင် များ
(v)မိတ္တူချဲ့သည်​ထက်​ချဲ့လာတဲ့ အိုဇုံးလွှာအပေါက်​များ
(vi)သံတမန်ဝင်​ဆံ့လာတဲ့​ရောဂါဘရများ
(vii)မျိုးတုံးခြင်​းမှာ ဆရာကျတဲ့ သက်​ရှိသတ္တဝါများ
(viii)အ​မေနှစ်​​ယောက်​ပိုင်​လာတဲ့ ဖန်​ပြွန်​များ
(ix)​သောက်​ဆေးလိမ်​း​ဆေးမှား​နေတဲ့ သီချင်​းများ
(x)​ငွေနဲ့စိုက်​တဲ့ ​မေတ္တာကိစ္စများ
(xi)​မျှော်​လင်​့ချက်​ကို ​လေ​ပေင်​ချိန်​​နေရတဲ့
ရာသီဥတုများ

ကိုစစ်​( ရူပ​ဗေဒ)

14 comments

  • မဟာရာဇာ အံစာတုံး

    February 28, 2014 at 3:35 pm

    ခေတ်သစ်
    တစ်ဆယ့်တစ်မီးပေါ့ဗျာ ….
    မိုက်တယ် … ဟာဟ ..

  • မမချွိ

    February 28, 2014 at 3:36 pm

    ဘုရားးး
    ဘုရားးးး

    😥

  • Mr. MarGa

    February 28, 2014 at 3:49 pm

    ဒီမီးတွေက အော်ရီဂျင်နယ် တစ်ဆယ့်တစ်မီးထက် ဆိုးမယ်ဗျာ… 🙁

  • Wow

    February 28, 2014 at 3:55 pm

    အားလုံးသေကုန်မှ အေးမှာပါအေ… :mrgreen:

  • alinsett ( Gazette )

    February 28, 2014 at 5:59 pm

    ဝိုးးးးးး
    ကဗျာရေးဟန်နဲ့ စကားလုံးကြွယ်ဝမှု
    အထားအသိုတတ်ကျွမ်းမှုတွေကို
    အရမ်းးးးးးးးးကြိုက်စ်သွားတယ်

  • ko six

    February 28, 2014 at 10:50 pm

    ကိုကြိုက်​မီးတစ်​ခုကျန်​​နေခဲ့တာကို
    ခုမှ​တောင်​းပန်​လိုက်​ရပါ​ကြောင်​း

    • kyeemite

      March 1, 2014 at 2:21 pm

      ကိုစစ်က ကျုပ်ကိုပြောတာလား..မကျန်ခဲ့ပါဘူးဗျာ လာအားပေးသွားပါတယ် 😀

  • myat pearl phyu

    March 1, 2014 at 1:49 pm

    မီးများ မီးနိုင် ၊ ရေများ ရေနိုင် …
    ပူစရာများ ပူပန်နေရမယ်ဆိုရင်
    ဒီ မီး လောက်တော့ လောက်ငမယ်တောင် မထင် …

  • ko six

    March 1, 2014 at 10:34 pm

    ဟုတ်​ကဲ့
    ခုဟာက မီးများ​နေသလားလို့ပါ
    ​ရေက​တော့
    သူကြီးဆီခွင်​့​တောင်​းပီး
    မြစ်​ဆုံကိစ္စနဲ့မြှားကြည်​့လိုက်​ဦးမယ်​

  • kai

    March 2, 2014 at 4:06 am

    (vii)မျိုးတုံးခြင်​းမှာ ဆရာကျတဲ့ သက်​ရှိသတ္တဝါများ

    ခရာကျတယ်လို့… ပြောချင်တာလားဟင်င်…

    စာအသုံးကြောက်စရာကောင်းအောင်လှတယ်ဗျာ..။
    ၁၃မီးပြည့်အောင်.. မြစ်ဆုံထည့်လိုက်မယ်နော.. :buu:

    (xii) စကောကြီးလွင့်လာတဲ့ အနံကြီးကွင်းသေး မြစ်ဆုံကိစ္စများ
    (xiii) ဝါဝါမြင်တိုင်းရွှေအော်နေရတဲ့ ကန်တော့သူခံ ဘဝများ

  • ko six

    March 2, 2014 at 12:27 pm

    ​အောင်​မငှီး
    ၁၁ မီးနဲ့တင်​
    ​ကျူး​ကျော်​ရပ်​ကွက်​သားဖြစ်​​နေရတာပါ
    ထပ်​မကွန်​့ပါရ​စေနဲ့

  • ဗုံဗုံ

    March 2, 2014 at 3:36 pm

    ကြောက်စရာကောင်းလိုက်တာ
    ကိုစစ်ရေးပြမှ မျက်စိထဲမြင်တော့တယ်.. 😥

Leave a Reply