ကျွန်ုပ်နှင့် အက်ဒမင် (၅)ဦး

ရာမညMarch 1, 20141min17821

 

ဆောင်းအကုန်နွေအကူး ဆပ်ဆလူးထခါစကာလတစ်ခု၌………

ကျွန်ုပ်နှင့် မိတ်ဆွေကြီးဖြစ်သူ ကိုမြင့်ကျော်တို့သည်

ပါရမီလမ်းရှိကောင်းသန့်လက်ဘက်ရည်ဆိုင်တွင်ထိုင်လျှက် ရောက်တတ်ရာရာ

များပြောနေမိကြလေသည် ။ ကျွန်ုပ်မှ

 

” ကိုမြင့်ကျော်ရေ ကျုပ်ဖေ့စ်ဘုတ်မှဂရုတစ်ခု ဖွဲ့ထားတယ်ဗျ ခင်ဗျားအားရင်လည်း စာလေးပေလေး ဝင်ရေးဦးလေဗျာ ”

 

ကိုမြင့်ကျော်မှာ အံ့ဩသွားဟန်ဖြင့် မျက်ခုံးတစ်ချက်ပင့်ပြီးလျှင်

 

” ဘယ်လိုလဲ အိုင်အိုကြီးရဲ့ ခင်ဗျား စာရေးဆရာများလုပ်တော့မှာလားဗျ ”

 

” ကျုပ်ကတော့ ဝါသနာပါလို့ပါဗျာ ရေးစရာကလည်း ခင်ဗျားနဲ့လိုက်ခဲ့တဲ့အမှုတွေပဲရေးနေမိတာပါပဲ အခုတော့

အခြားဝါသနာတူတွေ စာရေးစာဖတ်လုပ်ဖြစ်အောင်လို့စာရေးစာဖတ်

အဖွဲ့ဆိုပြီးဖွဲ့ထားတာပါ ”

 

” အက်ဒမင်က ဘယ်သူလဲဗျ ”

 

” အခုကျုပ်တစ်ယောက်တည်း ဖြစ်နေလို့တိုင်ပတ်နေတာပေါ့ ကိုမြင့်ကျော်ရယ် …

အကြံညဏ်လေးပေးပါဦးဗျာ ဂရုထဲမှာ မန်ဘာအင်အားလည်း နေ့တိုင်းတိုးနေတာဗျ ”

 

ကိုမြင့်ကျော်မှာ သောက်လက်စစီးကရက်ကို ပြာခြွေရင်း ……

 

” ဒီလိုလုပ်ဗျာ ခင်ဗျားနဲ့ဝါသနာတူတဲ့ မိတ်ဆွေတချို့ကိုအကူအညီတောင်းပြီး

အက်ဒမင် အဖြစ်လုပ်ပေးဖို့ပြောပေါ့ … ပြီးရင် ခင်ဗျားစာတွေဝင်ဖတ် ဝင်ရေးနေတဲ့

မန္တလေးဂေဇက်က နှစ်သက်ရာစာတွေကူးတင်ပြီး မိတ်ဆက်လေဗျာ ”

 

” ဟာ…… ကျုပ်မတွေးမိဘူးဗျ ။ ဟုတ်လိုက်လေ ဗျာ အဲ့လိုပဲ လုပ်ကြတာပေါ့ ။ လုပ်ပါဦး ဘယ်သူတွေကိုအက်ဒမင်လုပ်ဖို့အကူအညီတောင်းရမှာလဲ”

 

” ဒါကတော့ အိုင်အိုရယ် ကျုပ်မှခင်ဗျားလူတွေအကြောင်းသိပ်မသိတာ ဘယ်လိုအကြံပေးရမှာလဲ …… ကျုပ်သာဆို ဒီလိုလုပ်မယ်ဗျာ ……”

 

“လုပ်ပါ ဗျာ ပြောကြည့်ပါ ”

 

” လက်ရှိ ဂေဇက်မှာလဲ ရှိနေပြီး မိတ္တဗလကောင်းတဲ့သူ

အွန်လိုင်းပေါ်လဲ အမြဲရှိနေတတ်သောသူ

အိုင်တီ နည်းပညာတွေလည်းယဉ်ပါးသောသူ

စာပေရေးရာဝါသနာ ပါသောသူ

အဲ့လိုလူမျိုးတွေကို စဉ်းစားလိုက်တဲ့အခါမှာ ………

ဒီလူတွေကို ပြေးမြင်တယ်ဗျို့ …

၁ ။ မိုက်ကယ်ဂျော်နီအောင်ပု

၂။ ဦးကျောက်ခဲ

၃။ ဦးမာဃ

၄။ အန်တီ ပဒုမ္မာ

၅။ အစ်မတော် မခိုင်ဇာ

သူတို့တွေကို အကူအညီ တောင်းကြည့်ပါလားဗျာ”

 

” ကောင်းပါပြီကိုမြင့်ကျော်ရယ်… ကျုပ် အခုပဲ ပြောလိုက်ပါတော့မယ် ”

 

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

 

ဤသို့ဖြင့် … မိတ်ဆွေကြီး ကိုမြင့်ကျော်အကြံပေးသည့်အတိုင်း

ကျွန်ုပ်တို့၏ စာရေး/စာဖတ်ဝါသနာရှင်များအဖွဲ့ကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင်

အောင်မြင်စွာစတင်နိုင်ခဲ့လေသည် ။

တစ်လကျော်အတွင်း၌မန်ဘာ ၄၀ဝ ဝန်းကျင် ခန့်ရှိလာပြီးလျှင် အရောင်အသွေးစုံလှစွာသော မန်ဘာများဖြင့် ချယ်သထားနိုင်ခဲ့ပါသည် ။

 

ကျွန်ုပ်တို့၏ဂရုတွင် ထေရဝါဒ ဆရာတော်များ ၊ မိုးပြာဝါဒ ဟုယူဆရသောသူများ ၊ နာမည်ရအနုပညာရှင်များ ၊ လူငယ်ခြေတက်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊

ပညာရေးနယ်ပယ်မှ ဆရာဆရာမများနှင့် တကွ စရိုက်မတူ ဘာသာမတူသူများ စုစည်းလျှက်ရှိပါသည် ။

စစ်လော်ဘီများနှင့် ရဲရဲတောက်ဒီမိုများလည်းပါဝင်ပါသည် ။

သို့သော် တူညီသည့်အချက်မှာကား စာပေအပေါ် ဝါသနာအခြေခံခြင်းဖြစ်လေတော့၏ ။

 

ဤသို့ ခဏချက်ခြင်း ထင်ရှားလာခဲ့သည်မှာ အမှန်စင်စစ်တွင်

မန္တလေးဂေဇက်မှ ပို့စ်များကူးတင်ခွင့်ပေးလေသောကြောင့်ဖြစ်လေသည် ။

ထို့အပြင် အက်ဒမင်များ၏ ကူညီစွမ်းဆောင်ပေးမှုသည်လည်း အောင်မြင်မှုအတွက် အဓိကနေရာမှပါဝင်ခဲ့ပါသည် ။

ကျွန်ုပ်ဤပို့စ်ကိုရေးရခြင်းမှာ ဂေဇက်အယ်ဒီတာနှင့်တကွ မန်ဘာများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောလိုရင်းဖြစ်ပါသည် ။

ကျွန်ုပ်တို့ မန္တလေးဂေဇက်မှ မန်ဘာများ၏ လက်ရာဖြစ်သော စာပေါင်းစုံတို့သည်

စာရေးစာဖတ်ဝါသနာရှင်များ ဂရုတွင် အောင်ပွဲခံနေပုံများကိုကြည့်၍

ပီတိဖြစ်မိလေတော့သည် ။

ထို ဂရုမှမူရင်းလင့်များအတိုင်း ခြေရာခံ၍ ဂေဇက်ရွာအတွင်းသို့ ရွာသူရွာသားအသစ်များလည်းဝင်လာနိုင်ပါသည် ။

အသံတိတ်ဖတ်ရှုသူပရိပ်သပ်များစွာလည်း ရှိနေနိုင်ပါသည်။

ကျေးဇူးတင်ပါသည် မန္တလေးဂေဇက်ခင်ဗျာ

 

ကြိုးစားပါဦးမည်

ရာမည

 

 

 

 

 

 

21 comments

  • Mr. MarGa

    March 1, 2014 at 4:45 pm

    ကျွန်ုပ်နှင့် အက်ဒမင် (၅)ဦး
    ပေါင်းကြလေသောအခါ….
    ဘာဖြစ်မည်မသိ…
    :mrgreenn:

    • ရာမည

      March 6, 2014 at 12:02 pm

      ကိုမာဃခင်ဗျာ
      ကိုအံစာပြောတဲ့ကိစ္စလေး ဘယ်လိုရှိမယ်ထင်ပါသလဲ
      ကောင်းမယ်ဆို ကူညီပါဦးခင်ဗျား

      • Mr. MarGa

        March 6, 2014 at 3:27 pm

        ဟိုက်ရှ် ဆေးထိုးတယ်…

        Page ဆောက်၊ ဂလုကဟာ ပြန်တင်တာ အဆင်ပြေပါတယ်။ လုပ်ပေးနိုင်ပါတယ်။

        အဲ…စာတွေတင်ဖို့ ခွင့်ပြုုချက်ကလေးတော့ လိုချင်မိတယ်။

        ဂရုစည်းကမ်းမှာ တစ်ချက်လောက်ထပ်တိုးပြီးရင် လုပ်ပေးပါမယ်ဗျို့

        မဟုတ်ရင် သဘောမတူဘဲ ရှဲပါတယ် ဖြစ်မစိုးလို့

  • မမချွိ

    March 1, 2014 at 9:16 pm

    ၂၄နာရီ အွန်လိုင်းရှိတာကလွဲလို့ ဘာမှ မတတ်

    😀

  • padonmar

    March 2, 2014 at 1:48 am

    လက်ရှိ ဂဇက်မှာရှိနေ- အို ရှိနေမှာပေါ့၊နှင်မထုတ်မချင်း။
    မိတ္တဗလ- နွေရာသီဆို မိတ်တော့ ပေါတယ်။
    အွန်လိုင်းပေါ်အမြဲ- ညမှရှိပါတယ်ဆို၊အိမ်က မောင်းချခံရတော့မယ်။
    အိုင်တီနည်းပညာ-ဖျားဖျား ၊အရပ်ကတော့ အိုင်ပဲ။
    တီတော့ ဘယ်နားနေမှန်းမသိ။
    စာပေရေးရာ-လိုက်စားဖို့တော့ ဝါသနာပါပါအိ။

  • ဦးကျောက်ခဲ

    March 3, 2014 at 9:44 am

    အဟိ … ရဲကိုကို ရာထူးတိုးပေးမှပဲ ဂွဇက်ထဲမှာ ရန်ဖြစ်ချင်နေတာ မဖြစ်ရတော့ဘူး…
    ကျောက်စ်လည်း ဖွဘုတ်မှာ လူသစ်လက်ခံပေးတာကလွဲလို့… ဘာမှမတတ်…
    😀

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 3, 2014 at 12:33 pm

      ကျော်လည်းနာမည်ထပ်ပြောင်းဦးမယ်
      အူးကျောစ်
      အက်ဒမင်ဗိုလ်ဂျီးမိုက်ကယ်ဂျော်နီအောင်ပု ဆိုပီး
      ဘါမှမပူနဲ့
      ဆင်းကတ်တွေနဲ့ မဲဆွယ်မယ် ငိငိ

  • အမာခံ မန်ဘာအဖြစ် ပို့စ်တွေ ရှယ်ပေးမည်ဖြစ်ကြောင်း.. သူများပို့်စ်ရော..ကိုယ့်ပို့စ်ရော အကုန်ရှယ်မယ်…

  • kyeemite

    March 3, 2014 at 2:55 pm

    ဂွတ်အိုင်ဒီယာပါ ကိုရာမညရေ…

  • Paing Lay

    March 3, 2014 at 3:52 pm

    အဲ့ဂရုရှိတယ်ဆိုရင်လည်း အနော့်ကို လင့်ပေးပါဦးဂျို့ :mrgreen:

    • မဟာရာဇာ အံစာတုံး

      March 3, 2014 at 4:04 pm

      https://www.facebook.com/groups/1444717562412936/

      :mrgreenn:

      ဦးဦးရဲကြီး …
      ဂလုတင် မကဘဲ ပေ့ချ် အနေနဲ့ပါ လုပ်ထားလိုက်ပါလားလို့ …
      ပီးဒေါ့ .. ဂလုကဟာတွေ ပေ့ချ်မှာ ပြန်တင်ပေါ့လို့ …
      အဲ့လို ပေ့ချ်ဆောက်တဲ့အခါ သဂျားဂျီး က ရှယ်ကျွမ်းဒဗျာ …

      • ရာမည

        March 6, 2014 at 1:57 pm

        ကျေးဇူးတင်ပါတယ် ကိုမဟာရာဇာ ခင်ဗျာ 🙂

  • ဦးကျောက်ခဲ

    March 3, 2014 at 4:01 pm

    ဟောသည့် နေရာမှာပါ ခင်ဗျား…
    ” စာရေး/စာဖတ်ဝါသနာရှင်များ ”
    https://www.facebook.com/groups/1444717562412936/
    ဦးကျောက်စ်ကတော့ အသစ်ရေးရင် ဂဇက်မှာ အရင်တင်ပါမယ်…
    ဆိုတော့ … ဂဇက်မှာ လာမန့်ပေးကြပါလို့…
    😀

    • ရာမည

      March 6, 2014 at 1:51 pm

      ထို့ကြောင့်သာပဲ ပ်ု့စ်အဟောင်းများသာ ဦးစားပေးရွေးတင်နေပါတယ်ခင်ဗျာ
      ရေးစရာရှိရင် ဂေဇက်မှာသာအရင်ရေးဖြစ်ပါတယ်

  • TNA

    March 4, 2014 at 1:30 pm

    ရာထူးတိုးသူများ လခရလျှင်မုန့်ကျွေးပါရန် :mrgreen:

  • ရာမည

    March 6, 2014 at 12:05 pm

    အားလုံးကိုကျေးဇူးတင်ပါတယ်
    ကျွန်တော်တို့ရည်ရွယ်ချက်က ဂရုမှစာများကိုနှစ်သက်ပြီး
    မန်းဂေဇက်ကိုရောက်လာစေချင်တာပါခင်ဗျာ
    ယခုဆိုလျှင် အချို့စာများကို တဆင့်ပြန်လည်ရှယ်ကြတဲ့အထိ စိတ်ဝင်စားကြပါတယ်

  • ခင် ခ

    March 6, 2014 at 1:30 pm

    အဲဒီ ဂရုကိုတော့ FB မှာတွေ့မိတယ် စာရေး/စာဖတ်ဝါသနာရှင်များလို့ အမည်ပေးထားလို့ ကျုပ်တို့လို မလောက်လေးမလောက်စားနဲ့ မဆိုင်ဘူးဆိုပြီး မဝင်မိခဲ့ဘူးဗျ။

    • ရာမည

      March 6, 2014 at 1:44 pm

      အထင်မမှားပါနဲ့ ဦးလေးကိုခင်ခခင်ဗျာ
      ဝါသနာရှင်ဆိုသည်မှာ ဝါသနာရှင်အဆင့်ကိုသာရည်ရွယ်ပါတယ်။
      ပညာရှင်အဆင့်ကို အဓိပ္ပါယ်မဆောင်ပါဘူးခင်ဗျာ ။
      ဦးလေးရဲ့စာများကိုလည်း အလျင်းသင့်ပါက ကူးယူဖေါ်ပြချင်ပါတယ်ခင်ဗျာ

  • ရာမည

    March 16, 2014 at 7:06 pm

    ကိုမာဃကေိးဇူးနဲ့ ပေ့ချ်က အောင်မြင်နေပါပြီခင်ဗျာ
    ပေ့ချ်မှာနောက်ထပ် အက်ဒမင်တစ်ဦးကိုလည်း
    အကူအညီတောင်းပြီးအားဖြည့်ထားပါတယ်

    ကိုဖြူစိုင်းလူ ဖြစ်ပါတယ်ခင်ဗျာ

    စာများကို ရှယ်ခွင့်ပေးသောသူများကိုလည်း
    ကျေးဇူးတင်ပါတယ်ခင်ဗျာ

Leave a Reply