ကိုယ့်အတွေးနဲ့ ကိုယ် ( ဗျိုု့ ခရီးသည်ကြီး )

ကထူးဆန္းMarch 2, 20142min62799

ဗျို့ ခရီးသည်ကြီး ……………

ခရီးသည်ကြီး ရဲ့ မဟာသံဝါသနေ့ ၊ ရိုက်စားကောက်ထည့်နှင့် သူကြီးသို့ပေးစာ https://myanmargazette.net/193988

– ဖတ်ရတော့ ့ပြန်ရေးချင်စိတ်တွေ ပေါ်လာလို့ ဗျို့ .. ကွန်မန့်အောက်မှာ ရေးရင် ပုံ တင်မရတော့ ဒါတ်ပုံသက်သေ နဲ့ ပါ ပြချင်တာ နဲ့ ဒီကနေ ပြန်ရေးတာပါဗျာ ..

တစ်ခြားတော့ မဟုတ်ပါဘူးဗျာ .. ခရီးသည်ကြီးက

“တစ်ဂျူတီကို နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင်ပါ တဲ့ ။

ဘာတွေပါလည်းဆိုရင် ကုတင်နဲ့တဲ့တဲ့တစ်လုံး ၊ ပန်ကာအစုတ်တစ်လုံး ၊ နံစော်နေတဲ့ အိပ်ယာခင်းနဲ့ခေါင်းအုံးနှစ်လုံး ။”

..ဆိုလို့ မသိသူတွေ အဟုတ်မှတ် ကုန်မဆိုးလို့ဗျို့ ..

တည်းခိုခန်း ဟိုတယ်လောက တစ်ဂျုတီ ရယ်လိုု့ သုံးတာ ရှားပါတယ် ဗျ . ဆက်ရှင် ဆိုတဲ့ အသုံးအနုန်းဘဲ ခေါ်ကြပါတယ် ..ထားပါတော့လေ .. အဲ့ဒါတော့ လူပေါင်းများစွာ ခေါ်ဝေါ်တာဆိုတော့ ကျုပ် မသိတာလည်း ဖြစ်ချင်ဖြစ်မှပေါ့ ..

ကျုပ်သိတာတော့ ဆက်ရှင် ရယ်လို့ဘဲ ခေါ်တာ သိတာ ဆိုတော့ ဆက်ရှင်လို့ဘဲ သုံး နုနန်းတော့မယ်နော် ..

အဲ့ဒီ့ဆက်ရှင်ကလည်း တစ်ချို့ ကနှစ်နာ ရီ ။ တစ်ချို့ က သုံးနာရီ ။ တစ်ချို့ က လေးနာရီ စသဖြင့် ကိုယ့်ဖောက်သည်တွေ ဘယ်လောက်လာသလဲ မှုတည်သတ်မှတ် လို့ အပြိုင်အဆိုင်လုပ်ကြသဗျ ..

အဲ ဈေး နုန်းကတော့ ခရီးသည်ကြီးရေ … ခရီးသည်ကြီး ကို ပြောပြတယ် ဆိုတဲ့ သူက ပိုပိုသာသာ ပြောသွားတယ် ထင်ပါ့ ..
ခရီးသည်ကြီး ပြောတဲ့ အခန်းအနေအထား ပန်ကာစုတ် နဲ့ ဆိုရင် အများဆုံး မှ ငါးထောင် ပိုနိုင်ဘူး ရယ် ..
အဲယာကွန်း အစုတ်နဲ့ဆိုရင်တော့ ရှစ်ထောင် လောက်ထိ တက်ယူသဗျ ။

အောက် က ပြထား တဲ့ အခန်းဆိုရင် သုံးနာရီ တစ်ဆက်ရှင် ကို မှ တစ်သောင်းသာ ယူတဲ့ အခန်းပါဗျာ ။

ကျုပ်တို့ မြို့သူားတွေ အဟုတ်ထင်လို့ သူများသွားပြောပြရင် တစ်လွဲဖြစ်နေမှာ စိုးလို့ပါဗျာ .. ကြော်ငြာနေတာ မဟုတ်ပါဘူး နော် ။

အဲယားကွန်း ၊ တီဗွီ ၊ ရေခဲ သေတ္တာ ၊ ရေပူရေအေး နှဲ့ နေပျော်တဲ့ အခန်း ဆို တစ်သောင်း ကနေ တစ်သောင်းခွဲ လောက် အထိ ယူကြတယ်ဗျ ..

20140301_153538[1]

20140301_153608[1]

mini bar , TV နဲ့ aircond ခန်းပါ
mini bar , TV နဲ့ aircond ခန်းပါ

အဲ ခရီးသည်ကြီးပြောတဲ့ နှစ်သောင်း ကနေ သုံးသောင်း ဆို အတော် ဟုတ်နေပြီဗျ ..

ခရီးသည်ကြီးကိုပြဖို့လိုက်ရှာတာ ပုံ မတွေ့တော့လို့ ဗျို့ .. အဲ့ဒီ့ ဟိုတယ် တစ်ခုဆို ရေချိုးခန်းက ဆီဒိုးနား Ambassdor suit ရဲ့ ရေချိုးခန်းလောက်တောင်ကျယ်သေး .. bath tub , standing shower နဲ့ အကျ အနဗျ ။

တစ်ချို့ ဟိုတယ် ဆို အခန်းရှေ့ အထိ ကားတိုက်ရိုက်မောင်း ၊ အပြင်က နေ တံခါးပြန်ပိတ် ၊လိုက်ကာပြန်ပိတ်ပြီး privacy အတွက် အထူး လုပ်ပေးထားတာတောင် ရှိသေး ။ အဲ့ဒီလို အခန်းမှ သုံးသောင်းခွဲ လောက်ယူတာ ဆိုတော့ ကျုပ်ပြောသလို ခရီးသည်ကြီး ကို ပြောတယ်ဆိုတဲ့ သူကပိုပိုသာသာ ပြောသွားတာပေါ့ဗျာ ။

အဲ အခန်းမရ ဘူးဆိုတာတော့ ဟုတ်တယ်ဗျို့ ။ မဟာသံဝါသနေ့ ဆိုတာကတော့ အဲ့ဒီလို သန့် တဲံ ဟိုတယ် တည်းခိုခန်းတွေ ကတော့ နေ့တိုင်း သူတို့ အတွက် မဟာသံဝါသ နေ့ဘဲဗျ ။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ပိုဆိုးသေးဆိုဘဲ …. ဆိုတော့

ချစ်သူများ နေ့ ခမျာ မသိရှာတဲ့ သူတွေရဲ့ နံမည် အဖျက်ခံ နေရတာကိုးဗျ …

အဲ တစ်လက်စ ထဲ မပြောတော့ဘူး စိတ်ကူးပေမဲ့ ပြောလိုက်ဦးမယ်ဗျ ..

ရွာကြီး ခြောက်သွေ့လာတယ် ဆိုတာ ခရီးသည်ကြီး ကတော့ ကိုယ့်အတွေး နဲ့ ကိုယ်ပြော တာကိုးဗျ ..

ကျုပ်အတွေး နဲ့ ကျုပ် ဆိုရင်တော့ .. ဘဖော မှတ်ချက်ပေးထားသလို တစ်ဦး နဲ့ တစ်ဦး ခင်မင်ရင်းနှီးလာတာတွေ ရှိလာသလို

( ကျုပ် အတွေးအထင်) မခေါ်မပြောချင်တာတွေလည်း ရှိလာလို့ ငြင်းခုန်ခြင်း အနုပညာရယ်လို့ ကွန်းမန့်တွေ က ပိုစ်ထက်တောင် ကောင်းတယ် ဆိုတဲ့ မန်းဂွဇွတ် ကြီးမှာ တစ်ဦး နဲ့ တစ်ဦး ငြင်းခုန်မှုတွေ နည်းလာ တာ က တစ်ကြောင်း …………………………………

အပြောင်းအလွဲတွေကြား မပြောင်းလဲ ဘဲ ဆီးဂိမ်းနီးမှ ပိုဆိုးသွားတဲ့ အင်တာမဲကြီး က တစ်မျိုးးးးးးးးးးးးးးးးးးးးးးးးးးးးး

နာ့ဝမ်းပူဆာ မနေသာဘဲ ရုန်းကန်လှုပ်ရှား ရတာတွေ ပိုလာ တာက တစ်ဖုံ နဲ့ မရေးအား မမန့်အားလာကြတာ ……………………….

စသည့်စသည့် အကြောင်းချင်းရာများ ကသာ အဓိက ကျမယ်လို့ ကိုယ့်အတွေး နဲ့ ကိုယ် တွေးမိကြောင်းပါ ….

နောက် ခရီးသည်ကြီးမေးထားတဲ့

ကျုပ်တို့ လူမှုဝန်းကျင် ဘာတွေပြောင်းလဲသွားတာလဲ

အမှန်တော့ သိပ်မပြောင်းလဲဘူး ထင်တာဘဲဗျ .. ကျုပ်တို့ ငယ်ငယ်တုန်းက ခုလို သတင်းက မမြန်နိုင်တော့ လူတွေ မသိကြတာလို့ဘဲထင်တာဘဲ ။

ငယ်ငယ်တုန်းက ခုလို တည်းခိုခန်းတွေ မရှိသေး ။ ရှိရင်လည်း ချုပ်ချယ်မှုများ နဲ့ မှတ်ပုံတင်မပါ မတည်းရ ဆိုတာတွေတင်းတင်းကြပ်ကြပ်လုပ်ထားတော့ တည်းခိုခန်းရောက်ဖို့ မလွယ်တော့ ရောက်ဖို့လွယ်တဲ့ အင်းယားကန် ၊ ကန်တော်ကြီး ဘဲ ရောက်ကြ တိုးကြရတာကိုး….

အခုတော့ ပြေလျော့လာတာတွေလည်း ရှိလာ ။ တည်းခိုခန်းတွေလဲ များလာတော့ ပိုလုံခြုံတဲ့ဆီ တိုးကြသကိုး ။

ဒါပေမဲ့ သတင်းတွေ ကလည်း ခုလို ကျုပ် လဲ တင်နိုင် ၊ ခရီးသည်ကြီးလည်း တင်နိုင် ၊ ကျုပ်တို့ မြို့သူားတွေလည်း ဖတ်နိုင်ဆိုတော့ ပြန့်နှံ့ မှု့ မြန်လာလို့ ပိုသိလာတာကို ပြောင်းလဲ လာတယ်လို့ ထင်ကြတယ် ထင်တာဘဲဗျ ..

*ကျုပ်တို့ မြင်ခဲ့တဲ့ လူငယ်တွေရဲ့မိဘများကရော ဘယ်လိုနားလည်လက်ခံပေးတာလဲ

-မိဘ အများစုကတော့ နားလည်လက်ခံပေးတယ်ရယ်လို့တော့ မထင်ဘူးဗျ … အနဲစုလောက်သာ နားလည် လက်ခံပေးကြပါလိမ့်မယ် .. မိဘဘယ်လောက် ရာခိုင်နုန်းက တိတိကျကျ သိကြသလဲ ဆိုတာကလည်းမေးခွန်း တစ်ခုဘဲလေ ။ ကျုပ်တို့ ငယ်ငယ်တုန်းကလည်း မိဘ မသိအောင် ခိုးပြီး လုပ်ခဲ့ကြတာဘဲ မဟုတ်ဘူးလား .. အခုလူငယ်တွေလည်း အများစုကတော့ မိဘ မသိအောင်လုပ်ကြတယ် ထင်ပါတယ်…
အရင်တုန်းကတော့ မသိကြ မမြင်ကြတော့ ဗိုက်ထွက်လာမှ သာ ဖုံးကြဖိကြတာ ကိုးဗျ .. အခုတော့ ဆေးတွေ တွင်ကျယ်လာတော့ ဗိုက်ကတော့ ထွက်မှာ မဟုတ်ပေမဲ့ လူပ်ရှားမှု့တွေ တွေ့မြင်လာရင်တော့ စပ်ဖြင်းဖြင်းတော့ ဖြစ်ကြမယ် ထင်တာဘဲ ..

*ကျုပ်တို့ မျိုးဆက်တွေရဲ့ ယုံကြည်လက်ခံမှုတွေ ဘာဖြစ်ကုန်ပြီလဲ
*ကျုပ်တို့ရဲ့ ပြောင်းလဲမှုတွေက လိင်ကိစ္စရှေ့တန်းတင်နေကြတာလား
*ကျုပ်တို့ဟာ ခေတ်မှီခြင်းဆိုတာတွေအတွက် အားလုံးကိုပုံတူကူးကြတော့မှာလား

– တကယ်တော့ လူသားတွေမှာ စိတ်ဝင်စားမှု့ မှာ ဒါကလည်း ပါနေတော့ ရှေ့တန်းတင်တယ် ထင်နေကြတာပါ ..

ရှေးလူကြီးတွေ ကလည်း ဒီလိုဘဲ ကျုပ်တို့လူငယ် အရွယ်မှာ အဲ့ဂလိုဘဲ အော်ခဲ့ကြတာပါဘဲဗျ ..
အခု ကျုပ်တို့ အဖိုးကြီးဖြစ်လာတော့လဲ ငယ်ငယ်တုန်းကအအော်ခံခဲ့ရတာ မေ့ပြီး အဲ့ဒီလိုဆက် အော်နေကြတုန်းဘဲ ..
ဒါပေမဲ့ လူငယ်တွေကလည်း ဆက်လုပ်နေဦးမှာဘဲ ..
ဒီလိုနဲ့ဘဲခောတ်ကြီး ကရွေ့လျား နေပြိး ကိုယ့်စိတ်ကိုယ်မဖြေနိုင်ရင်တော့ မော ကြဦးရဦးမှာ ပေါ့ …..

ကိုယ့်အတွေး နဲ့ ကိုယ်ပေါ့ ဗျာ …….. ..

ဒါနဲ့ ဒီအခန်းက လေးနာရီ တစ်ဆက်ရှင်မှ တစ်သောင်းနှစ်ထောင်တဲ့ဗျာ …

တစ်သောင်းနှစ်ထောင်တဲ့
တစ်သောင်းနှစ်ထောင်တဲ့
flat tv ,ရေခဲသေတ္တာ နဲ့ စာရေးစားပွဲ
flat tv ,ရေခဲသေတ္တာ နဲ့ စာရေးစားပွဲ
bathtub  နဲ့ ရေချိုးခန်း ။ သွားပွတ်တံ ၊ ဘီး ၊ နားကြပ်တံ အစုံထားပေးလိုက်သေး
bathtub နဲ့ ရေချိုးခန်း ။ သွားပွတ်တံ ၊ ဘီး ၊ နားကြပ်တံ အစုံထားပေးလိုက်သေး

99 comments

    • ကထူးဆန်း

      March 3, 2014 at 1:16 pm

      ဒီ အဖိုးကြီး ကလေးတွေကို မဟုတ်တာတွေ ဝေမျှနေတယ် ထင်တော့မယ်.. :ha:

  • ကို ထူး ဆန်း ရေ
    လူဦးရေ ထူ ထပ် လာ တာ နဲ့ အမျှ လုပ်ငန်း ကိုင် ငန်း တွေ ခက် ခဲ လာ တာ နဲ့ အမျှ
    ဒီ ကိစ္စ တွေ က အ လို လို နောက် ရောက် ပြီး သာ မန် အဖြစ် အပျက် တွေ ဖြစ ်သွား မှာ သေ ချာ ပါ တယ။်
    သေ ချာ တာ နောက် မြန် မာ ပြည် မှာ LT ထွန်း ကား လာ မှာ ပါ

    • ကထူးဆန်း

      March 3, 2014 at 1:20 pm

      လေးပေါက်ရေ ..ခေတ်ဆိုတာ ကိုယ်ကဆွဲထားလို့ ရတာ မဟုတ် ..တစ်ချိန်က မိသားစု ဆွေစဉ်မျိူးဆက် တစ်မိုးအောက် တစ်အိမ်ထဲ နေလာရာကနေ ခိုအိမ် စံနစ်ပြောင်းလာပြိးတဲ့ နောက် ကိုယ်ပိုင် တိုက်ခန်းဝယ်လာနိုင်တဲ့ လူငယ်တွေရှိလာတာနဲ့ LT ကလည်း လိုက်လာမှာဘဲလေ … တားလို့ ရသော အရာလို့တော့ ကျွန်တော် က မထင်မိပါ ။ :kwi:

      • LT အ ကြောင်း ရေး ဘို ့ စဉ် ထား ပါ တယ်
        ဝတ္တု လို ရေး မ လား ဆောင်း ပါး လို ရေ း မ လား တွေး နေ မိပါ တယ်

        • ကထူးဆန်း

          March 4, 2014 at 10:14 am

          ကြားဘူးနားဝ ရမ်းတုတ်ရရင် ပုဆိုးတန်းတင်ရင် အကြင်လင်မယားဖြစ်တယ် ဆိုတဲ့ မြန်မာ့ဓလေ့ ရှိတယ်ဆိုတော့ …. LT ဟာ ရှေးကတည်းကရှိခဲ့ပုံပါဘဲ … သို့သော် ဥပဒေ အရအကြင်လင်မယားဖြစ်သွားတယ် ဆိုတော့ အခုလည်း ဒီဓလေ့ နဲ့ ဆက်သွားမယ် ဆို LT နေလည်း အကြင်လင်မယား အသတ်မှတ်ခံရဖို့ ရှိလေတော့ ….. ဒန် ဒန့် ဒန် ….. အငြင်းပွားကြလေသတည်းပေါ့ .. ဟိ

  • ဦးကျောက်ခဲ

    March 3, 2014 at 9:35 am

    အဟိ… ကိုယ်တိုင် ဆာဗေးဆင်းပြီးမျှဝေတာမို့ စီဂျေ ပီသပါပေတယ် ဆြာထူး…
    တောက်စ်… လူဖြစ်တာ နဲနဲစောသွားလားမသိဘူး…
    စကားအတင်းစပ်… စလုံးက ကျောက်စ်ဘော်ဘော်တစ်ယောက်က…
    အဲသလိုမျိုးတွေကို အတော်ဝါသနာကြီးတာမို့ Hotel 81 မှာ မန်ဘာတောင်ရှိသတဲ့…
    သူ့အိမ်မှာ ဧည့်သည်ရောက်လို့ မိန်းမကို ဟိုတယ်ခေါ်သွားတာ…
    ဟိုတယ်က သူ့ကိုမှတ်မိနေလို့ နှုတ်ဆက်ပြီး နာမည်တန်းဖြည့်လိုက်တာမို့…
    ငနဲသားရဲ့ မိန်းမက ရိပ်မိပြီး အတော်ကွိုင်တက်သွားတယ် …
    အားဟိ… တစ်ကွက်မှားသောကျား …
    😀

    • ကထူးဆန်း

      March 3, 2014 at 1:26 pm

      အဟိ…ဝါသနာပါ ….အဲ အဲ .. ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်နေတော့ မျက်ခြေပြတ်လို့ မဖြစ်ဘူးလေ ..
      ရော် ..ဒီ Hotel 81 အုပ်ချုပ်သူတွေ တယ် ညံ့ပါလား … အမြဲတန်း လူစိမ်းလို ဆက်ဆံရမှာ မသင်ထားတာ အံ့တယ် အံ့တယ်… :harr:

      • ခရီးသည်ကြီး

        March 6, 2014 at 7:13 pm

        ဒီလိုဗျ ကိုထူးဆန်းရဲ့

        ကျုပ်ပြောတဲ့ဈေးက အဲ့နေ့က လိုက်ပို့ခဲ့တဲ့တည်းခိုခန်းဈေးပေါ့ဗျာ
        တည်းခိုခန်းတိုင်းရဲ့ ပုံမှန်ဈေးမဟုတ်နိုင်ဘူးဆိုပေမယ့်
        ခင်ဗျားပြောသလို တည်းခိုခန်းတိုင်း ၅၀၀ဝ လည်း
        မဟုတ်နိုင်သေးဘူး ။
        ကျုပ်တို့ဧည့်သည်ပို့ပေးရင် ၁၀၀ဝ /၁၅၀ဝ ရတ်တယ်ဗျ
        ကိုင်းရှိစေဗျာ
        အထက်က ဟိုတယ်တွေရဲ့ လိပ်စာလေး ကျုပ်မေးလ်ကို
        ပို့ပေးနိုင်မလား
        ဒီတခါ ဧည့်သည်ပို့ချင်လို့ပါ
        ကျုပ်တို့ဒီလိုဈေးနဲ့ဒီလောက်ကောင်းတာပို့နိုင်ရင်
        မုန့်ဘိုး ပဲဘိုး များများရတတ်တယ်ဗျ
        ကျန်တာတော့ ဆွေးနွေးနေကြပါပြီဆိုတော့ ဆက်ပြောကြပေတော့ဗျို့ဝ
        ကျုပ်မအားလို့နောက်ကျနေတာခွင့်လွှတ်ပါဗျာ

        • ကထူးဆန်း

          March 6, 2014 at 11:29 pm

          ခရီးသည်ကြီးပိုစ်မှာ ပေးထားတဲ့ လိပ်စာထံ ပို့ထားပါကြောင်း ..

  • Crystalline

    March 3, 2014 at 9:44 am

    စမ်းချောင်းထဲက ဟိုတယ်တန်းမှာလည်း နိုင်ငံခြားသားသာ တရက် အနည်းဆုံး ၆ဝလောက်ပေးရပြီး.. လိုကယ်ကတစ်ရက်မှ ၂သောင်းခွဲလောက်ဆိုတော့ ကုန်သည်ပွဲစားတွေတည်းပြီး တွေ့ကရာခေါ်လာလိုက်တာ မမြင်ချင်အဆုံးပဲ.. တလောက ဦးလေးလင်မယားလာလို့.. တာဝန်အရ နေ့တိုင်းသွားနေရတော့ ဇာတ်လမ်းစုံတွေ့ခဲ့ရသေး.. :mrgreenn:

    • ကထူးဆန်း

      March 3, 2014 at 1:28 pm

      တစ်ချို့ တည်းခိုခန်းတွေ ဆို နိုင်ငံခြားသား လက်မခံပါတောင် ရေးထားသေး … အဲ့ဂလို ဘစ်စနပ် ကောင်းနေတာ ….. :gee:

  • kyeemite

    March 3, 2014 at 11:17 am

    ဟိုတယ်ဈေးနှုံးတွေကတော့ ကိုထူးဆန်းပြောတာအမှန်ပါပဲ..ကျုပ်တို့နားက
    ဟိုတယ်လေးဆို ဆိုင်းဘုတ်ပါထောင်ထားတာ…ဘယ်နှစ်နာရီ ဆက်ရှင်ရယ်တော့မသိ
    Rest- 7000 လို့ရေးထားသဗျ…ကျုပ်တော့မသွားဖူးဘူးနော 😀
    “မိဘ အများစုကတော့ နားလည်လက်ခံပေးတယ်ရယ်လို့တော့ မထင်ဘူးဗျ ”
    အမှန်ပါ..မိဘတွေမသိအောင်လုပ်ကြတာပါ..အထူးသဖြင့် မိန်ကလေးမိဘတွေဆို
    လုံးဝ လက်ခံပေးနိုင်မယ်မထင်ပါ…

    • ကထူးဆန်း

      March 3, 2014 at 1:41 pm

      လမ်းညွှန်ဖို့ က ကိုယ့်တာဝန် ..ညွှန်တဲ့ လမ်း အတိုင်းလျှောက် မလျှောက်ဆိုတာ က ကာယကံရှင် တာဝန်ဆိုတော့ …. လက်မခံနိုင်ပေမဲ့ လက်ခံလိုက်ရတာတွေလည်း ရှိနေမှာ ဦးမိုက်ရေ …

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 3, 2014 at 12:48 pm

    ဘါဘဲဖြစ်ဖြစ် ဂွင်သိသွားဒါ
    အမြတ်ဘဲ :mrgreen:
    အဲ့ဒါတွေ ဂေဇက်ကို ဂျစ်နေရဒါ

    • ကထူးဆန်း

      March 3, 2014 at 1:43 pm

      ဂွင်သိသွား တယ် ဆိုတာ ယုံဘူး …. ဘယ် ဆိုဒ်တွေက ဒါထက်ပြည့်စုံတယ် ဆိုတာ သိရက်သား နဲ့.. :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 3, 2014 at 1:54 pm

    အဟွတ် …
    ခေါင်းသုံးလုံး ပြင်ညာချိဒွေထံ ချဉ်းကပ်ရမယ်ဆိုတာ
    အဟုတ်ပဲဗျားးးး

    တားလည်း မှတ်တွားဒယ်နော် .. ဟီဟိ

    • ကထူးဆန်း

      March 4, 2014 at 10:15 am

      တရားခံ လာ လုပ်နဲ့နော် ….. 👿

  • Foreign Resident

    March 3, 2014 at 2:06 pm

    ကိုထူးဆန်း တင်ပြသွားတာတွေ အားလုံးကို ထောက်ခံပါတယ် ။
    ကိုထူးဆန်း ရိုက်ပြတဲ့ ဟော်တယ်က ဘယ်မြို့နယ်ကတုန်းဗျ ။

    • ကထူးဆန်း

      March 4, 2014 at 10:17 am

      အဟိ ..ဘဖော စိတ်ဝင်စားသွားပြီလား … တိုးတိုးတိတ်တိတ်မေးလည်း ရတယ်နော် .. 😆
      အပေါ်ဆုံးက လမ်းမတော် ။ အောက်က တာမွေ ..

  • ဟိုလေ..
    ဝိုင်းစုသီချင်း..အချစ်ရေ ပြန် ပြန်တော့ကွယ်လိုမျိုး … အခြေအနေအရ မတော်တဆဖြစ်သွားတာမျိုးဆို နားလည်ပေးလို့ရပေမယ့်.. ကြိုတင်စီမံချက်နဲ့ တကူးတက ဟိုတယ်သွားတာမျိုးတွေကျ ဘယ်လိုမှ နားမလည်ဘူး..

    • ကထူးဆန်း

      March 4, 2014 at 10:24 am

      အခြေအနေအရ .. မတော်တဆ …
      ဪ တော်တော် ရိုးတဲ့ လုံမလေးဘဲ ..
      ဝထ္ထု ဇတ်လမ်းတွေ ထဲမှာ ဘဲ အခြေအနေအရ မတော်တဆ ဆိုတာ ရှိမယ်ထင်ပါ့ .. အထူးသဖြင့် ကောင်လေးတွေ ဘက်ကပေါ့ …. ကောင်မလေးတွေကို မတော်တဆ ထင်အောင် ဆင်ထားကြတဲ့ ကောင်လေးတွေ အတတ်ပညာလို့ဘဲ ထင်ကြောင်းပါ ….

      • တိန်.. တိဝူးတော့်.. မှတ်သားထားရမယ်.. ဇာတ်လမ်းလာဆင်လို့ကတော့ ဒူးပျံတွေ၊ လက်သီးပျံတွေ ကျွေးပလိုက်မယ်..

        • ကထူးဆန်း

          March 4, 2014 at 2:40 pm

          ကောင်းဒယ် .. ဆော်ပြစ် .. ရှစ်မျက်နှာ ဖြစ်သွားအောင်သာ ဆော် .. 😆

      • မဟာရာဇာ အံစာတုံး

        March 4, 2014 at 1:11 pm

        ဟိတ်လူကြီး ဥထူးဆန်း

        ခညားက ဘာဒုန်းဗျ …
        အချွန်နဲ့ ဝင်မတယ်ပေါ့လေ …
        ဟွန်းးးနော် .. ဟွန်းးး
        👿

  • padonmar

    March 3, 2014 at 9:20 pm

    စီဂျေကြီး
    ဟိုတယ်ကိစ္စတော့ ပြောတော့ဘူး။
    ဂဇက်ကိစ္စ လွှတ်တော်မှာဒီလို ပြောထားတယ်။
    ခရီးသည်ကြီးပို့စ် ကို မရှာအားတော့လို့။
    သူကြီးရေ
    အခု လူဝင်နည်းတာမှာ Log in က ကြာပြီး ဝင်မရတာလည်းပါမယ်။
    ဒါကြောင့် Daily Log in point ကိုဖြုတ်လိုက်ပါတော့။
    member ဖြစ်ပြီးရင် log in password ကို remember လုပ်ထားရင်ပြီးတာပဲ။ log in ထပ်ထပ်လုပ်နေရတာ အလုပ်ရှုပ်တဲ့ အထဲ ပို့စ်ထဲ တန်းမရောက်ပဲ Dashboard ထဲဝင်ဝင်သွားတော့ ပိုကြာရော။ အဲတော့ ကွန်မန့်လည်း ပေးမနေတော့ဘူးပေါ့။
    သတင်းတွေ နည်းသွားတာလည်းပါမယ်။

  • မမချွိ

    March 4, 2014 at 10:26 am

    အဲတော့။
    အဲတော့။
    ကြည့်စမ်းးးး
    ဘာဟုသုတတွေ။
    ဘာဟုသုတတွေ။
    စိုင်းစိုင်းသီချင်းကို ဖျက်ဆိုချင်စိတ်ပေါက်လာပြီ။

    “မင်းနဲ့ ငါနဲ့ပျော်ရွှင်မြူး တည်းခိုခန်းပေါင်း မနည်းပါဘူးးးးး”

    ခုခိခုခိ။ :mrgreenn:

    သဘောကတော့ ခရီးသည်ကြီးရေးတဲ့တစ်နေ့တည်းမဟုတ်ပဲ နေ့တိုင်းအလုပ်ဖြစ်နေပုံပေါ်တယ်။

    အနော်သာ စီးပွါးရေးလုပ်ဖြစ်လို့ကတော့ ……….

    အခန်းငှါးမယ်။
    ဗီဒီယိုရိုက်မယ်။
    ဖြန့်မယ်။
    လာရဲတဲ့ မိန်းကလေးတွေ လာကြစမ်းပဲ။
    သူတို့မို့ ကိုယ့်အန္တရယ်ကိုယ်မသိ။

    🙁

    • ကထူးဆန်း

      March 4, 2014 at 10:37 am

      ဦးနှောက် အဆင့်အတန်းချင်းကွာကြတယ်လေ..ချွီ ရဲ့ …

  • ကထူးဆန်း

    March 4, 2014 at 10:31 am

    ခရီးသည်ကြီးပို့စ် ကို မရှာအားတော့လို့။

    အဲ့ဒါတွေ က အဓိက အကြောင်းရင်းတစ်ခု ပါ အန်တီဒုံ ..

  • TNA

    March 4, 2014 at 1:40 pm

    ဟင့်ဟင့် ဘာဒွေဒုန်း။ ခရီးသည်ကြီးကိုအကြောင်းပြူပြီး ဒီပုံတွေ ကထူးဆန်းကိုယ်တိုင်ကွင်းဆင်းလေ့လာစုံစမ်း လက်တွေ့ဟုတ်မဟုတ်သုံးသပ်ပြီးမှ တင်ထားဒါလားဟင် 😀

    • ကထူးဆန်း

      March 4, 2014 at 2:46 pm

      ဂလို ဂလို မေးကြမယ်တော့ ထင်သား .. 😉

  • kai

    March 4, 2014 at 4:18 pm

    ခုတလော ဆန်ဖရန်ကိုတက်ပြီးသတင်းစာသွားသွားပို့နေတာ.. တည်းတော့အသိအိ်မ်ကနေ.. ပြီးခဲ့တဲ့လတော့.. အသိအိ်မ်က ခရီးဝေးသမို့.. .. ဟိုတယ်…ဈေးအပေါတကာ့အပေါဆုံးရှာတည်းပါတယ်..။
    ဆီလီကွန်ဗယ်လီဝန်းကျင်ဆိုတော့.. ဈေးတွေက..အပေါဆုံးတည ၆ဝပဲ..။
    တညဆိုတာက.. ညနေ ၃နာရီဝင်..မနက်၁၁နာရီချက်ခ်အောက်လုပ်..။
    (ကျုပ်တကယ်ချက်ခ်အင်တာက.. ည၁၁နာရီလောက်.. ချက်အောက်ကမနက်၉-၁ဝလောက်)

    တရက်ကြိုပြီးအင်တာနက်ကနေ ဘွတ်ကင်တယ်ပေါ့..။
    အဲဒီရောက်မှဆို.. အခန်းတွေပြည့်တတ်လွန်း.. ဈေးက၁၀ဝလောက်ဖြစ်တတ်လွန်းလို့ပါ..။

    ဆိုတော့..
    တဆက်ရှင်ရယ်လို့မရှိ..။
    တဆက်ရှင် ဆိုတဲ့.. အဲဒါကြီးကိုက.. ဂျပန်က လဗ်ဟော်တယ်တွေလို.. စုံတွဲတွေကိုဖိတ်ခေါ်နေပုံပါပဲ..။
    ဘာပဲဖြစ်ဖြစ်.. ခြုံတိုးကြတာထက်တော့.. ကျမ်းမာရေးရှုထောင့်အရရော.. လူနေမှုအဆင့်အရရော..ကောင်းပါတယ်..။

    စကားအတင်းစပ်..
    အန်တီဒုံပြောတဲ့အတိုင်း…လုပ်ထားကြောင်း…. :mrgreen:

    • padonmar

      March 4, 2014 at 9:43 pm

      သဂျီးရေ
      သာဓု၊မန့်ရတာ အဆင်ပြေပါကြောင်း။

    • အဘရဟူဒီ

      March 6, 2014 at 5:03 pm

      လပ်ဗ်ဟော်တယ်ဆိုတာ ဘာဂျီးဒုံးဟင်င်င်
      ဝါစဘိ နဲ့စားရတာလားးး

      :harr:

  • Ma Ma

    March 4, 2014 at 4:36 pm

    စီဂျေဆိုတော့လည်း စီဂျေပီသအောင် လက်တွေ့ကွင်းဆင်းလေ့လာတင်ပြရတာကို ခင်ချောစွိက နားလည်ပေးစေချင်ပါတယ်။ 😀
    ကထူးဆန်း ရှေ့နေလိုက်ခပေးပါ။ :kwi:

  • ဝင့်ပြုံးမြင့်

    March 4, 2014 at 7:40 pm

    ပြောချင်တာတွေ သိပ်များနေလို့ ပြောရကောင်းမကောင်း စဉ်းစားရင်းနဲ့ပဲ နောက်ကျသွားပြီ။ ခေတ်အနေအထားနဲ့ အတွေးအခေါ်တွေကို ဖိတ်ခေါ်ထားတဲ့ အကြောင်းဆိုတော့လေ။

    ဂျာမနီက ပါမောက္ခတစ်ဦးဟာ သူ့ကျောင်းသားတွေနဲ့အတူ မြန်မာပြည်ကို လေ့လာရေးခရီးလာတယ်။ ထုံးစံအတိုင်းက ကျမတို့အိမ်မှာ တည်းနေကျ။ ဒီတစ်ခါကတော့ ကျောင်းသားတွေပါလို့ ဆီဒိုနားမှာတည်းကြတယ်။ အဲဒီမှာ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲတစ်တွဲဟာ အခန်းတစ်ခန်းထဲ ယူတယ်။ အဲဒီမှာ ပါမောက္ခနဲ့ ကျမ စကားအများကြီး ပြောဖြစ်တယ်။ ကျမအတွက်က ဒီလုပ်ရပ်ဟာ သိက္ခာကျစရာဖြစ်နေတယ်။ အံ့ဩစရာကြီးဖြစ်နေတယ်။ သူတို့အတွက်က တကယ့်ကို ဘာမှ မဟုတ်ဘူး။ ပရော်ဖက်ဆာက ပြောတယ်။ မင်းတို့တိုင်းပြည်မှာ လူ့အခွင့်အရေးကိစ္စက ဒီနေရာမှာတင် အခြေခံကျကျ မှားနေတာတဲ့။ တဖြည်းဖြည်းမှ ကျမ သဘောပေါက်လက်ခံနိုင်တယ်။ LT ယဉ်ကျေးမှုကို ကျမ တဖြည်းဖြည်းမှ လက်ခံလာနိုင်တာ။
    —-
    အခု မြန်မာပြည်မှာ ဖြစ်နေတာက LT ယဉ်ကျေးမှုကို ခုတုံးလုပ်ပြီး အရွယ်မရောက်သေးတဲ့ ကလေးမတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးချနေကြတယ်။ အမေနဲ့ သမီးကြားမှာ sex ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောကြဘူး။ ဟိုနိုင်ငံမှာက အသက် ၁၈ ကျော်မှ။ ဒီမှာက ၁၈ မပြည့်သေးတဲ့ ကလေးမလေးတွေ။ မြန်မာပြည်မှာ အခုလို တည်းခိုခန်းတွေ ပေါများလာတာ သိပ်ကောင်းတယ်။ စုံတွဲတွေ ပိုပြီး အိနြေရလာတယ်။ တကယ့် ပြဿ နာ အစစ်ကို ပြောမယ်နော်။ ဒီကိစ္စကို ဒီဂဇက်ထဲမှာ ဘယ်သူမှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောကြသေးဘူး။ တမင်ကြီးကို လှီးလွှဲပြီး ပြောနေကြတယ်။ ထုတ်ပြောမယ့်လူ ကျမ ပထမဆုံးဖြစ်လိမ့်မယ်။ အင်း … စိတ်ဆင်းရဲစရာ အကောင်းဆုံးအပို်င်းကတော့ မိန်းကလေးတွေဟာ အင်တာနက်တန်ခိုးနဲ့ အောက်တန်းကျ စွာ အချစ်ပန်းသီးကို စားသုံးကြတာပါပဲ။ မြန်မာမတွေရဲ့ အဆင့်က အဲဒီမှာ သွားတာ။ အရွယ်နဲ့ မလိုက်အောင် လုပ်ချင်တာတွေ လုပ်နေကြတယ်။ အဆိုးဆုံးက ပါးစပ်သုံးတာ။ ဒါတွေကို ရှေ့ကနေ ရုပ်ရှင်မင်းသမီးတွေကအစ နည်းပေးလမ်းပြလုပ်သွားတယ်။ သမီးတွေရဲ့ အမေတွေကတော့ တစ်သက်လုံး မျက်စိပိတ်နားပိတ်ခံထားရတော့ ဒါမျိုးတွေကို မသိကြဘူး။ ကိုယ့်သမီးကိုယ် မဆုံးမတတ်ဘူး။ အချစ်ပန်းသီးကို စားသုံးတာဟာ အပြစ်တစ်ခု မဟုတ်သလို ဒီလောက်ထိ တိရစာ္ဆန်ပမာ အောက်တန်းကျစွာ မစားသုံးဖို့တော့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ တန်ဖိုးချတဲ့ လုပ်ရပ်မို့ မိန်းမဖြစ်ရတာနဲ့တင် ရှက်စရာကောင်းနေပြီ။

    ပါးစပ်သုံးတာဟာ ပထမကမာ္ဘစစ်မတိုင်မီကတည်းက ဥရောပမှာ ရှိခဲ့တယ်။ အဲဒါက ပြည့်တန်ဆာပညာသည်အဆင့်တွေက လူပျိ ု လေးတွေကို ကူညီပေးတဲ့နည်း။ သာမန်ပြည့်တန်ဆာတောင် ဒါမျိုး မလုပ်ဘူး။ အနောက်တိုင်းသူတွေလည်း ဒါမျိုး မလုပ်ဘူး။ ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့အတိုင်း အကုန်ဒီလိုလို့ ယူဆလို့မရဘူး။ သူတို့လူမျိ ုး အဆင့်အတန်းရှိတယ်။ ကိုယ့်မြန်မာမလေးတွေပဲ ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး။ မိဘတွေဘက်က LT ယဉ်ကျေးမှုကို လက်ခံပေးပြီး အရွယ်မရောက်ခင်မှာတော့ တင်းကျပ်စွာ တားမြစ်သင့်တယ်။ အမေနဲ့သမီးကြားမှာ ပွင့်လင်းစွာပြောပြသင့်တယ်။ မိန်းကလေးတွေကို တကယ်တန်ဖိုးထားတဲ့ တိုင်းပြည်ဖြစ်ရိုးမှန်ရင် အရွယ်ရောက် မိန်းကလေးတစ်ဦးရဲ့ ရွေးချယ်မှုကို လေးစားပေးသင့်တယ်။ စောင့်ထိန်းလိုရင်လည်း သူ့သဘော၊ မစောင့်ထိန်းရင်လည်း သူ့သဘော။ သူ့ရွေးချယ်ချက်ကို လူမှုပတ်ဝန်းကျင်က လေးစားမှုပေးမှ အဲဒါ တကယ် မိန်းကလေးကို တန်ဖိုးထားတာ။ ပြီးတော့ တည်းခိုခန်းတွေ privacy ချိုးဖောက်ရင် ပြင်းထန်တဲ့ အရေးယူမှုလုပ်ပေးရမယ်။ ဥပဒေထုတ်ရမယ်။ ဒါမှ မိန်းကလေးတွေရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို တကယ်တန်ဖိုးထားတဲ့ တိုင်းပြည်ဖြစ်မှာ။

    LT ယဉ်ကျေးမှုကို လက်မခံနိုင်သေးတဲ့ ကွန်ဆာဗေးတစ်များကိုလည်း ကျမ နားလည်ပါတယ်။ ကျမကိုယ်တိုင်လည်း ရှေးရိုးစွဲကြီးတဲ့ မိသားစုကနေ ပေါက်ဖွားလာတာပါ။ ကွန်ဆာဗေးတစ်အများစုဟာ မိဂုဏ်ဖဂုဏ် ကြီးတဲ့လူတွေချည်းပဲ။ မိဘရဲ့ ဂုဏ်ကျေးဇူးကို ခံစားစံစားခဲ့ရတဲ့လူတွေ၊ ဒါကြောင့် မိဘရဲ့ ကောင်းမွေဆိုးမွေ အလုံးစုံကို လက်ခံ စောင့်ထိန်းလိုတဲ့လူတွေဖြစ်လာကြတယ်။ မိဘလက်ထက်က အတွေးအခေါ် အယူအဆတွေကို မြတ်နိုးကြတဲ့လူတွေ။ ဒါပေမယ့် ခေတ်ရေစီးကြောင်း သိပ်ကြမ်းတယ်။ စောင့်ထိန်းလိုတဲ့ သဘောဟာ ဒီခေတ်ရေစီးကြမ်းမှာ အထမမြောက်နိုင်တော့ပါဘူး။ ရေစီးထဲမှာ ပဲ့ထိန်းကောင်းဖို့ပဲ လိုတော့တာပါ။
    ကျမပြောတဲ့အထဲ မှားတာတွေရှိရင် ပြင်ပေးကြပါ။

    • ကထူးဆန်း

      March 4, 2014 at 9:30 pm

      sex နဲ့ ပါတ်သက်လာရင် ကျွန်တော်တို့ သွန်သင်ဆုံးမဖို့ဆိုတာ တော်တော်ဝေးနေသေးတယ် ။ကျွန်တော်ကိုယ်တိုင် ကျွန်တော်သားနဲ့ sex ကိစ္စ နဲ့ ပါတ်သက်ပြီး တစ်ခါမှ မဆွေးနွေးဘူးသလို မသင်ပြနိုင်ခဲ့ဘူး ။ စကားဘယ်လိုစရမှန်းကို မသိခဲ့တာ ။ ထို့ အတူူ ကျွန်တော်အဖေ နဲ့လည်း တစ်ခါမှ ပြောဆိုဘူးခဲ့တာ မရှီဘူး ။ သမီးကိုလည်း သူ့ အမေ ဘယ်လောက်အထိပြောလဲ မသိဘူး ။ဘာလို့လဲ ဆိုတော့ သူ့အမေနဲ့တောင် sex ကိစ္စ မဆွေးနွေးတော့ မပြောကြတော့ ဒီလိုပွင့်လင်းဖို့ဆိုတာ ခဲယဉ်းဦးမယ်လို့ ထင်ပါတယ် ။ အသိထဲမှာ သားကို ပွင့်လင်းစွာပြောသူ တွေ့ဘူးပေမဲ့ တစ်ယောက်ဘဲ တွေ့ဖူးတယ် ဆိုတော့ ဒီကိစ္စ က မိဘ နဲ့ သားသမီးကြား မှာ ခက်နေဦးမယ် ထင်ပါတယ် ။

      ဆရာမပြောသလို ရေစီးထဲမှာ ပဲ့ထိန်းကောင်းဖို့ အရေးကြီးတာ အမှန်ပါ ။

    • ဟုတ်တော့ဟုတ်တယ်.. ဒီမှာက အဲဒီကိစ္စပြောရင် ရှက်စရာလု့ိကို ထင်နေတာ.. တစ်ခါသားဆို အိမ်ကအဒေါ်တစ်ယောက် မီးဖွားတာ မြင်ဖူးချင်လို့ သွားကြည့်တာကို အပျိုလေးက မီးနေခန်းထဲဝင်စရာလားဆိုပြီး ဆူလွှတ်လို့ ပြန်လာရတယ်…

      မြန်မာပြည်က တလွဲအတုခိုးတာ အတော်လေးဆိုးတယ်.. ပို့စ်တစ်ခု တင်ဖူးပါတယ်.. ကျောင်းမှာ လိင်ပညာပေးသင်တာ ကလေးတွေက သင်ခန်းစာလို့ မမှတ်ဘဲ ပေါ်တင်လုပ်လို့ရပြီဆိုပြီး မိုက်မိုက်ရိုင်းရိုင်းတွေ ပြောဆိုကြတာ.. ဒါသဘာဝပဲ၊ ရှက်စရာမလိုဘူးဆိုတဲ့ ခေါင်းစဉ်အောက်ကိုသွင်းပြီး မကြားဝံ့မနာသာတွေ ပြောကြတာ.. စနစ်ကောင်းတစ်ခုနဲ့ သေချာထိန်းပေးမှ ရမယ်လို့ မြင်တယ်..

      LT နေတာ.. လုံမကတော့ LT ဆိုတာ တရားဝင် မင်္ဂလာဧည့်ခံပွဲ မလုပ်တာက လွဲလို့ လင်မယားပါပဲ.. မြန်မာ့ဓလေ့အရကလည်း ရှေ့ (၇) အိမ်၊ နောက် (၇) အိမ် သိရင် လင်မယားအရာမြောက်တာပဲ.. အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အိမ်ထောင်ထူထောင်ပြီး ကိုယ့်ရည်းစားနဲ့ တစ်အိမ်တည်း အတူတူနေတာ နားလည်ပေးလို့ရသေးတယ်.. ဒါပေမယ့် မိဘအိမ်မှာနေ၊ အိမ်မှာ ကလေးလုပ်ပြီး အပြင်မှာ ရည်းစားနဲ့ ဖြစ်ချင်တိုင်းဖြစ်တဲ့ကိစ္စကို LT ခေါင်းစဉ်အောက်ထည့်တာတော့ လုံးဝလက်မခံနိုင်ပါဘူး…

    • အဘရဟူဒီ

      March 6, 2014 at 5:12 pm

      OS & LT. ဟီးးးးးး
      တားအဲ့နေ့ကေကျောင်းမတက်ဖူးခည

      😛

  • padonmar

    March 4, 2014 at 9:41 pm

    ကထူးဆန်းရေ
    မြန်မာထုံးစံ ဒီလို စကားတွေ သားအမိသားအဖချင်း ပြောမထွက်ကြပါဘူး။
    အဲတော့ ဒီစာအုပ်လေးတွေ ပေးဖတ်ပါ၊
    ဆရာ အတ္တကျော်ရဲ့ မီးငယ်တို့ အသိကြွယ်ဖို့၊
    သားငယ်တို့ နားလည်ဖို့တွေပါ။
    ကလေးကို ဖတ်ခိုင်းပြီး ဘယ်လောက်နားလည်လဲ ပြန်မေးကြည့်ရင်း ဆွေးနွေးပါ။
    ဦးနုရဲ့ ကာမတဏှာ ဝတ္ထုမှာ ဇာတ်လိုက် မောင်သိန်းက သားကလေးတယောက်ရတော့ သားကို ဆုံးမခန်းတွေပါပါတယ်။
    ကထူးဆန်း ကိုယ်တိုင် ဖတ်ကြည့်ပါ။

  • Ma Ma

    March 5, 2014 at 9:10 am

    ဒီပိုစ့်မှာ ဖတ်မိမှပဲ ကိုယ့်ကိုယ်ကို ရှေးစွန်းစွဲ ကွန်ဆာဗေးတစ်ကြီးမှန်း သိလိုက်ရတယ်။

    ကျမတို့ ခေတ်တွေတုန်းက ရည်းစားထားရင်ပဲ တကယ့်ပြစ်မှုကြီးတစ်ခုကျူ းလွန်မိသလို မိသားစုမပြောနဲ့ သူငယ်ချင်းအသိုင်းအဝိုင်း သိမှာတောင် ကြောက်ကြပါတယ်။

    ခုခေတ်မှာတော့ မိန်းကလေးရော ယောကျင်္ားလေးပါ တွဲကြတာ မဆန်းသလို သူငယ်ချင်း မိဘတွေ အသိပေးရမှာလည်း ဝန်မလေးပဲ ရဲရဲရင့်ရင့်ရှိလာကြပါတယ်။

    ဒါ့အပြင် တစ်ယောက်မကောင်းတစ်ယောက်ပြောင်းကြတာလဲ မနည်းပါဘူး။

    ခေတ်ကိုလိုက်ပြီး အဲဒီအထိလက်ခံပေးနိုင်ပေမယ့် LT ကိုတော့ ကိုယ့်နိုင်ငံကိုယ့်အခြေအနေနဲ့ လက်ခံမပေးနိုင်သေးဘူးဖြစ်နေတယ်။

    Single mother တွေအတွက် မြန်မာ့လူမှုအသို်င်းအဝိုင်းကရော နိုင်ငံတော်ကပါ အဆင်သင့် မဖြစ်ကြသေးပါဘူး။ 🙁

    • ဒါတွေကိုပြောရင် ယဉ်ကျေးမှုဆိုတာကြီးကို ပြန်စဉ်းစားမိတယ်.. ကြာလာရင် မြန်မာဆိုတာ အနောက်တိုင်းယဉ်ကျေးမှုတွေနဲ့ နိုင်ငံတစ်ခုဖြစ်သွားလိမ့်မယ်ထင်တယ်… 🙁

  • Cambridge Dictionary ထဲမှာ အဓိပ္ပာယ်ဖွင့်ထားတာ.. 🙂

    Live together-
    If two people live together, they share a house and have a sexual relationship but are not married

  • Mr. MarGa

    March 6, 2014 at 9:58 am

    ဒီပို့စ်ကို ဖတ်ပြီး
    ပထမအချက်…အားရပါးရ မှတ်သွားတယ် ဗဟုသုတမို့ :mrgreenn:
    ဒုတိယအချက်…ဒီလိုအတွေး၊ ဒီလိုအမြင်တွေ ဘာကြောင့် ဒီလောက်အထိ လူငယ်ထုကြား ပျံ့သွားသလဲ တွေးမိတယ်။ (Millenium Generation ) ဗီဇက ဒီနေရာမှာ မြင်သာသလိုပဲ။
    တတိယအချက်…မိုးကြိုးပစ် ထန်းလက်ကာလို့ပဲပြောပြော တည်းခိုခန်းတွေ အချိန်ပိုင်းအခန်းငှားတာကို ပိတ်လိုက်ရင် အတန်အသင့် လျော့သွားမလား တွေးမိတယ်။ (ဖြေတွေး တွေးကြည့်တာပါဗျာ)

    အဲ…. ဆရာမဝင့်ပြုံးမြင့် ပြောတဲ့အချက်အတွက်တော့ ရာဇသတ်ကြီးပုဒ်မ ၃၇ရ အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချနိုင်တယ်လို့ ပြောထားတယ်ဗျ :mrgreenn:

    • ကထူးဆန်း

      March 6, 2014 at 12:36 pm

      ရွာ မှာ ကောက်ရိုးပုံ တိုးတဲ့ ဇာတ်လမ်း ၊
      မန္တလေးမှာ ရေနီမြောင်းဘေးမှ ဇာတ်လမ်း ၊
      ရန်ကုန်မှာ ကန်တော်ကြီး ၊ အင်းယားကန် …အရင်တုန်းက
      အခု .သန်လျှင် GTC ဇာတ်လမ်း
      အခု ခါတော်မီ လှည်းတန်းတံတား အောက်က ဇာတ်လမ်း များ
      ကားတွေ ပေါလာတော့ ဆင်ဖြူတော် နား ၊ဆီဒိုးနားရှေ့ မြကန်သာ ညအမှောင် မှာ ထိုးထားတဲ့ ကားများ
      ဒါတွေကြည့်ရင် လူတွေ ရှိနေသရွေ့ ဒီလိုတွေ ရှိနေမှာမို့ အခန်းငှားတာပိတ်၊ တည်းခိုခန်းမဖွင့်ရဆိုလဲ
      နည်းသွားမယ် မထင် .. လူတွေ ပိုပို တိုးပွားလျှက်ပါဘဲ … 😆

      • Mr. MarGa

        March 6, 2014 at 3:19 pm

        ပညာပေးတာ အကောင်းဆုံးပဲ ထင်ပါတယ်ဗျာ။
        သိချင်တာကို သိခွင့်ပေးလိုက်တာ ကောင်းမယ်ထင့်
        (စောစောစီးစီးမှာပေါ့)

    • ဦးကျောက်ခဲ

      March 6, 2014 at 12:45 pm

      အာဟိ… အဲဂလို တည်းခိုခန်းတွေပိတ်လိုက်ရင်…
      ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ပြန်လည်စည်ကားလာမယ်ထင်ရဲ့ …
      အဆောင်ကြို အဆောင်ကြားမှာ နေတောင်မညိုသေးဘူး… ဒန့် တန့် တန့်
      😀

  • ရာမည

    March 6, 2014 at 11:51 am

    အမေပေးတဲ့လယ်တကွက်ဖြစ်နေလို့ ကိုယ်ပိုင်ဆိုင်တယ်ဆိုပီး
    ဘိန်း စိုက်လို့မရပါဘူးခင်ဗျာ ။
    စပါး တို့ ပဲတို့ စိုက်မယ်ဆိုပါလျှင်လည်း သူ့အချိန်နဲ့ သူ စိုက်ရပါတယ် ။
    စပါးစိုက်သင့်သောလယ်နဲ့ နှမ်းစိုက်သင့်သောလယ်လည်းမတူပါဘူးခင်ဗျာ ။
    အငှါးချ ၊ အပိုင်ရောင်း စသည်တို့ကိုလည်း ဥပဒေမဲ့ လုပ်လို့မရပါဘူးခင်ဗျာ ။
    အခြားနိုင်ငံတွေမှာ ဂျုံတွေစိုက်လို့ စပါးအစားထိုးပြီးဂျုံပြောင်းစိုက်လို့ မရပါဘူးခင်ဗျာ
    သူ့ဒေသ ၊ သူ့ ယဉ်ကျေးမှု ၊ သူ့ လူမျိုးစရိုက် စသည်ဖြင့် ကွဲပြားကြတာကို နားလည်ပေးစေချင်ပါတယ် ။
    LT ဆိုတာကို တနိုင်ငံလုံး လက်ခံပြီး တရားဝင် ဥပဒေကြောင်းအရလက်ခံတဲ့နေ့ဖြစ်နိုင်ဖို့ ဝေးပါသေးတယ်
    သမီးရှင်တယောက်အနေနဲ့စဉ်းစားရင်
    စေ့စပ်ကြောင်းလမ်းဖို့ ယောက်ကျားလေးဖက်ကလာပြီးပြောစဉ်မှာ
    ” ကျုပ်သားနဲ့ ခင်ဗျားသမီး တနှစ်လောက် လေ့လာရေးအစီအစဉ်အနေနဲ့ LT ပေးနေစမ်းပါ ”
    လို့ပြောရင် ဘယ်လိုတုံ့ပြန်ကြမှာလဲ ဟင်င်င်င်

    ကျွန်တော်မှာ လူပျိုဖြစ်စ အားကောင်းမောင်းသန် သားနှစ်ယောက်ရှိပါတယ် :mrgreen:

  • kai

    March 6, 2014 at 2:13 pm

    လစ်ဗင်းတူဂဲသားကို.. အဓိပ္ပါယ်ယူပုံနဲ့.. ဆက်စပ်တွေးခေါ်စဉ်းစားပုံက.. ဒီလိုဆွေးနွေးရဲတဲ့.. ဒီရွာထဲတင်… တော်တော်လွဲနေတယ်ထင်မိတယ်..။
    ကြည့်ရတာ.. ဘိုနေဝင်းခေတ်တခေတ်က.. မြန်မာတွေအတွေးအခေါ်ကို.. တော်တော်လေးအစွန်းတွန်း..အမှာင်ချလိုက်သလားပဲ..။
    ဒီလိုပြောရတာက.. ရှေးမြန်မာတွေကတောင်.. အခုတွေးနေကြပုံထက်ပိုပြီးလွတ်လပ်မှုရှိတယ်လို့.. (စာ-ကဗျာတွေကနေ) ခန့်မှန်းလို့ရလို့ပါ..။

    ဆိုတော့(၁)…
    အရွယ်ရောက်ပြီးတဲ့.. မိန်းကလေး/ယောက်ျားလေးရဲ့.. လိင်ကိစ္စကို.. မိဘ/အုပ်ထိမ်းသူမဆိုင်ပါ..။
    တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခွင့်မရှိပါ။ မိဘအိမ်မှာမှီခိုနေကြသူဆိုရင်တော့ တခြားတနည်းနဲ့တွေးခေါ်စဉ်းစား.. အသိသညာတိုးအောင် သတိပေးရမှာဖြစ်ပါတယ်..။
    ယောက်ျားမိန်းမ.. သဘောတူမျှပြီး လိင်ဆက်ဆံတာဟာလည်း.. ပြစ်မှုမဟုတ်ပါ။
    ရှက်စရာလည်းမဟုတ်ပါ။ သဘောတူမျှလိင်ဆက်ဆံတာကို.. ဘေးကအချောင်အပြစ်ဆို.. နှိပ်ကွပ်တတ်သူတွေကသာ.. သူတပါးပုဂ္ဂလိကအခွင့်အရေးချိုးဖေါက်ခြင်းအတွက်.. ရှက်စရာဖြစ်ပါတယ်..။

    ဆိုတော့(၂)
    ယူအက်စ်မှာ..ဂျပန်မှာ.. တိုးတက်တဲ့နိုင်ငံတွေမှာ… မိန်းကလေးတယောက်က.. သူနဲ့အဆင်ပြေမယ်ထင်တဲ့ကောင်လေးတယောက်ယောက်နဲ့.. သဘောတူမျှရင် အိပ်ချင်အိပ်မယ်..။ အတူူတူနေချင်နေကြည့်မယ်..။ ခရီးတူတူထွက်ချင်ထွက်မယ်..။ လူငယ်ဘဝလွတ်လပ်မှုနဲ့.. ခန္ဓာအရသာကို.. အချိန်မှီခံစား/စံစားမယ်..။
    ဒါမှ.. ဒီလူ/ဟိုလူငွေဘယ်လိုသုံးသလည်း.။ဘယ်လိုရှာသလည်း..။ ညအိပ်ရင်အသံကျယ်ကျယ်ဟောက်တတ်သလား..။ ဘယ်လိုအကျင့်ရှိသလည်း..။ တကယ်ယူရင်.. ဘာတွေဖြစ်လာနိုင်သလည်း..။ ကလေးယူရင်ကြိုက်နိုင်သလား..။ ဘယ်လိုဖြစ်မလည်း.. စသဖြင့်ဆုံးဖြတ်နိုင်မှာပေါ့..။
    တရက်နဲ့မသိ..တလ..တလနဲ့မသေချာ..တနှစ်..စသဖြင့်ပေါ့..။
    ကြားထဲ..မိဘဆွေမျိုးတွေဆီလည်း.. အတူတူအလည်သွား..။ ဆွေးမျိုးအသို်င်းအဝိုင်းချင်း..marriage လုပ်လို့ရမရလည်း…အရေးတကြီးကြည့်ရတာပေါ့..။
    ဒါတွေက.. LTရဲ့အနှစ်သာရပဲ..။

    ဘာမှန်းမသိ.. ညမအိပ်ဖူးပဲ.. တန်းယူ.. နောက်ကျမှ အိမ်ထောင်မှုဘုရားတည်.. ဘာညာကွိကွနဲ့.. တသက်လုံးအံကြိတ်ငရဲရောက်နေရာမှာနဲ့စာရင်.. ငယ်တုံး..ရွေးနိုင်တုံး.. အစမ်းလုပ်ကြည့်တာက.. မှားတယ်လို့.. မထင်ရေးချ..မထင်..။
    လူသားဘဝရဲ့..အချိန်အပိုင်းအခြားအလိုက်.. ထိုက်သင့်တဲ့အချိန်မှာ.. ခန္ဓာကိုယ်ခွင့်ပြုသလောက်.. ထိုက်သင့်သလိုခံစား/စံစားတာဟာ.. လူဖြစ်ကျိုးနပ်ခြင်းနဲ့.. လူသားဆန်ခြင်းပဲဖြစ်တယ်လို့..ထင်ပါကြောင်း…။ :mrgreen:

    • ရာမည

      March 6, 2014 at 2:29 pm

      မြန်မာပြည်မှယောက်ကျားတိုင်းသည် တွင်းဟောင်းရေကြည်အေးမြသည်ဟု
      လက်ခံလာသောတနေ့တွင် အထက်ကအဆိုကို ထောက်ခံလာပါလိမ့်မည်။
      :mrgreen:

      • အော် ဘဂျီးရယ်.. လူမျိုးခြားကို အိမ်ထောင်ဖက် ရွေးမယ်ဆိုမှတော့ ငါဟဲ့ အပျိုစင်လို့ အော်နေလို့ မရတော့ဘူးလေ.. ဘယ်နှယ့် အတင်းကြီးလူမျိုးခြားနဲ့ ပေးစားပြီး LT ကို လက်ခံခိုင်းနေရတာတုန်း..

        ကောက်ရိုးပုံအလင်္ကာဆိုတာကလည်း ခိုးကြောင်ခိုးဝှက်ရည်းစားထားရတာရယ်၊ (အပေါ်မှာပြောထားသလို) ယောက်ျားလေးတွေရဲ့ ဇာတ်လမ်းဆင်ခြင်းအောက် မရုန်းနိုင်တာတွေရယ်၊ ငြင်းဆန်နိုင်လောက်တဲ့ အသိဉာဏ်ဗဟုသုတ မရှိတာရယ်တွေကြောင့် ဖြစ်လာရတာတွေပါ.. ဒါတွေကို မဖြစ်အောင် ဘာလုပ်မယ်မတွေးဘဲနဲ့ မတူတာကြီးကို တုပြီး LT ကို မြန်မာ့ယဉ်ကျေးမှုထဲ ဆွဲသွင်းတာတော့ သိပ်မဟုတ်သလိုပဲလားလို့.. :mrgreen:

    • kai

      March 6, 2014 at 3:29 pm

      ကျုပ်အနေနဲ့.. နိုင်ငံရပ်ခြားတွေမှာ အသက်တဝက်ကျော်နေခဲ့ပြီး.. ကိုယ့်ဝမ်းကိုယ်ကျောင်း.. လူငယ်ဘဝလည်းနိုင်ငံခြားမှာပဲမို့..အတွေ့အကြုံတွေအခြေခံ ဆရာလုပ်.. ပြောရရင်..
      လူမျိုးယဉ်ကျေးမှုခြားကို အိ်မ်ထောင်ဖက်အဖြစ်ရွေးမယ်ဆို.. ညှိရတာအင်မတန်ခက်ခဲပင်ပန်းပါတယ်… ထပ်ခါပြန်တွေးစေလိုပါတယ်လို့… ရယ်..။
      LT ရေရှည်မသွားခင်မှာ.. မိန်းကလေးက.. အသာစီးရှိပါတယ်လို့ရယ်ပါပဲ..။

      ဆိုတော့..
      ရှေးမြန်မာတွေ..အများစု.. မိန်းမ/ယောက်ျား အသက်၂ဝအထိ အပျိုရည်မပျက်နေနိုင်ခဲ့ကြတယ်လို့တော့.. တယ်… မထင်..။ :mrgreen:

      • မမချွိ

        March 6, 2014 at 3:34 pm

        ဒီ တဂျီးတော့ ဟို ဘက် အစွန်းက သူတွေအတွက်
        ဒီဘက် အစွန်းကို နင်းရင်းနင်းရင်း ပြုတ်ကျတော့မှာပဲ။
        အနော်တို့ လူမျိုးတွေကို သိစေချင်သလောက်ပြောလို့မရဖူးလေ။
        ဘယ် အသိုင်းအဝိုင်းမှာ ပြောနေတာတုန်း သတိထားဦးလေ။
        😀

      • ရာမည

        March 6, 2014 at 4:11 pm

        ကျောက်ချဉ်တွေ ဈေးတက်ကုန်လိမ့်မယ် သူကြီးမင်းခင်ဗျာ 🙂

      • San Hla Gyi

        March 6, 2014 at 9:33 pm

        အင်း ပို့စ်ကို အကြမ်းဖျင်း ကြည့်ရတာတော့ အခန်းခတွေ အကြောင်း ရေးထားသလိုပဲ။ ကျန်တာတော့ ကျုပ် မပြောလိုသေးဘူး။ ဒါပေမယ့် အမြဲတမ်း ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောင်းပြန်ပြောနေကျ လူတယောက် သူမမီလိုက်တဲ့ မြန့်မာ့ယာဉ်ကျေးမှုတွေ ဘာတွေ လျှောက်ပြောနေတယ်ဆိုပဲ။ သတိသာ ထားပေတော့။ သူပြောတာ မှန်သမျှ တလွဲတွေ ဆိုတာ အားလုံးသိသားနဲ့။ ဒီလူ စိတ်ပုံမှန် နေနိုင်တယ်လို့တော့…..တယ်…မထင်။
        အင်း လစ်ဗင်းတူဂဲသား ကိစ္စကို လက်ခံနိုင်တဲ့ နိုင်ငံတကာ အဆင့်မီ ပညာတတ် သမီးရှင်များရှိတာ ဝမ်းသာပါတယ်ဗျာ။ အပြောတော့ မစောနဲ့ဦးနော်။ တချိန်တုန်းကလည်း ဒီလိုပဲ ကွန်မြူနစ်ဝါဒီတွေဟာ သူတို့ရဲ့ ခံယူချက်အတိုင်း တက္ကသိုလ် ပညာရေးကို ချိုးနှိမ်ပြီး ပြောခဲ့ပေမယ့် သူတို့ သားသမီး တက္ကသိုလ် တတ်တဲ့ အချိန်ကျတော့ သူတို့က ပိုကဲသေးဆိုပဲ။
        မိဘမေတ္တာပဲလေ။ တကယ့် အချိန်ကျတော့ ပိုသိပါလိမ့်မယ်။
        အခု လောလောဆယ် အဲဒီအချိန်ပိုင်းမှာ ရောက်နေတဲ့ မိန်းကလေးတွေက ဒီကိစ္စကို လက်မခံနိုင်ဘူး ဆိုတာတော့ ဝမ်းသာပါရဲ့ဗျာ။ သာဓုပါ ငါ့နှမတို့။
        အင်း မြန်မာပြည်က ယောကျာင်္းတွေလို့တော့ ရောမကြိတ်ပါနဲ့ကွာ။ ဦးလေးကို အားနာကြပါ။ ဦးလေးဆို သမီးရည်းစား လက်ကိုင်ဖူးတာ ပခုံးဖက်ပြီး လမ်းသွားဖူးတာက လွဲလို့ အယ်တီရော ဘယ်တီရော ဘာတီမှ မလုပ်ခဲ့ပါ။ တယောက်တည်းကိုသာ ချစ်ပြီး လူကြီးမိဘစုံရာနဲ့ တောင်းရမ်းခဲ့တာပါ ငါ့နှမတို့။

        • ကထူးဆန်း

          March 6, 2014 at 10:48 pm

          ဟိဟိ .. ဦးလေး လို လူ တွေဘဲဆို ဒီလို တည်းခိုခန်းတွေလည်း ပေါ်လာမှာ မဟုတ်တော့ဘူးနော် …. ဘာတီမှ လည်း ငြင်းနေစရာရှိတော့မှာ မဟုတ်ဘူးနော် ..
          :harr:

    • Mr. MarGa

      March 6, 2014 at 3:31 pm

      အင်း……ဘဂျီး

      ယဉ်ကျေးမှုတွေ ရိုးရာတွေ အကုန်လုံးကို မြောင်းထဲပစ်ခိုင်းနေသလား

      မြန်မာတွေရဲ့ဓလေ့ မြန်မာ့လူမှုအသိုင်းအဝိုင်းကို တဖြည်းဖြည်းတောင်မဟုတ်ဘဲ အစကနေအဆုံး ဖြိုချပစ်ဖို့များ ကြံနေသလား

      လက်ခံလို့ရတာရှိတယ် မရတာရှိတယ်ဗျ။

      အခြေအနေ အချိန်အခါကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်

      • kai

        March 6, 2014 at 3:35 pm

        မြန်မာ့ရိုးရာယဉ်ကျေးမှုစစ်စစ်ကို.. ဒေါင်းဥခန့်မျှ.. အိမွမွရယ်…
        ကောက်ရိုးပုံရယ်..။ မဃဒေဝလင်္ကာရယ်.. သူတို့.. သိပါတယ်..။

        အခုတွေးထင်နေကြတဲ့.. မြန်မာတွေရဲ့ဓလေ့ မြန်မာ့လူမှုအသိုင်းအဝိုင်းစစ်စစ်ဆိုတာ.. ဘိုနေဝင်းတို့.. စစ်အုပ်စုလုပ်စားခဲ့တာကြီးပါကွယ်..။ :kwi:

        သမိုင်းသင်တာ..” မအ”အောင်ရယ်ပါ..။
        သိပ်ဝေးဝေးသမိုင်းမဟုတ်.. ဒဂုံတာရာရဲ့”မေ”ရယ်..
        သိန်းဖေမြင့်ရဲ့ “တက်ဘုန်းကြီး”ရယ်လောက်ပဲ.. ပြန်ဖတ်ပြီး.. ခေတ်..ယဉ်ကျေးမှုပုံဖေါ်ကြည့်…။

        • အော် ဘဂျီးရယ်.. လူမျိုးခြားကို အိမ်ထောင်ဖက် ရွေးမယ်ဆိုမှတော့ ငါဟဲ့ အပျိုစင်လို့ အော်နေလို့ မရတော့ဘူးလေ.. ဘယ်နှယ့် အတင်းကြီးလူမျိုးခြားနဲ့ ပေးစားပြီး LT ကို လက်ခံခိုင်းနေရတာတုန်း..

          ကောက်ရိုးပုံအလင်္ကာဆိုတာကလည်း ခိုးကြောင်ခိုးဝှက်ရည်းစားထားရတာရယ်၊ (အပေါ်မှာပြောထားသလို) ယောက်ျားလေးတွေရဲ့ ဇာတ်လမ်းဆင်ခြင်းအောက် မရုန်းနိုင်တာတွေရယ်၊ ငြင်းဆန်နိုင်လောက်တဲ့ အသိဉာဏ်ဗဟုသုတ မရှိတာရယ်တွေကြောင့် ဖြစ်လာရတာတွေပါ.. ဒါတွေကို မဖြစ်အောင် ဘာလုပ်မယ်မတွေးဘဲနဲ့ မတူတာကြီးကို တုပြီး LT ကို မြန်မာ့ယဉ်ကျေးမှုထဲ ဆွဲသွင်းတာတော့ သိပ်မဟုတ်သလိုပဲလားလို့.. :mrgreen:

  • မမချွိ

    March 6, 2014 at 3:41 pm

    ထပ်ပြောမယ်။
    ယဉ်ကျေးမှုကို မပြောဘူးးးး
    မိရိုးဖလာကိစ္စတွေ မပြောဘူးးး

    မြန်မာ ယောင်္ကျားတွေကြောင့်မို့ကို မြန်မာပြည်မှာ LT လုံးဝ …လုံးဝ…. လုံးဝ…. မရှိသင့်ပါကြောင်းးးးး

    LT ကို လုံးဝ မစဉ်းစားသင့်ပါကြောင်းးးး
    တရားဝင် ယူပြီးမှ အတူနေသင့်ပါကြောင်းးးး
    ဒီကိစ္စကို အချောင်ရလေ ကောင်းလေ လို့ တွက်တဲ့ အမျိုးသားများ များပြားတာမို့ LT အကြောင်းရှင်းပြလည်း အလကားဖြစ်ပါကြောင်းးး
    မထိုက်တန်ပါကြောင်းးးး

    အဲတော့ နေမြဲအတိုင်းနေကြတာကောင်းတယ်။

    မိုက်သူ ခံကြ။
    ဒါရှိတာပဲ

    • kai

      March 6, 2014 at 3:56 pm

      အစိမ်းပေးလိုက်ပါတယ်နော…။ :kwi:

    • အဲဒါပြောတာလေ..
      နိုင်ငံခြားက LT ဆိုတာ (၂) ဦးစလုံးမှာ တာဝန်ယူမှု အပြည့်ရှိတယ်.. ဒီက ယောက်ျားတွေကတော့ LT .. LT နဲ့ အော်နေပြီး ဘာတာဝန်မှမယူ..အချောင်ရချင်တဲ့သူတွေ… အဲဒါကို နားမလည်ပါးမလည် ခေတ်ဆန်လွန်းတဲ့ မိန်းကလေးတွေနဲ့ တုံးအလွန်းတဲ့ မိန်းကလေးတွေ ရှိနေလေတော့ တည်းခိုခန်းတွေ အလုပ်ဖြစ်နေလေရဲ့..

  • ရာမည

    March 6, 2014 at 3:49 pm

    ဒါဒို့လယ် ဒါဒို့လယ် …… ဒို့ …ပိုင်တဲ့လယ် 🙂

    မကြမီ ဖန်သားပြင်ထက်တွင် မျှော် :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 6, 2014 at 5:07 pm

    အမယ်လေးး လေးး
    ဖတ်လိုက်ရတာ .. LT .. LT .. နဲ့ …
    နေဂျစမ်းဘာအုံး …
    အဲ့ဒီ LT ဆိုတာ ဘာဂျီးဒုန်း .. 🙄

  • ဝင့်ပြုံးမြင့်

    March 6, 2014 at 5:10 pm

    မမရဲ့ ကွန်မင့်တက်လာကတည်းက မျှစ်ကြော် လော့အင်ဝင်နေတာ ဝင်မရလို့။ ဘုရားသိကြား မ ပြီး ဒီကွန်မင့်လေး တစ်ရွာလုံးဖတ်မိပါစေ ဆုတောင်းတယ်။ လိုရင်းကို တိုရှင်းရေးပါ့မယ်။
    —-
    ကျမ သမီးလေး အရွယ်ရောက်လာတဲ့ တနေ့၊ ချစ်သူတွေ့ပြီဆိုရင် သူ့ကို ပထမ LT နေစေချင်ပါတယ်။ အနည်းဆုံး ၁ နှစ်လောက်ပဲဖြစ်ဖြစ်။
    -(၁) တကယ်လို့ သူနဲ့နေတဲ့ ကောင်လေးဟာ အပျင်းကလေး၊ ဒါမှမဟုတ် အပျော့ဆွဲလေး ဆိုရင် စောစောစီးစီး လမ်းခွဲနိုင်ကြတာ ကောင်းပါတယ်။ မြန်မာပြည်ရဲ့ လက်ထပ်ထိမ်းမြားခြင်း ဥပဒေဟာ သိပ်ကို အားကောင်းခိုင်မာတာ လူတိုင်းအသိ။ အဲဒါ မိန်းကလေးအတွက်တင် မဟုတ်၊ ယောက်ျားလေးအတွက်ပါ အားကောင်းခိုင်မာတယ်ဆိုတာ မမေ့စေချင်ပါ။ တကယ်လို့သာ တရားဝင်ကြီး ယူပြီးမှ ဒီအပျော့ဆွဲလေး ဒဏ်ကို မခံနိုင်ဘူးဆိုရင် ရော့ သွားပေတော့ ပါရင်းပစ္စည်းရဲ့ သုံးချိုးတစ်ချိုး။ ဘယ်သကောင့်သားမှ တစ်ပြားမှ မရဘဲ အိမ်ပေါ်ကဆင်းမှာ မဟုတ်ဘူး။ ကျမ တစ်သက်လုံး ရှာဖွေထားတာ ဒီလောက်လွယ်လွယ်လေး အမျောမခံနိုင်ဘူး။
    – (၂) တကယ်လို့သာ ကောင်လေးဟာ အချောင်စားရလို့ ဝသွားပြီဆိုရင် စိတ်မပါတော့ဘူးဆိုရင် ဒီလို ကောင်စားနဲ့ စောစောစီးစီး လမ်းခွဲရတာ ပိုကောင်းတယ်။
    -(၃) တကယ်လို့သာ သမီးကို ကောင်လေးဘက်က မိဘဆွေမျိ ုး အသိုင်းအဝိုင်းက သဘောမတူနိုင်ပါဘူး ဆိုရင် ဒီလိုမိသားစုထဲကို ဘယ်တော့မှ မဝင်တာ ပိုကောင်းတယ်။
    —-
    LT နဲ့ပတ်သက်ပြီး ကျမက သဘောတရားနဲ့သွားခဲ့တာ မဟုတ်ဘူး။ ဘဝနဲ့ထိုးဆပ်ခဲ့ရတဲ့လူ။ ဒါကြောင့် ဒီဂဇက်ထဲက လူတွေထက် ပိုပြောနိုင်တယ်။ ကနားစီးမိဂီသို့ ငါးစိမ်းသည်ဗားရှင်း မှာ ကျမ ရေးပြပြီးပြီ။ အဲဒါလေး ဘယ်လိုပြန်ရှာရမလဲ မသိဘူး။ အဲဒီပို့စ်က aggressive နည်းနည်းဖြစ်တယ်။ ဒါပေမယ့် ကျမရဲ့ သဘောထားအမှန်ပဲ။ မိဘတွေ အိမ်ထောင်ရေးမှာ သောကကြီးကြီးရောက်ထားခဲ့ရတဲ့လူဆိုတော့ အိမ်ထောင်အကွဲအပြဲအကြောင်း ကျမ ပိုသိတယ်။ ဒါကြောင့် ကျမသမီးအလှည့်မှာ မှားယွင်းတဲ့ အိမ်ထောင်ရေး မဖြစ်စေရဘူး။ အကွဲအပြဲ မဖြစ်စေရဘူး။ မမြင်ရသေးတဲ့ မြေးတွေ အမိအဘ အစုံအလင်နဲ့ ကဲချင်တိုင်းကဲလို့ရတဲ့ဘဝကို ရစေရမယ်။ သူတို့တွေရဲ့ ခလေးဘဝကို လုံးဝမပျက်စီးစေဘူး။

    သားရှင်ဘက်က ကျမပြောမယ်။ ကျမသားကိုလည်း အိမ်ထောင်မပြုခင် LT တစ်နှစ်လောက်နေစေချင်ပါတယ်။ သားရဲ့ ကျန်းမာရေးပိုင်းရော၊ စီးပွားရှာဖွေရေးကိုပါ အချိန်ပေးချင်လို့ပါ။ ကျမသား အူရိုင်းလေးကို မိန်းမလည်တွေ ဗိုက်ယူပြီး အမိဖမ်းတာကိုလည်း မခံချင်လို့ပါ။ တကယ်ချစ်ကြရင် ယူကြပါစေ။ အချစ်စိတ်မှာ တကယ်က ယောက်ျားလေးတွေ ပိုပြင်းထန်တယ်။ ရည်စားနဲ့ကွဲရင် ယောက်ျားလေးတွေ ပိုခံစားရတယ်။ ဒါကြောင့် ကျမသား စိတ်ထိခိုက်ရမယ့် ကိစ္စ ကျမ ဘာမှ မလုပ်ဘူး။

    အပေါ်မှာ မမ ကပြောသွားတာ ရှိပါတယ်။ စင်ဂဲမားသား အတွက် နိုင်ငံတော်က တာဝန်မယူနိုင်သေးဘူး ဆိုတာ။ ဒီခေတ်မှာ စင်ဂဲမားသားဆိုတာ ဟိုခေတ်ကလို တစ်ခဏတာ စိတ်အလိုလိုက်မိလို့ ကံကြမ္မာဒဏ် ခံရတာမျိုး မဟုတ်တော့ဘူး။ ဟိုအရင်ခေတ်ကဆိုရင် ယောက်ျားလေးရော မိန်းမလေးရော တစ်ခဏတာ မှားမိလိုက်တာနဲ့ ဘဝမှာ ဘာမှအဆင်သင့်မဖြစ်သေးဘဲ၊ အဲဒီအမှားကို ဘဝနဲ့ချီပြီး ထိုးဆပ်လိုက်ရတယ်။ ဒါဖြစ်သင့်သလား။ ဒီလိုပုံစံမျိုး ဘဝတွေနဲ့ ထိုးဆပ်ခဲ့ရတာ မြန်မာပြည်မှာ မနည်းဘူး။ ဒီခေတ်မှာတော့ ခေတ်မီဆေးသိပ္ပံပညာရဲ့ အကူအညီနဲ့ ဘဝထိုးကျွေးရတာ မရှိဘူး။ ဆေးဝါးရှိတယ်။ ဆေးဝါးသုံးဖို့ပေါ့လျော့ခဲ့မိရင် သားအိမ်တစ်ခါခြစ်ရင် သုံးသောင်းထဲပါ မမ။ ဒါကို မလုပ်ဘဲ ဗိုက်ယူတယ်ဆိုတာ ဗိုက်ပြပြီး လင်တစ်ယောက်အမိဖမ်းတာ တွက်ကိန်းမှားသွားလို့ ဖြစ်ပါတယ်။

    နိုင်ငံနဲ့ချီပြီး ပြောကြစတမ်းဆိုရင် LT ယဉ်ကျေးမှုဟာ AIDS ရောဂါ ထိန်းချ ုပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်လမ်း ဖြစ်ပါတယ်။
    —-
    ခြုံပြီးပြောရရင် မြန်မာမတွေက သူတို့ကို နှိပ်ကွပ်ထားလို့ နှိပ်ကွပ်ထားမှန်းမသိဘူး။ သူတို့ကို တကယ်တန်ဖိုးထားရင် အပျိ ု စင်ဖြစ်နေဖို့ လိုသေးလား။
    -ပြီးတော့ ကျမ ဆိုလိုတာက မိန်းကလေးတွေ LT ကိုရွေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ LT ကို ရွေးရွေး မရွေးရွေး၊ သူတို့ရဲ့ ရွေးချယ်ချက်ကိုသာ လေးစားသမှုပြုစေချင်တာပါ။ LT နေတဲ့ စုံတွဲတွေကို ပတ်ဝန်းကျင်က သိပ်ပြီး ရှုတ်ချတယ်။ အဲဒါကို လက်မခံနိုင်တာ။
    တစ်ကမ္ဘာလုံးမှာ လက်သင့်ခံပြီးသား နေထိုင်နည်းမူဝါဒရယ်၊ ခေတ်မီဆေးသိပ္ပံပညာရယ် ဒါတွေရဲ့ အကူအညီနဲ့ လူမှုဘဝတိုးတက်အောင်လုပ်တာ ဘာတွေများ မှားနေသလဲ။

    • ကထူးဆန်း

      March 6, 2014 at 11:23 pm

      ဟိုက် .. ဒီပိုစ် စမိတာ ငါတို့ ယောကျာင်္းတွေ ကစ်ခံထိနေပါလား .. :harr:

      ဘယ်သကောင့်သားမှ တစ်ပြားမှ မရဘဲ အိမ်ပေါ်ကဆင်းမှာ မဟုတ်ဘူး။

      မြန်မာ ယောင်္ကျားတွေကြောင့်မို့ကို မြန်မာပြည်မှာ LT လုံးဝ …လုံးဝ…. လုံးဝ…. မရှိသင့်ပါကြောင်းးးးး

      ဒီက ယောက်ျားတွေကတော့ LT .. LT နဲ့ အော်နေပြီး ဘာတာဝန်မှမယူ..အချောင်ရချင်တဲ့သူတွေ…

      မြန်မြန်လက်စသိမ်းမှ … :mrgreen:

      • padonmar

        March 6, 2014 at 11:51 pm

        ကထူးဆန်း
        ဘာခုမှ ကြောက်ပါပြီလဲ

        • ကထူးဆန်း

          March 7, 2014 at 12:27 am

          တရားစွဲရင်ကောင်းမလား စဉ်းစားနေတာ … ခုခွိ .. ခုခွိ .. :harr:

        • Ma Ma

          March 7, 2014 at 7:50 am

          ပြုံးရေ-
          လူတိုင်းကိုယ်စီ ကိုယ့်ခံယူချက်နဲ့ ကိုယ်
          ကိုယ့်ဘဝပေးအသိနဲ့ ကိုယ် ဆိုတော့…..

          ပြုံးရဲ့အယူအဆကိုလည်း မငြင်းလိုပါဘူး။
          ကိုယ့်ရဲ့အယူအဆကိုလည်း မပြောင်းလိုပါဘူး။ 🙂

          ငြင်းခုံခြင်းအနုပညာလို့ သဂျီးက ဆွပေး….
          အဲ ဖွင့်ပေးထားလို့သာ ကိုယ့်အထင်အမြင်ကို ပွင့်ပွင့်လင်းလင်း ရေးလိုက်တာပါ။

          ကထူးဆန်းကတော့ ကိုယ့်ရှုးကိုယ်ပတ်တယ် သဘောမထားပဲ…
          ပွိုင့်လာပေးကြတယ် သဘောထားပါ။ :kwi:

    • kai

      March 7, 2014 at 4:38 am

      ကန္နားစီးမိဂီသို့ … ငါးစိမ်းသည် ဗားရှင်း ။ ။ Posted by ဝင့်ပြုံးမြင့် on Jun 16, 2013 in Aha! Jokes, Satire, Editor’s Choice | 68 comments
      http://myanmargazette.net/178464

      ဆိုတော့… ကျုပ်လည်းသမီးရှင်ပါပဲ..။
      ကျောင်းကသူ့သင်ပေးနေတာပဲ..။ အရွယ်ရောက်ရင်… သူ့သဘောသူဆောင်ပါလိမ့်မယ်..။
      ပြောရရင်.. ယူအက်စ်ရောက် မြန်မာဇာတိနွယ်စင်ဂယ်လ်မိန်းကလေးတွေ.. LT လားဘာလားတော့မသိ…
      တော်တော်နေကြတယ်..။ ပြီးယင်ယူလည်းယူကြတယ်..။
      ပါတ်ဝင်းကျင်က အချောအလှတွေကတော့ လူမျိုးခြားနဲ့ညားတာများပါတယ်..။
      မှတ်မှတ်ရရ.. လွန်ခဲ့တဲ့၈နှစ်က.. သင်္ကြန်အလှမယ်ရွေးပွဲလုပ်ခဲ့တာ.. ဆု၁-၂-၃-၄ ဆုရတဲ့သူ…
      ၁-၂-၄ က လူမျိုးခြားနဲ့ညားကုန်ပြီးဖြစ်သဗျ..။
      ၃ကတော့ လွတ်နေတုံး…
      ဒါတွေက.. လက်တွေ့..မျက်မြင်..။
      မြန်မာပြည်အတွက်ရော.. လက်တွေ့မျက်မြင်တွေအသုံးချပြီး.. ဆွေးနွေးသင့်လှတယ်..။
      ယဉ်ကျေးမှု.. ဓလေ့.. ထုံးတမ်း ဘာညာတွေနဲ့..ဝူးဝူးဝါးဝါးရောမချသင့်…
      ယဉ်ကျေးမှုဆိုတာ..တသွင်သွင်…ပြောင်းလဲ.. စီးဆင်းနေ(ရ)တာဖြစ်ပါကြောင်း…။
      :mrgreen:

  • ရွှေ ကြည်

    March 6, 2014 at 5:17 pm

    အများကြီးလည်းမသိဘူးဗျ သိတာတခုကတော့ မိန်းကလေးဆိုတာ ယောက်ျားလေးနဲ့မတူတာသေချာတယ်
    ပြီးတော့ ကျားတွေက အပျိုစင်ကိုပိုမက်တယ်လို့ ရွှေကြည်ထင်ထားတာ ခုမှားများမှားနေလားမသိနော့ 😆
    အထက်က ကွန်မန့်တွေထဲမှာတော့ မဆွိရဲ့မန့်ကိုသဘောအကျဆုံးပဲ။
    ကိုယ့်တိုင်းပြည်နဲ့က ဘယ်လိုမှမအပ်စပ်တဲ့ကိစ္စ။
    ူခောတ်တခောတ်ရဲ့ ကဗျာ တွေ စာပေ တွေက စာပေယဉ်ကျေးမှုအဆင့်အတန်းကိုပိုင်းဖြတ်လို့ရမယ်လို့ပဲမြင်တယ်
    အဲဒိခောတ်ရဲ့တကယ့်လက်တွေ့ဘဝကိုထင်ဟပ်မယ်လို့ ယုံကြည်မှုမရှိတဲ့အထဲမှာရွှေကြည်ပါတယ်။
    ရှေးယိုးစွဲတယ်ပဲ ဆိုဆို၊ မှိုင်းမိတယ်ပဲပြောပြော ပြောချင်သလိုပြော
    LT ဆိုတဲ့အရာကို အခုရော နောင်ရော ဘယ်သောအခါမှလက်ခံမှာမဟုတ်ပါဘူး။

  • ဒီနိုင်ငံမှာက LT ကို LT ပီသအောင် သတ္တိရှိရှိ နေတဲ့သူတွေ အတော်ကို ရှားပါတယ်… အဲဒီလို လူတွေကို တွေ့ရင်လည်း ဘယ်တော့မှ ကဲ့ရဲ့စိတ် မဖြစ်မိပါဘူး.. တရားဝင် လက်မထပ်ထားပေမယ့်လည်း အတူတူတည်ထောင်တဲ့ မိသားစုဘဝလေးကို အကောင်းမြင်စိတ်နဲ့ပဲ ကြည့်ပါတယ်..

    မြန်မာ့ပတ်ဝန်းကျင်မှာ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် လက်မထပ်ဘဲ အတူတူတစ်အိမ်တည်းနေတာကို လက်မခံသေးပါဘူး.. အဓိကကတော့ မိသားစု အသိုင်းအဝိုင်းပေါ့.. ဒါပေမယ့် LT ရဲ့ ကောင်းကျိုးတွေကို လက်ခံလို့ LT နေမယ်လို့ ဆုံးဖြတ်ပြီးရင်တော့ LT ပီသအောင် သတ္တိရှိရှိ အိမ်ခွဲနေကြပါ… အိမ်ခွဲမနေရဲဘဲနဲ့တော့ LT အော်နေတာ လက်မခံနိုင်ပါဘူး.

    • ကထူးဆန်း

      March 6, 2014 at 11:25 pm

      ခိုးပြေးပြီး ပြန်မအပ် လက်ထပ်ပွဲ မကျင်းပရင်ကောဟင် .. :mrgreen: အဲဒါလဲ LT ဖြစ်ဘူးလား… 😆

  • padonmar

    March 6, 2014 at 11:47 pm

    ပြဿ နာက မျှစ်ကြော်ပြောတဲ့ LT နဲ့ မြန်မာလူငယ်တွေကျင့်သုံးနေကြတဲ့ LT definition ကွာနေတာပါပဲ။
    တကယ့် အဓိပ္ပါယ်ဖြစ်တဲ့ တရားဝင်လက်မထပ်ပဲ(စာချုပ်စာတမ်းနဲ့) အတူနေကြတယ် ဆိုတာ မြန်မာပြည်မှာ လုပ်နေစရာမလိုပါဘူး။ ရှေးမြန်မာတွေ ပုဆိုးတန်းတင်တာနဲ့ တရားဝင် လက်မှတ်ထိုးလက်ထပ်တာ အတူတူပါပဲ။အမွေကိစ္စမှာ တရားဝင်တာချည်းပဲ။
    အခု ခေတ် ကလေးတွေ က လက်မထပ်ပဲ၊အတူတူမနေပဲ ညားတာကို LT လို့ အဓိပ္ပါယ်ကောက်နေကြပါတယ်။
    ကျားနဲ့မ လက်ထပ်သည်ဖြစ်စေ၊လက်မထပ်သည်ဖြစ်စေ၊ပေါင်းဖက်ကြပြီဆိုရင် သဘောထားချင်း မတိုက်ဆိုင်လို့ ခွာပြဲကြတဲ့အခါ သူလည်းနာ ကိုယ်လည်းနာတာပါပဲ။
    ဒါပေမယ့် ကိုယ်ဖြစ်ကိုယ်ခံပေါ့။
    ဆိုးတာက ကလေးတွေများရပြီးမှ ဆိုရင်တော့ အဲဒီ အဖေအမေ ခွာပြဲမှုက ကလေးတွေကို ရိုက်ခတ်တော့တာပဲ။
    Problem child ဆိုတာ အဲဒီက စတာပဲ။
    အခုခေတ်မှာ ဒီလို အပျော်ညားကြတာကို တားမရလောက်အောင် ရေစီးသန်နေရင် လက်ဖဝါးနဲ့ သွားကာလို့ မရတော့ပါဘူး။
    ကျမ အလုပ်ထဲက မိန်းကလေးတွေ လက်မထပ်ပဲ ကလေးရှိ၊ကိုယ်ဝန်ဖျက်ချကြတယ်ကြားလိုက်ရတော့ Marie Stope (NGO)က သူငယ်ချင်းကို အကူအညီတောင်းပြီး ပညာပေး ဟောပြောပွဲ လုပ်ခိုင်းရပါတယ်။ကိုယ်မှ မပြောတတ်တာကိုး။
    သူတို့ ပြောသွားတဲ့ထဲမှာ `စည်းမကျော်စေနဲ့နော်၊ရှောင်နိုင်ရင် အကောင်းဆုံး၊မရှောင်နိုင်မှ ဒါတွေသုံး´ ဆိုပြီး သန္ဓေတားနည်းတွေ အကုန် သင်ပေးသွားပါတယ်။
    တပြိုင်တည်း သူငယ်ချင်းမေအေးဦးကလည်း မိန်းကလေးတွေ အပျိုစင်ဘဝ တန်ဖိုးထားဖို့၊ပြောတိုင်းမယုံဖို့၊ကိုယ့်ကို မုဒိမ်းမကျင့်ခံရအောင် ဘယ်လို နေထိုင်ဖို့၊ထိကပါးရိကပါး လုပ်ခံရရင်တောင် ဘယ်လိုတိုင်လို့ရတယ် ဆိုတာမျိုးတွေ တခါတည်း သင်ပေးပါတယ်။
    ဒါပေမယ့် သင်ပေးတိုင်းလည်း နားမဝင်ကြပါဘူး။
    အကောင်းဆုံးကတော့ လက်ထပ်သည်ဖြစ်စေ၊လက်မထပ်ပဲ အပျော်ညားကြသည်ဖြစ်စေ ၊ မလိုချင်ပဲ ကလေး မရဖို့နဲ့
    တမိသားနဲ့ တမိသမီး ၁နှစ် အနည်းဆုံးပေါင်းကြည့်ကြပြီးမှ ကလေးယူကြဖို့ အကြံပေးချင်ပါတယ်။

  • Foreign Resident

    March 7, 2014 at 3:12 am

    kai says:
    ” ကြည့်ရတာ.. ဘိုနေဝင်းခေတ်တခေတ်က.. မြန်မာတွေအတွေးအခေါ်ကို..
    တော်တော်လေးအစွန်းတွန်း..အမှာင်ချလိုက်သလားပဲ..။

    ဆိုတော့(၁)…
    အရွယ်ရောက်ပြီးတဲ့.. မိန်းကလေး/ယောက်ျားလေးရဲ့.. လိင်ကိစ္စကို.. မိဘ/အုပ်ထိမ်းသူမဆိုင်ပါ..။
    ယောက်ျားမိန်းမ.. သဘောတူမျှပြီး လိင်ဆက်ဆံတာဟာလည်း.. ရှက်စရာလည်းမဟုတ်ပါ။
    သဘောတူမျှလိင်ဆက်ဆံတာကို.. ဘေးကအချောင်အပြစ်ဆို.. နှိပ်ကွပ်တတ်သူတွေကသာ..
    သူတပါး ပုဂ္ဂလိက အခွင့်အရေး ချိုးဖေါက်ခြင်းအတွက်.. ရှက်စရာဖြစ်ပါတယ်..။

    ဆိုတော့(၂)
    သဘောတူမျှရင် အိပ်ချင်အိပ်မယ်..။ အတူူတူနေချင်နေကြည့်မယ်..။
    ခန္ဓာအရသာကို.. အချိန်မှီ ခံစား / စံစားမယ်..။
    ဒါမှ.. ဒီလူ / ဟိုလူငွေဘယ်လိုသုံးသလည်း.။ဘယ်လိုရှာသလည်း..။
    ညအိပ်ရင်အသံကျယ်ကျယ်ဟောက်တတ်သလား..။ ဘယ်လိုအကျင့်ရှိသလည်း..။
    တကယ်ယူရင်.. ဘာတွေဖြစ်လာနိုင်သလည်း စသဖြင့်ဆုံးဖြတ်နိုင်မှာပေါ့..။
    တရက်နဲ့မသိ..တလ..တလနဲ့မသေချာ..တနှစ်..စသဖြင့်ပေါ့..။
    ဒါတွေက.. LTရဲ့အနှစ်သာရပဲ..။

    ဘာမှန်းမသိ.. ညမအိပ်ဖူးပဲ.. တန်းယူ..
    နောက်ကျမှ တသက်လုံးအံကြိတ်ငရဲရောက်နေရာမှာနဲ့စာရင်..
    ငယ်တုံး..ရွေးနိုင်တုံး.. အစမ်းလုပ်ကြည့်တာက.. မှားတယ်လို့.. မထင် ”

    ဟီ ဟိ ၊ ရှောင်နေတာ ၊ အခုတော့ ဝင်ပြောပြီ ။
    အကြမ်ဖျင်း ၊ သူကြီး ပြောသွားတာလေးကို ထောက်ခံပါတယ် ။

    ၁ ။
    တရားမျှတ တဲ့ အတွေးအခေါ်ဖြစ်လို့ ၊ လူ့အခွင့်အရေး နှင့် ညီလို့ ။

    ၂ ။
    ယဉ်ကျေးမှု ဖက်က ပြောနေသူများကို တစ်ခုဘဲ ပြောပြချင်ပါတယ် ။
    အခုခေတ် ယောက်ကျားလေး မိန်းကလေးတွေကို ၊
    အရင်လိုမျိုး ” ယဉ်ကျေးမှု ထုံးတန်းစဉ်လာ ” ဆိုတဲ့ ၊
    အပေါ်ယံ စကားလေးနှင့် သွားတားလို့မရတော့ပါဘူး ။
    အခုခေတ် လူငယ်တွေဟာ ထင်သလောက် မတုံးကြပါဘူး ။

    ၃ ။
    ရှင်းရှင်းပြောရရင် ” တောင်ပြိုနေတာ ၊ လက်ဝါးနှင့် ကာလို့မရဘူး “

  • Foreign Resident

    March 7, 2014 at 3:17 am

    မမချွိ says:
    ” ထပ်ပြောမယ်။ ယဉ်ကျေးမှုကို မပြောဘူးးးး မိရိုးဖလာကိစ္စတွေ မပြောဘူးးး
    မြန်မာ ယောင်္ကျားတွေကြောင့်မို့ကို မြန်မာပြည်မှာ LT လုံးဝ …လုံးဝ…. လုံးဝ…. မရှိသင့်ပါကြောင်း ”

    မမချွိ ပြောသွားတာလေးကို လက်ခံပါတယ် ။
    Living Together မှာ အပြစ် မရှိပါဘူး ။

    မြန်မာ ယောင်္ကျားလေးတွေရဲ့ ၊ ” အပျိုစင် မှ ” ဆိုတဲ့ ရှေးရိုးစွဲမှု ၊
    တနည်းပြောရရင် မိန်းကလေးတွေအပေါ်သာ တဖက်သတ် ဖိနှိပ်ချုပ်ချယ်တဲ့ ဓလေ့ဆိုးကြီး ၊
    ကသာ အဓိက အပြစ် ရှိတာပါ ။

  • Foreign Resident

    March 7, 2014 at 3:28 am

    ဝင့်ပြုံးမြင့် says:
    ” ခြုံပြီးပြောရရင် မြန်မာမတွေက သူတို့ကို နှိပ်ကွပ်ထားလို့ နှိပ်ကွပ်ထားမှန်းမသိဘူး ”

    မ ဝင့်ပြုံးမြင့် ပြောသွားတာလေးတွေကို ထောက်ခံပါတယ် ။

    ဟုတ်ပါတယ် မြန်မာ မိန်းကလေး တွေဟာ ၊
    သူတို့ကို နှိပ်ကွပ်ထားလို့ နှိပ်ကွပ်ထားမှန်း မသိရလောက်အောင်ကို ၊
    ဒူ လှ ၊ တုံး လှ ပါတယ် ( အနဲဆုံး ၇၅ % လောက်ရှိမယ် ) ။

    တကယ့် ပညာ အစစ် ကို မ တတ်ကြခြင်း နှင့် ၊
    အတွေးအခေါ် နုံနဲ့ ၊ မ ပွင့်လင်းခြင်း ရဲ့ ဆိုးကျိုးပေါ့ ။

    ၁ ။ မိန်းကလေး ဆိုတာ အပျိုစင် မှ တန်ဖိုးရှိတယ် ဆိုတဲ့ အယူအဆ တို့ ၊
    ( မျှတ ချင်ရင် ယောက်ကျားလေးလည်း လူပျိုစင် ဖြစ်အောင်နေပေါ့ )
    ၂ ။ ( ယောနိ သာ ကွက်စောင့်တဲ့ ) မျိုးစောင့် ဥပဒေ တို့ ၊

    အဲဒီဟာတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို ချုပ်ချယ်တဲ့ အချက်တွေပါ ။

  • Foreign Resident

    March 7, 2014 at 3:37 am

    ဆက်ပြီး ငြင်းလို့ရအောင် အစ လေး ဆွဲထုတ်ပေးလိုက်မယ် နော် ၊

    အနောက်နိုင်ငံတွေမှာ Living Together စံနစ် ပေါ်ပေါက် လာရခြင်းဟာ ၊

    ၁ ။ အမျိုးသမီး အမျိုးသား တန်းတူ အခွင့်အရေး ထွန်းကားလာလို့ ။
    ၂ ။ သန္ဓေတား နည်းစံနစ်တွေ လွယ်ကူ လက်လှမ်းမှီ လာလို့ ။
    ၃ ။ တစ်လင် တစ်မယား စံနစ် ကို ဥပဒေ နှင့် ပြဋ္ဌာန်းထားလို့ ။

    မြန်မာနိုင်ငံမှာ ၊
    အချက် ၁ ။ က ၇၅ % လောက် ဖြစ်နေပါပြီ ။
    အချက် ၂ ။ က ၁၀ဝ % ဖြစ်ပြီးသွားပါပြီ ။
    အချက် ၃ ။ က သိပ်မကြာခင် ဖြစ်တော့မှာပါ ။

    အဲဒီတော့ကာ ၊ နောက်တစ်ခါ ထပ်ပြောမယ် ။
    ” တောင်ပြိုနေတာ ၊ လက်ဝါးနှင့် ကာလို့မရဘူး “

  • Foreign Resident

    March 7, 2014 at 3:47 am

    အဟဲ ၊ ပြောစရာ တစ်ခုကျန်သွားလို့ ။

    အဘ ရဲ့ ဆွေမျိုးသားချင်း အမျိုးသမီးများ ဟာ ၊
    ( အဲဒီ အမျိုးသမီးတွေ ကသာ သဘောတူမျှလို့ကတော့ ) ၊
    Living Together မကဘူး ၊ One Night Stand နေရင်တောင် ၊
    အဘ အနေနှင့် ကန့်ကွက်ရန် မရှိကြောင်း ပြောကြားလိုပါတယ် ။

    Warmly Welcome ပါ ။
    ဒါပေမယ့် ၊ အဲဒီ အမျိုးသမီးတွေ က သဘောတူမျှဖို့ ကတော့ ၊
    ( ငွေ ၊ ဂုဏ် ၊ အာဏာ ၊ ပညာ စသဖြင့်သော ) ၊
    အရည်အချင်း အကြီးကြီး ( အကြီးကြီး ) လိုလိမ့်မယ် ဆိုတာတော့ ၊
    ကြိုပြောထားပါရစေ ။ ဟဲ ဟဲ ။

  • ဦးကျောက်ခဲ

    March 7, 2014 at 8:25 am

    ခါတော်မှီ ကျောက်စ် သဘောကို ပြောဆိုပါမည်…
    အခုလို တည်းခိုခန်းယဉ်ကျေးမှု ထွန်းကားလာတာကြိုဆိုပါသည်…
    မဟုတ်ရင် ခြုံတိုး ချောင်ကွယ် ပျက်ခဲ့တဲ့ဘဝတွေ မရေတွက်နိုင်လို့ပါ…
    အနီးဆုံး GTC ကနေ ဟိုးခေတ်အခါက ကန်တော်ကြီးစောင်း ခြုံထဲက အတွဲကို ကိုနှူးဘာများက ဓားထောက်ပြီး ရှိသမျှ (ကာမပါ ပါတယ်) လုသွားတာ ကြားဖူးကြလိမ့်မယ်ထင်ပါတယ် ။ အာဒံ နဲ့ ဧဝ က စလို့ စားဖူးတဲ့ ပန်းသီး ၊ အရွယ်ကောင်းတုန်း လူမှန်ရင် စားချင်ကြ မှာပါပဲ ။ အဓိက က အသက်ပြည့်မှ ဒီကိစ္စကို စဉ်းစားဖို့ သွန်သင်ရမှာပါ ။

    ဒီနေရာမှာ LT နဲ့ 1 Night Stand (မြန်မာပြည်မှာ 1 Section Stand) ကွဲပြားဖို့ လိုပါလိမ့်မယ် ။ တကယ့် LT က တစ်ဦးကိုတစ်ဦး လေ့လာ ၊ သေချာပြီဆိုမှ ဘဝတစ်ခုကို မစနိုင်သေးခင် နှစ်ဦးနှစ်ဘက် ပေးဆပ်မှုနဲ့ နေစရာရှာပြီး တူနှစ်ကိုယ် တိုင်းပြည် တည်ထောင်ကြတာပါ ။ ဟိုတယ်ခေါ်သွားပြီး ချစ်စခန်းဖွင့်တာနဲ့ မတူပါဘူး ။ အကြောင်း ကြောင်းတွေကြောင့် လက်မထပ်ဖြစ်ခဲ့ကြရင် နာမည်တော့ပျက်ပေမည့် အနည်းဆုံးတော့ တရားဝင် တခုလပ် တလင်ကွာတော့ မဖြစ်ဘူးပေါ့ ။

    “မြန်မာ ယောင်္ကျားတွေကြောင့်မို့ကို မြန်မာပြည်မှာ LT လုံးဝ …လုံးဝ…. လုံးဝ…. မရှိသင့်ပါကြောင်းးးးး” ဆိုတာကို လုံးဝ… လုံးဝ… လုံးဝ… လက်မခံပါဘူး ။ ဘယ်လူမျိုးမဆို ကျ်ားဆိုတာ ကျားပါပဲ ၊ လွယ်လွယ်ရမယ် ပြဿ နာ မတက်ဘူးဆိုရင် ၊ အထာပေးရင် ဆရာလေးတောင် ချမ်းသာပေးတာမဟုတ်ပါဘူး။ ဒါပေသည့် မြန်မာနိုင်ငံမှာတော့ Customary Law ရှိပါတယ် ။ အရှေ့ ရအိမ် အနောက် ရအိမ်သိရင် ၊ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်ပါတယ် ။ ကျောက်စ်တို့ ဘိုးဘေးတွေလည်း ဘယ်တရားရုံးမှာမှ လက်ထပ်ထားတာမဟုတ်ပါဘူး ။ အဲသည်တော့ စားပြီးနားမလည် လုပ်ရင် တရားစွဲလို့ရပါတယ် ။ ဒီဘက်ခေတ်ဆို ပိုတောင်လွယ်သေးတယ် ဧည့်စာရင်းလေးသာပြလိုက် ကားကနဲ ဂိ ပါတယ် ။ အဲတာကြောင့် ချေး (ချီး) သင့်တဲ့ မြန်မာ ယောက်ျားတွေ ရုံးရောက် ဂတ်ရောက် အများကြီးပါ ၊ ဘာတဲ့ ယုံကြည်မှုကို အလွဲသုံး၍ ကာမကို လိမ်လည်မှု တဲ့ ။ ဘယ်နိုင်ငံမှာ အဲသည့်လို တရားစွဲလို့ ရပါသလဲ????? ကိုယ့်လယ်ကိုယ်စိုက် ကိုယ်ဖြစ်ကိုယ်ခံ မုဒိမ်းမှုနဲ့ အသက်မပြည့်တာကလွဲရင် ဆောဒီးပါ ။ မြန်မာနိုင်ငံမှာ မိန်းမလည် သိန်းကြွယ်နဲ့တွေ့လို့ ချီးပုံးထမ်းလိုက်ရတဲ့ မောင်ရင်တွေ တလှေကြီး ။ အဲသည့်လို အကြောင်းကြောင်းတွေကြောင့် တည်ဆောက်လိုက်ရတဲ့ အိမ်ထောင် ၊ ဘယ်လိုလုပ် သာယာပါ့မလဲ…။

    အဲသည့်တော့ ကျောက်စ်နှမများ ဘဝကိုပုံအပ်မယ်ဆိုရင် လူရွေးမမှားဖို့ လိုပါတယ် ။ စားနေကြကြောင်ပါးကို ငါ့တော့ တကယ်ချစ်ရှာတာပါလို့ အထင်တော်ရောက်ရင် ကိုယ် အ ကိုယ်ခံပါ ။ 1 Night Stand ကတော့ ဆွေးနွေးစရာ မရှိပါဘူး ။ ဆိုတော့… အထိုင်မချနိုင်သေးခင် ၊ ဘဝလက်တွဲဖော်အဖြစ် မသေချာသေးခင် အချစ်ပန်းသီး ခိုးစားတာတော့ အားမပေးပါဘူး ။ LT ကတော့ မပြည့်စုံနိုင်သေးခင် နှစ်ဦးဘက်တူ ဘဝတည်ထောင်ကြမယ်လို့ ရည်မှန်းချက်တူရင်တော့ သေသေချာချာစဉ်းစားပြီး အတူနေလို့ရပါကြောင်း… အဲ ဟိုတယ်/တည်းခိုခန်းတွေမှာ မဟုတ်ဘူးနော် ၊ အိမ်ခန်း ငှါးပြီး အတူနေတာကို ပြောတာပါ ။ အဲသည့်လိုနဲ့ သာယာတဲ့အိမ်ထောင်ရေးတည်ဆောက်သွားတာ ဂွဇက်ထဲမှာတင် ရှိပါကြောင်း … (ကျောက်စ်တို့ မဟုတ်ဘူးနော်!!!!)
    😀

  • mgpoe zar

    March 7, 2014 at 8:37 am

    ကိုယ့်ခံယူချက်နဲ့ ကိုယ့်အသွေးအသားတောင်းဆိုတာနဲ့ လုပ်နေကြတာပဲဗျာ။
    ဒီလိုကိတ်စတွေက ဘာနဲ့မှ တားလို့မှမရတာ။ မြန်မာလူငယ်အများစုကလည်း
    ခုဖြစ်နေတာက အားရင် စိတ်လေနေရင် စော်ကို ကျူမယ်၊
    ဘီယာသောက်ဖို့နဲ့ ဟိုတယ်သွားဖို့ အဲ့လောက်ပဲရှိနေတာ။ တခြားလေ့လာတီထွင်တဲ့
    ပညာရေး၊ အားကစား၊ လူမှုရေးဘက်မှာ ထိုက်သင့်တဲ့ အခွင့်အရေး အားပေးမှုမှမရှိတာ။
    ရပ်ကွက်ထဲ အပျင်းပြေကန်စရာ ဘောလုံးကွင်းတောင်မရှိတာကြည့်။
    တကယ်တော့ အစိုးရကြောင့်ဗျ… အစိုးရကြောင့်…
    ခေါင်းဆောင်တွေ ဉာဏ်နိမ့်ရင် ခေတ်က နောက်ကို တစ်ပတ်ပြန်လိမ့်သွားမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 7, 2014 at 9:25 am

    ပြောရရင် အဲ့သည်လစ်ဗင်းတူဂဲသားဆိုတာက အရက်လိုဘဲလားမသိ
    သောက်တတ်ရင်ဆေး မသောက်တတ်ရင်ခွေးလို့ ပြောနိုင်မလားဘဲ
    ကျုပ်မှာ သါမီးတော့မစိဘူး ဒါပေမယ့် သါမက်တော့ဖြစ်ဂျင်ဘါဒယ် ( အိပ်စကျူ့မီ :mrgreen: )

  • weiwei

    March 7, 2014 at 1:31 pm

    အခု မြင်နေ တွေ့နေတာလေးတွေထဲက နဲနဲ နမူနာ ထုတ်ပြောရမယ်ဆိုရင် …
    တက္ကသိုလ်အဆင့် ကျောင်းသူ ကျောင်းသား ဇာတ်လမ်းတွေက တော်တော်အဖြစ်ဆိုးပါတယ် ..

    ကျွန်မက သန်လျင်ဘက်မှာနေတော့ တက္ကသိုလ်တွေသိပ်ပေါတယ် … အထူးသဖြင့် သမတက္ကသိုလ်နဲ့ ရေကြောင်းတက္ကသိုလ်ဆိုရင် နယ်က ကလေးတွေ အဆောင်ငှားနေပြီး ကျောင်းတက်ကြရတယ် … မိဘနဲ့ ဝေးရာမှာ ကိုယ့်တာဝန်ကိုယ်ယူပြီး ရပ်တည်နေကြတာ … အသက်တွေက ၁၆ နှစ်ကနေ ၂၁ နှစ်ကြား လူငယ်တွေ … ရည်စားထားတယ် … ကျောင်းချိန်မှာ တည်းခိုခန်းမှာရှိနေတယ် .. စာကို စိတ်မဝင်စားဘူး .. အိမ်ကနေ ပိုက်ဆံကို နည်းမျိုးစုံနဲ့ တောင်းတယ် .. မိဘတွေက ဘာမှမသိပဲ ပို့ပေးနေကြရတယ် .. ခပ်ဆိုးဆိုးကောင်လေးနဲ့ တွဲမိလို့ မိဘဆီက ၂ ယောက်စာ တောင်းနေကြရတဲ့ ကောင်မလေးတွေလဲရှိတယ် .. ဆိုင်ကယ်ကယ်ရီသမားနဲ့ ကြိုက်နေကြတာတွေ … ဇာတ်လမ်းကတော့ စုံနေတာပဲ …

    ကျောင်းကားဖယ်ရီနဲ့လိုက်လာကြပြီးမှ လမ်းခုလတ်မှာဆင်းပြီး တည်းခိုခန်းမှာ တစ်နေကုန်နေပြီးမှ ကျောင်းလွှတ်ချိန်မှာ ကျောင်းကားဖယ်ရီနဲ့ပဲ အိမ်ကို ပြန်သွားကြတဲ့ ရန်ကုန်ကနေ ကျောင်းလာတက်ကြတဲ့ ကျောင်းသူားစုံတွဲတွေလဲ အများကြီး ..

    အဲဒီလိုတွေထဲမှာ တစ်ချို့ (တစ်ချို့) သာ စာကိုပဲစိတ်ဝင်စားပြီး စာကြိုးစားကြတာ တွေ့ရတယ် ..

    သူတို့တွေရဲ့ အနာဂါတ် ဘယ်လိုဖြစ်ကြမယ် ထင်လဲ ???

    ကျွန်မကတော့ အများဆွေးနွေးနေကြတဲ့ LT ဆိုတာကို ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်တဲ့အရွယ် (ဘွဲ့ရပြီး အလုပ်အကိုင်ရပြီး) မှသာလို့ ကန့်သတ်ချက်တစ်ခုထားလိုက်ချင်ပါတယ် ..

    • ရာမည

      March 7, 2014 at 1:50 pm

      ကျွန်တော်တို့ ငယ်စဉ်ကတော့ အများစုက
      ပဝါတကမ်း လက်တစ်လှမ်းသာသာရယ်
      ယခုတော့
      သုံးချီ စိန်ခေါ်ပွဲတွေ ငါးချီစိန်ခေါ်ပွဲတွေနဲ့
      ပဝါမကူရေမရှူကြေးဖြစ်ကုန်ပြီ
      သဘောမျှနေတုန်းတော့ ငြိမ်နေကြပြီး
      သဘောမမျှတော့မှ ဟိုတိုင်ဒီတိုင် လုပ်ကြပါတယ်ဗျာ
      ဟိုအမှုနဲ့တရားစွဲ ဒီအမှုနဲ့တရားစွဲ
      အစတဲက ကြိုတွေကြပါလားဗျာ
      အဓိက မိန်မငယ်လေးတွေ အသိပညာရှိစေချင်ပါတယ်ခင်ဗျာ
      ကိုယ်ပိုင်လယ်ဆိုပြီး တန်ဖိုးမထားလုပ်ချင်ရာလုပ်လျှင်တော့
      ဖုန်းဆိုးမြေဖြစ်ပြီး မြေဆီခန်းခြောက် ဗွက်ပေါက်သွားပါလိမ့်မယ် ခင်ဗျား

  • Shwe Ei

    March 7, 2014 at 1:44 pm

    ခေတ်ရေစီးကြောင်းရဲ့အပြောင်းအလဲတွေတိုင်းမှာ …တန်ဆာခံဖြစ်ကြရတဲ့ ပညာနည်းသူ မသိနားမလည်သူ လူမမယ်အရွယ်လေးတွေအတွက် အမှန်တကယ်တာဝန်ရှိတာကတော့ ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို သိသာမြင်သာအောင် ပြောမပြဘဲ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုတဲ့ စကားလုံးကြီးနဲ့ မျက်စိပိတ်နားပိတ်ဖြစ်အောင် လုပ်ထားကြတဲ့ လူကြီးးးမိဘ ဆရာသမားများသာဖြစ်ပါကြောင်း… (အချွန်နဲ့မသည်ဟုမထင်စေလိုဘာ) :mrgreen:

    သာမီးတို့ကတော့ အသက်ပြည့်တဲ့ လယ်ဗယ်ကို အတော်လေးကျော်နေဘီဆိုတော့ကာ….ဘို..ကျား..သနတ်…ကိုကျိုက်တာကိုလုပ် (ကိုဖြစ်ကိုခံ) 😀

  • padonmar

    March 8, 2014 at 1:02 am

    ကထူးဆန်းပို့စ်ကို တခေါက်ထပ်ရောက်ပြန်ပြီ၊
    သူက လူစီထူးဆန်းဖြစ်နေတာကိုး။
    ကျမတို့အိမ်မှာ ရှေးရှေးကတည်းက သုံးလာတဲ့ သံရေဘူးတခုရှိတယ်၊(စစ်သားတွေ သုံးတာမျိုးလေ)
    သူက တော်ရုံအပူအအေးဒဏ်ခံနိုင်တယ်။မကွဲမပြဲဘူး။
    ဒါပေမယ့် ကာလကြာလာတာရော၊သုံးသူတွေ မရိုသေတာရောကြောင့် အောက်ဒေါင့်မှာ သံချေးတက်ပြီးပေါက်သွားတယ်။အဖုံးကလည်း ကွဲနေတယ်။
    ရေထည့်ရင် အောက်ကိုလည်းယိုတယ်။အောက်ကအပေါက်ကို မယိုအောင် ဇောက်ထိုးထားတော့လည်း အဖုံးကယိုနေတယ်။
    အဲတာကို သဂျီးရယ်၊မျှစ်ကြော်ရယ်၊အဘဖေါရယ်က ပလပ်စတစ်ရေဗူးလေး လှလည်းလှ ၊လုံလည်းလုံ၊သယ်လို့လည်းလွယ်၊ဈေးလည်းပေါ ဆိုပြီး သုံးစေချင်ကြတယ်။
    ကိုစံလှကြီး၊ကိုရာမည၊မာမားတို့က ပလပ်စတစ်ရေဗူးသည် ကျန်းမာရေးနဲ့မညီညွတ်၊နေပူထဲအထားမခံ၊ပြုတ်ကျရင်ကွဲလွယ်တယ် ဆိုပြီး သံရေဗူးဟောင်းပဲသုံးစေချင်ကြတယ်။
    ဟိုဖက်ကကြည့်တော့လည်း လက်ဖဝါး၊ဒီဖက်ကကြည့်တော့လည်း လက်ဖမိုး။
    ကျမလား……ကြားနေပြီး သံရေဗူးပေါက်ကို အိုးဖာတိပ်နဲ့ ဖာ၊အဖုံးကွဲကို ပလပ်စတစ်ဖုံးနဲ့ လဲ ပြီး သုံးကြည့်ဖို့ကြံနေတယ်။
    ခဏတော့ ရေလုံလုံနဲ့ အသုံးခံမယ်ထင်ပါရဲ့။
    (မလတ်များရှိရင် ဘာပြောမလဲ သိချင်လိုက်တာ၊ရွာလည်း အခုမှ ငြင်းခုန်ခြင်းအနုပညာနဲ့ လှလာတယ်။စိတ်မဆိုးကြေး)

Leave a Reply