အရောင်ရင့်မှတ်တမ်း မတ်လ ၂၀၁၄

kaiMarch 3, 20141min42243

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးဖောက်လုပ်ရန် ဒေါ်လာနှစ်ဘီလျံ အတိုးဖြင့်ချေးမည်ဟု တရုတ်က မက်လုံးပေး ကမ်းလှမ်း၊ ဦးစားပေး ဖောက်လုပ်မည့် လမ်းပိုင်းများကိုပင် တရုတ်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ သဘောတူသတ်မှတ်ပြီး ဖြစ်ကြောင်းသိရ..

=

Ellen DeGeneres tweeted this pic on twitter and people has been retweeted almost two millions around the world now. This pic proved that they all are down to earth people as same as like their fans despite of their global fames. Good for them for their publicity.

43 comments

  • မဟာရာဇာ အံစာတုံး

    March 3, 2014 at 2:31 pm

    https://1.bp.blogspot.com/-45bISQbXCJc/UxPdzi6bJMI/AAAAAAAAxE0/Jfet2fmeLK8/s1600/1908251_10152342604130864_1395059972_n.jpg

    မြန်မာပြည်၏ မတ်လ အစသည်ကား ထူးဆန်းအံ့ဖွယ် သတင်းတစ်ပုဒ်ဖြင့် ဆီးကြို၍ နေခဲ့သည်။
    ထိုသတင်းကား ကျား-ကျားချင်း (လိင်တူချင်း) လူသိရှင်ကြား လက်ထပ်ပွဲ ကျင်းပခဲ့သော သတင်း ဖြစ်သည်။
    Excel Treasure ဟိုတယ်မှာ မတ်လ ၁ ရက်နေ့က ခမ်းနားစွာ မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
    သတင်း အပြည့်အစုံအား အောက်ပါ လင်ခ်တွင် သွားရောက်၍ ဖတ်ရှုနိုင်ပါသည်။

    http://blog.irrawaddy.org/2014/03/blog-post_7141.html

    • kai

      March 3, 2014 at 2:50 pm

      ယူအက်စ်မှာ.. ပြည်နယ်တော်တော်များများက.. လိင်တူလက်ထပ်တာ.. ဥပဒေအရခွင့်မပြုသေးဘူး..
      မြန်မာပြည်မှာလည်း.. လိင်တူလက်ထပ်တာဥပဒေအရတရားဝင်မယ်မထင်ပါဘူး..။

      ဥပဒေအရတရားမဝင်တော့လည်း.. ဘာဖြစ်သလည်းကွလို့ဆိုလို့မရ..
      အမွေကိစ္စ…။ ပိုင်ဆိုင်ခွင့်..။ အာမခံ၊ အမြတ်ခွန်ကိစ္စေ စသဖြင့်တွေမှာ.. ပြသနာတက်ကုန်မှာဖြစ်ပါတယ်..
      မြန်မာအစိုးရက.. လူသိရှင်ကြား ထုတ်ပြန်တာမျိုးနဲ့.. ရှင်းပြတာလုပ်သင့်ကြောင်း..။

      • ဦးကျောက်ခဲ

        March 3, 2014 at 4:12 pm

        မြန်တျန့်ပြည်မှာ အဲသည့် ဂေးအခွင့်အရေးဆိုပြီး…
        ဖွပေး ဆွယ်ယူ ရိုက်စားတွေရှိပါကြောင်း…
        အခုကိစ္စကလည်း နောက်ကွယ်ကနေ လှော်ပေးသူများ ရှိပါကြောင်း…
        ဒီဂွဇက်ထဲမှာတင် ဂေးမားးးးမားးဂျီးများ ရှိနေပါဂျောင်း … ဟီ ဟိ
        😀

    • အဘရဟူဒီ

      March 7, 2014 at 5:31 am

      လက်ထပ်တာမှုတ်ဖူး တဲ့…
      ၁ဝနှစ်ပြည့် နှစ်ပါတ်လည် တဲ့ခည ….
      သေဟဲ့ နိန္ဒိယ…

  • ဦးကျောက်ခဲ

    March 3, 2014 at 4:20 pm

    ပြောလို့မှ မဆုံးသေးဘူး … AFP နဲ့ ဘန်ကောက်ပို့စ်ကို ရောက်သွားပြီ…
    ကမ႓ာပါတ်ပြီး ၆ကျပ်ခွဲလို့ အားမရသေးဘူး ၊ အတော် ကျက်သရေတုံးတဲ့ အ၆မဂျီး …
    http://bangkokpost.com/breakingnews/397965/myanmar-couple-in-first-gay-wedding
    🙁

  • Ma Ma

    March 3, 2014 at 5:50 pm

    ကိုယ်ဆွေမျိုးသားချင်းထဲကများဖြစ်နေရင် သူတို့တွေဘယ်လိုမျက်နှာတွေနဲ့ နေမယ်မသိပေမယ့် ……
    ကိုယ်ကတော့ လိပ်လို အခွံထဲ ဝင်ပုန်းနေရမယ်ထင်တယ်။
    ဒီပွဲကို ဖြစ်မြောက်အောင် အားပေးအားမြှောက်ပြုကြ၊ တက်ရောက်ချီးမြှင့်ကြတာတွေကိုလည်းအံ့ဩမိပါရဲ့။ 🙁

  • ဦးဦးပါလေရာ

    March 4, 2014 at 12:46 pm

    ကမ်းတက်လာတဲ့ နောက်ထပ် ခြေတစ်လှမ်းလို့ မြင်ပါတယ်…
    မိမိရဲ့ လွတ်လပ်ခွင့်ကို မိမိရဲ့ မိဘ မောင်ဖွား အဆွေအမျိုးများရဲ့ ရာသက်ပန်အရှက်ကွဲမှု့ နဲ့ လဲယူနိုင်ရက်တဲ့ သူငယ်တွေပဲ ……

    ကျုပ်သာဆိုရင် ……
    ကျုပ်ရဲ့ မိဘ မောင်ဖွား ဆွေမျိုးသားချင်းများ ရာသက်ပန်အရှက်ရမယ့်ကိစ္စတစ်ခုကို မလုပ်ရလို့သေရမယ်ဆိုရင်တောင်
    ကျုပ်ပဲ အသေခံမယ်….

    • kai

      March 5, 2014 at 2:06 am

      အဲဒီသတင်းရဲ့ ဆိုလိုရင်းကတော့.. သင့်သွေးကိုစစ်ကြည့်ယုံနဲ့..နောက်၅နှစ်အတွင်း သေ/မသေ ကြိုသိနိုင်တယ်လို့ပါပဲ..။
      သေမဲ့နေ့ကြိုသိနေတော့.. ဘာတွေလုပ်ကြ/ဖြစ်ကြမလည်းက… စိတ်ဝင်စားစရာ..။

    • Mr. MarGa

      March 6, 2014 at 10:41 am

      ငါးနှစ်အတွင်း သေ၊မသေ ဆိုတော့
      ငါးနှစ်အထက်ကို ခန့်မှန်းလို့မရဘူးပေါ့
      နောက်ငါးနှစ်မှာ မှန်မမှန် သိရမှာဖြစ်ကြောင်း…

  • မင်း ခန့် ကျော်

    March 4, 2014 at 7:07 pm

    ကျောက်ဖြူ – ရွှေလီ လမ်းပိုင်းချေးငွေကအတိုးကဘယ်လောက်

    ဖြစ်နိုင်မယ်ထင်လဲဗျ။ အတိုးအပြင်ဘာပါနိုင်သေးသလဲဗျ။

  • မဟာရာဇာ အံစာတုံး

    March 5, 2014 at 11:18 am

    အခြားအခြားသော နိုင်ငံတွေရဲ့ လွှတ်တော် အစည်းအဝေးတွေမှာ တက်ရောက်ရတဲ့ ကိုယ်စားလှယ်တွေ မည်ရွှေ့မည်မျှ တက်ရောက်ရန်ပျက်ကွက်ခြင်း ရှိတယ်ဆိုတာ မသိပါဘူး။ မည်ရွှေ့မည်မျှ တက်ရောက်ပျက်ကွက်ခွင့် ရှိသလဲဆိုတာကိုလည်း မသိပါဘူး။ ဒါပေသိ … မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ဖြင့် ကိုယ်စားလှယ်ပေါင်း ၂၀ဝ နီးပါးအထိ တက်ရောက်ရန် ပျက်ကွက်နေလို့ လွှတ်တော်နာယက ကနေ သတိပေးရသည်အထိ ဖြစ်လို့နေပါတယ်။

    သတင်းအစုံအလင်ကို အောက်ပါလင့်ခ်တွင် သွားရောက် ဖတ်ရှုနိုင်ပါတယ်။

    http://news-eleven.com/politic/%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%9A%E1%80%B9-%E1%81%82%E1%81%80%E1%81%80-%E1%80%94%E1%80%AE%E1%80%B8%E1%80%95%E1%80%AB%E1%80%B8-%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%80%E1%80%B9%E1%80%9E%E1%80%BB%E1%80%96%E1%80%84%E1%80%B7%E1%80%B9-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AF%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%94%E1%80%AC%E1%80%9A%E1%80%80-%E1%80%91%E1%80%95%E1%80%B9%E1%80%99%E1%80%B6%E1%80%9E%E1%80%90%E1%80%AD%E1%80%B1%E1%80%95%E1%80%B8

    အော် … Eleven Media Group ရဲ့ ဝက်ဘ်ဆိုက် ကလည်း လင့်ခ်ကို ဘယ်လိုကြီး လုပ်ထားတယ် မသိဘူး။ အမလေး .. ရှည်လျားလိုက်တာနော် ….။ စိတ်ပျက်စရာပ ….။

    • kai

      March 5, 2014 at 2:13 pm

      တခြားထူးခြားတဲ့အလုပ်တာဝန်မရှိ..မပြနိုင်ပဲပျက်ကွက်တဲ့ အမတ်တွေကို.. ၂၀၁၅ရွေးကောက်ပွဲမှာ.. ပြိုင်ဖက်အမတ်လောင်းကစာရင်းလုပ်ထားပြီး.. ဖြုတ်ချနိုင်ပါတယ်..။
      ကြားထဲမှာလည်း.. အယုံအကြည်မရှိတင်ပြီး ဖြုတ်ချနိုင်မလားပါပဲ..

      ဒီချုပ်က.. စာရင်းလုပ်ပြီး.. လုပ်သင့်ကြောင်း..

  • kai

    March 5, 2014 at 2:07 pm

    “ ဒေါသနဲ့ဥပေက္ခာ ”

    ‘ဥပေက္ခာ’ ဆိုတဲ့ စကားလုံးကို ‘လျစ်လျူရှုခြင်း’
    လို့ပဲ မြန်မာပြန်ခဲ့ကြတော့ လူတယောက်ကို
    ဥပေက္ခာပြုတယ်ဆိုတာ အဲဒီလူအကြောင်း
    ကောင်းကောင်း, ဆိုးဆိုးဘာမှ မစဉ်းစားတော့တာ၊
    အဲဒီလူရဲ့ ကောင်းကျိုး, ဆိုးကျိုးအတွက် ဘာမှ
    လုပ်မပေးတော့တာ၊ အဲဒီလူနဲ့ ဘာအကြောင်း
    ကိစ္စရှိရှိ လုံးဝ မပတ်သက်တော့တာလို့ထင်မြင်
    ယူဆခဲ့မိပါတယ်။

    ဘုရားဟော ပိဋကတ်စာပေတွေ လေ့လာရတော့မှ
    ဟိုလူနဲ့ မပတ်သက်ချင်၊ ဒီလူနဲ့မပတ်သက်ချင်၊
    ဟိုလူနဲ့ အဆက်ဖြတ်၊ ဒီလူနဲ့ အဆက်ဖြတ်၊
    ဟိုလူ့အကျိုးလည်းဆောင်ရွက်မပေး၊ ဒီလူ့အကျိုးလည်း
    ဆောင်ရွက်မပေးဆိုတာတွေဟာ ‘ဥပေက္ခာ
    မဟုတ်ဘူး၊ ဒေါသ’ ဆိုတာ သိလာရပါတယ်။

    မြန်မာ့လူမှုနယ်ပယ်မှာ သုံးနှုန်းနေကျမို့ ဥပေက္ခာလို့
    သုံးနှုံန်းချင်သပဆိုရင်လည်း အဲဒီ ဂရုမစိုက်တဲ့
    ဥပေက္ခာဟာ ‘ဒေါသဥပေက္ခာ’ ပါ။

    ‘ဒေါသဥပေက္ခာ’ ဆိုတဲ့ ‘ဥပေက္ခာအဝန်းအဝိုင်း’ထဲမှာ
    လည်ပတ်လှုပ်ရှားနေတဲ့သူ ဟာ မြင့်မြတ်တဲ့သူ
    မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒေါသဥပေက္ခာဟာ
    ‘မြင့်မြတ်သော ဥပေက္ခာ’ မဟုတ်လို့ပါပဲ။

  • kai

    March 5, 2014 at 5:41 pm

    တောင်ဥက္ကလာပမြို့နေ(ဦးသောင်းထွန်း+ဒေါ်ဝင်းကြည်) တို့၏သား
    ကိုကိုကြီး (၈၈မျိုးဆက်ခေါင်းဆောင်)

    နှင့်

    ကလေးမြို့နေ
    (ဒေါက်တာသိန်းဝင်း၊၁၉၉ဝခုနှစ်ရွေးကောက်ခံ NLD ကိုယ်စားလှယ်)+
    ဒေါ်ကြည်ကြည်မြင့်တို့၏ သမီးထွေး
    မခင်သူသူဝင်း(ခေါ်)ဘုတ်လေး

    တို့၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို ၂ဝ၁၄ခုနှစ်၊ မတ်လ၊ ၅ရက်နေ့
    နံနက် ၉း၁၅နာရီတွင်ရန်ကုန်မြို့၊ တရားရုံးချုပ်၌ တိုင်းတရားလွှတ်တော်
    တရားသူကြီး ဦးမျိုးမြင့်၏ ရှေ့မှောက်တွင် နှစ်ဦးသဘောတူ
    မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါကြောင်း …

  • pooch

    March 6, 2014 at 4:59 pm

    သတို့သမီးကချောချောလေး။ ယုံကြည်ချက်တူလို့ သာ လက်တွဲနိုင်တာ။ နိုင်ငံရေးသမားကို လက်ထပ်ဖို့ဆိုတာ အတော်မလွယ်တာ။ သာမာန်ချမ်းမြေ့တဲ့ အိမ်ထောင်မျိုးရဖို့ သိပ်မျှော်လင့်လို့ မရဘူး။
    ချီးကျူးတယ်သတို့သမီးကို ။

    • အဘရဟူဒီ

      March 6, 2014 at 5:16 pm

      သေဗီမှတ်နေတာ.
      သေသေးဖူးကိုးးး.

      ဒုက္ခ
      သာဓု

      :hee:

    • kai

      March 7, 2014 at 1:56 am

      အမှတ်မမှားရင်.. အဲ့တယောက်ဆန်ဖရန်မှာနေသွားသဗျ…။ ဒီဗီမဲပေါက်ရောက်လာတယ်လို့ပြောကြတာ..။
      သူတို့အချစ်ဇတ်လမ်းရှည်ကြာပါတယ်..။

      သာမန်အားဖြင့် မင်္ဂလာဆောင်ကြေငြာတွေမှာ..လူနာမယ်ကိုကွင်းခတ်ထားရင်.. အဲဒီကွင်းထဲကလူဟာ ကွယ်လွန်သူဖြစ်တာမို့.. သတင်းထုံးတမ်းအရဆို.. ကိုကိုကြီးမှာမိဘမရှိတော့ပါ.။ သတို့သမီးမှာအဖေမရှိတော့ပါ..။

      အင်း..
      မြန်မာပြည်မှာ.. သားသမီးကိစ္စ..မိဘတွေဝင်စွက်ဖက်လွန်းနေတာကို.. မှန်ကန်နေတယ်..။ ရိုးရာဖြစ်တယ်..။ ယဉ်ကျေးတယ်..ထင်ကြတဲ့အမြင်လည်း.. လျှော့သင့်ပြီထင်တာပဲ.။
      မယ်ပုရောဘယ်လိုထင်ပါလိမ့်..။ :mrgreen:

    • Foreign Resident

      March 7, 2014 at 2:41 am

      အဟိ ၊ သူများတွေ မယ်ပု ကို ဝိုင်း နှုတ်ဆက်နေကြတော့ ၊
      အဘ လည်း ခေတ်မှီသွားအောင် ဝင်နှုတ်ဆက်ဦးမှ ။ ဟီ ဟိ ။

      ” ဟဲလို ၊ နှုတ်ဆက်ပါတယ် ၊ မယ် ပုရှ် “

  • Ma Ma

    March 6, 2014 at 5:05 pm

    ဝမ်းသာစရာမင်္ဂလာသတင်းပါပဲ။
    မယ်ပုပြောသလို နိုင်ငံရေးသမားကို လက်ထပ်ရဲတဲ့ သတို့သမီးကို ချီးကျူးပါတယ်။
    တရားရုံးမှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးတယ်လို့ ဆိုတော့ နှစ်ဖက်မိဘမရှိလို့လား။
    ဓာတ်ပုံထဲမှာလည်း နှစ်ဖက်မိဘလူကြီးတွေ မတွေ့တော့ သဘောမတူလို့များလား။
    ဒီအသက်ဒီအရွယ်မို့ ဒီစကားသုံးတာလားလို့ တွေးမိတယ်။ 😕

    ပျောက်နေတာကြာပြီဖြစ်တဲ့မယ်ပုပြန်ပေါ်လာတာကိုလည်း ဝမ်းသာတယ်။ 🙂

  • ဦးကိုကိုကြီးကတော့ မိဘတွေကွယ်လွန်သွားပြီလို့ စာပေဟောပြောပွဲတစ်ခုမှာ ပြောဖူးတယ်.. နှစ်ဦးသဘောတူဆိုတာ စကားလုံးအရ သုံးထားတာ ဖြစ်မှာပါ.. သဘောမတူလို့တော့ မဖြစ်နိုင်ဘူးထင်တယ်.. 🙂

    အစ်မပုကိုတွေ့လို့ ဝင်လာတာ.. :mrgreen:

  • alinsett (gazette)

    March 6, 2014 at 9:20 pm

    မက်လုံးပေးရင်တော့..
    ဓါတ်လုံးကျွေးသလို..ခံစားကြမည်မှာ..မလွဲ….
    ဟဲဟဲ….

  • padonmar

    March 7, 2014 at 12:10 am

    မယ်ပုကို ဝင်နှုတ်ဆက်တာ။

    • kai

      March 7, 2014 at 5:03 am

      အဲဒီအပေါ်ကစာကိုဖတ်တာနဲ့တင်.. ကိုမိုးသီးဘာဆိုလိုမှန်း သိသာပါတယ်..။
      ဒါကို ခေါင်းစဉ်ကြီးနဲ့ ဂျာနယ်ကလုပ်စားလိုက်တော့.. ဖေ့ဘုတ်မှာမြန်မာတွေ.. ဆဲကုန်ရော..။
      ဆိုတော့…
      မြန်မာ့ပညာရေးဟာ.. အင်္ဂလိပ်ကိုလိုနီမပြုခင်က (အဲဒီခေတ်မှာ) အဆင့်အတန်းမြင့်ပါတယ်..။
      ဘုန်းတော်ကြီးပညာရေးစနစ်ပဲဆိုပါစို့..။ ကလေးစာဖတ်နိုင်ချိန်ရောက်တာနဲ့..ဘုန်းကြီးကျောင်းတန်းပို့ကြတယ်လေ..။
      အမှတ်မမှားရင်..(အဲဒီခေတ်) စာတတ်မြောက်မှုနှုန်းက.. အင်္ဂလန်ထက်တောင်မြင့်တယ်လို့ ဖတ်ဖူးတယ်..။

      နောက်တော့.. ခေတ်ကြီးလည်းပြောင်း.. စနစ်တွေလည်းပြောင်း.. အသိဉာဏ်တွေလည်းမြင့်.. လူနေမှုတွေလည်းတင့်…
      ဒီလိုခေတ်မှာ.. မြန်မာ့ပညာရေးစနစ်ကိုပြင်ရမှာက.. အထူးလိုအပ်ပါတယ်..။
      အခြေခံကျကျဆိုရရင်..ထေရဝါဒကစပြင်ရမှာပါ..။
      ဆိုတော့..
      ဘုန်းတော်ကြီးတွေကို.. လောကီရေး..သိပ္ပံ..သချင်္ာ..အိုင်တီတွေပါသင်ပေးတဲ့.. ဆရာဖြစ်သင်တန်းကျောင်းတွေနဲ့.. နိုင်ငံတော်ကနေ.. စနစ်တကျလေ့ကျင့်ပေးသင့်လှတယ်..။
      အင်အား၅သိန်းလောက်ကြီးဟာ.. မြန်မာ့လူနေမှုစနစ်နဲ့ပညာရေးအတွက်အင်မတန်လိုအပ်နေတဲ့.. ဆရာကောင်းများအဖြစ်ပြောင်းသွားနိုင်ခဲ့ရင်.. မြန်မာပြည်”သားရွှေအိုးထမ်းကိန်း”ဆိုက်သွားမှာပါ..။ :kwi:

      စကားချပ်။ ။ ကျုပ်ကတော့.. ဗုဒ္ဓဘာသာလို့မပြောထားကြောင်း..။ ထေရဝါဒဖြစ်ပါကြောင်း..။

      • အဘရဟူဒီ

        March 7, 2014 at 5:34 am

        ပြာလေး ကို ဘာပြောလို့တုန်း ပြာလေးရယ်…
        ပြာလေး ကလည်း စိတ်ဂျီးဗဲ …..

        :hee:

  • kai

    March 11, 2014 at 8:23 am

    ဖေ့စ်ဘုတ်ကပင့်လာတာဖြစ်ပါကြောင်း..။

    တစ်လင်တစ်မယားဥပဒေအကြောင်း ကြားရတော့ ဖြေထားတဲ့ စာမေးပွဲက စာလေးတွေ ထွက်လာတယ်။

    အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပြီးတဲ့နောက်မှာ သူတို့ရဲ့ ဥပဒေကို မြန်မာပြည်ကို ယူလာခဲ့တယ်။ ဒါပေမယ့် ယဉ်ကျေးမှုသိပ်ကွာတဲ့အတွက် သူတို့ရဲ့ ဥပဒေတွေက အရာရာအတွက် အဖြေမဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ကြတယ်တဲ့။ ဒါနဲ့ပဲ မြန်မာတွေရဲ့ တရားစီရင်ရေးစနစ်ကို မြန်မာဝန်ကြီးတွေ ပညာရှိတွေကို မေးပြီး လေ့လာကြတယ်။ အဲဒီလိုလေ့လာရာမှာ ဓမ္မသတ် ၁၇၅ စောင်ကို လေ့လာခဲ့တယ်။ အဲဒီထဲမယ် မနုကျယ်ဓမ္မသတ်က ထင်ရှားတယ်။ နောက်ပြီး ကင်းဝန်မင်းကြီးဦးကောင်းရဲ့ မြန်မာဗုဒ္ဓဘာသာ ဥ့ပဒေစီရင်ထုံးပေါင်းချုပ်ကလည်း ထင်ရှားတယ်။

    မြန်မာတွေရဲ့ ထူးခြားချက်ကို ရှေးစကားမှာ ဒီလိုတွေ့ရတယ်။ ဓမ္မသတ်ကို ရာဇသတ်က ချုပ်သည်။ ရာဇသတ်ကို ကတိက ချုပ်သည် တဲ့။ ဓမ္မသတ်က မည်သို့ပင်ဆိုစေ ဘုရင့်လွှတ်တော်က ထုတ်ပြန်ထားတဲ့ ဘုရင့်အမိန့်တော်ဥပဒေဖြစ်တဲ့ ရာဇသတ်က လွှမ်းမိုးပြင်ဆင်နိုင်တယ်။ ဒီလိုပဲ ဘုရင့် ရာဇသတ်က ဘယ်လိုပဲဆိုစေ အရပ်ထဲမှာ အချင်းချင်း သဘောမျှရုံနဲ့လည်း အဆင်ပြေရင် လွှမ်းမိုးလို့ရပြန်သတဲ့။ နားလည်မှုဆိုတဲ့ မြန်မာစကားက အလကားပေါ်လာတာမှ မဟုတ်တာကလား။ သမိုင်းနဲ့ကို ချီပြီး နားလည်ခဲ့ကြတဲ့ မြန်မာတွေပေါ့။

    အဲလိုနဲ့ အင်္ဂလိပ်တွေက Burma Laws Act ဆိုတာကို ၁၈၉၈ မှာ ပြဌာန်းခဲ့တယ်လို့ ဆိုပါတယ်။ Buddhist Law လို့လည်း သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဥပဒေပညာရှင်တွေက မြန်မာအားလုံးရဲ့ ဓလေ့ထုံးတမ်းတွေကို အခြေခံထားတဲ့ ဥပဒေဖြစ်တယ်။ ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် မဟုတ်ဘူးလို့ ဆိုခဲ့ကြရာက ၁၉၆၈ မှာ ဥပဒေပညာရှင် ဦးမြစိန်က မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသာ ဖြစ်သင့်တယ်လို့ သူ့ရဲ့ Myanmar Customary Law စာအုပ်မှာ ရေးသားခဲ့ပါတယ်။

    ဒီဥပဒေကို ပိုမိုရှင်းလင်းတိကျအောင် အက်ဥပဒေနှစ်ခုကို ထပ်ပြီး ဖြည့်စွက် ပြဌာန်းခဲ့ကြပါသေးတယ်။
    (၁) ကိတ္တိမသားသမီးမွေးစားခြင်းမှတ်ပုံတင်ဥပဒေ(၁၉၃၉)
    (၂)ဗုဒ္ဓဘာသာမိန်းမများအထူး ထိမ်းမြားရေးနှင့် အမွေဆက်ခံမှုအက်ဥပဒေ (၁၉၄၀၊ ၁၉၅၄) တို့ဖြစ်ပါတယ်။

    မြန်မာ့ဓလေ့ထုံးတမ်းအရ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ထပ် ပိုယူခွင့်ကို အသိအမှတ်ပြုထားပါတယ်။ မိန်းမတစ်ယောက်ကတော့ ယောက်ျားတစ်ယောက်ထက် ပိုယူခွင့်မရှိပါဘူး။ ယူခဲ့ရင် နောက်ယောက်ျား(လင်ငယ်)ကို မယားခိုးမှုနဲ့ အရေးယူလို့ရပါတယ်။ ဒါပေမယ့် ဖောက်ပြန်တဲ့မိန်းမကိုတော့ အားပေးကူညီသူအဖြစ် အရေးယူလိုု့မရပါဘူး။ မူလယောက်ျား(လင်ကြီး)က ကြီးစွာသောရက်စက်မှုအဖြစ် တရားရုံးမှာ သက်သေထွက်ဆိုပြီး ကွာရှင်းခွင့်တောင်းလို့ပဲ ရပါတယ်။

    အဲဒီဥပဒေတွေမှာ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ဘယ်လောက်တောင် ကာကွယ်ပေးထားသလဲဆိုရင်၊ အခြားတည်ဆဲ ဥပဒေများ၊ ဥပဒေကဲ့သို့ အာဏာရှိသော ဓလေ့ထုံးတမ်းများနှင့် မည်သို့ပင် ဆန့်ကျင်စေကာမူ၊ ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင်မဟုတ်သော လင်ယောက်ျားတိုင်းအပေါ်တွင် အာဏာသက်ရောက်ရမည် လို့ကို ဆိုထားပါတယ်။ ဘယ်ဘာသာရဲ့ ဥပဒေကမှ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေရဲ့ လက်ထပ်ထိမ်းမြားခြင်းနဲ့ အမွေဆက်ခံခြင်းကို စွက်ဖက် ကန့်သတ်လို့မရပါဘူး။

    အထင်ရှားဆုံးကတော့ ဒေါ်ကြည်ကြည်နဲ့ မစ္စ(စ်) မေရီဝိန်တို့ရဲ့ အမှုပဲဖြစ်ပါတယ်။ ဦးထင်ဝိန်နှင့် မစ္စ(စ်)မေရီဝိန်တို့ဟာ ခရစ်ယာန်တွေဖြစ်ပြီး ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေနဲ့အညီ လက်ထပ်ခဲ့ကြတယ်။ နောက်တော့ ဦးထင်ဝိန်က ဒေါ်ကြည်ကြည်ကို ထပ်ယူတယ်။ ဦးထင်ဝိန်သေတော့ ဒေါ်ကြည်ကြည်က သူဟာလည်း တရားဝင်မယားဖြစ်ကြောင်းနှင့် အမွေရလိုကြောင်း တရားစွဲဆိုပါတယ်။ မစ္စ(စ်)ဝိန်ကတော့ သူတို့လင်မယားဟာ ခရစ်ယာန်ဥပဒေအရ တစ်လင်တစ်မယားသာ ရှိတာမို့ ဒေါ်ကြည်ကြည်မှာ တရားဝင်မယားမဟုတ်ပါ။ အမွေမရထိုက်ပါလို့ ကန့်ကွက်ပါတယ်။

    မူလရုံးက ၁၉၅၄ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ လက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံရေးဥပဒေအရ ဒေါ်ကြည်ကြည်တို့ဟာ တရားဝင်လင်မယားအရာမြောက်တယ်။ ဒါကြောင့် ဦးထင်ဝိန်က သေတမ်းစာထဲမှာ မစ္စ(စ်)ဝိန်ကိုပဲ အမွေတွေပေးခဲ့တာဟာ ပျက်ပြယ်တယ်။ ဒေါ်ကြည်ကြည်အမွေရထိုက်တယ်လို့ ဆုံးဖြတ်ပါတယ်။

    ဒါကို မကျေနပ်လို့ မစ္စ(စ်)ဝိန်က အယူခံဝင်ပါတယ်။ ပထမအယူခံရုံးက ဒေါ်ကြည်ကြည်ဟာ တရားဝင် မယားဖြစ်ကြောင်း အသိအမှတ်ပြုသော်လည်း မယားငယ် အဆင့်သာရှိ၍ အမွေ ငါးပုံနှစ်ပုံသာ ရထိုက်တယ်လို့ ဆုံးဖြတ်ပါတယ်။

    ဒေါ်ကြည်ကြည်က သူ့ကို မယားငယ်လို့ ခေါ်တာကို မကျေနပ်သလို၊ မစ္စ(စ်)ဝိန်ကလည်း အမွေခွဲပေးရမယ်ဆိုတာကို မကျေနပ်ပါ။ ဒါနဲ့ နှစ်ဦးစလုံးက အယူခံတက်ကြတဲ့အတွက် နိုင်ငံတော်တရားသူကြီးချုပ်ဦးဆောင်တဲ့ စုံညီခုံရုံးကို ရောက်ပါတယ်။

    စုံညီခုံရုံးက အထူးအက်ဥပဒေဟာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို မယားငယ်များဖြစ်အောင် ပြဌာန်းထားသည်မဟုတ်။ ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားများ၏ အငယ်အနှောင်းသဖွယ် (သို့) ရှေ့ဓမ္မသတ်အဆို ပြောင်ကျွန်မသဖွယ် နေရသော ဗုဒ္ဓဘာသာအမျိုးသမီးများအား ယင်းဘဝမှ လွတ်မြောက်၍ တရားဝင်မယားအဖြစ်သို့ ရောက်စေအောင် ပို့ဆောင်ပေးခြင်းဖြစ်သည်။ ယင်းသို့ ပို့ဆောင်ရာတွင် အခြားဓလေ့ထုံးတမ်း ဥပဒေများ အခြားဥပဒေများက မည်သို့ပင် ဆိုစေကာမူ ဖော်ပြသည့်နည်းအတိုင်း ပေါင်းဖက်နေထိုင်ကြလျှင် တရားဝင်ထိမ်းမြားပြီးဖြစ်သည်ဟု မှတ်ယူရမည်။ အမွေဆက်ခံခွင့် စသည့်အခွင့်အရေးများကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ရရှိစေရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်လို့ ဆိုပါတယ်။

    တရားဝင်မယားသည် မယားငယ် မဟုတ်နိုင်ချေ။ မယားပြိုင်အဖြစ် တန်းတူရည်တူ လင့်အမွေခံယူထိုက်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီလောက်ရှင်းတဲ့ ဥပဒေတွေ ရှိနေပါလျက်နဲ့ ဘယ်လိုတွေများ ပြင်ဆင်ချင်ကြသလဲ နားမလည်နိုင်တော့ပါ။ တကယ်လို့များ တစ်လင်တစ်မယားဥပဒေကို ပြဌာန်းလိုက်တယ် ဆိုပါစို့။ ထပ်ယူရင် ဘာလုပ်မှာလဲ။ ထပ်ယူတာကို ဘယ်လို တားဆီးမှာလဲ။ (ကတ်ကြေးဖြင့်ကိုက်စေလို့ ဥပဒေထဲမှာ ထည့်ရေးမှာလား)

    ပထမ မယားကသာ တရားဝင်ဖြစ်တယ်လို့ ဆိုခဲ့ရင် နောက်ထပ် အယူခံရတဲ့ မြန်မာမိန်းကလေးတွေအားလုံးဟာ အငယ်အနှောင်းတွေဖြစ်ပြီး အမွေဆက်ခံခွင့်မရတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဘယ်သူတွေ နစ်နာမှာလဲကို ကြိုတင် စဉ်းစားကြဖိုု့ ကောင်းပါတယ်။

    မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေဟာ ဘယ်ဘာသာဝင်နဲ့ပဲ လက်ထပ်ပါစေ အငယ်အနှောင်းမဖြစ်ဘူး။ အမွေဆက်ခံခွင့်ကို ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအတိုင်းသာ ဖြစ်တယ်ဆိုတာထက် ပိုသေချာတဲ့ အာမခံချက် ရှိမယ်လို့ ကျွန်တော် မယုံကြည်ပါ။

    မယူနဲ့ဆိုတာ စကားအဖြစ်သာ ပြောလို့ရပါတယ်။ ဥပဒေထုတ်လည်း ထုတ် ထုတ်ပါပဲ။ ငွေကြောင့်ပဲဖြစ်စေ၊ စားဝတ်နေရေးအတွက်ပဲဖြစ်စေ၊ မတရားအလုပ်ခံရလို့ပဲဖြစ်စေ၊ သိပ်ချစ်လွန်းလို့ပဲဖြစ်စေ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တာတွေ ရှိနေဦးမှာပါ။ အဲဒါကို ဥပဒေနဲ့ တားလို့ရမယ်လို့ မထင်ပါ။

    (ဥပဒေပိုင်း အကောက်အယူများ အမှားအယွင်းရှိခဲ့လျှင် ကျွန်တော်၏ ဆရာ၊ ဆရာမများတွင် တာဝန်မရှိဘဲ ပေါ့လျော့စွာ လေ့လာသင်ယူခဲ့သော ကျွန်တော်၏ အမှားဟုသာ မှတ်ယူကြပါရန်။)

    Copied from MOCT

    • ဦးကျောက်ခဲ

      March 11, 2014 at 8:41 am

      အဟိ… ဒေါက်တာမောင်မောင် ရဲ့ နာမည်ကျော် မယားပြိုင် ဖြတ်ထုံး…
      နိုင်ငံတော်နဲ့ ဒေါ်ကြည်ကြည်အမှုကို ညွှန်းလေသကိုး…
      အဲဒါကြောင့်ပြောပါတယ် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများမှာ…
      ဥပဒေကြောင်းအရ အပြည့်အဝ အခွင့်အရေးရှိပါတယ်…လို့
      တကယ်ဆို LT က မိန်းမလည်နဲ့တွေ့ရင် မြန်မာယောက်ျားများ နားကား၏…
      အဲဒါကို အလုပ်မရှိသန်းရှာ ဘဇာကြောင့် အမျိုးစောင့်ချင်ကြတယ်မသိ…
      😀

  • kai

    March 11, 2014 at 11:17 am

    Q&A Related to “How Many Cows Are Killed Each Day?”
    How many cows are killed each day?

    In the U.S. >90,000. Brittaian: Near 500,000.
    http://wiki.answers.com/Q/How_many_cows_are_killed
    How many cows are killed each day for food?

    McDonald’s alone slaughters 10 million cows each year and they only make
    http://www.chacha.com/question/how-many-cows-are-k
    How many cows are killed each day month or year for carl’s jr?

    Who cares? Cows are yummy!! Too bad Carl’s Jr only uses the loin meat. My preference is the meat from the cheeks that goes into barbacoa tacos. Weee doggies! I doubt Carl’s Jr owns
    http://answers.yahoo.com/question/index?qid=200809
    How many cows are killed each day… for human consumption?

    World cattle population is estimated to be 1.3 billion. Worldwide there are approximately 23,000 cows are killed for human consumption
    http://www.kgbanswers.co.uk/how-many-cows-are-kill

  • kai

    March 11, 2014 at 4:51 pm

    သူ့အတွေး သူ့အမြင်
    မြန်မာတွေ စဉ်းစားရမယ့် ခရိုင်းမီးယား သင်ခန်းစာ
    ညီစောလွင်| March 10, 2014 | Hits:2,887

    ခရိုင်းမီးယားက ရုရှတွေကို ကာကွယ်ဖို့ အကြောင်းပြပြီး ရုရှလက်နက်ကိုင်တပ်တွေ ဝင်တပ်စွဲထားတယ် (ဓာတ်ပုံ – Reuters)

    လတ်တလောဖြစ်ပွားနေတဲ့ ရုရှားလက်နက်ကိုင်တွေ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို ဝင်တပ်စွဲတာကိုကြည့်ပြီး မြန်မာ့နိုင်ငံရေးအတွက် နှိုင်းယှဉ် သင်ခန်းစာထုတ်စရာတွေ ဖြစ်လာနေပါတယ်။ နိုင်ငံရေးစနစ်နဲ့ ပထဝီ နိုင်ငံရေးရူ့ထောင့် ကြည့်ရင် ရုရှားနဲ့ တရုတ်တို့ ကြားမှာ တူညီချက်များစွာရှိသလို ယူကရိန်းနဲ့ မြန်မာတို့ကြားမှာ တူညီချက်များစွာ ရှိပါတယ်။ ဒီလိုပဲ ရုရှား-ယူကရိန်း ဆက်ဆံရေးနဲ့ တရုတ်-မြန်မာဆက်ဆံရေးမှာ နှုိုင်းယှဉ်စဉ်းစားစရာ အချက်တွေ တော်တော်များများတူနေလို့ ခရိုင်းမီးယား အရေးက မြန်မာပြည်အတွက် စိုးရိမ်စရာရော၊ သင်ခန်းစာ ယူစရာတွေရော အမြောက်အမြား ရှိပါတယ်။

    ရုရှားဟာ ယူကရိန်းနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါ ဖြစ်သလို တရုတ်ဟာလည်း မြန်မာနဲ့ ခြံစည်းရိုးချင်း ကပ်နေတဲ့ ဂရိတ်ပါဝါဖြစ်နေတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အဓိက ကုန်သွယ်ဖက် ဖြစ်သလို တရုတ်ဟာလည်း မြန်မာရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်တယ်။ ရုရှားဟာ ယူကရိန်းရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်သလို၊ တရုတ်ဟာ မြန်မာရဲ့ အကြီးဆုံး ကြွေးရှင်ဖြစ်တယ်။ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေ ဖြစ်ပြီး ယူကရိန်းနဲ့ မြန်မာတို့ဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အားယူနေဆဲ နိုင်ငံတွေဖြစ်တယ်။

    ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ နိုင်ငံနဲ့ ခြံစည်းရိုးချင်း ကပ်လျက်မှာ အားကြီးတဲ့ အာဏာရှင်နိုင်ငံ ရှိခြင်း၊ မရှိခြင်းဆိုတဲ့ အချက်ဟာ ပညာရှင်တွေ ထည့်သွင်း စဉ်းစားကြတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ တရုတ်ပြည် နောက်ဖေးပေါက်နားက မြန်မာပြည်အတွက် အထူး စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဒီလို ပြောလို့ အင်အားကြီးတဲ့ အာဏာရှင်နိုင်ငံနဲ့ အိမ်နီးချင်းမို့လို့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ဖို့ မဆိုလိုပါဘူး။ သင်ခန်းစာယူဖို့နဲ့ သတိရှိနိုင်ဖို့ လိုတယ် ဆိုတာကို ပြောချင်တာပါ။

    ယူကရိန်းရဲ့ ပထမအမှားက ရုရှားရဲ့ အကျိုးစီးပွားကို လျစ်လျူရူ့ခဲ့တယ်။ ယူကရိန်းမှာ အကျင့်ပျက်ပြီး ညံ့ဖျင်းတဲ့ အစိုးရကို လူထုအုံကြွမှုနဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ကောက်ခါငင်ခါ အာဏာရလာတဲ့ အစိုးရ တရပ်အနေနဲ့ ခြံစည်းရိုးချင်းကပ်နေရုံသာမက အင်အားကြီးတဲ့ အိမ်နီးချင်းနဲ့ ဆက်ဆံတဲ့နေရာမှာ လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်တဲ့ ပုံစံမျိုး မဖြစ်ခဲ့ဘဲ ရုရှားဆန့်ကျင်ရေး စိတ်ဓာတ်တွေကို ပြသခဲ့တယ်။ တကယ်တော့ ယူကရိန်း နိုင်ငံတည်ငြိမ်ရေးအတွက် ရုရှားရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မရရင် မဖြစ်နိုင်ပါဘူး။

    ဒုတိယအမှားက လူနည်းစု အခွင့်အရေးနဲ့ ဆိုင်ပါတယ်။ ကိယက်မြို့တော်ကနေ ယန်နိုကူဗစ် ထွက်ပြေးသွားတယ်ဆိုရင်ပဲ ယူကရိန်း လွှတ်တော်က ရုရှားဘာသာစကားနဲ့ တခြား လူနည်းစုတွေရဲ့ ဘာသာစကားကို တရားဝင်အဆင့်အတန်းကနေ ဖျက်သိမ်းခဲ့တယ်။ ခရိုင်းမီးယား ဒေသမှာ ရုရှားလူဦးရေက ၆ဝ ရာခိုင်နှုန်း၊ ယူကရိန်းက ၂၅ ရာခိုင်နှုန်း၊ တာတာ (မွတ်စလင်) တွေက ၁၂ ရာခိုင်နှုန်း ရှိပြီး လူဦးရေရဲ့ ၉ရ ရာခိုင်နှုန်းဟာ ရုရှားစကားကို အဓိက ဘာသာစကားအနေနဲ့ အသုံးပြုကြပါတယ်။

    ကီယက်မြို့မှာ ယူကရိန်း အစိုးရသစ်က ရုရှား ဘာသာစကားကို တရားဝင် ဘာသာစကားအဖြစ်ကနေ ဖျက်သိမ်းလိုက်တဲ့အခါ ခရိုင်းမီးယားက ရုရှားလိုလားတဲ့ အရပ်သားတွေကပဲ လွှတ်တော်ကို ဝင်သိမ်းဖို့ ကြိုးစားကြတယ်။ ယူကရိန်းမြေပေါ်မှာ ရုရှားတွေအတွက် အန္တရာယ် ကျရောက်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရတယ်ဆိုပြီး ပူတင်အတွက် အကြောင်းပြ တခါတည်း ရသွားပါတယ်။

    လွန်ခဲ့တဲ့ နှစ်တွေကတည်းက ပထဝီ နိုင်ငံရေးနဲ့ ရှေ့ဖြစ်ဟော စာရေးဆရာတွေက အင်အားကြီး နိုင်ငံတွေကြားက အာဏာပြိုင်တွေကို ကြိုတင်နိမိတ်ဖတ်ခဲ့ပါတယ်၊ ရောဘတ်ကာဂန် (Robert Kagan) ရေးတဲ့ “သမိုင်းတကျော့ပြန်နှင့် အိပ်မက်များ နိဂုံး” (The Return of History and the End of Dreams) စာအုပ်နဲ့ သိပ်မကြာခင်က ထွက်ထားတဲ့ ဂျော့ ဖရိုင်းမင်း (George Friedman) ရဲ့ နောက်လာမယ့် နှစ် ၁၀ဝ ( The Next 100 years) စာအုပ်မှာ ဒီနေ့ ခရိုင်းမီးယား ပြဿနာကို ကြိုတင် နိမိတ်ဖတ်ထားပါတယ်၊ ဂျော့ဖရိုင်းမင်းဆိုရင် ၂၀၂ဝ မတိုင်ခင်မှာ ရုရှားက ဆိုဗီယက် ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းတွေအပေါ် ဩဇာစက်ကွင်းချဲ့ထွင်တာကို အထင်အရှားတွေ့ရလတ္တံလို့ နိမိတ်ဖတ်ခဲ့ပါတယ်၊ ရုရှားလိုပဲ သတိထားရမယ့် နိုင်ငံက တရုတ်နိုင်ငံလို့ ဆိုထားပါတယ်။

    “ရုရှားက ခရိုင်းမီးယား ဒေသကို ကျူးကျော်ခွင့်ရသွားရင် ဒါက ပထမ ခြေလှမ်းပဲ။ အကျိုးဆက်က ယူကရိန်း ပိုင်နက်တခုတည်း မဟုတ်ဘူး၊ တကမ္ဘာလုံးအပေါ် ဂယက်ရိုက်သွားမယ်လို့ ပြောရဲတယ်” လို့ ယူကရိန်းရဲ့ အထင်ရှားဆုံး အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ တီမိုရှန်ကိုက သတိပေးတယ်။ အလားတူ သတိပေးတဲ့ တယောက်ကတော့ နာမည်ကျော် စာရေးဆရာ ဇာကာရီယာ ဖြစ်ပါတယ်။

    သူက “ ရုရှားက အိမ်နီးချင်းနိုင်ငံဆီကကနေ အစိတ်အပိုင်းတခုကို သိမ်းသွင်းတာကို လက်ပိုက်ကြည့်နေကြရင် တရုတ်နိုင်ငံလို တခြား ဂရိတ်ပါဝါတွေကလည်း အလားတူ လိုက်လုပ်ကြရင် မခက်ကုန်ဘူးလား” လို့ သတိပေးပါတယ်။ ဇာကာရီယာရဲ့ ခန့်မှန်းချက်သာ အမှန်ဖြစ်ခဲ့ရင် ယူကရိန်လို ကံကြမ္မာမျိုး ပထမဆုံးကြုံရမယ့် နိုင်ငံဟာ မြန်မာနိုင်ငံလို့ ထင်ပါတယ်။ ခရိုင်းမီးယား ဒေသလိုပဲ သမိုင်းကြောင်းအရရော၊ ပထဝီ နိုင်ငံရေးအရရော အမှားမခံတဲ့ နယ်နိမိတ်မျဉ်းတွေ (fault lines) မြန်မာပြည်နဲ့ တရုတ်ပြည် နယ်နိမိတ်မျဉ်း တလျှောက်လုံးမှာ ရှိနေပါတယ်။

    တရုတ်နဲ့မြန်မာတို့ ကြားက နယ်နိတ်မျဉ်းကို သတ်မှတ်နိုင်တာ နှစ်ပေါင်း ၆ဝ ရှိပြီ ဆိုပေမယ့် မြန်မာပြည် တည်ငြိမ်ရေးဟာ ယူကရိန်းလိုပဲ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဥပမာ ဝ နယ်ဆိုရင် ခရိုင်းမီးယား ဒေသနဲ့ အတော်လေး ဆင်တူပါတယ်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အစိုးရက ရွေးကောက်ပွဲတွေကို မကျင်းပနိုင်ပါဘူး။ “၀”တွေ မြန်မာစကားကို မပြောကြပါဘူး။ မြန်မာအစိုးရက ကချင်နယ်ကို စစ်ဆင်နေတဲ့အချိန်မှာ တရုတ်က ဝ တပ်ကို ခေတ်မီ လက်နက်တွေကို တပ်ဆင်ပေး နေတယ်ဆိုတဲ့ ထိုင်းအခြေစိုက် လုံခြုံရေးဆိုင်ရာ သုတေသန အဖွဲ့ (HIS Jane’s Intelligence Review) က အစီရင်ခံပါတယ်။ တရုတ်သံရုံးက ဒါကို ငြင်းဆန်ပါတယ်။

    သေချာတာကတော့ ဝ နယ်ဟာ တရုတ်ငွေ၊ တရုတ်ဆဲလ်ဖုန်းကို သုံး၊ တရုတ်ပြည်က လျှပ်စစ်ကို သွယ်ယူပြီး တရုတ်ပြည်က အင်တာနက်နဲ့ ချိတ်ထား ပါတယ်။ ဒါက ဥပမာ တခုကိုပဲ ထုတ်ပြတာပါ။ တကယ်တော့ တရုတ်-မြန်မာ နယ်စပ်က မိုင်ပေါင်း (၁၃၀၀) ရှည်ပြီး နယ်စပ်တလျှောက်မှာ အစိုးရကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားတပ်တွေ ရှိနေပါတယ်။

    တကယ်တော့ ယူကရိန်းနဲ့ ရုရှားတို့ကြားမှာ လွန်ခဲ့တဲ့ နှစ် ၂ဝ က နယ်မြေ မကျူးကျော်ရေး အကျုံးဝင်တဲ့ စာချုပ်ချုပ်ဆိုထားတာရှိပါတယ်။ ယူကရိန်းက နယူးကလီးယား လက်နက်ကို စွန့်လွှတ်ရေးနဲ့ ယူကရိန်းရဲ့ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်နက်ကို အာမခံရေး နားလည်မှု စာချုပ် Budapest Memorandum (1994) ရှိပါတယ်၊ ဒါကြောင့် ခရိုင်းမီးယား အရေးအခင်းက စာချုပ်စာတမ်းတွေဟာ ဘာ အာမခံချက်မှ မရှိဘူးဆိုတဲ့ အဓိပါယ် သက်ရောက်ပါတယ်။

    အဲဒီစာချုပ်မှာ ယူကေနဲ့ အမေရိကန် ပြည်ထောင်စုတို့လည်း လက်မှတ် ထိုးထားလို့ သူတို့ ဘာတတ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ “သမိုင်းတကျော့ပြန်နှင့် အိပ်မက်တွေရဲ့ နိဂုံး” စာအုပ်ထဲက အဖြေက စိတ်ပျက်စရာပါ၊ “ အကယ်၍ ယူကရိန်း ဒါမှမဟုတ် ဂျော်ဂျီယာမှာ ရုရှားက စွန့်စွန့်စားစား နိုင်ငံရေးကစားလာရင် အမေရိကားရော၊ ဥရောပနိုင်ငံတွေပါ ဘာလုပ်နိုင်မလဲလို့ မေးရင် အဖြေက ဘာမှ မလုပ်နိုင်ပါဘူး” တဲ့။

    ဆိုဗီယက်ပြိုကွဲပြီးခါစ (၁၉၉၂-၁၉၉၃) နှစ်တွေမှာ ရုရှားဝန်ကြီးချုပ် Yegor Gaidar ရဲ့ အကြံပေး တာဝန်ယူခဲ့ဖူးတဲ့ ထင်ရှားတဲ့ စီးပွားရေးပညာရှင် ဂျက်ဖရီဆာ့ချ်စ်ကတော့ ခရိုင်းမီးယား ပြဿနာကို ပဋိပက္ခမကြီးထွားစေဘဲ ဖြေရှင်းဖို့ဆိုရင် ရုရှားဘက်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ကို လေးစားဖို့နဲ့၊ ယူကရိန်းကလည်း ရုရှားရဲ့ အကျိုးစီးပွားနဲ့ စိုးရိမ်သောကတွေကို နားလည်ဖို့လိုတယ် ဆိုတာပါပဲ။

    ယူကရိန်းနဲ့ ရုရှားဆက်ဆံရေးလိုပဲ မြန်မာနဲ့ တရုတ်ဆက်ဆံရေးမှာလည်း တရုတ်အကျိုးစီးပွား ဆိုတာကို လျစ်လျူမရူ့ဖို့ လိုပါလိမ့်တယ်။ မြန်မာပြည်မှာ တရုတ်အကျိုးစီးပွား ၄ မျိုး ရှိတယ်လို့ Brookigns Institution က သုတေသီ ယန်ဆန်ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ စွမ်းအင်ဖူလုံရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာမြောက် အသုံးဝင်မှုတို့ ဖြစ်ပါတယ်။ ခရိုင်းမီးယား ပြဿနာကို နမူနာယူပြီး မြန်မာပြည် အကူးအပြောင်းကာလမှာ တရုတ်ရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေကို သတိနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရမယ့် သဘောရှိပါတယ်။

    တဖက်မှာ မြန်မာပြည်အပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာရတဲ့ သမိုင်းကြောင်းကို ခြေရာပြန်ကောက်ဖို့ လိုပါလိမ့်မယ်။ “တရုတ်ဖဲ” ဗျူဟာကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ မြန်မာတိုင်းရင်းသား အချင်းချင်း စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် အပေးအယူလုပ် ညှိနှုိုင်းတာ မလုပ်ဘဲ တရုတ်အားကိုးနဲ့ ပြိုင်ဖက်ကို အနိုင်ယူဖို့ ကြိုးစားရင်း နောက်ဆုံးတော့ ဘယ်သူ့ဘယ်သူမှ အနိုင်မရဘဲ တရုတ်ရဲ့ အသုံးချဘဝကို ရောက်မှန်းမသိ ရောက်သွားရတဲ့ အဖြစ်ကို နောင်တရကြဖို့ အချိန်တန်ပါပြီ၊ ဒီလိုမှမဟုတ်ရင်တော့ အမျိုးသား အကျိုးစီးပွားချင်း ယှဉ်တဲ့ အခါတိုင်း မြန်မာတွေကပဲ တရုတ်ကို အလျှော့ပေး တပမ်းရှုံးနေရတဲ့ ဘဝကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေပါလိမ့်မယ်။

  • kai

    March 13, 2014 at 8:16 am

    Which dictator killed the most?

    They say that it takes compassion for humanity, love for country, and a strong pursuit of justice and mercy to become a strong and respected leader of the masses. Every once in a while, however, there are those politicians or generals that decide to do things their own way. These cold-blooded dictators do not care for the value of life as much as they do achieving their selfish motives of domination, power, and immortality.

    Thios infographic shows worldwide dictators ordered by the number of killings, one drop, one million dead.

    Of course, the winner is Mao, followed by Stalin and then Hitler. I really hope hell exists and all of them are in there in some major eternal pain

  • kai

    March 22, 2014 at 11:50 am

    “World’s 50 Greatest Leaders”

    Pope Francis – Pope [Duh.—Ed.]
    Angela Merkel – Chancellor, Germany
    Alan Mulally – CEO, Ford Motor Company
    Warren Buffett – Squillionaire and CEO, Berkshire Hathaway
    Bill Clinton – Husband of Hillary Clinton
    Aung San Suu Kyi – Activist and Nobel Peace Prize winner
    General Joe Dunford – Commander of US Forces, Afghanistan
    Bono – Aging rocker
    Dalai Lama – Peripatetic Tibetan spiritual leader
    Jeff Bezos – CEO, cloud ‘n’ shopping giant Amazon

    http://money.cnn.com/gallery/leadership/2014/03/20/worlds-best-leaders.fortune/

    =

    • kai

      March 22, 2014 at 12:01 pm

      ကရိုင်းမီးယားကို. ရုရှားအောက်သွပ်သွင်းလိုက်တဲ့ပုံစံ.. တွေးတာဖြစ်ပါလိမ့်မယ်..။
      ဘင်္ဂလားဒေ့ချ်ဟာ.. ညူကလီးယားမပိုင်ပေမယ့်.. လူအင်အားရယ်…နောက်ခံနိုင်ငံတွေရယ်ရှိပါတယ်..။

      ဆိုတော့..
      တပြိုင်ထဲ.. “၀”နယ်.. ကိုးကန့်နယ်..။ ကချင်နယ်တွေကိုရော..မတွေးထားသင့်ဘူးလား…။
      ပြည်ထောင်စုအရေးမို့.. ပေါ့သေးသေးတော့ထားလို့မရ… သေသေချာချာ… ပြင်ဆင်ကြစေလို.. :mrgreen:

      • ကထူးဆန်း

        March 22, 2014 at 2:54 pm

        “၀” နယ် ကိုးကန့် နယ်တွေက မသိမသာ ထင်ရှားစွာနဲ့ဘဲ တရုတ်အောက်ရောက်နေပြီးသားပါ။
        မြန်မာ အစိုးရ ဘယ်လိုမှ မအုပ်ချုပ်နိုင်ဘဲ တရုတ်တို့ စေစားရာနဲ့ သူတို့ဟာသူတို့ လုပ်ချင်ရာလုပ်နေတာ ကြာပါပြီ ..

  • kai

    March 26, 2014 at 6:42 am

    ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ထွက်ခွာရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကြောင်းကြားမှုအပေါ် ထွက်ခွာမည်မဟုတ်ဟု ဆရာတော်တုံ့ပြန်
    Published on: March 26, 2014
    ပီနန်ဆရာတော် ဦးပညာဝံသမှ မိန့်ကြားစဉ်

    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား မဟာသန္တိသုခကျောင်းတိုက်မှ ၂၀၁၄ မတ် ၃၁ ရက်တွင် နောက်ဆုံးထားကာ ထွက်ခွာရန် အကြောင်းကြားစာ ပေးပို့ထားပြီး ဆရာတော်ကြီးမှ ထွက်ခွာပေးမည် မဟုတ်ကြောင်း မတ် ၂၅ ရက်တွင် မဟာသန္တိသုခ ကျောင်းတိုက်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

    သံဃမဟာနာယကမှ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အပေါင်းပါများကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထားကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှ အပြီးအပိုင် ထွက်ခွာသွားရန် မတ် ၆ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄ရ ပါး စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရဟူ၍ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

    ယင်းအကြောင်းကြားစာနှင့် ပတ်သက်ကာ အဆိုပါစာသည် မမှန်မကန်ဆုံးဖြတ်သည့် ဓမ္မစက်ကို အာဏာစက်ဖြင့် အဓမ္မ အကောင်အထည်ဖော်ရန် သံဃမဟာနာယကအဖွဲ့က မီးစိမ်းပြသည့်သဘော သက်ရောက်နေကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

    “သံဃနာယကအဖွဲ့က လွန်ခဲ့တဲ့ သုံးလေးရက်ကပဲ ၃၁ ရက်က နောက်ဆုံးထားပြီး ဦးပညာဝံသနဲ့ အပေါင်းအပါတွေ ထွက်ပေးဖို့ဆိုပြီး အကြောင်းကြားစာ ပို့တယ်။ ပုဒ်မ ၂၀/၃၀၊ ၂၀/၂၉ နဲ့ ဆွဲချမယ်ဆိုပြီး အမိန့်ထုတ်တယ်။ ဒါကြောင့် ဒီလိုဆိုမှတော့ ဒကာမတွေလည်း အားလုံးသိရအောင်၊ သံဃာတွေလည်း အားလုံးသိရအောင် ဆိုပြီးတော့ ဒီနေ့ရှင်းလင်းတာ ဖြစ်တယ်။ ဘုန်းကြီးတို့ကတော့ ကျောင်းတိုက်ကနေ ဖယ်ပေးမှာ မဟုတ်ဘူး” ဟု ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ပီနန်ဆရာတော်ကြီးအား ဖယ်ရှားပေးရန် ထပ်မံဖိအားပေးမှုများ ပြုလုပ်လာပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရဟန်းရှင်လူ အပေါင်းတို့ စုစည်းကာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

    နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ရ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ယခုထိ အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။
    – See more at: http://www.news-eleven.com/

  • kai

    March 27, 2014 at 2:58 am

    Thant Myint-U
    (ဦးသန့်၏မြေး ဖေ့စ်ဘုတ်မှကူးယူပါသည်)

    The upcoming Myanmar census is proving controversial, with many questioning the ethnic categories that will be used. Ethnicity is of course not a science and is always changing, with most ethnic categories in use in Myanmar today a legacy of colonial state-making.

    A DNA test I did last year confirmed what I always knew: like everyone else in Myanmar (and in the world), my ancestry is a mix – of peoples from all across the globe. I even have 3.1% Neanderthal ancestry, slightly (significantly?) higher than the Eurasian average.

    https://www.facebook.com/pages/Thant-Myint-U/268215723232418

  • kai

    March 29, 2014 at 3:54 pm

    ==အသည်းရောင် အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးထိုး ပြီးနောက်===
    ===ခုခံအား(Anti-HBS)ထွက် ၊မထွက် ပြန်စစ်ရပါမည်=========
    ======================================
    ===1000-IU/L နှင့်အထက်ဆိုလျှင်=ဆေးအောင်မှုအကောင်းဆုံးဖြစ်ပြီး
    ==========နောက်လေးနှစ်ခန့်တွင်(Anti-HBS Level)ပြန်စစ်ပြီး
    ========(100-IU/L)အောက်လျော့မှသာနောက်တစ်လုံးပြန်ထိုး
    ========ရပါမည်။
    ==100-1000-IU/Lအတွင်းဆိုလျှင်=ဆေးအောင်မှု ဒု-အကောင်းဆုံးဖြစ်ပြီး
    ==========နောက်လေးနှစ်ခန့်တွင်(Anti-HBS Level)ပြန်စစ်ပြီး
    ==========(100-IU/L)အောက်လျော့မှသာနောက်တစ်လုံးပြန်
    ===========ထိုးရပါမည်။
    ===10-100-IU/Lအတွင်းဆိုလျှင်=လုံလောက်သောခုခံအား မရရှိသဖြင့်
    ===========နောက်တစ်လုံးပြန်ထိုးပြီး(Anti-HBS)level တက်၊မတက်
    ===========ပြန်စစ်ရပါမည်။
    ===10-IU/Lအောက်ဆိုလျှင်==ခုခံအားစနစ်လုံးဝမထွက်သဖြင့်ဆေး(၃)လုံး
    =================အစမှပြန်ထိုးရပါမည်။
    ========================================
    အထက်ပါအချက်များကိုစစ်ဆေးရုံ(၂)မှဒေါက်တာကိုကျော်ကျော်အောင်က
    ဘာသာပြန်ဆိုပြီး ဘီပိုးကာကွယ်ဆေးထိုးနေသောသွေးလှူရှင်အဖွဲ့များကို
    မေတ္တာဖြင့်မျှဝေပါသည်။

  • kai

    March 29, 2014 at 4:22 pm

    ငလျှင်လှုပ်ပြန်သဗျို့..။ ဒီတလထဲတင်… ၂ခါရှိပြီ..။ :buu:
    Magnitude 5.1 earthquake strikes Los Angeles area, no immediate reports of significant damage
    The U.S. Geological Survey said the earthquake struck at about 9:09 p.m. and was centered near Brea in Orange County — about 20 miles southeast of downtown Los Angeles. Authorities say there were no immediate reports of significant damage or injuries.

  • pazflor

    March 30, 2014 at 6:19 am

    သိပ်လည်း ဘဝင်မမြင့်ကြပါနဲ့..

    ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
    ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
    ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။

    လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
    အခုချိန်ထိ Golden Land ဆိုပြီးဘဝင်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။

    တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘဝင်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ ကိုယ်ကျိူးမဖက် ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။

    Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘဝင်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းကချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။

    သဘာဝဘေးအန္တရာယ်တွေမကျအောင် သာသနာစောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ်ပေးထားတယ်လို့ သိပ်ဘဝင်မမြင့်ကြပါနဲ့။ အာရှမှာ ရာသီဥတုဒါဏ်အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံးဖြစ်နေတာကိုမှ မသိပဲ။

    မြန်မာနိုင်ငံမှာငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘဝင်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေစံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။

    ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာ မရှိဘူးလို့ ဘဝင်မြင့်မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေဩဇာအဆိပ်သင့်နေတဲ့ငါးကြော်တွေကိုမစားဖို့ သက်ဆိုင်ရာသံရုံးတွေက သူတို့နိုင်ငံသားတိုးရစ်တွေကို တိုးတိုးတိတ်တိတ်မှာထားတာကိုမှမသိကြပဲ။ ထမင်းငတ်ပြီးမသေပေမယ့် တရုပ်နဲ့ယိုးဒယားကဝင်လာတဲ့ သူတို့နိုင်ငံသားတွေတောင် မစားတဲ့ သွားရေစာတွေကြောင့်သေနေတဲ့ကလေးတွေ၊ ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက်သားငါးတွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။

    အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲလှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကို ကြည့်ပြိး မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိတယ်ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ဝါးရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာကိုမှ မသိပဲ။

    ပြည်တွင်းမှာ ကျပ်တည်းကျဉ်းမြောင်းစွာ အမြဲနေရတာတော့အကျင့်ပါနေပြီး လူတိုင်းလည်းငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်းအလကားလာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။
    တစ်ခြားနိုင်ငံတချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊ လူတိုင်းရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။

    အခုချိန်ထိတောင်တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ ကိုယ်လု့ပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်တောင် လို နေသေးတယ်။
    Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တဝုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။

    စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့ မြန်မာနိုင်ငံကြီးခေတ်မှီဖွဲ့ဖြိုးတိုးတက်နေပြီလို့ ထင်နေကြတယ်။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝမသုံးကြတာကိုမှ မသိပဲ။

    မြန်မာပြည်က ရှုခင်းတွေသာအလှဆုံးလို့ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြားခရီးသွားတွေလာနေတယ်လို့ ထင်နေကြတယ်။
    တကယ်တော့ မြန်မာပြည်ထက်အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေနိုင်ငံရပ်ခြားမှာ အများကြီးရှိတယ်ဆိုတာမှ မသိပဲ။ သူတို့လာတာဟာကမ္ဘာ မြင်တွေ့ရခဲတဲ့ တတိယဆင်းရဲသားနိုင်ငံက လူတွေရဲ့ ဘဝကို တအံ့တဩကြည့်ဖို့လာတာများတယ် ဆိုတာကို သိမှ မသိပဲ။

    သိပ်လည်းဘဝင်မမြင့်ကြနဲ့ဗျာ..ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီးသိမ်းတဲ့ခေတ်မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။

    အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ ကွန်ပျူတာအပါအဝင် အပ်တိုတစ်ချောင်းတောင် ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။ ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ ရေနံ၊ သဘာဝဓါတ်ငွေ့ နဲ့ တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့ သဘောပဲ။

    ိသိပ်လည်း ဘဝင်မမြင့်ကြပါနဲ့။ သယံဇာတတွေကုန်ခန်းစပြုနေတဲ့တိုင်းပြည်၊ ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှုရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။ ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး ကိုလိုနီ လုပ်နေစရာမလိုပါဘူး။ တရုပ်တွေနေချင်လည်းရနေတာပဲ။ ကုလားတွေနေချင်လည်းရနေတာပဲ။ တံခါးမရှိ၊ ဓါးမရှိ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။

    ဒါကြောင့် သိပ်လည်း ဘဝင်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။
    မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ဝန်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမြှော်လင့်ချက်က သူပဲရှိတော့တယ်။

    ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာမကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။ ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ဝိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။

    (Credit: Kogyimind Mind https://www.facebook.com/kogyimind.mind/posts/418349204976592)

    • kai

      March 30, 2014 at 12:41 pm

      ဟေ့…
      အနောက်နိုင်ငံကကောင်တွေ..
      မင်းတို့မှမသိပဲ…
      လူလူချင်း.. ဖူးမြော်မာန်လျှော့ကန်တော့ကြရအောင်.. ဘယ်နှနှစ်ရိုက်သွင်းခဲ့ရမှန်း..မင်းတို့မှမသိပဲ..
      မှတ်ထား..
      ၁၀..၁၀.. လက်ဆယ်ချောင်းနဲ့… တစ်ဆယ်..။
      ရာစုနှစ်ပေါင်း.. တစ်ဆယ်……။ :mrgreen:

  • kai

    April 1, 2014 at 3:09 pm

    Yangon Heritage Trust

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြေအသုံးချမှုအမျိုးအစားတွေနဲ့ အဆောက်အအုံအမြင့်ထိန်းချုပ်မှု ကန့်သတ်ချက်တွေကို မတ်လ ၃၁ရက်နေ့ အများပြည်သူဆွေးနွေးပွဲမှာထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ကန့်သတ်ချက်တွေအရ မြို့လယ်ဧရိယာအပါအဝင် ရွှေတိဂုံကန့်သတ်ဇုန်၊ အင်းယားကန်ပတ်ဝန်းကျင် ဆိတ်ငြိမ်ရပ်ကွက်တွေ နဲ့ လေယာဉ်ကွင်းမြောက်ဘက်ထိ တောက်လျှောက်မှာ အထပ်အမြင့်ကို ကန့်သတ်ပြီး လေးထပ်ကနေ ခြောက်ထပ်အထိသာ ဆောက်လုပ်နိုင်မှာဖြစ် ပြီး အရှေ့ဘက်နဲ့ အနောက်ဘက်အခြမ်းကနေ မြောက်ဘက်အထိ တစ်ကျောလုံးကိုတော့ စိမ်းလန်းမြေပတ်ဝန်းကျင်တွေကလွဲရင် ဧရိယာတော်တော်များများကို ၁၂ ထပ်နဲ့ အထက် ဆောက်လုပ်ခွင့်ပေး ထားတာကို တွေ့ရပါတယ်။ အဲဒီဆွေးနွေးပွဲကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ် ပါတယ်။ ဆွေးနွေး အကြံပြုလိုသူများအနေနဲ့ ycdcbuild@gmail.com နဲ့ tintinkyi86@gmail.com တို့ကို ဧပြီလ ၃ဝ ရက်နေ့ မတိုင်မီအထိ ဆက်သွယ်အကြံပြုနိုင်ပါတယ်။ အများပြည်သူပါဝင်နိုင်မယ့် ဆွေးနွေးပွဲတစ်ခုကိုလည်း မေလအတွင်း ထပ်မံကျင်းပသွားဖို့ ရှိပါသေးတယ်။

    • kai

      April 1, 2014 at 3:13 pm

      ရန်ကုန်နေလူထုရဲ့.. အနာဂတ်ဘဝကိုကိုင်လှုပ်မယ့်ကန့်သတ်ချက်တွေဖြစ်ပါတယ်..
      တိုက်အိမ်မြေယာဈေးကို အကြီးအကျယ်.. သက်ဆိုင်ပါတ်သက်ပါလိမ့်မယ်..။

      တကယ်လုပ်သင့်တာ..လုပ်ရမှာ..မလုပ်သင့်တာတွေပါနိုင်တာမို့.. ကိုယ့်နယ်ကိုယ်.. ဂရုတစိုက်နဲ့..ပါဝင်ဆွေးနွေးသင့်ပါကြောင်း…။

Leave a Reply