ဘဝကို
တဖြည်းဖြည်းလွှတ်တင် မှုမှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတွေကြောင့်
သီးခံမှုက
ကြိုးတစ်ဆုံး​လျော့​ပေး​နေရတယ်
ညံ့ဖျင်းပုံများ
ရေလိုက်​ငါးလိုက်မလုပ်​တတ်​​တော့
ငါ့အိပ်​မက်တွေ
ချာလပတ်​ကို ရမ်းလို့
အ​ပေးလား
အယူလား
မိုးခါး​ရေဆိုတာ 
အောက်​လမ်းပညာတစ်မျိုးပဲထင်​တယ်
တွေး​ခေါ်မှု​ရေဒါက
အမှတ်​တရ​တွေကို ဆွဲတင်​တယ်
နာကျင်​မှု​တွေကို ​နေလှန်းတယ်
လောကဓံမှာငြိတွယ်​နေတဲ့
အောက်​လုံး​တွေက
ငါ့ရွက်​တိုင်​မှာ ​ဖော​ဖောသီသီထိုးစိုက်လို့
မယုံမရှိနဲ့
ဘယ်​​လောက်​ပဲရိုးသားရိုးသား
သံ​ယောဇဉ်လမ်းတစ်​လျှောက်မှာ
ငွေ​ကြေးနဲ့
မှန်​စာတိုက်​မထားနိုင်​​တော့
ငါ့အိပ်မက်​တွေ
ပြတ်​ကျခဲ့ရတာ အကြိမ်​ကြိမ်​ ။
ကိုစစ်

ko six

About ko six

ko six has written 106 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014