ရစ်​ဘီး

ko sixMarch 2, 20141min1568

ဘဝကို
တဖြည်းဖြည်းလွွှှတ်တင် မှုမှာ
မျက်နှာကြီးရာ ဟင်းဖတ်ပါတွေကြောင်​့
သီးခံမှုက
ကြိုးတစ်ဆုံး​လျော့​ပေး​နေရတယ်​
​ညံ့ဖျင်းပုံများ
​ရေလိုက်​ငါးလိုက်မလုပ်​တတ်​​တော့
ငါ့အိပ်​မက်တွေ
ချာလပတ်​ကို ရမ်​းလို့
အ​ပေးလား
အယူလား
မိုးခါး​ရေဆိုတာ ​
အောက်​လမ်းပညာတစ်မျိုးပဲထင်​တယ်​
​တွေး​ခေါ်မှု​ရေဒါက
အမှတ်​တရ​တွေကို ဆွဲတင်​တယ်​
နာကျင်​မှု​တွေကို ​နေလှန်​းတယ်​
​လောကဓံမှာငြိတွယ်​နေတဲ့​
အောက်​လုံး​တွေက
ငါ့ရွက်​တိုင်​မှာ ​ဖော​ဖောသီသီထိုးစိုက်လို့
မယုံမရှိနဲ့
ဘယ်​​လောက်​ပဲရိုးသားရိုးသား
သံ​ယောဇဉ်လမ်​းတစ်​လျှောက်မှာ
​ငွေ​ကြေးနဲ့
မှန်​စာတိုက်​မထားနိုင်​​တော့
ငါ့အိပ်မက်​တွေ
ပြတ်​ကျခဲ့ရတာ အကြိမ်​ကြိမ်​ ။
ကိုစစ်​

8 comments

  • မယုံမရှိနဲ့
    ဘယ်​​လောက်​ပဲရိုးသားရိုးသား
    သံ​ယောဇဉ်လမ်​းတစ်​လျှောက်မှာ
    ​ငွေ​ကြေးနဲ့
    မှန်​စာတိုက်​မထားနိုင်​​တော့
    ငါ့အိပ်မက်​တွေ
    ပြတ်​ကျခဲ့ရတာ အကြိမ်​ကြိမ်​ ။
    —————————————

    အဲဒိ စာသားလေးမှာ…
    မျောသွားတယ်….

  • Crystalline

    March 3, 2014 at 10:01 am

    ၃ခါလောက်ဝင်ဖတ်ပြီး.. တခုခုတော့ရေးခဲ့မှပါလေဆိုပြီး ရေးခဲ့တာ :mrgreenn: ဟိုဖက်ပို့စ်ကိုတော့ မနေ့ထဲက ဖတ်ပြီး.. ကွန်မင့်ရေးမလို့က… လာဆဲတဲ့သူလာရင်ကြားညှပ်မှာမို ကွန်မင့်မထားဖြစ်တာ.. :mrgreenn:

    • Crystalline

      March 3, 2014 at 10:16 am

      ဆောရီးမရှင်းမှာစိုးလို့.. လာဆဲမှာ ပို့စ်ပိုင်ရှင်ကိုမဟုတ်.. ကွန်မင့်ကိုပြောတာ.. :))

  • marblecommet

    March 3, 2014 at 11:16 am

    မင်းက
    နည်းနည်းလောင်းကျွမ်းပြီး များများ ခံစားတတ်တယ်
    ငါကျတော့….:P

  • TNA

    March 4, 2014 at 1:41 pm

    ခုခေတ်ကတော့ ငွေကြေးကရှေ့တန်းရောက်နေတာတော့ သေချာတယ်။ အချစ်ဆိုတာ ဗိုက်မှမဝတာကိုး

  • ငွေ​ကြေးနဲ့
    မှန်​စာတိုက်​မထားနိုင်​​တော့
    ငါ့အိပ်မက်​တွေ
    ပြတ်​ကျခဲ့ရတာ အကြိမ်​ကြိမ်​ ။

    ပြာ မကျ ဘဲ
    အပိုင်းပိုင်း အစ စ

    ကြေ ကွဲ

    ငါ ့ ရ င် ဘတ် ကြီး ထဲ ကို
    နင် ခ ဏ ဝင်
    မြင် လာေ အာင် ကြည့် လှည့် စမ်း ပါ။

  • Mr. MarGa

    March 6, 2014 at 9:38 am

    ​ငွေ​ကြေးနဲ့
    မှန်​စာတိုက်​မထားနိုင်​​တော့
    ငါ့အိပ်မက်​တွေ
    ပြတ်​ကျခဲ့ရတာ အကြိမ်​ကြိမ်​ ။

    အင်း…ဘယ်လိုပြောရပ 🙄

  • ko six

    March 9, 2014 at 4:16 am

    ဘဝက
    ဆဲသံဆိုသံ အား​ပေးသံ​တွေနဲ့
    နှစ်​သိမ်​့ခံ​နေရတာပါပဲ
    ​ငွေ​ကြေးမပါထမင်​းဟာ
    ဆားမပါတဲ့မြင်​းပွဲကို
    သွား​လောင်​းရသလိုပါပ
    ဟိုလူ​ပြောခဲ့သလို
    ခံရ​ပေါင်​းများ​တော့
    ဉာဏ်​​ကောင်​းလာခဲ့ပြီဆိုပါ​တော့

Leave a Reply