ကျနော် ညွှန်းဆိုပြချင်သော …ပိုစ့်များ အပိုင်း ( ၂ )

alinsettMarch 2, 201415min32325

ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များအပိုင်း( ၁ )သို ့..

တကယ်လို့ . . .
သင်… သည်. . . .
ဂဇက် နဲ့ အဆက်ပြတ် ပြတ်သွားတတ်တဲ့ မအားသော အခြေအနေကြားက
ဂဇက်ချစ်သူ လူသား ဖြစ်နေတယ်ဆိုပါစို ့. . .
ဂဇက်ထဲ ဝင် ရ ထွက် ရတာလည်း အသုံးမကျသော မြန်မာပြည် အင်တာနက်မြန်နှုန်းကို အံတုနေရသူ ဂဇက် ချစ်သူ ဆိုပါစို့ဗျာ. . . .

ဒါဆိုရင်တော့  ….
ဂဇက် ထဲမှာ သင်…မဖတ်ရသေးတဲ့ ပိုစ့်ကောင်းတွေ ရှိပါတယ်။
သင့် အကြိုက် ဟုတ်တယ် မဟုတ်ဘူးကိုတော့ မလိုက်နိုင်ပေမယ့် . . .
သင်… မဖတ်ရသေးတဲ့ အထဲက ဖတ်ချင်စရာ ဖြစ်မယ်ထင်နဲ့ ပိုစ့်လေးတွေကို ညွှန်းပြချင်ပါတယ် ။

အဲဒီလို သင်… ဖတ်ဖြစ်အောင် ရွေးထုတ်ပြပြီး ညွှန်းဆိုပေးတာဟာ. . .
သင့်… အကြိုက်ကို သူရ မသိပါဘူး ။
လူတစ်ယောက် ရဲ့ အကြိုက်နဲ့ အခြားသူတစ်ယောက် ရဲ့ အကြိုက် တူလည်း မတူနိုင်ဘူးကိုး ။
ဒီတော့ သင့်…  အကြိုက် ပိုစ့်တွေပါ လို့ သူရ မပြောနိုင်ဘူး ။

သူရ ရွေးထုတ်ပြီး ညွှန်းဆိုပြလိုက်တဲ့ ပိုစ့်တွေက ဂဇက်ထဲမှာ …
သင်… မဖတ်လိုက်ရသေးတဲ့ ပိုစ့်တွေထဲက တချို့ ဖြစ်လိမ့်မယ်. .

အဲဒါတွေဟာ  ဂဇက်ထဲက အကောင်းဆုံးပိုစ့်တွေပဲလို့လည်း ယူဆလို့မရဘူး။
ဘာလို့လဲဆိုတော့  သူရ ရွေးထုတ် ညွှန်းဆိုပြလိုက်တဲ့ပိုစ့်တွေဟာ…
သူရ တစ်ယောက် သဘောအရ သူရ ကြိုက်မိတဲ့ ပိုစ့်တွေပါပဲ။
သူရ ညွှန်းချင်တဲ့ပိုစ့်တွေပေါ့ ။
သူရဆိုတာ အကောင်းဆုံးကို ရွေးထုတ် ညွှန်းဆိုပြနိုင်တဲ့ ပညာရှင်ကြီးလည်း မဟုတ်လို ့. . .

သူရ ညွှန်းချင်တဲ့ ပိုစ့် တချို့ လို့ပဲ ယူဆပေးရင် ရပါပြီ ။
တခြားဘာမှ တွေးမနေပဲနဲ့ . . .
သူရ ညွှန်းသောပိုစ့်များထဲက
သင်….  မဖတ်ရသေးတာ / ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင် 
ဖတ်ပေးပါ… လို ့… ။
တကယ်လို ့….သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် ….
ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။
ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။

မဖတ်ရသေးသူတွေအတွက် . . .
ဖတ်စေချင်လို့ . . .
(သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။

 

———————————————————————————————————————

ကျနော် ညွှန်းဆိုပြချင်သော …ပိုစ့်များ အပိုင်း ( ၂ )

 

 

ကျွန်မနဲ့ PUK အဲ့ဒီမှာ စတွေ့တာပဲ

 

Posted by on Feb 13, 2014

 

……ဒါနဲ့ သူတို့ ရုံးခန်းအပြင်မှာ ခဏစောင့်ပါဆိုပြီး အထဲဝင်သွားတယ်..

ကိုယ်နဲ့ မေမေက အပြင်စားပွဲလေးမှာ ထိုင်စောင့်ပေါ့…၁၅ မိနစ်လောက်လည်းကြာတော့ …

စာရေးမတစ်ယောက်ထွက်လာတယ်..သူတိုု့ဆီက ၄၂၁ နဲ့စ တာ မရဘူးတဲ့..

အဲ့ဒါက အနောက်ကပ်လျှက်အဆောင်အပေါ်ထပ်ကိုသွားပါတဲ့…အဲ့ဒါများ မရရင် စောစောကမပြောဘူးနော်…

 

စာရေးကောင်းတဲ့ ရွာသူတစ်ယောက်ပါ။

သူကြုံခဲ့ရတဲ့ ဖုန်း ဆင်းကတ်နဲ့ ပက်သက်တဲ့အတွေ ့အကြုံလေးကို ပြန်မျှဝေထားပုံက အရေးအသားသွက်သွက်လက်လက်

စာချောချောလေးမို ့ ဖတ်ရတာ ဗဟုသုတရစရာလည်းရလို ့ ညွှန်းပါရစေ. . .

 

ကျွန်မနဲ့ PUK အဲ့ဒိမှာ စတွေ့တာပဲ https://myanmargazette.net/193709

 

 

___________________________________________________

 

မဟာသံဝါသနေ့ ၊ ရိုက်စားကောက်ထည့်နှင့် သူကြီးသို့ပေးစာ

 

Posted by on Feb 20, 2014

 

အဓိက ကျုပ်တွေးနေတာက ……

*ကျုပ်တို့ လူမှုဝန်းကျင် ဘာတွေပြောင်းလဲသွားတာလဲ

 

*ကျုပ်တို့ မျိုးဆက်တွေရဲ့ ယုံကြည်လက်ခံမှုတွေ ဘာဖြစ်ကုန်ပြီလဲ

 

*ကျုပ်တို့ မြင်ခဲ့တဲ့ လူငယ်တွေရဲ့မိဘများကရော ဘယ်လိုနားလည်လက်ခံပေးတာလဲ

 

*ကျုပ်တို့ရဲ့ ပြောင်းလဲမှုတွေက လိင်ကိစ္စရှေ့တန်းတင်နေကြတာလား

 

*ကျုပ်တို့ဟာ ခေတ်မှီခြင်းဆိုတာတွေအတွက် အားလုံးကိုပုံတူကူးကြတော့မှာလား

—————————-

ကျုပ်သတိထားမိသလောက်ကတော့ ဟိုအယ်ဒီတာ သူကြီးနဲ့ တော်တော်ဆိုင်တယ် ။

 

ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာ ။ ဘာဘဲဖြစ်ဖြစ် ထေရဝါဒမကောင်းဘူချည့်အပုတ်ချနေတော့……..

 

 

ဒီကနေ့ လူငယ်တွေရဲ့ အတွေးအခေါ်အယူအဆ ရဲတင်းပေါက်ဆိန်မှုတွေကို  အသော့အထေ့လေးနဲ့ ကလိပြထားတဲ့ ပိုစ့်တစ်ပုဒ်ပါ။

Taxi သမားတစ်ယောက်နေရာက ခံစားပြီးရေးပြထားပုံက တကယ့် သရုပ်ပေါ်ပီပြင်မှုရှိပါတယ် ။

ဒီနေလူငယ်တွေ ချစ်သူများနေ့မှာ. . .ဘာဘာညာညာသွားလာမှုတွေနဲ့  အမြင် မတော်စရာ ဖြစ်နေကြတဲ့ အခြေအနေကို

မီးမောင်းထိုးပြလိုက်တဲ့ အပြင် ဆွေးနွေးငြင်းခုန်ချင်စရာ လည်း ရှိနေပါသေးတယ် ။

လစ်ဗင်းတူဂဲသား ဆိုတာကို ဒီမှာ ဘယ်လို သဘောထားသလဲ ….

ဘယ်လို လက်ခံမှု လက်မခံမှု ရှိကြလဲ. . .

ဒါတွေအပြင် သူ ့ပိုစ့်ရဲ့ နောက်တစ်ခြမ်းမှာတော့ ဒီရွာ့အရေးလည်း တို့ထိဆွေးနွေးထားသေးပါတယ် ။

သွားကြည့်ကြပါဦး ။

 

မဟာသံဝါသနေ့ ၊ ရိုက်စားကောက်ထည့်နှင့် သူကြီးသို့ပေးစာ https://myanmargazette.net/193988

 

___________________________________________________________________

 

ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ – တူမောင်ညို

 

Posted by on Feb 19, 2014

 

မတရားမှုနဲ့ခြိမ်းခြောက်အနိုင်ကျင့်မှုကို လစ်လျူရှုထားမယ်ဆိုရင်

အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကာယကံမြောက်အား ပေးကူညီတာပဲဖြစ်ပါတယ်။

လစ်လျူရှုထားတဲ့ပုဂ္ဂိုလ်နဲ့ပါတီ၊ အသင်းအပင်းအဖွဲ့အစည်းတွေဟာ အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေကို ကာယကံ မြောက်အားပေး ကူညီနေသူနဲ့

အားပေးကူညီနေတဲ့ ပါတီအဖွဲ့အစည်းအသင်းအပင်းတွေပဲဖြစ်ပါလိမ့်မယ်။

ဒီကနေ့ တိုင်းပြည်နဲ့အဝန်းမှာပေါ်ပေါက်ဖြစ်ပွားနေတဲ့  ဘာသာရေးလူမျိုးရေးသွေးခွဲ၊ ရန်တိုက်၊ အကြမ်းဖက်နေမှု၊

အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်၏ အကြမ်းဖက်များ၏ နောက်ကွယ်မှ အဓိကကြိုးကိုင်နေသူတွေထဲမှာ……………..

 

ဒီပိုစ့်ကတော့ လက်ရှိ ဒီတိုင်းပြည်ရဲ့အရေးကို ခပ်ရဲရဲလေး ရေးထားတာပါ ။
နှာစေးမနေကြနဲ့တော့….တဲ့. . .

ဟုတ်ကဲ့ ဖတ်လိုက်ရတာ . . .
နှာစေးပျောက်ဆေး  သောက် လိုက်ရသလိုပါပဲ ။

ဆေးကောင်းတစ်လက်လား. . .
ဆောင်းပါးကောင်း တစ်ပုဒ်လား. . . .
မိန့်ခွန်းဆန်တဲ့ ရင် ဖွင့်သံတစ်ခုလား. . . .
ကဲ ကဲ. . . . .
သွားကြည့်လိုက်ကြပါဦး. . .
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ ကိုယ့်ဘာသာ သာသနာ့ အရေးမို့ပါ. . .

 

ကြံ့ဖွံ့အစိုးရ၏ သင်္ကန်းခြုံ သောနုတ္တိုရ်လက်သစ်များ https://myanmargazette.net/193925

 

_____________________________________________________________________

 

ယုံကြည်မှုအရောင်းဆိုင်

 

 

Posted by on Dec 28, 2013

ဟောဒီမှာ နမူနာကြည့်..၊ ယုံကြည်မှုထဲ ထည့်သုံးလို့ရတဲ့ အဓိပ္ပါယ်တွေ။

ယုံကြည်မှု = တမလွန်လောက

ယုံကြည်မှု = လူအထင်ကြီးခံရခြင်း

ယုံကြည်မှု = တစ်ယူသန်ခေါင်းမာမှု

ယုံကြည်မှု = ကားအကောင်းစား

ယုံကြည်မှု = စားဝတ်နေရေး

ယုံကြည်မှု = hypocrisy

ယုံကြည်မှု = ကောင်မလေးတစ်ယောက်ရဲ့ ညာဘက် ပါးပြင်ပေါ်က ပါးချိုင့်လေး..၊

ကြည့်…၊ ခင်ဗျားတို့အတွက် အဆင်ပြေမယ့်အဓိပ္ပါယ် တစ်ထောင် တစ်သောင်း ပြောင်းထည့်သွားရုံပဲ”

ကျွန်တော် ရှင်းပြလိုက်တော့ စောစောက မေးခွန်းထုတ်တဲ့လူ ကျွန်တော့်ကို ပြုံးကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်တယ်၊ ပြီး…….

 

မလွယ်ဘူး။

စကားလုံးအဟောင်း စာသားအနွမ်းကြီးတွေကိုသုံးပြီး

ဟန်အသစ် အတွေးသစ် အမြင်သစ်ကို တစ်တစ်ရစ်ရစ် ရေးပြနိုင်ဖို့ဆိုတာ. . . .
အင်း. . . .
မလွယ်ဘူး. . .

အဲဒီ မလွယ်တာကိုမှ ကျကျနန ဖန်တီးပြသွားတဲ့ ခပ်ထက်ထက်အနုပညာပြကွက်တစ်ခု….

ပိုစ့်တစ်ပုဒ်အဖြစ် …..ရှိနေတယ် ။

စာသားတွေကို အသည်းတယားယားမြင်တွေ ့ရအောင်. . . .
အယူအဆကို အမူအယာဆန်းဆန်းနဲ့ လှမ်းကိုင်တို့ထိပြသွားတာများ. . .
ဖတ်နေတုန်းရော ဖတ်အပြီးမှာပါ. . . . ဟာခနဲ ဖြစ်မသွားဘူးဆိုရင် . . .
ညွှန်းတဲ့ သူရကို ငထူငအလို့သာပြောတော့. . . .

ရော့. . . . လင့်ခ်. . .  ယုံကြည်မှုအရောင်းဆိုင် https://myanmargazette.net/191372
သွားကြည့်ဗျာ. . . .

 

_____________________________________________________________________________

 

အတောင်စုံချိန်

 

 

Posted by on Jan 2, 2014

လောကထဲကို လှလှပပ ပျံသန်းဖို့ အတောင်မစုံခင် ပြုတ်ကျသေကြတဲ့ ကျီးလေးတွေနဲ့ အတူတူပါပဲ။

အချိန်တန်လို့ ခွဲကြရတာ ဓမ္မတာပါ။

လှပသောခွဲခြင်းမျိုး ဖြစ်ရင် ဘယ်လောက်များ ကျေနပ်စရာ ကောင်းလိုက်မလဲ။ 

အတောင်စုံစုံနဲ့ လှလှပပ သေသေသပ်သပ်

ကျွမ်းကျင်စွာ ပျံထွက်သွားတဲ့ ကျီးလေးတွေကို မြင်ရတာတောင် စိတ်ချမ်းသာစရာကောင်းလှတာ

သားပဲဖြစ်ဖြစ် သမီးပဲဆိုဆို  လောကထဲ တိုးဝင်ချိန်မှာ အတတ်ပညာ အသိပညာစုံစုံလင်လင်နဲ့ ဝင်ခွင့်များလှလိုက်ရင်……

 

ဂဇက်မှာ အခုတလော စာအရေးကျဲနေတဲ့ လက်ရာကောင်းပိုစ့်တစ်ပုဒ်ပါ။

စာအရေးကျဲသူဆိုပေမယ့် တစ်ပုဒ်ရေးရင် တစ်ပုဒ်ဆိုသလောက် ထိထိမိမိ ရေးဖွဲ ့တတ်သူရဲ့ ဖန်တီးမှုလေးပါ ။

အတောင်စုံချိန်မှာ လှလှပပကျွမ်းကျွမ်းကျင်ကျင် မပျံသန်းနိုင်ပဲ ပြုတ်ကျနာကျင်ရတဲ့အဖြစ်တွေကို ရေးပြထားပြီး …

မေးခွန်းဆန်တဲ့အတွေးစလေးတွေ…  ဖြေ…  တွေးဖို့ … ချပေးသွားပါတယ် ။

ရေးသားတင်ပြနိုင်စွမ်းနဲ့ အဖွဲ့အနွဲ ့ တွေ. . . အချိတ်အဆက်မိမိ တွဲချိတ်ရေးသားပြသွားပုံက လက်ဖျားခါလောက်ပါတယ် ။

မဖတ်ရသေးသူများ သွားဖတ်ပြီး (ဖတ်ပြီးသူလည်း ပြန်ဖတ်ပြီး)   ….

ရသ ကို ခံစား . . . . အတွေးတွေ ပွါးးများကြည့်ကြပါဦး လို့ . . .

 

 

“အတောင်စုံချိန်” https://myanmargazette.net/191694

 

 

 

____________________________________________________________________

 

 

တ​နေ့​သောခါ …. တစ်​ခါက​ပေါ့…

 

Posted by on Dec 22, 2013

 

……..ကျ​နော်​ … ခံနိုင်​ရည်​ရှိပါ့မလား …?

ကျ​နော်​ ဒီည​နေ အိမ်​ပြန်​ရင်​ သားကို​ပြောပြရဦးမယ်​ ……

သား​ရေ… မင်​းအခု​ဖေ​ဖေ့ကို ရပ်​​စောင်​့ပြီး တံခါးဖွင်​့​ပေးတဲ့

​နေရာ​လေးမှာ .. ​နောင်​နှစ်​​ပေါင်​း ၂ဝ ​ကျော်​ရင်​ ….

 

ဒဿနဆန်သော အတွေးစာစဉ်လေးတစ်ပုဒ် မြည်းစမ်းခံစားကြည့်ကြပါဦးလား ။

လူ ့လောက သဘာဝ ဖြစ်မြဲအစဉ်အလာတစ်ခုကို မျှော်တွေးချပြသွားတာလေးပါ။

အဲဒီ စာလေးဖတ်ပြီးရင် . . တစ်ခုခုတော့ ရသွားမှာပါ. . .
အဲဒီတစ်ခုခုဟာ. . . .
သံဝေဂ လား. . .
စိုးရိမ်ကြောင့်ကြမှုများလား. . . .
ဒါမှမဟုတ်. . .သိမှုတစ်ခုခုရဲ့ ဉာဏ်အလင်းတန်းတစ်ခုကို ဖမ်းဆုပ်နိုင်မလား လို့ . . . .

တ​နေ့​သောခါ …. တစ်​ခါက​ပေါ့ https://myanmargazette.net/191054

 

_________________________________________________________________________

 

 

ကြိုတွေးပြင်ဆင်

 

 

Posted by on Dec 8, 2013

 

…..အစားအသောက်ပေါ် စွဲလန်းတဲ့တဏှာကမှ ဖြတ်ရခက်တာ မဟုတ်သေးပါဘူး။

အခြားအာရုံတွေပေါ် စွဲမိရင်လည်း ဥပါဒါန်ဖြတ်ရခက်တာပါပဲ။

မကြည့်ရရင် မနေနိုင်တဲ့ အင်တာနက် ၊ မကြားရရင်မနေနိုင်တဲ့ ပရိတ် ပဋ္ဌာန်း တရားသံ ၊

ဒီအမွှေးနံ့လေးမရရင် မနေနိုင်တဲ့ အမွှေးနံ့သာတိုင် ၊အနံ့အသက်ပျောက်ဆေး ၊

ဆပ်ပြာမွှေး စတဲ့ အနံ့အာရုံမျိုးစုံ ၊ ဒီဖျာလေး ဒီအခင်းလေးမှ မပါရင် တရားထိုင်ရတာ ကြမ်းပေါ်အေးမယ်

အကြောတက် မယ်ဆိုတဲ့ အတွေ့အထိအာရုံတွေပေါ် စွဲလန်းသမျှ လောဘစိတ်တွေချည်းပဲလို့ သိလိုက်ရတော့……………

 

ဒီပိုစ့်ကိုတော့ အထူးတလည် ညွှန်းနေဖို့မလိုပါဘူး။
ဖတ်ပြီးသူတွေ ပြန်ဖတ်လည်း အကျိုးရှိ . . .
မဖတ်ရသေးသူတွေလည်း ဖတ်ကိုဖတ်သင့်တဲ့ပိုစ့်လို့ ဆိုရင် မမှားပါဘူူး ။

 

ကြိုတွေးပြင်ဆင် https://myanmargazette.net/190482

 

___________________________________________________________________

 

 

FAMILY ဆိုသော မိသားစု

 

Posted by on Oct 2, 2013

 

ဘယ်လိုဘဲဖြစ်ဖြစ် တည်ဆောက်ပြီးတဲ့ အိမ်ထောင်ရေးကို သားတွေ သမီးတွေ ရလာကာမှ

မိသားစုဆိုတဲ့ အသိုက်အမြုံလေးဖြစ်တည်လာမှ မပြိုကွဲကြပါနဲ့ ပြိုကွဲအောင် မဖန်းတီးကြပါနဲ့ လို့အကြံပြုပါရစေ။

မိသားစုဆိုတာ …..သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးလေးရှိနိုင်လေ ကောင်းလေလေပါဘဲဗျ၊

မိသားစုရဲ့ အရင်း အမြစ်ဖြစ်တဲ့ အဖေနဲ့အမေကတော့………………..

 

FAMILY ဆိုတဲ့ စကားလုံးထဲက စာလုံးတစ်လုံးချင်းစီကို အဓိပ္ပာယ်ဖော်ဆောင် တွေးပြသွားတာလေး

ချစ်စရာကောင်းလွန်းလို့ ဖတ်ကြည့်ကြပါဦးလို့…

ညွှန်းပါရစေ. . .

ရိုးရှင်း၍ ချစ်စရာကောင်းသော အရေးအသားနဲ့ အတွေးတအားလှတယ် . . . လို ့ . . .သူရ ညွှန်းပါတယ် ။

 

“FAMILY ဆိုသော မိသားစု´´ https://myanmargazette.net/186442

 

_____________________________________________________________________________

 

 

သားကြီး ငါးကြီးလွတ် – KZ’s ထမင်းဆိုင်

 

Posted by on Dec 9, 2013

သားကြီးငါးကြီးရှောင်တဲ့သူဟာ……..

………………………………………..

——————————————————–

ပါဏာတိပါတာမှမပါရင် ဟာတာတိဟာတာဖြစ်တယ်။……

 

 

 

ပိုစ့်တွေထဲ သွားရင်းလာရင်း ဗိုက်ဆာလာပြီလား။

ထူးထူးခြားခြားပဲ. . . သားကြီးငါးကြီးလွတ်တယ်ဆိုတဲ့ ထမင်းဆိုင်လေးတစ်ဆိုင်တွေ ့ထားတယ်။
သွား …ဝင် …စားလိုက်ကြပါဦး။
အဲဒီဆိုင်ထဲက အတိုင်း ချက်တာနောက်ထား. . .
လောလောဆယ် ပိုစ့်ထဲ ဝင်လိုက်ရင်ကိုပဲ. . .စိတ်အဆာပြေလောက်ပါတယ် ။

 

သားကြီး ငါးကြီးလွတ် – KZ’s ထမင်းဆိုင် https://myanmargazette.net/190277

 

 

______________________________________________________________________________

 

 

သနားစဖွယ်​ …. ​နေကြာပန်​းများ နွမ်​းလျကုန်​ပြီ

 

 

Posted by on Feb 15, 2014

 

……အလုပ်​အကိုင်​ အခွင်​့အလမ်​း​တွေရနိုးနိုး
တန်​းတူညီမျှတဲ့ လွတ်​လပ်​မှု​တွေရနိုးနိုး
တိတ်​တစ်​ခိုး​မျှော်​လင်​့ချက်​​တွေနဲ့ …..

 

သင်္ကေတတွေ . . .
ကိုယ်စားပြုစကားလုံးလေးတွေနဲ့ လှလှပပ တွဲချိတ်ဖန်တီးရေးသားထားတဲ့ ကဗျာတစ်ပုဒ်ပါ။

ခံစားမှုအနေနဲ့သာမက အတွေးပုံရိပ်ထဲမှာ တစ်စုံတစ်ခု အခြေအနေတစ်ခုခုကို…

ထည့် မြင်ယောင်ခံစားလို့ရနေအောင် လမ်းဖွင့်ပေးထားတဲ့ ကဗျာလေးပါ။ လွတ်လပ်ရှင်းလင်းတဲ့ ဟန်နဲ့ . . .

အဲဒီ ကဗျာလေးကို ဖတ်ပြီး ဘယ်အရာကို မြင်ယောင် ခံစားမလဲဆိုတာ . . . .

ကဗျာလေးထဲ သွားကြည့်လိုက်ပါဦးဗျို ့. . .

 

သနားစဖွယ်​ …. ​နေကြာပန်​းများ နွမ်​းလျကုန်​ပြီ https://myanmargazette.net/193790

 

_____________________________________________________________________________

 

My self

 

on Nov 5, 2012

 

အဲဒီ အချိန်မှာ…. ကျွန်တော့်မှာလည်း… လက်တွဲဖော် မိန်းကလေးတစ်ယောက် ရှာတွေ ့ ထားပါတယ် ။

တူ တူမတွေကြားမှာ.နေထိုင်ရင်း ကျွန်တော်နဲံ ့အစ်မကြီးဟာ..ပျော်ရွှင်လာပါတယ် ။

မကြာပါဘူး ။ ………………………..

 

 

ကြိုးတွေရဲ့ ရစ်ပတ်တုတ်နှောင်တတ်မှုတွေထဲက  အတင်းဆုံးရစ်ပတ်နိုင်သော သံယောဇဉ်ကြိုးတစ်ချောင်းအကြောင်းကို

ရင်ဘက်ဟောင်းလောင်း ဖွင့်ပြလိုက်တဲ့ လူပျိုကြီးတစ်ယောက်ရဲ့ စကားပါ. . .
မရယ်ရက်ဘူး. . . .
အဲဒီ ကြိုးတွေလိုမျိုး. . . . တုတ်နှောင်ခံဖူးသူတွေတိုင်းကို. . . .
__________________________________________________________________________

ပန်းကြိုက်တဲ့မား

 

Posted by on Oct 7, 2013

 

 

...

 

 

 

 

 

 

 

 

 

 

 

 

ပန်းတစ်ခင်းထဲ
လှမ်းအတင်း ဝဲ ပျံကြည့်ချင်ရင် ကိုယ့်ကိုကိုယ် လိပ်ပြာတစ်ကောင်လိုခံစားသက်ဝင်ပြီး

ဟောဒီ ပန်းတစ်ခင်းပေါ် ခပ်ကဲကဲ ဝင်ပျော်လိုက်ပါ. . .

ပန်းရနံ ့တွေတောင် ရှူရှိုက်လို့ရလောက်တဲ့. . .ပန်းတစ်ခင်း. .
လက်ဆောင်အဖြစ်ရှိနေတယ်. . . .
မယုံရင်သွားကြည့်. . . .

လိပ်ပြာလိုသွားနော်. . . .

____________________________________________________________________________

နက်ဖြန် သို့မဟုတ် ဘယ်သောခါ

 

Posted by on Feb 21, 2014

 

မြစ်ကိုလဲ ရောင်း…
တောင်ကို ရောင်းလို့…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

ပုဆိုးလှန်ပြ…
ဗိုက်လှန်ပြပြီး…
တည်ဆောက်ခဲ့သည်…

ဒီမိုကရေစီ…

 

 

ကဗျာတွေ စာတွေထဲကနေ တိုင်းပြည်တစ်ပြည်ရဲ့ ဖြစ်ပျက်နေမှု အခြေအနေတချို့ကို လှမ်းမြင် ရနိုင် တယ်ဆိုရင် ယုံမလား ။

မယုံရင် ပုံပြင်လို့ မှတ်စရာ မလိုပါဘူး။
ကျွန်တော် ဖတ်ခဲ့တဲ့ကဗျာတစ်ပုဒ် ထုတ်ပြမယ် ။
အဲဒီ ကဗျာထဲက စာသားတွေက တိုင်းပြည်တစ်ပြည် ရဲ ့ အခြေအနေတချို့ကို… တကယ် မီးမောင်းထိုးပြနေတယ် ။

ဘယ်တိုင်းပြည် လဲ. . .
ဘယ်အခြေအနေမျိုးလဲ . . .
ကဗျာဆရာ ပြောတဲ့ အဖြစ်တွေ . . .
ကဗျာဆရာ့ အယူအဆတွေဟာ. . .
လက်ခံရမှာလား. . .
ငြင်းဆိုစရာ ရှိသလား. . . .
သွားကြည့်ကြပါဦး . . .

နက်ဖြန် သို့မဟုတ် ဘယ်သောခါ… https://myanmargazette.net/194012

 

_____________________________________________________________________________

 

 

 

 

 

လေးစားစွာဖြင့်….

 

အလင်းဆက် ( Gazette )

2 . 3 .2014 .

 

 

 

 

 

 

 

 

 

 

 

 

 

 

 

25 comments

  • kyeemite

    March 3, 2014 at 11:38 am

    ကျေးဇူးပါအလက်ဆင်းရေ…ဒီပို့လေးနဲ့ ညွှန်းမှပဲ မဖတ်ဖြစ်ခဲ့တဲ့…

    တ​နေ့​သောခါ …. တစ်​ခါက​ပေါ့…
    Posted by surmi on Dec 22, 2013 ကိုဖတ်လိုက်ရတယ်… 🙁

    • အဲဒီလို မဖတ်မိခဲ့တာလေးတွေ ပြန်ဖတ်ဖြစ်တယ်ဆိုရင် ပိုစ့်တင်ရကျိုး နပ်ပါတယ် ဦးကြီးရေ. . .

      🙂

  • ဦးကြောင်ကြီး

    March 3, 2014 at 1:27 pm

    ဒိတ်ဒိတ်ကြဲ ငမွဲ
    လှိမ့်ပိမ့်ဆဲ သရဲ
    အိမ့်ဆိမ့်ကဲ ပုလဲ
    သိမ့်ခြိမ့်စွဲ အသဲ..

  • မဟာရာဇာ အံစာတုံး

    March 3, 2014 at 1:50 pm

    ဟိုလို ပို့စ်တွေလည်း
    ညွှန်းပေးပါဦးကွာ ….

    • ဘယ်လိုပိုစ့်မျိုးလဲဗျ

      🙂

      ———

      ကျနော် ပိုစ့်ညွှန်းဖို့ရွေးတော့ ကိုယ့်အကြိုက်ထဲကမှ
      လူဖတ်နည်းသွားတယ် ထင်တာလေးတွေ ဦးစားပေးရွေးပါတယ်။
      ရသ သုတ တစ်ခုခု ရစေတဲ့ စာမျိုးတွေ ဦးစားပေးရွေးပါတယ်။
      ပထမဆုံးစာမျက်နှာမှာ ရှိနေသေးတဲ့ပိုစ့်တွေရယ်
      လူဖတ်များခဲ့တယ်လို့ ယူဆရတဲ့ပိုစ့်တွေရယ်ကို ခဏဖယ်ထားပါတယ်
      ရွာသူားအသစ်တွေရဲ့ စာကောင်းတွေဆိုလည်း ဦးစားပေးစာရင်းထဲ ထည့် ညွှန်းချင်ပါတယ်။

      🙂

  • padonmar

    March 3, 2014 at 9:36 pm

    ကျေးကျေးပါ အလက်ဆင်းရေ။
    မလွယ်တဲ့ အလုပ်ကို အများတွက် လုပ်ပေးနေတဲ့ ပရဟိတလူသားဂဇက်ရွာသားမို့ ဂုဏ်ယူပါတယ်။

    • ဟုတ်
      ကျေးဇူးပါတီတီ

      🙂

      ပရဟိတလူသားဆိုတဲ့စကားလုံးနဲ့တော့ သိပ်မအပ်စပ်သေးဘူးလားလို့

      🙂

  • TNA

    March 4, 2014 at 1:37 pm

    ဒီတခေါက်တော့ အကုန်နီးပါဖတ်ပြီးသားတွေအေ့ ဒါပေမဲ့ မှတ်ထားရတာပေါ့။ နောက်ပိုစ့်ကိုလဲမျှော်လျှက်

  • မိုး မင်းသား

    March 4, 2014 at 6:51 pm

    ကျွန်တော်ပိုစ် ့လေးကတော ့ဖတ်ပြီးသူများလောက်တယ်….

    အခုလိုပြန်လည်တင်ပြပေးတဲ ့…….ပြန်ညွှန် ့ကိုကျေးဇူးတင်ပါရစေ…..

    မဖတ်ရသေးတဲ ့လူတွေလည်း….ဖတ်ရင်းခံစားလို ့ရတယ်လေ……

    ဘာပဲပြောပြော…ကျေးဇူးကိုတော ့…ဝင်သလောက်ဆပ်ပါ ့မယ်…….

    အဟွန်း…ဟွန်း

    • alinsett (gazette)

      March 5, 2014 at 12:09 pm

      ကျေးဇူးဝင်သလောက် ပြန်ဆပ်စရာ လိုပါဘူးဂျာ

      အဆပ်ခံချင်လို့ ဒါတွေ လုပ်တာမှ မဟုတ်တာ။
      အမှန်တော့ ကိုယ် ဝါသနာပါလို့ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ။
      🙂
      ကိုယ်ဖတ်မိတဲ့ထဲက ကိုယ့်အကြိုက်လေးတွေ ကို မဖတ်ရသေးသူတွေအတွက် ပြန် ညွှန်းတာလေးပါပဲ။

      မကြီးသိမ်းရယ်. . .

      🙂

  • ဝင့်ပြုံးမြင့်

    March 4, 2014 at 7:22 pm

    ဟုတ်တယ်။ အလက်ဇင်းညွှန်းတဲ့ ပို့စ်တွေ အကုန်နီးပါးကောင်းတယ်။ ပြန်အမှတ်ရစရာလေးတွေလည်း ပေါ်လာတယ်။ အထူးသဖြင့် ကိုမိုးမင်းသားရဲ့ ပို့စ် ထဲမှာ စာပေရဲ့ ရိုးသားမှုဆိုတာ ရှိတယ်။ အဲဒါလေး ပြန်တွေးမိလို့။

    • alinsett (gazette)

      March 5, 2014 at 7:24 am

      မိုးမင်းသားက စာရေးတတ်ပါတယ်
      ရေးဖို့ အချိန်ဆွဲနေလို ့အစ်မရဲ့

      🙂

  • ခင် ခ

    March 4, 2014 at 9:52 pm

    တကယ်ကောင်းတဲ့ Idea နဲ့ ကြိုးစားမှု့ကိုတော့ ချီးကျူးမိတယ် မောင်အလင်းဆက်ရယ်

    • alinsett (gazette)

      March 5, 2014 at 7:15 am

      လေးခ ရေ
      ချီးကျူးစကားကြားရတာ ဝမ်းသာမိပါတယ် လို ့

  • johnnydeer

    March 4, 2014 at 11:05 pm

    ကျွန်တော် မတတ်တတတ်လေးရေးထားတဲ့ ကဗျာလေးကို ညွှန်းတဲ့ အလင်းဆက်ရေ…ကျေးကျေးကမ္ဘာပါနော်…

    • alinsett (gazette)

      March 5, 2014 at 7:14 am

      မတတ်တတတ်ကဗျာ မဟုတ်ပါဘူးဗျာ
      တစ်သက်အမှတ်ပြည့်ပေးထားရမယ့် ကဗျာပါ

      🙂

      ကျနော် အဲဒီ ကဗျာလေးကို စွဲသွားလို့ပါ. . .

  • မမချွိ

    March 5, 2014 at 9:13 am

    ကျေးဇူးတင်ကြောင်းအရင်ပြောပါရစေ။
    နောက်ခါဆို ဟိုလို အကန့်ခွဲလိုက်ပါ့လားးး
    ဓာတ်ပုံ ပို့(စ)
    ကဗျာပို့(စ)
    ရသ ပို့(စ)
    သုတ ပို့(စ)
    ဘာညာ စသည်ဖြင့်ပေါ့။
    ဆရာလုပ်တာဟုတ်ဘူးနော်။
    ဟေးဟေးဟေးးးး
    အာ့ဆို ရှာရတာလဲ လွယ်မယ်။ ညွှန်းရတာလဲ လွယ်မယ်လားလို့။

    :mrgreen:

  • မိုး မင်းသား

    March 5, 2014 at 7:59 pm

    စာရေးရတာပျင်းလို ့မဟုတ်ပါဘူးအမပြုံးနဲ ့အလင်းဆက်ရေ

    ရေးစရာမရှိလို ့ပါ……

    အလင်းဆက်ကမှအရေးကောင်း…..အမပြုံးကိုတော ့အားကျမိနေတာနဲ ့

    အချိန်တွေက….ကုန်ကုန်သွားတာပါဗျ…….. ့

    • alinsett (gazette)

      March 6, 2014 at 7:03 am

      ကျနော်က အရေးမကောင်းသေးပါဘူးခည
      အကောင်းမရေးတတ်သေးလို့

      🙂

Leave a Reply