တိုင်တန်းနစ်ပေါ်က မံမီကျိန်စာ

chityimhtooMarch 2, 20141min2139

တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့သည်မှာ နှစ် (၁၀၀) ပြည့်ပေပြီ။ တိုင်တန်းနစ်သင်္ဘောကြီးသည် သူ့ခေတ်သူ့အခါက ကမ္ဘာပေါ်တွင်ရှိသော အပျော်စီး သင်္ဘောကြီးများအနက် အကြီးမားဆုံးဖြစ်လေသည်။ ကြီးမားခန့်ထည့်လှသော တိုင်တန်းနစ်သင်္ဘောကြီးသည် လုံးဝ မနစ်မြုပ်နိုင်ဟု သင်္ဘောတည်ဆောက်သူများက အာမခံခဲ့ကြသည်။
ပင်လယ်လှိုင်းလုံးကြီးများပေင်လယ်လှိုင်းလုံးကြီးများကြောင့် မနစ်မြုပ်နိုင်အောင်လည်း သေသေချာချာ စီမံဆောက်လုပ်ထားသော ဇိမ်ခံသင်္ဘောကြီးဖြစ်ပေသည်။ အားကစားခန်းမများ၊ ရေကူးကန်များ၊ စာကြည့်တိုက်များ၊ အဆင့်မြင့်စားသောက်ဆိုင်များနှင့် ပင်လယ်ရှုခင်းကို တိုက်ရိုက်ခံစားနိုင်သော အိပ်ခန်းများ ပါဝင်လေသည်။
သို့သော် (၁၉၁၂) ဧပြီလ (၁၅) ရက်နေ့တွင် အကြီးဆုံး သင်္ဘောကြီးဖြစ်သော တိုင်တန်းနစ်သည် ညသန်းခေါင်အချိန်ခန့် (၁၁ နာရီ ၄ဝ မိနစ်) တွင် ရေထဲမျောနေသည့် အလွန်ကြီးမားသော ရေခဲတောင်ကြီးကို တိုက်မိကာ နစ်မြုပ်ခဲ့ရလေသည်။
တိုင်တန်းနစ်သင်္ဘောသည် ၎င်း၏ ပွဲဦးထွက် ရေကြောင်းခရီးစဉ်တွင် ရေခဲတောင်ကြီးနှင့် တိုက်မိကာ နစ်မြုပ်ခဲ့ရခြင်းဖြစ်သည်။
သင်္ဘောပေါ်တွင် အပန်းဖြေခရီးသည်နှင့် သင်္ဘောဝန်ထမ်း (၂၂၂၄)ဦး လိုက်ပါလာပြီး၊ (၁၅၀၂) ဦး အသက်ဆုံးရှုံးခဲ့လေသည်။
ထိုသင်္ဘောကြီးပေါ်တွင် ပျားရည်ဆမ်းခရီးထွက်လာသော ညားကာစ ဇနီးမောင်နှံစုံတွဲ (၁၃) တွဲလည်း စီးနင်းလိုက်ပါလာခဲ့သည်။ အပန်းဖြေခရီးထွက်လာသူ ခရီးသည်များထဲတွင် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်သူဌေးများပင် ပါဝင်လေသည်။
ထိုကဲ့သို့ အဖြစ်ဆိုးဖြင့် ကြုံတွေ့ခဲ့ရသော တိုင်တန်းနစ်သင်္ဘောသည် သာမန် မတော်မဆမှုကြောင့်ဟုသာ ထင်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ကျိန်စာဆိုးများကြောင့်ဟု ပြောဆိုလာကြလေတော့သည်။
ထိုကျန်စာဆိုးတို့၏ ဇာတ်လမ်းဖြစ်စဉ်မှာမူ ခရစ်တော်မတိုင်မီ နှစ်ပေါင်း (၁၅၀၀) ခန့်က ရှိခဲ့သည့် အီဂျစ်ပြည်မှ အမင်ရာ (Amen Ra) မင်းသမီးနှင့် သက်ဆိုင်နေပေသည်။
ထိုအီဂျစ်မင်းသမီး ကွယ်လွန်သောအခါ သူမ၏အလောင်းကို အဆင်တန်ဆာ အပြည့်အစုံနှင့် မံမီရုပ်အလောင်းအဖြစ် ဆေးစီရင်ကာ ခေါင်းတလားအတွင်းသို့ ထည့်သွင်းခဲ့ကြသည်။
အဆိုပါ ခေါင်းတလားကြီးကို နိုင်းမြစ်၏ ကမ်းခြေတစ်ခုဖြစ်သော လူဇာကမ်းခြေတွင် မြေအောက်နက်နက်၌ တွင်းတူး၍ မဖျက်ဆီးနိုင်သော ကျိန်စာများဖြင့် မြှုပ်နှံခဲ့ကြသည်။
(၁၉၈၀) ပြည့်နောက်ပိုင်းတွင် အမင်ရာမင်းသမီး၏ အခေါင်းကို လူဇာကမ်းခြေ၌ တူးဖော်ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ခေါင်းတလားထဲတွင် မပျက်ဆီးသေးသော အမင်ရာမင်းသမီး၏ လှပသော ခန္ဓာကိုယ်ရုပ်ကြွင်းကို ကောင်းမွန်စွာ မံမီအဖြစ် ဆေးစီရင်ထားသည်ကို တွေ့ရှိရလေသည်။
တူးဖော်တွေ့ရှိသူများသည် အင်္ဂလိပ်လူမျိုးများဖြစ်ကြပြီး လန်ဒန်တွင် လူချမ်းသာ စာရင်းဝင်သော သူဌေးလေးဦးဖြစ်လေသည်။ သူတို့သည် ငွေကြေးများစွာ အကုန်အကျခံပြီး လူအင်အားဖြင့် လူဇာကမ်းခြေတစ်လျှောက် တူးဖော်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
တူးဖော်ရရှိခဲ့သော ခေါင်းတလားကြီးကို သူတို့တည်းခိုးရာ ဟိုတယ်သို့ သယ်ဆောင်လာခဲ့ကြသည်။ ထိုသူဌေးလေးဦးထဲမှာ ပထမတစ်ဦးသည် နောက်တနေ့မနက်စောစောအချိန်တွင် သူတို့တည်းခိုသည့်နေရာမှ သဲကန္တရဆီသို့ လမ်းလျှောက်လေသည်။ ထိုသူသည် နေဝင်သည်အထိ သူတို့တည်းခိုရာနေရာသို့ ပြန်မလာတော့ပေ။
နောက်သူဌေးတစ်ဦးမှာလည်း အီဂျစ်လူမျိုး အစေခံတစ်ဦးနှင့် စကားများရာမှ အစေခံက ဓါးဖြင့် ထိုးလိုက်သောကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားရလေသည်။ တတိယမြောက် သူဌေးမှာလည်း ကံဆိုးမိုးမှောင်ကျခဲ့ရသည်။ သူအိပ်ပျော်နေစဉ် သူ၏လက်မောင်းအား အဆိပ်ရှိသော ကင်းမြီးကောက် အကိုက်ခံလိုက်ရသောကြောင့် ချက်ချင်းပင် သူ၏ လက်အားဖြတ်ပစ်လိုက်ရသည်။
ထိုသူဌေးသည် လန်ဒန်သို့ပြန်ရောက်သောအခါ သူပိုင်ဆိုင်သော ငွေကြေးများအပ်နှံထားသော ဘဏ်သည် အရှုံးပေါ်၍ ဝေဒါလီခံသွားသောကြောင့် လက်တစ်ဖတ်ပြတ်ခဲ့ရသည့်အပြင် ငွေကြေးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။
စတုတ္ထမြောက် သူဌေးမှာ လန်ဒန်သို့ပြန်ရောက်သောအခါ အီဂျစ်မင်းသမီး၏ ခေါင်းတလားကို ပြန်ရောင်းလိုက်လေသည်။ ရောင်းပြီးမကြာမီမှာပင် ထိုသူဌေးသည် ပြင်းထန်သော ရောဂါဝေဒနာကို ခံစားရပြီး ကျန်းမာရေးချို့တဲ့သွားသဖြင့် သူ၏လုပ်ငန်းများရပ်ဆိုင်းသွားကာ လမ်းပေါ်တွင် တောင်းစားရသည့်အဖြစ်မျိုးနှင့် ကြုံတွေ့ရသည်။
အဆိုပါ အမင်ရာမင်းသမီး၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလားအား သယ်ယူခဲ့စဉ် လမ်းခရီးတစ်လျှောက်လုံးတွင်လည်း ဒုက္ခမျိုးစုံကို ဖြတ်ကျော်ခဲ့ရပြီး အင်္ဂလန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
………………………………..Untitled-1လန်ဒန်မြို့ရှိ ကုန်သည်လုပ်ငန်းရှင်တစ်ဦးမှ ထိုခေါင်းတလားကို ပြန်လည်ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ထိုခေါင်းတလားကို အိမ်သို့ သယ်ယူသွားသည့် အချိန်မှ အစပြု၍ သူ၏ မိန်းမနှင့်ကလေးမှာ ကားမှောက်၍ သေဆုံးသွားခဲ့ရသည်။ သူ၏အိမ်လည်း မီးလောင်ခြင်းခံရပြန်သည်။ သို့သော် ခေါင်းတလားထားသော အိမ်နှင့်တစ်ဆက်တည်း ဂိုဒေါင်သို့ မီးမကူးခဲ့ပေ။
သို့ဖြစ်၍ ထိုကုန်သည် သည် ဆိုးကျိုးပေးလွန်းလှသော ခေါင်းတလားကို သူ၏အိမ်တွင် ဆက်မထားတော့ဘဲ လန်ဒန်ပြတိုက်သို့ လှူဒါန်းခဲ့သည်။
ခေါင်းတလားကို လှူဒါန်းရန် ထရပ်ကားပေါ်တင်၍ ပြတိုက်သို့ သွားပို့စေသည်။ ပြတိုက်ဝင်းအတွင်းသို့ အရောက်တွင် ထရပ်ကားပေါ်မှ ခေါင်းတလားကြီး လျှောကျသွားလေသည်။
ထိုခေါင်းတလားသည် အောက်သို့ပြုတ်ကျသွားပြီး လမ်းလျှောက်နေသော လူတစ်ဦးအား ဝင်တိုက်မိလေတော့သည်။ ထိုသူလည်း ခြေထောက်ကျိုးသွားရပြန်သည်။
ကျန်အလုပ်သမားတစ်ဦးမှာ အလွန်ကျန်းကျန်းမာမာရှိ၍ အလုပ်လုပ်နိုင်သူဖြစ်သည်။ သို့သော် ထိုအခေါင်းကို ပြတိုက်၏ အပေါ်ထပ်သို့ သယ်ပို့ပေးပြီး နှစ်ရက်အကြာတွင် အကြောင်းပြစရာကိစ္စ ကြီးကြီးမားမား မရှိပါပဲလျှက် ရုတ်တရက် သေဆုံးခဲ့ရသည်။
ပြတိုက်ထဲ၌ ထိုမင်းသမီး၏ အခေါင်းကို ပြောင်းရွှေ့နေရာချထားလိုက်သောအခါ ဒုက္ခများနှင့် ဆိုးကျိုးများ စတင်ပေါ်ပေါက်လာတော့သည်။
ပြတိုက်ရှိ ညစောင့်က မင်းသမီး၏ အခေါင်းထားရှိရာ အခန်းထဲမှ ကြောက်ရွံ့ဖွယ်ကောင်းသော တူထုသံများ၊ ကြေကွဲဝမ်းနည်းစွာ ငိုရှိုက်သံများကို မကြာခဏ ကြားရသည်ဟု ဆိုသည်။
ထိုအခန်းထဲတွင် ညဘက်ရောက်သောအခါ ပြသထားသော ပစ္စည်းများဖြင့် ခပ်ပြင်းပြင်း ပစ်ပေါက်နေသော အသံများထွက်ပေါ်လာခဲ့လေသည်။ ပြတိုက်တွင် ညစောင့်နှစ်ဦးထားရှိလေရာ မနက်မိုးလင်း ပြတိုက်ဖွင့်သောအချိန်၌ အစောင့်တစ်ဦးသည် မင်းသမီး၏ အခေါင်းတင်ထားသော စင်ဘေးတွင် ဘာဒဏ်ရာမှ မရှိဘဲ သေဆုံးနေလေသည်။ အခြားအစောင့်တစ်ဦးသည် ထိုမနက်မှာပင် အလုပ်မှ နှုတ်ထွက်သွားလေသည်။
ပြတိုက်ရှိ သန့်ရှင်းရေးဝန်ထမ်းများမှာလည်း အမင်ရာမင်းသမီး၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလားအနီးတွင် သန့်ရှင်းရေး မလုပ်ဝံ့ကြပေ။
ပြတိုက်သို့ လေ့လာရန် ရောက်ရှိလာသော သုတေသီတစ်ဦးသည် ထိုစကားကို ကြားရသောအခါ မယုံကြည်သဖြင့် ဖုန်သုတ်အဝတ်တစ်ကိုခကို တောင်းယူကာ ခေါင်းတလား၏ ခေါင်းရင်းပိုင်းပေါ်သို့ ဖုန်သုတ်ဝတ်ဖြင့် ဆက်၍ဆက်၍ ရိုက်ချလိုက်သည်။
ထိုသုတေသီသည် ပြတိုက်မှပြန်သွားပြီး အိမ်သို့ရောက်သောအခါ သူ၏ ကလေးသည် ကောက်ခါင်ကာဖြင့် ဝက်သက်ရောဂါဖြစ်၍ သေဆုံးခဲ့ရပေသည်။
အဖြစ်ဆိုးများစွာ ကြုံတွေ့ခဲ့ရပြီးသည့်နောက် ပြတိုက်တာဝန်ရှိသူများသည် အမင်ရာမင်းသမီး၏အခေါင်းကို ထိုပြခန်းတွင် ဆက်မထားတော့ဘဲ ပြတိုက်၏အောက်ထပ် စတိုခန်းသို့ ပို့ထားခဲ့ရလေသည်။
ထိုနေရာတွင်မူ အဆိုပါ ခေါင်းတလားကြီးကို မည်သူမျှ ထိတွေ့နိုင်မှု မရှိတော့ပေ။
သို့သော် သီတင်းတစ်ပတ်ခန့်ကြာသောအခါ ပြတိုက်ရှိ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးသည် စတိုခန်းအတွင်ရှိ မင်းသမီး၏ အခေါင်းဘေးတွင် ဇာတ်ကျိုး၍ သေဆုံးနေသည်ကို ပြတိုက်ကြီးကြပ်ရေးမှူးက တွေ့ရှိခဲ့လေသည်။
ထိုအခါ သတင်းစာ၊ ဂျာနယ်များမှ သတင်းထောက်များသည် ထိုအကြောင်းကို ကြားသိလာကြသည်။
ဂျာနယ်တစ်စောင်မှ ဓါတ်ပုံဆရာတစ်ဦးသည် မင်းသမီး၏ အလောင်းထည့်ခားသော ခေါင်းတလားကြီးကို ဓါတ်ပုံရိုက်ယူခဲ့သည်။ ထိုဖလင်ကို ကူးယူသောအခါ ခေါင်းတလားပေါ်၌ ကြောက်စရာကောင်းသော လူမျက်နှာတစ်ခု ပေါ်နေကြောင်း တွေ့ရျိရလေသည်။
အဆိုပါ ဓါတ်ပုံဆရာသည် ထိုဓါတ်ပုံကူးယူပြီးနောက် အိမ်သို့ပြန်သွားကာ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ သူ၏အိပ်ခန်းတံခါးကို သော့ခတ်၍နေလေသည်။ ညသန်းခေါင်းယံအချိန်တွင် မိမိကိုယ်မိမိ သေနတ်ဖြင့်ပစ်ကာ သတ်သေခဲ့လေသည်။
အဖြစ်အပျက်ဆိုးများ ဆက်တိုက်ဖြစ်ပျက်ပြီး မကြာမှီမှာပင် လန်ဒန်ပြတိုက်တာဝန်ခံများသည် ထိုအခေါင်းကို ရှေးဟောင်းပစ္စည်းများ စုဆောင်းသော ပုဂ္ဂိုလ်တစ်ဦးအား ရောင်းချလိုက်သည်။
ထိုပုဂ္ဂိုလ်သည် ထိုခေါင်းတလားကြီးအား နေအိမ်၏ အမြင့်ဆုံးအထပ်သို့ တင်ထားလိုက်သည်။ ထို့နောက် သူ၏အိမ်တွင် သရဲအလွန်ခြောက်လာသောကြောင့် သူ၏မိတ်ဆွေဖြစ်သူ အကြားအမြင်ဆရာမ မဒမ်ဟယ်လီနာ ဘလာဗက်စကီကို အိမ်သို့ခေါ်ရလေသည်။
အကြားအမြင်ဆရာမသည် ထိုအိမ်၏ ဥပစာသို့ ဝင်လိုက်သည့်အခါ ကြက်သီးများ တဖြန်းဖြန်းထသွားရသည်။ သို့ဖြစ်၍ ထိုအိမ်တွင် မယုံကြည်နိုင်လောက်အောင် မကောင်းဆိုးဝါးများ၏ ပြင်းထန်သော မိစ္ဆာဓါတ် သက်ရောင်မှုရှိကြောင်း သိလိုက်ရ၍ သဲလွန်စကို ရှာဖွေခဲ့သည်။
သူမသည် အိမ်အနှံ့ လေ့လာကြည့်ရှုရာမှ နောက်ဆုံးတွေင် အိမ်ခေါင်အပေါ်ဆုံးထပ်သို့ ရောက်သွားကာ မံမီရုပ်အလောင်းကောင် ထည့်ထားသော ခေါင်းတလားကြီးကို တွေ့ရှိလေသည်။
“ခင်ဗျား… မကောင်းဆိုးဝါး တစ္ဆေဝိညာဉ်တွေကို နှင်ထုတ်ပေးနိုင်ပါသလား´´
ပို်င်ရှင်ဖြစ်သူက သိလိုဇောဖြင့် မေးလိုက်သည်။
“တကယ်တော့ သရဲ၊ တစ္ဆေ၊ မှင်စာဆိုတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို နှင်ထုတ်လို့ မဖြစ်နိုင်ပါဘူး။ မကောင်းဆိုးဝါးဆိုတာ မကောင်းတဲ့နေရာမှာပဲ အမြဲရှိနေတာပါ။ သူတို့ကပ်မှီနေတဲ့ အခေါင်းကနေ မကောင်းဆိုးဝါးဝိညာဉ်တွေကို နှင်လို့မရပါဘူး။ ဒါကြောင့် ရှင့်ကို ကျွန်မ အနူးအညွတ်တောင်းပန်ချင်တာက ဒီခေါင်းတလားကြီးကို ရှင့်အိမ်ထဲက အမြန်ဆုံး စွန့်ပစ်လိုက်ပါ´´
ပိုင်ရှင်သည် အခေါင်းကို လန်ဒန်ပြတိုက်သို့ ပြန်ပေးခဲ့သော်လည်း ပြတိုက်မှ လက်မခဲ့ပေ။ ထိုအခေါင်းကြီး တူးဖော်ရရှိခဲ့သည့် အချိန် (၁၀)နှစ်အတွင်းမှာပင် လူအယောက် (၂၀)ကျော် သေဆုံးပြီးနေပြီ ဖြစ်သည်။
နောင်အခါတွင် အစွဲအလမ်း အယုံအကြည်မရှိသော အမေရိကန်နိုင်ငံသား ဗိသုကာပညာရှင်တစ်ဦးသည် ထိုခေါင်းတလားအား ခေါင်းမာစွာဖြင့် ဝယ်ယူခဲ့သည်။ ဖြစ်ပျက်မှုများသည် အကြောင်းတိုက်ဆိုင်မှု့ကြောင့်သာ ဖြစ်သည်ဟု သူက ယုံကြည်ခဲ့သည်။ မင်းသမီး၏ ခေါင်းတလားကို တန်ဖိုးမြင့်မြင့်ပေး၍ ဝယ်ယူပြီး နယူးယောက်မြို့သို့ သယ်ယူရန် စီစဉ်ခဲ့သည်။
အဆိုပါ ဗိသုကာ ပညာရှင်၏ ဆုံးဖြတ်ချက်သည် အမှားကြီး မှားခဲ့ကြောင်းကို အချိန်နှောင်းမှ သိခွင့်ရခဲ့သည်။
ထိုမံမီရုပ်အလောင်းထည့်ထားသော ခေါင်းတလားကြီးကို အမေရိကတိုက်သို့ ပို့ဆောင်ရန် ဝှိုက်(ထ)လိုင်နာ ကုမ္ပဏီမှ တည်ဆောက်ထားသည့် လုံးဝမနစ်မြှုပ်နိုင်ပါဟု ကြွေးကြော်ထားသည့် တိုင်တန်းနစ် (Titanic) အမည်ရှိသော သင်္ဘောကြီးပေါ်သို့ တင်ခဲ့လေသည်။ အဆိုပါ တိုင်တန်းနစ်သင်္ဘောကြီး စတင်ထွက်ခွါချိန်မှာ သာယာလှပသည့် ညနေခင်းဖြစ်သည်။
သင်္ဘောကြီး မထွက်ခွါမီတွင် လမ်း၌ ရေခဲတောင်များကို တွေ့နိုင်ကြောင်း သင်္ဘောကပ္ပတိန် အက်ဝက်စမစ် (Edward Smith) ကို လမ်းခရီးကျွမ်းကျင်သူများက သတိပေးလိုက်ကြသေးသည်။
တိုင်တန်းနစ်သင်္ဘောသည် ခရီးစထွက်ပြီး (၄)ရက်အကြာ အမေရိကတိုက်မြောက်ဘက် နယူးဖောင်လန်ကျွန်းမှ (၃၇၅) မိုင်ခန့်အကွာတွင် ရောက်နေပေသည်။ အတ္တလနိ္တတ်သမုဒ္ဒရာထဲတွင် ခရီးစဉ်တော်တော်များများ ဖြတ်သန်းလာခဲ့ပြီး ညဘက်အချိန်သို့ ရောက်နေစဉ် အဝေးသို့ မှန်းပြောင်းဖြင့် လှမ်းကြည့်နေရသော သင်္ဘောသားတစ်ဦးသည် ခရီး (၂)မိုင်ခန့်အကွာတွင် ရေခဲတောင်တစ်ခုကို တွေ့ရှိလိုက်သဖြင့် သင်္ဘောကပ္ပတိန်ကို သတင်းပို့ခဲ့သည်။
သဘောင်္ကပ္ပတိန်သည် ထိုနေရာအရောက်တွင် သတိကြီးစွာဖြင့် မောင်းနှင်ခဲ့သည်။ သို့သော်….ထိုရေခဲတောင်ကြီးကိုပင် မရှောင်နိုင်ဘဲ ဝင်တိုက်ခိုက်ခဲ့လေသည်။
အမင်ရာမင်းသမီး၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလားကြီးကို သယ်ဆောင်လာခြင်းကြောင့်ပေလောဟု ပြောစမှတ်ပြုရလောက်အောင် ရေခဲတောင်ကို လုံးဝမရှောင်နိုင်ဘဲ ဝင်တိုက်မိလေသည်။
ရေခဲတောင်နှင့် တိုက်မိသောဘက်ခြမ်းမှ သင်္ဘောအတွင်းသို့ ရေများဝင်လာလေတော့သည်။
ထိုညသည် ချမ်းအေးလှသော ညဖြစ်လေရာ သမုဒ္ဒရာအတွင်းရှိ အအေးဓါတ်သည် အရာရာကို ရေခဲတမျှ အေးခဲသွားအောင် စွမ်းဆောင်နိုင်းစွမ်းရှိသော အချိန်ကာလမျိုးဖြစ်သည်။
တိုင်တန်းနစ်သင်္ဘောကြီးထဲသို့ ရေများဝင်လာသောအခါ ကပ္ပတိန်သ်ည အမျိုုးသမီးများနှင့် ကလေးများကို ပထမဦးဆုံး အသက်ကယ် လှေများပေါ်သို့တင်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုစဉ်က တိုင်တန်းနစ်သင်္ဘောတွင်ပါရှိသော အသက်ကယ်လှေအရေအတွက်နှင့် စီးနင်းလိုက်ပါလာကြသော ခရီးသည် အရေအတွက်မှာ မမျှပေ။ အသက်ကယ်လှေအားလုံးမှာ (၁၁၇၈)ဦးသာတင်ဆောင်နိုင်ပေသည်။
ခရီးသည်များကို အချိန်လု၍ အသက်ကယ်လှေများပေါ်သို့ တင်နေစဉ်မှာပင် တိုင်တန်းနစ်သင်္ဘောကြီးသည် နှစ်ပိုင်းကွဲသွားကာ သမုဒ္ဒရာရေအောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။
ကပ္ပတိန်အက်ဝက်စမစ်သည် နစ်မြုပ်နေသည့် တိုင်တန်းနစ်သင်္ဘော နောက်ဆုံးအချိန်ထိ ခရီးသည်များ၏အသက်ကို ကယ်တင်နိုင်ရန်စီမံရင်း အသက်စွန့်သွားခဲ့လေသည်။
သမုဒ္ဒရာရေထဲ ခုန်ချသူများမှာ အအေးဓါတ်ကြောင့် မိနစ်ပိုင်းအတွင်းမှာပင် သေဆုံးခဲ့ကြရသည်။
နိဂုံးချုပ်ရပါမူ အေးမြလှသော သမုဒ္ဒရာရေသည် တိုင်တန်းနစ်သင်္ဘောစီးခရီးသည်များ၏ အသက်ပေါင်းများစွာကို နှုတ်ယူလိုက်သည်ဟုပင် ဆိုရပေမည်။
အဆိုပါ လူပေါင်း(၁၅၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရသည့် ကံကြမ္မာဆိုး၏ မူလအရင်းမြစ်သည် လွန်ခဲ့သောနှစ်ပေါင်း (၁၅၀၀)က မံမီဆေးစီရင်ထားသည့် အမင်ရာမင်းသမီး၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလားကို တင်ဆောင်လာခဲ့မိခြင်း ဖြစ်လေသလောဟု တွေးတောဖွယ် ဖြစ်သည်။
ထိုအဖြစ်ဆိုးမှ လွတ်မြောက်လာသူ(၇၀၀)ခန့်မှာ ကြောက်မက်ဖွယ်ရာသေဘေးမှ ခဲရာခဲဆစ် လွတ်မြောက်လာကြသူများဖြစ်သည်။
မံမီ၏ကျိန်စာသည် တိုင်တန်းနစ်သင်္ဘောပေါ်ရှိ အရာဟူသမျှကို ဖျက်ဆီးပစ်ခဲ့လေသည်။ မနစ်မြုပ်နိုင်လောက်အောင်ခန့်ထည် ကြီးမားလှသည့် တိုင်တန်းနစ်သင်္ဘောကြီးသည် အမင်ရာမင်းသမီး၏ မံမီရုပ်အလောင်းထည့်ထားသော ခေါင်းတလားကြီးနှင့် အတူ သမုဒ္ဒရာရေအောက်သို့ အပြီးတိုင် နစ်မြုပ်သွားရလေသည်။
အမင်ရာမင်းသမီးရုပ်အလောင်းကို မည်သူမှ ပိုင်ဆိုင်ခွင့်မရအောင် စီရင်ခဲ့သော ကျိန်စာဆိုးများ ပြည့်ဝသွားခဲ့လေသည်။ မည်သူမျှ ထပ်မံပိုင်ဆိုင်လိုစိတ် မရှိတော့သဖြင့် ထိုမံမီခေါင်းတလားကြီးကို မေ့ပျောက်သွားလေတော့သည်။
သို့သော်…..တိုင်တန်းနစ်သင်္ဘောကြီးမှာ ထိုဖြစ်ရပ်ကြောင့် သမိုင်းတွင် နာမည်ကြီးဆုံးနှင့် အမှတ်တရအဖြစ်ဆုံးအဖြစ် လူတို့၏စိတ်ထဲတွင် စွဲကျန်နေရစ်တော့သည်။
တိုင်တန်းနစ်အမှတ်တရ ရုပ်ရှင်များ၊ စာအုပ်များ၊ ပြပွဲများ၊ အမှတ်တရအခမ်းအနားများကို မြင်တွေ့နေရဆဲဖြစ်သည်။
(၁၉၈၅)ခုနစ်တွင် ပင်လယ်ရေမျက်နှာပြင်အောက်ပေပေါင်း (၁၂၄၁၅)အကွာ သမုဒ္ဒရာကြမ်းပြင်တွင် ပြန်လည်တွေ့ရှိခဲ့ကြသည်။
သင်္ဘောကြီးပေါ်မှ ထောင်ပေါင်းများစွာသော အမှတ်တရ ပစ္စည်းများကို ပြန်လည်ဆည်ယူနိုင်ခဲ့ပြီး ကမာ္ဘအနှံ့ရှိ ပြတိုက်များတွင် ပြသထားပေသည်။
ဆယ်ယူရရှိမှုတွင် အမင်ရာမင်းသမီး၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလားကြီး ပါဝင်သည်ဟု မကြားရသည်မှာ အလွန်တရာမှ စိတ်ချမ်းသာဖွယ် ဖြစ်ပေတော့သည်။

https://www.facebook.com/onlinetasay
မှကူးယူဖေါ်ပြသည်။ ။
……………………….

9 comments

  • မဟာရာဇာ အံစာတုံး

    March 3, 2014 at 2:49 pm

    နောက်ဆက်တွဲ သတင်း …

    ထိုခေါင်းတလားကြီးအား ငါးမန်းတစ်ကောင်မှ တိုက်မိရာမှ ထိုငါးမန်းသည် လူတို့သတ်မှုဖြင့် သေဆုံးသွားခဲ့ရသည်။
    ထိုခေါင်တလားကြီးအား ကြည့်မိသော ငါးတစ်ကောင်မှာလည်း အစားခံခဲ့ရသည်။
    ထိုခေါင်းတလားကြီးကြောင့် ရေအောက်သတ္တဝါတို့ ဒုက္ခအမျိုးမျိုး ရောက်ခဲ့ရလေသည်။
    ထိုခေါင်းတလားကြီးကြောင့် ပင်လယ်တွင် ရေလှိုင်းကြီးများဖြစ်ပေါ်ကာ ဆူနာမီလည်း ဖြစ်ပေါ်ခဲ့လေသည်။
    နောက်ဆုံးတွင် စေတန်ဟူသော နတ်မင်းကြီးမှ ထိုအခေါင်းကြီးအား ယူဆောင်သွားခဲ့လေတော့သတည်း …။
    သာဒု .. သာဒု ..

    • kai

      March 3, 2014 at 3:06 pm

      ထိုခေါင်းတလားကြီယူသွားသောစေတန်သည်.. ညအချိန်တွင် အိပ်မက်ဆန်းတခုမက်လေသည်။
      ထိုခေါင်းတလားထဲမှ အေမန်ရာမင်းသမီးလေးသည် သူနှင့်အတူတူညလာအိပ်သည်ဟူ၍ဖြစ်သည်။
      ထိုအကြောင်းကို သူ့ကြင်ယာတော်အားပြန်ပြောပြသောအခါ.. ကြင်ယာတော်မှသူ့အားဆေးလိပ်ပြာခွက်နှင့်ပေါက်ထည့်သဖြင့် နှဖူးကွဲလေသည်။

      ထိုကြောင့်.. သူ့ထံသို့ ခေါင်းတလားပို့လိုက်သော လူသားများအားဒဏ်ခတ်ရန်အလို့ငှာ.. ထိုခေါင်းတလားကြီးအား.. “အင်္ဂလိပ်”ရှိ လန်ဒန်ပြတိုက်သို့တိတ်တဆိတ်ပြန်ပို့လိုက်လေသတည်း..

      ဒန်တန့်တန်…

  • kai

    March 3, 2014 at 3:00 pm

    http://www.titanicandco.com/curse.html

    SO WHAT HAS THIS TO DO WITH THE TITANIC MUMMY?

    Absolutely nothing.

    It is clear that the story of the Priestess of Amen-Ra has been mixed and confused with the concocted supernatural tale of Stead and Murray.

    The story was given more credit when the survivor from the Titanic told how Stead had told his story on the 12th April.

    However, in 1985 Charles Haas , President of the Titanic Historical Society gained access to the original Titanic’s cargo manifest only to find no mention of a Mummy. In Haas’ words “the cargo manifest throws those myths right out of the window”.

    There was no Mummy on board the Titanic. The only Mummy in question was the Priestess of Amen-Ra. Her coffin lid did not leave its display in the British Museum and so was never onboard the Titanic.

    • kai

      March 5, 2014 at 9:36 am

      အင်္ဂလိပ်လိုဖတ်ရမှာပျင်းသူတွေအတွက်ပါနော..
      ဘယ်မံမီ(ဒယ်ဒီမဟုတ်)အလောင်းမှ. တိုက်တန်းနစ်ပေါ်မှာ မရှိခဲ့ပါဘူးတဲ့..။
      မင်းသမီးအေမန်ရာအခေါင်းဖုံးဟာလည်း ဘျစ်တစ်ပြတိုက်ကနေ ဘယ်မှမခွာ အဲဒီမှာ serial number EA 22542 နဲ့ရှိနေပါကြောင်း..။

  • အဟိ
    အဲ့ သင်းဘောဂျီးနဲ့ပက်သက်တာတွေဂလည်း တဘိုးပြီးတညိုး ထပ်ထပ်ကြားနေရဒယ်

    ဘယ်သူဆိုလား
    အဲ့သင်းဘောကြီးမမြုပ်ခင် နှစ်ပေါင်း၄ဝ အလိုမှာ
    တိုက်တန်းနစ်ကြီးနစ်မြုပ်ခြင်းဆိုပြီး စာအုပ်တစ်အုပ်ထုတ်ခဲ့ဖူးသတဲ့
    တကယ့် လက်တွေ ့ နစ်မြုပ်မှုထဲကအတိုင်း အရာအားလုံးထပ်တူထပ်မျှ ရေးထည့်ထားတဲ့ စာအုပ်တဲ့

    အဲဒီ စာရေးသူ အဲဒီ စာအုပ်ရေးပြီးနှစ်လေးဆယ် ကြာတော့ စာအုပ်ထဲကအတိုင်း တကယ်ဖြစ်သွားတာဆိုပဲ

    🙂

  • Wow

    March 4, 2014 at 10:05 am

    တူရို့ပြောဒါဒွေ ဂေါင်းဒဲမထဲ့နဲ့ မာမီ့ကျိန်ဇာ ပီးရင် ဒယ်ဒီ့ကျိန်ဇာ ဆက်ရေးနော်…. :mrgreen:

    • မမချွိ

      March 4, 2014 at 10:28 am

      နာ့ ငယ်တုန်းကမကြာခဏ ကြိမ်စာမိခဲ့တာပေါ့။
      ကျောင်းပြေးလို့ ဆရာမက ကြိမ်လုံးနဲ့ရိုက်တာ ခြေသလုံး၊မှာ အရှိုးရာချည်းပဲ။
      😀

      • Wow

        March 5, 2014 at 9:22 am

        အာ့ဂ ဆြာမကြိမ်ဇာ :mrgreen:

  • kyeemite

    March 5, 2014 at 11:39 am

    ခိခိခိခိခိ…မမချွိ 😀 😀 😀 😀 😀

Leave a Reply