ကဗျာဆိုတာလေ

ကာရံMarch 3, 20141min1004

အတွေးကမ္ဘာထဲမှာ ရေးစရာများလာတော့

ကဗျာဆိုတာခံစားတက်လာတယ်

ကာရန်တစ်ပိုင်းတစ်စကိုစု

အခြေခံအပိုင်းအခြားတွေအောက်မှာ

ကဗျာလေးကို အသက်သွင်းမိတယ်

နှလုံးသားကနုတာလား

အပြုံးတရားက ဖြူတာလားတော့မသိ

ကဗျာလေးက  ချစ်စရာ အတွေးညတွေပေါ့

ချစ်ခြင်း မုန်းခြင်း ကွေကွင်းခြင်း

ဝေးကွာခြင်းတွေအောက်မှာ

ကဗျာလေးတွေ ကျရောက်လာတယ်

ဆုံဆည်းခွင့်လေး နိုးမထခင်

ရေးဖြစ်ခဲ့ကဗျာလေးကတော့

အလွမ် အဆွေး ဖြစ်ပေါ်လာခဲ့ရင်

ကဗျာဆိုတာလေ

                                ကာရံ

4 comments

  • မဟာရာဇာ အံစာတုံး

    March 4, 2014 at 9:25 am

    အလွမ်း အဆွေး ဖြစ်ပေါ်လာတဲ့အခါ
    ကဗျာဆိုတာ
    ရင်ထဲက မျက်ရည်တွေပါပဲရယ် …

  • ကာရံ

    March 10, 2014 at 7:48 pm

    မှန်တာပေါ့ ကဗျာဆိုတာ ခံစားမိသူအတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက်ပေါ့

Leave a Reply