နံပတ်  (၁)ကျွန်တော် ဘာပစ္စည်းကို ချီးချီး ထိုက်သင့်တဲ့ အတိုးကို ပေးပြီးမှ ချီးတတ်ပါတယ်…

နံပတ် (၂)နောက်ပြီး အခုတလော ကျွန်တော် အရာရာကို အကောင်းမြင်တဲ့ စိတ်နဲ့ပဲ ကြည့်တတ်အောင် ကိုယ့်ဘာသာကို လေ့ကျင့်နေပါတယ်…

×××××××××××××××××××××××××××××××××××××××××××××××××××××××

မိန်းမ …ကလေးနှစ်ယောက် လက်ဆွဲပြီး သူ့ အိမ်သူ ဆင်းသွားတယ်…

×××××××××××××××××××××××××××××××××××××××××××××××××××××××

အကောင်းမြင် စိတ်ကလေးနဲ့ပဲ  တွေးကြည့်လိုက်ပါတယ်…

နံပတ် (၁) ကိုယ့်အတွက်….ကလေးတွေ မွေးကတည်းက အိပ်ရေး ၀၀ မအိပ်ခဲ့ရတာ အခုမှပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတော့တယ်…

နံပတ် (၂) မိန်းမအတွက်…သူ့အိမ်သူ ပြန်ရတော့ ပျော်စရာကြီးပေါ့…

နံပတ် (၃) ယောက်ခမတွေအတွက်…အရင်း… သမီးတင်မက အတိုး… မြေးနှစ်ယောက်တောင် ပြန်ဆပ်နိုင်လိုက်တယ်… နှစ်ပေါင်းများစွာ တင်နေတဲ့ အကြွေးတစ်ခုဆပ်နိုင်ခဲ့ပြီ…

×××××××××××××××××××××××××××××××××××××××××××××××××××××××

ကိုယ့်အတွေးနဲ့ကိုယ်တော့ သဘောတွေကျလို့….
သီချင်းလေးတောင် ငြီးမိသေးတယ်….

&& %% $$ ခုတော့ လွတ်လပ်ပြီ…လွတ်လပ်ပြီ…ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါ၀ါ လ၀န်းပြည့်ပမာ သာသာကြည်ကြည် …ဒါ မြန်မာပြည်…လွတ်လပ်ရေးကို တို့ချစ်သည်…တို့ချစ်သည်…လွတ်လပ်ရေးကို တို့မြတ်နိုးသည်…တို့ မြတ်နိုးသည်…$$ %% &&

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...