ခုတော့ လွတ်လပ်ပြီ….

johnnydeerMarch 4, 20141min18816

နံပတ်  (၁)ကျွန်တော် ဘာပစ္စည်းကို ချီးချီး ထိုက်သင့်တဲ့ အတိုးကို ပေးပြီးမှ ချီးတတ်ပါတယ်…

နံပတ် (၂)နောက်ပြီး အခုတလော ကျွန်တော် အရာရာကို အကောင်းမြင်တဲ့ စိတ်နဲ့ပဲ ကြည့်တတ်အောင် ကိုယ့်ဘာသာကို လေ့ကျင့်နေပါတယ်…

×××××××××××××××××××××××××××××××××××××××××××××××××××××××

မိန်းမ …ကလေးနှစ်ယောက် လက်ဆွဲပြီး သူ့ အိမ်သူ ဆင်းသွားတယ်…

×××××××××××××××××××××××××××××××××××××××××××××××××××××××

အကောင်းမြင် စိတ်ကလေးနဲ့ပဲ  တွေးကြည့်လိုက်ပါတယ်…

နံပတ် (၁) ကိုယ့်အတွက်….ကလေးတွေ မွေးကတည်းက အိပ်ရေး ဝဝ မအိပ်ခဲ့ရတာ အခုမှပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတော့တယ်…

နံပတ် (၂) မိန်းမအတွက်…သူ့အိမ်သူ ပြန်ရတော့ ပျော်စရာကြီးပေါ့…

နံပတ် (၃) ယောက်ခမတွေအတွက်…အရင်း… သမီးတင်မက အတိုး… မြေးနှစ်ယောက်တောင် ပြန်ဆပ်နိုင်လိုက်တယ်… နှစ်ပေါင်းများစွာ တင်နေတဲ့ အကြွေးတစ်ခုဆပ်နိုင်ခဲ့ပြီ…

×××××××××××××××××××××××××××××××××××××××××××××××××××××××

ကိုယ့်အတွေးနဲ့ကိုယ်တော့ သဘောတွေကျလို့….
သီချင်းလေးတောင် ငြီးမိသေးတယ်….

&& %% $$ ခုတော့ လွတ်လပ်ပြီ…လွတ်လပ်ပြီ…ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ လဝန်းပြည့်ပမာ သာသာကြည်ကြည် …ဒါ မြန်မာပြည်…လွတ်လပ်ရေးကို တို့ချစ်သည်…တို့ချစ်သည်…လွတ်လပ်ရေးကို တို့မြတ်နိုးသည်…တို့ မြတ်နိုးသည်…$$ %% &&

16 comments

  • မမချွိ

    March 4, 2014 at 10:19 am

    ဟယ်။
    ပေါ်လီဂျော်နီယာနာဒီယာ ကြီးပါလားးး
    အကောင်းမြင်သမားကြီး ထမင်းငတ်ပါစေတော်။
    အဲလာမှ မိန်းမကို သတိရအောင်။

    :mrgreen:

  • ဝင့်ပြုံးမြင့်

    March 4, 2014 at 10:34 am

    ရီလိုက်ရတာ … ဟုတ်ပါ့ …. အဲဒီလို လွတ်လပ်ချင်တယ်။ အိမ်ကယောက်ျားကို ခလေး ၂ကောင်နဲ့ ထားခဲ့ပြီး ကိုယ့်အိမ်ကိုယ်ပြန် လွတ်လပ်ရေးရအောင်လုပ်မယ်။ 🙂

  • ဦးဦးပါလေရာ

    March 4, 2014 at 11:59 am

    မိုးကလေး ညို့လာရင် ကလေးတွေကို စိတ်ပူမယ် ………
    လေကလေးပြင်းလာရင် ကလေးတွေကို စိတ်ပူမယ် ………….
    ပြီးတော့ ရပြီးသားလွတ်လပ်ရေးကို ပြန်အပ်ချင်စိတ်ပေါက်လာမယ် ……….

    မိဘတစ်ယောက်ရဲ့လွတ်လပ်ရေးက ကြာရှည်ခံမယ် မထင်ကြောင်း….

  • kyeemite

    March 4, 2014 at 12:00 pm

    အောင်မြတ်လေး…လွတ်လပ်ရေးကိုတယ်ချစ်နေကြပါလား အကောင်းမြင်တတ်ပါပေ့
    ဗေဒင်ဟောလိုက်ပါအုံးမယ်….
    မကြာပါဘူး..အိမ်ပေါ်ပြန်ရောက်လာပါလိမ့်မယ်…ယောက္ခမတွေကပြန်လိုက်ပို့ရင်း
    ခီများအိမ်မှာသောင်တင်နေပါလိမ့်အုံးမယ်…တိုးရင်းပေါင်းပေါ့..ဟီဟိ 😀

  • MAUNG

    March 4, 2014 at 12:16 pm

    အမှန် အကန် လွတ်လပ်ရေး ဘဲဖြစ်ဖြစ်၊ ရွှေရည်စိမ် လွတ်လပ်ရေး ဘဲဖြစ်ဖြစ် မြန်မြန် သာပြန် ချော့လိုက်ပါဗျာ၊ ကလေး တွေစိတ် ညစ်နေရော့မယ်

    🙂

  • ဦးကျောက်ခဲ

    March 4, 2014 at 12:20 pm

    အာဟိ… ကျောက်စ်ကတော့ ရှေ့လကုန်ဆိုရင် လွတ်လပ်ပြီ…
    ဒါပေသည့် အွန်လိုင်းကနေ ရီပို့မပေးရင် အကွိုင်ခံရကိန်းဆိုက်နေ၏…
    😀

    • Crystalline

      March 4, 2014 at 2:26 pm

      မနှင်းရေ.. အူးကျောက်စ်ကို လွတ်လပ်ရေးမပေးခင်အဝနှိပ်စက်ခဲ့ :loll:
      ဟိုတခါတင်တဲ့ ဘေဘီဘွိုင်းဝကစ်လေးတို့ပေါ့.. ခနတဖြုတ်လွတ်လပ်ရေးလေးပဲယူပါ ကိုဂျော်နီရယ်.. ကိုယ်လင်ကိုယ့်မယား နှစ်ယောက်ထဲဆိုတော့အရေးလား :))

  • မဟာရာဇာ အံစာတုံး

    March 4, 2014 at 1:24 pm

    ဪ ….
    တကယ့်ကို
    အကောင်းမြင်သမားစစ်စစ်ကြီးပါပဲ …

  • သများက လွတ်လပ်ရေးနဲ့ ပတ်သက်ပြီးတော့ မကြုံဖူးသေးတော့ မပြောတတ်ဘူးပေါ့နော်..

    ပြောချင်ကလေးကတော့..ချီး တော့ မလုပ်ပါနဲ့ အူးလေးရယ်.. ချေးငှားတာ က ချေး ပါ.. မျက်စိထဲ ပြေးမြင်မိတာတွေက မသက်သာဘူး.. :mrgreen:

  • kai

    March 4, 2014 at 2:17 pm

    အဲဒါကြီးက.. ရွှေရည်စိမ်လွတ်လပ်ရေးကြီးပါ..။
    ပြန်လိုက်ခေါ်ပါကိုရင်ရယ်..။ သူပြန်လာတာမစောင့်ပါနဲ့..။

  • အင်း ကို ကျော် ဏီ ရှင် ည ဆာ ရင် ဘယ် သူ က ကျွေး မှာ လဲ လို့
    ရှင် က တ စ်ေ ရး နိုး ဆို ရင် ဘိုက် ဆာ တတ် ပါ ဘ ိ သ နဲ့
    ထ မင်း ကြမ်း လေး ကို မြေ ပဲ လှော် ထောင်း လေး ပဲ ပုတ် လေး နဲ့
    ထ မင်းသ ုတ် ကို ကျ မ လို ဘယ် သူ က ည ကြီး မင်း ကြီး ထ လုပ် ပေး မှာ လဲ
    ထပ် မေး မယ်
    အင်း ကို ကျော် ဏီ
    ရှင် ည ဆာ ရင် ဘယ် သူ က ကျွေး မှာ လဲ လို့

  • Paing Lay

    March 4, 2014 at 4:00 pm

    တော်ကြာ ခီညား မီးမ ဘက်က ဆွေ 7ဆက် မျိုး7ဆက်ပါ ခေါ်လာမှဖြင့် ဟုတ်ပေ့ဖစ်နေဦးမယ်ဂျို့ :mrgreen:

  • TNA

    March 4, 2014 at 4:36 pm

    မိဘအိမ်ခဏပြန်တာမှုတ်လား။ အိုက်ဒါကြောင့်ပျော်နေဒါဘာ။ မိန်းမစိတ်ဆိုးဆင်းသွားရင် ဘယ် ခုလိုပျော်နိုင်ဘာ့မလဲ။ ငိငိငိငိ 😀

  • Ma Ma

    March 4, 2014 at 6:58 pm

    သမင်လေးရဲ့လွတ်လပ်ရေးကြေညာစာတမ်းဖတ်ပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ပါတယ်။
    ငယ်ငယ်က အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ရင်တွင်းဖြစ် မိဘကွဲနေတဲ့ ခံစားချက်တွေကို စာနာသနားလွန်းလို့။ 🙁
    ဂျိမ်းစ် မိုက်စ်ပြောသလို တိုးရင်းပေါင်း အမြန်ဆုံး ပြန်ရပါစေ။ 😀

  • johnnydeer

    March 4, 2014 at 8:43 pm

    ဘုရား သိကြား မလို့ ခဏလေးနဲ့ ပြန်မလာပါစေနဲ့…အနည်းဆုံး ခြောက်လလောက်တော့ နေပါစေ..ဗျား…
    ခုလို လွတ်လွတ်လပ်လပ် မနေရတာကြာလှပေါ့…ပြောလို့သာ ပြောရတာပါ…သားတော်မောင် တုတ်ပြဲလေးနဲ့ ချစ်သမီးလေးတော့ လွမ်းသား…(ဟိုတစ်ယောက်တော့ မပါ)…ဆယ်နှစ်ငယ်တဲ့ မိန်းမ ယူမိတာ …ကျုပ်မှာ လူပျိုကြီး ကလေးသုံးယောက်မွေးစားမိသလိုပဲ…ကျုပ်လဲ နည်းနည်း သနားပေးကြဦးနော…လွပ်လပ်ရေးအကြောင်း ရေးပြီး နည်းနည်းကြာမှ သားချစ်..သမီးချစ် အလွမ်းဘွဲ့တွေထိုင်ရေးတော့မယ်…အခုတော့ လွတ်လွတ်လပ်လပ် ရွာရိုးကိုးပေါက် ဒိုးလိုက်ဦးမယ်…ဒီလို မဒိုးရတာလဲ ကြာလှပြီကိုး…သွားပြီဗျို့…တာ့…တာ…

Leave a Reply