ရန်ကုန်၌ အင်တာနက်လိုင်းများ နှေးကွေး

True FaithAugust 9, 20101min824

ယမန်နေ့ကစပြီး မြန်မာပြည်တွင်းမှာ အင်တာနက်လိုင်းတွေ အရမ်းနှေးကွေးနေကြောင်း သိရပါတယ်။

ဝက်ဆိုဒ်တွေ ဖွင့်ဖတ်လို့ လုံးဝမရတော့ပဲ။ ဂျီတော့ခ်နဲ့ ဂျီမေးလ်ပဲ သုံးလို့ရပါတယ်။ ယခင်က Proxy နဲ့ ကျော်ပြီး အသုံးပြုရင် ရပေမယ့် အခုတော့ ပရောက်ဆီခံလည်း မရတော့ဘူးလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“မနေ့ကတည်းက စဖြစ်နေတာ။ G mail နဲ့ G Talk ရတယ်။ Skype က Video မရဘူး။ Chatting ပဲရတယ်။ Facebook မရဘူး” လို့ ပြောပြပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ အင်တာနက်ဆိုင် မြင်ကွင်းတခု

တာမွေမြို့နယ် ကျောင်းတိုက်တခုက ဦးဇင်းတပါးကတော့ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် သမိုင်းဝင် ၈ လေးလုံး အရေးအခင်း ၂၂ မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ရှိသဖြင့် ယခုလို ပိတ်ဆို့ထားခြင်း ဖြစ်နိုင်ကြောင်း သူ့အမြင်ကို မိန့်ကြားပါတယ်။

“8888 ကြောင့်လို့ပဲ ထင်မိတယ်။ ရန်ကုန်တိုင်း တခုလုံးပဲ အင်တာနက် ဝက်ဆိုဒ်တွေ ဒီနေ့ထိဖွင့်မရသေးတာ။ မနေ့ကနေ စဖြစ်တာလေ”ဟု ပြောပါတယ်။

ရန်ကုန်တိုင်းဟာ မြန်မာတနိုင်ငံလုံးမှာ အင်တာနက် အသုံးပြုသူအများဆုံးရှိတဲ့ တိုင်းတခု ဖြစ်ပါတယ်။

ဒါဟာ ရန်ကုန်တိုင်းအတွင်းက သိရသလောက် အခြေအနေတွေပါ။ ကျန်တဲ့ ပြည်နယ်/တိုင်းများမှာ ဘယ်လိုအခြေအနေရှိသလဲ မစုံစမ်းရသေးပါဘူး။ နောက်ထပ်သိရတာတွေကို Update အဖြစ် တင်ပြပေးသွားပါ့မယ်။

4 comments

  • intro

    August 9, 2010 at 10:00 am

    ထုံးစံအတိုင်း Proxy နဲ့ ကျော်ကြပေါ့ဗျာ။ လုပ်နေကျပဲလေ။

  • winne

    August 9, 2010 at 11:52 am

    ဟုတ်ပါတယ် လိုင်းက တနေကုန် သုံးမရတာပါ တချိန်လုံး စောင့်ပြီး ရတဲ့ အချိန်လေး လုပြီး တက်လာတာပါ။ နှေးနေတာကိုတော့ ထောက်ခံပါတယ်။

  • timothy

    August 9, 2010 at 3:56 pm

    It is because of 8888. The Junta is afraid of everything and so insecure that they will use every dirt means under the sun to win this election. Even the child can know that the election is convened for legalisation of Fascist military regime in Burma. Boycott the election.

  • nitrospeed

    August 9, 2010 at 6:31 pm

    ADSL သုံးထားသောလိုင်းများဆိုရင် မကောင်းသေးပါဘူး။…..
    Wi Max သုံးထားတဲ့လိုင်းဆိုရင်တော့ proxy ခံသုံးရင်ပါတယ်…………….

Leave a Reply