မမချွိ ပွေခဲ့သော အမှု
ကတောက်!
တဂျီးက ပို့(စ) တင်ခ ၂ ဆပေးမယ်ဆိုကတည်းက အလုပ်ကလည်းများ…….
ဘာအကြောင်းကို ဘာရေးရမှန်းကို မသိတော့တာ။
သူများတွေ ကြုံးဝါးတာမြင်တော့ သများလည်း ရေးချင်တာပေါ့နော့။
အဲတော့ သများ ခု ကြုံနေရတဲ့ အမှုအကြောင်းပဲ ရေးပါ့မယ်။
သများ ခု ဘာဖြစ်နေတုန်း ဆိုတော့ အမှုဖြစ်နေတယ်လေ။
မင်းသားကြီးပေါ့။ မြင်းမိုရ်တောင် ဆီးစေ့နဲ့ပေါက်ချင်တာ အဲဒီ ဆီးစေ့က သများဖြစ်နေတာခက်ပါတယ်ဆို။
ဒီလိုဒီလို ဇာတ်လမ်းက။
ခု စလုံးက အကြီးဆုံး ရှော့ပင်းစင်တာကို အေအန်အေ (A&A) လုပ်ကြတယ်။
အဲဒီ အေအန်အေ ဆိုတာ (Addition & Alteration)
ပြင်မယ်၊ ထပ်ဖြည့်မယ်ပေါ့။
တခြား ကွန်စရပ်ရှင်းနဲ့ မတူတာမှာ အေအန်အေ ပရော့ဂျက်တွေမှာ ပြင်ချင်တဲ့ အပိုင်းတွေကို ဖျက်ပေးရတာပါတယ်။ ပြီးမှ ဆောက်လုပ်ရေးက စရတာ။
ဖျက်တာမှာ ၂ မျိုး ရှိ သေး ဗျာ…
– တစ်တိုက်လုံးးကို အဆောက်အဦးတစ်ခုလုံးကို ဖြိုရတာက တစ်မျိုးးး (အဲဒါက ဈေးသက်သာတယ်၊ အလကား နည်းပါးပဲ)
– လေဆိပ်လို၊ ဟော်တယ်လို၊ ရှော့ပင်းစင်တာလို (Alive) အလိုက်(ဖ) ဖြစ်နေတဲ့ အဆောက်အဦးတွေရဲ့ တချို့ အစိတ်အပိုင်းတွေကိုပဲ ဖျက်ပေးရတာရှိတယ်။
အဲလိုဖျက်တဲ့အခါ ကပ်ရက် (Still Operating) ဖြစ်နေတဲ့ နေရာတွေကို မထိခိုက်ရအောင် ကွန်ထရိုးလုပ်ရတယ်။
အဓိကက ၃ မျိုး Control…
Vibration Control
Noise Control
Dust Control
အဲဒီ ၃ မျိုးကို ကွန်ထရိုးလုပ်ပြီး ဖျက်ရတာဆိုတော့ သုံးရတဲ့ စက်တွေက ဈေးကြီးတယ်။ လက်ခက ဈေးကြီးတယ်။ ဒါမျိုးပေါ့။
ကေဇီတို့က အဲလိုလွဲတာလေ။ ဆောက်လုပ်ရေးပညာရပ်နဲ့ဘွဲ့ယူပြီး အဖျက်လုပ်ငန်းလုပ်နေတာဆိုတာ။
အဖျက်သမပေါ့။ ဟေးဟေးဟေးးး
စင်္ကာပူမှာ ဒီလို ကမ်ပနီ ၁ဝ ခုမရှိဘူးးး
မင်းသားကြီးရွေးချယ်ထားတဲ့ Field က အရမ်းကောင်းတယ်။
ကမ်ပနီက သေးသေးလေးးး။
ဒါပေမဲ့ သူများတွေ စီးပွါးပျက်ကပ်ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လူးနေတဲ့ နှစ်တွေမှာ ကေဇီတို့ ၃ လ စာ ဘောနပ်နဲ့ ဟောင်ကောင်ကို လိုက်ပို့တာ။
သူကိုယ်တိုင်လည်းပြောတယ်။ သူလုပ်သမျှ အရှုံးမရှိဘူးဆိုတာ။
ကန်ပနီသေးသေးမှာ အမြတ်များအောင် လုပ်နိုင်လို့ သူ့ကိုယ်သူလည်း လက်မထောင်တယ်။
နောက်ပြီး စကားပြော ပေါင်းသင်းဆက်ဆံရေး ရော အတ်တီကျူရော ကောင်းလို့ ရန်သူနည်းတယ်။
၂၀၁ဝ မှာလည်း စွန့်ဦးတီထွင်စီးပွါးရှင် ဆု ဆိုလား ဘာလား ရထားတာ။
၂၀၁၂ မှာလည်း Productivity အကောင်းဆုံး ဆု ကို ရထားလို့ သမ္မတကိုယ်တိုင်တက်တဲ့ ညစာစားပွဲ လိုက်ခဲ့ရသေးပေါ့။
အဲလောက်ဆိုရင် သများ မင်းသားကြီး ဘယ်လောက် ကြိုးစားကြောင်း သိနိုင်မယ် ထင်ပါရဲ့။
သူနဲ့ အလုပ်တူတူလုပ်ခဲ့တဲ့ ရ နှစ်သက်တန်းမှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်အပေါ်ထားတဲ့ သဘောထားကို ကြိုက်လို့သာ အဆင်ပြေခဲ့ကြတာပေါ့။
သူက စလုံးစိတ်မဟုတ်ဘူးပြောရမယ်….
၂၀၁၂ လောက်မှာ ဒီ အကြီးဆုံး ရှော့ပင်းစင်တာ အေအန်အေ စပါတယ်။ အဲဒီ ပရော့ဂျက်ကို ရမဲ့ ကိုရီးယား ကန်ပနီနဲ့လည်း အလုပ်မလုပ်ဖူးတာမို့ မင်းသားကြီးက သူ့ဈေးကွက်ချဲ့ချင်တာရောနဲ့ အဲဒီ ပရော့ဂျက်ကို လိုချင်ပါတယ်။
သူက ခါတိုင်း ဂျပန် ကန်ပနီတွေနဲ့ပဲ ဂျပန်တွေနဲ့ပဲ အလုပ်လုပ်ခဲ့တာ ဆိုတော့ တိကျမှုရှိသရွေ့ ဂျပန်တွေနဲ့ အိုကေတယ်။ သူ့ကိုလည်း ချစ်ကြတယ်ပေါ့လေ။
ဒါနဲ့ ခါတိုင်းပရော့ဂျက်ကို လိုက်ရတာထက် တော်တော်ပင်ပန်းပြီး ကြိုးစားခဲ့ရတာ ဆိုတော့ ၂၀၁၂ မှာ သများတို့ အဲဒါကြီးဖျက်ခွင့်ရတော့ ဆိုပါတော့။
အဲတုန်းကများ မင်းသားကြီးတို့ ပျော်ရွှင်လို့ ။
၃ နှစ်စာလေ။ အိမ်သာရေ ရရ ထိုင်စားရုံပဲပေါ့။ အဲလို တွေးခဲ့တာ။
စီးပွါးပျက်ကပ်တုန်းကတော့ ဂျပန် ကမ်ပနီ နဲ့ လေဆိပ်ပရော့ဂျက်မှာ အိမ်သာရေရခဲ့တာ ဆိုတော့။
ဖြစ်ချင်တော့ ဒီ ကိုရီးယားတွေက ဆောက်လုပ်ရေးသီးသန့်ကနေ အေအန်အေကို ကူးတဲ့ ပထမဆုံး ပလော့ဂျက်။ ကိုယ်နဲ့ စလုပ်တာဆိုတော့ အထာက မသိ။
မင်းသားကြီးက သူတို့ ပရော့ဂျက် ဒါရိုက်တာ (စလုံး) နဲ့ အရမ်းရင်းနှီးတော့ ပရော့ဂျက် မန်နေဂျာ ကကြီးတွေက သူတို့ လူကြီး စလုံးကောင်ကို မတည့်တာနဲ့ စိတ်အခံက မင်းသားကြီး အပေါ်ကို မကောင်းးးး။
၂၀၁၂၊ ၂၀၁၃ !!
၂ နှစ်လုံး ဆိုက် ထဲကလူတွေ က အတော်ဒဏ်ခံပြီး အလုပ်လုပ်ရတာပေါ့လေ။
သများက အဲဒီ အထိ လွတ်နေသေးတယ်။
တစ်လ တစ်ခါ မှ သွားရတာ။
အဲ ပြောရဦးမယ်။
သများ ဘာလုပ်ရတာတုန်းဆိုတာ။
ကိုယ့်ကိုယ်ကိုတော့ သတ်မှတ်ထားတာ အထွေထွေ အလုပ်သမ။
မင်းသားကြီးပေးထားတဲ့ ရာထူးက Business Development Manager တဲ့။
ပရော့ဂျက် ရဖို့ က အစ……
နောက်ဆုံး ပရော့ဂျက် အဆုံး အကျိုးအမြတ် တွက်ရတဲ့ (Costing Engineering) ပိုင်းပါ။
အဲတော့ ပရော့ဂျက်တစ်ခုလုံး သူ့နီးပါး မသိတာ မရှိရဘူးပေါ့။
ပိုက်ဆံ စာရင်းတွေရော၊ အလုပ်စာရင်းတွေ ရော ကိုယ့်လက်ထဲမှာ။
တခြားသေးသေး ကိစ္စတွေရော မလွတ်အောင်လုပ်ရတာပါ။ မင်းသားကြီးကိုယ်တိုင် သူလုပ်ရမဲ့ အလုပ်တွေ ကိုယ်တိုင်ပျင်းသွားပြီး သများကိုပဲ မှီခိုနေအောင် နေရာဝင်ယူ (အဲ) ကြိုးစားခဲ့တာပေါ့လေ။
အကျိုးကတော့ ရုံးမှာ ကိုယ့်သဘော။
အပြစ်ကတော့ ဆေးခွင့်တောင် စဉ်းစားယူရတဲ့ ဘဝ။
အဲဒီမှာ ကိုရီးယားတွေက ကွန်ထရက် အမောင့်ကို အပြည့်ပေးပါတယ်။
ထပ်တိုး အလုပ်တွေ ကို မပေးပါဘူးးး
ထပ်တိုး အလုပ်တွေ ကိုင်ထားတာ တူး မီလီယမ် အရှိမှာတော့ မင်းသားကြီးက သည်းမခံနိုင်တော့ပါဘူးးး
၂ နှစ်လောက်ကလည်း စိုက်ထားတဲ့ ပိုက်ဆံတွေနဲ့ ကက်(ရှ) ဖလိုးမှာ အနှုတ်တွေချည်းပဲ ဆိုတော့ အကောင့်မမကလည်း တဂျီဂျီ။
လူ အရင်းအမြစ် အကုန်လုံးကလည်း ဒီ ပရော့ဂျက်ထဲမှာ ဆိုတော့ တခြား ပိုက်ဆံ ရမဲ့ အလုပ်တွေလည်းမလုပ်နိုင်။
ဘွန်း ငါးသိန်းလောက်ကလည်း သူတို့ လက်ထဲမှာ ဆိုတော့ ပြီးအောင်လုပ်ရမှာပေါ့လေ။
အဲဒီလိုနဲ့ ၂၀၁၃ နိုဝင်ဘာလောက်မှာ မင်းသားကြီးနဲ့ သများနဲ့ တေ့တေ့ဆိုင်ဆိုင် ပြသနာတက်တာပေါ့။
ကိုယ် ကလိန်းထားတာ ဒီလောက်မှာ သူတို့ ပေးတာ ဒီ လောက်တည်းနဲ့ ဘာလို့ဒီလောက်ကွာတာတုန်း ဘာတုန်းပေါ့။
သများနေရာကလည်း စဉ်းစားကြည့်။ လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့တာ။
ဒီပရော့ဂျက် ရချင်တုန်းက သူ နန့်နန့်တက်မို့ အဲဒီတုန်းက ဒစ်စကောင့်ပေးချင်တာ သူမဟုတ်တဲ့ အတိုင်းးးး
အဲလို ငယ်ကျိုး ငယ်နာတွေ ဖော်ရင်းနဲ့စကားမပြောဖြစ်တာ ၁ ပတ်။
နောက်တော့ သူ့ဟာသူ စိတ်လျှော့ပြီး သူ ကြံစည်မယ် ဥပဒေ လမ်းကြောင်းကပဲ သွားမယ်ပေါ့။
စလုံးမှာ မိန်းကွန်းက ဆပ်ကွန်းကို ပိုက်ဆံ ပေးသင့်သလောက် မပေးရင် တိုင်လို့ရတဲ့ လမ်းကြောင်းရှိတယ်လေ။ နောက်မှ အဲဒါ အကျယ်ရှင်းပါမယ်။
ဒီလိုနဲ့ ရှေ့နေရပြီး အဲဒီရှေ့နေ နားလည်အောင် ကိုယ့် ပရော့ဂျက် ၂ နှစ်စာကို …..
အချိန် ၂ နာရီထဲနဲ့ ရှင်းဖို့ ဘယ်သူ့ခေါင်းကျတယ်မှတ်တုန်းးး
ဟတ်ကဲ့။ သများခေါင်းပေါ်ပေါ့။
:hint:
တော်သေးတာက ၂၀၁၄ မှာ သများ အတွက် အစစ်စတန့် ကောင်လေး တစ်ယောက်ပေးတယ်။
အရမ်းအားကိုးရလို့ ခုထိ အသက်မထွက်သေးတာလို့ပဲမှတ်ပါတယ်။
သူတို့ တစ်ယောက်ချင်း အကြောင်း နောက်မှ အတင်းအုပ်ဦးမယ်။
ရှေ့နေကို ရှင်းဖို့ စာရွက် စာတမ်းကို ပြန်ရှင်းပြီး မိတ္တူကူးရတာကို ဒေါ်လာ တစ်သောင်း ကျတယ် ဆိုတော့ စဉ်းစားသာကြည့်။
ရှေ့နေက တစ်နာရီ ဒေါ်လာ တစ်ထောင်ဆိုတော့ အချိန်တို့ အတွင်းရှင်းနိုင်မှသာ ကိုယ့် အကုန်အကျနည်းမှာမို့ စိတ်ကိုဖိစီးပြီး လုပ်လိုက်ရတာ တစ်သက်နဲ့ တစ်ကိုယ် အပင်ပန်းဆုံးပဲ။
အဲဒီတစ်ပတ်က ည တိုင်း ၁ဝ နာရီမှ အိမ်ပြန်ရတယ်။
ဒီလိုနဲ့ ရှေ့နေက အကုန်ပြန်ချုပ်တယ်ပေါ့လေ။ နိုင်ချေရှိတော့ တရားစွဲမယ်ပေါ့။
ဒီကြားထဲ သူက ကိုယ့် ဒေါက်ကျူမန်းတွေးရှင်းက ကောင်းလိုက်တာ လို့ ပြောလို့ အမောပြေရသေးးး၊ ရှေ့နေတွေ အပြောကောင်းသကိုးးးး
စတဲ့ ၁ လပိုင်းကတည်းကဗျာ။ အိပ်မပျော်တာ။ အိပ်ပျော်လည်း အိမ်မက်ထဲမှာ တရားရုံးက ဝက်ခြံကြီးထဲရောက်လိုရောက်။
တရားသူကြီးရဲ့ တူနဲ့ ထုလို ထု အိမ်မက် ဂယောက်ဂယက်တွေ မက်နေပုံများးးးး
:hint:
ကိုယ့်နိုင်ငံနေတုန်းက ဘာမှ မဖြစ် စလုံးရောက်မှ ရုံးရောက် ဂတ်ရောက်ဖြစ်တော့မယ် ဆိုပြီး စိတ်ညစ်။
အရေးထဲ မင်းသားကြီးက ကိုယ်က ကျောင်းပြီးခါစမို့ အဲဒီ အစဉ်အတိုင်းတွေ သိမယ်မှတ်လို့ လာလာမေးးး။
သူ့ကို မေးတော့ ဒါသူ့ ပထမဆုံး ပဲတဲ့။ ဒီ ဆုံးဖြတ်ချက်ချဖို့ လွယ်တယ်မှတ်လို့လားတဲ့။
ဖိစီးသတဲ့။
အင်! သူကမှ မကြုံစဖူး သများက ပိုဆိုးပေါ့။
ညတိုင်းလည်း ဒီဇက် တစိတ် လောက် သောက်သောက်ပြီး အိပ်ရတာ။
ခွင့်ကလည်းမရတော့ ဘူးးး။
ဖေဖောဝါရီပြန်မဲ့ ခွင့်ကို ကန်ဆယ်လုပ်ရတာ စိတ်အနာဆုံးပဲ။
အမှုမပြီးမချင်းပြန်လို့က မရ။
:hint:
ဒါနဲ့ပဲ စဉ်းစားလိုက်တယ်။
၁) ကိုယ် က အတိုင်ခံရတာမှ မဟုတ်။ တိုင် တဲ့ ဘက်က ဆိုတော့ အဲတော့ အဲလောက် ကြောက်စရာမလို။
၂) နိုင်ရင် ကိုယ့် ကမ်ပဏီက ပိုက်ပိုက်ရရင် အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုတဲ့ အခြေအနေက လွတ်မယ်။ အဲတော့ စိုးရိမ်စရာမလိုတော့။
၃) ရှုံးရင် ရှေ့နေခ ပလုံ။ ဒါကလည်း မင်းသားဂျီး ပေးရမှာ၊ ကိုယ်ပေးရမှာ မှမဟုတ်၊ အဲတော့ စိတ်မပူနဲ့တော့။
၄) ကံကောင်းရင် စနေ တနင်္ဂနွေပါ အလုပ်လာရလို့ သနားပြီး အပိုဆုလေးဘာလေး ပိုပိုသာသာရနိုင်သေးးးး၊ အဲတော့ မျှော်လင့်ချက်မကုန်သေးး
၅) အမှန်တော့ မင်းသားဂျီးက သများကို ကြောက်နေရမယ်။ တရားသူကြီးရှေ့ သများ မဟုတ်မဟပ်ဖြေရင် သူရှုံးမှာ၊ အဲတော့ ခပ်တင်းတင်းနေလို့ရသေးးးး
ဟူးးးးးးးးးးးး
စိတ်ဖိစီးမှု လျှော့စရာတွေ ရှာဖွေအပြီးမှာ ဘာကျန်သေးပါလိမ့်။
ရှေ့နေတို့ တရားသူကြီးတို့နဲ့ ရင်ဆိုင်ရမဲ့ ဒီလူ နဲ့ ဒီ မျက်နှာပဲ ကျန်တယ်။
အဲတော့ မျက်နှာလေး သွားပေါင်းတင်ပြီး ဆံပင် ဒီ ဇိုင်းသွားပြောင်းတော့မယ်။
ဒါ သများ လုပ်နိုင်တာ လက်ကုန်ပဲ စသည်ဖြင့်စဉ်းစားပြီး လျှောက်လုပ်ထားလိုက်တယ်။
အဲဒါနဲ့ စ စွဲပြီပေါ့လေ။
အရင်တစ်ပတ်က ပြန်စာကို ရင် တထိတ်ထိတ်နဲ့ စောင့်ရတာ။
ကိုရီးယားတွေလည်း ဇ မသေးဘူးးး။ ပိုက်ဆံမပေးဘူးဗျ။ ရင်ဆိုင်မယ် ဆိုတဲ့ပြန်စာလာရော။
ဒီလိုနဲ့ ပထမရုံးချိန်းးး က ၄ ရက် မတ်လ ပေါ့။
၃ ရက်နေ့ ရှေ့နေရုံးကို သွားရတယ်။ ဘယ်လိုမေး ဘယ်လိုဖြေလုပ်ဖို့ပေါ့။
အဲဒီမှာ မင်းသားကြီးက ရှေ့နေကို မေးတာတဲ့။
မေးခွန်းတွေမှာ ဥပဒေဆိုင်ရာ အသုံးအနှုန်းကို သူ နားမလည်ရင် ဖြေတာမှားမဆိုးလို့တဲ့။
မန်ဒရင်းလိုပြောလို့ရမလားးး ထရန်စလိတ်တာ ငှါးလို့ရလားလို့ မေးနေတာ။
ဟင့်။ အဲလိုကြေးဆို ဥပဒေ အသုံးအနှုန်းကို မြန်မာလိုတောင် မရင်းနှီးတဲ့ သများက ဘာလုပ်ရမှာတုန်းးးး
အင်တာနေရှင်နယ် လန်းဂွေ့(ရှ) ဆိုတဲ့ ခြေဟန်လက်ဟန်နဲ့ပြန်ဖြေရမှာလားဟမ်?\
:hint:
သူ့ အင်္ဂလိပ်စာက ကိုယ့်ထက်ကောင်းတယ်လို့ သတ်မှတ်ထားတဲ့သူက အဲလိုပြောတော့ ငိုချင်သွားတာ။
ဒါမဲ့ တော်ပါသေးတယ်။ ရှေ့နေက သူ အကုန်ပြောမှာပါတဲ့။
ကိုယ့်ကို တိုက်ရိုက်မေးတဲ့ ကိစ္စလောက်မှ ရိုးရိုးသားသားဖြေရင် ရပါပြီတဲ့။
ဒီလိုနဲ့ မနေ့က မနက်ကတည်းက နိုးပြီး ဝတ်ရစားရသေးတယ်။ ရိုးသားတဲ့ရုပ်ပေါက်အောင် ဆံပင်ကောက်ကွေးကွေးက ချမရ။ စည်းထားရတာ။
မျက်နှာကိုလည်း ရိုးရိုးသားသားပြင်ရသေးးး
ဆေးလေးလည်းသောက်သွားတယ်။ ရီဝေ ရီဝေနဲ့။
တော်သေးတယ်။ ဟိုလို ဝက်ခြံတွေနဲ့ တရားခွင်မဟုတ်လို့ ။
ကွန်ဖရင့် အခန်းထဲမှာ သက်ဆိုင်သူ ၃ ယောက်ထိဝင်လို့ရတယ်။ ရှေ့နေဘက်က ၂ ယောက် ဆိုတော့ ၅ ယောက်။
တစ်ဖက် ၅ ယောက် ဆိုတော့ ၁ဝ ယောက်၊ တရားသူကြီးနဲ့ ဆိုတော့ ၁၁ ယောက်။
၁၁ မီးပေါ့လေ။
ဟီးဟီးးး ရင်ထဲမှာ မီးတောက်နေတာများးးး
မင်းသားကြီးက ပြောပြီးသား ၁ ယောက်တည်း ဝင်ဆိုရင်တောင် သများက ဝင်ရမှာတဲ့။
ကျောချမ်းစရာ။
:hint:
အဲဒီကျမှ ရှေ့နေတွေ မင်မောင်းကောင်းပုံနဲ့ အပြောကောင်းပုံကို မျက်ဝါးထင်ထင်တွေ့ရတော့တယ်။
ပိုက်ဆံပေးရကျိုးနပ်ချက်။
သူကချည်း သများရှင်းပြထားတဲ့ အချက်တွေမှာ ထပ်ပိုးပြီး ဟိုဘက်က မလှုတ်နိုင်အောင် ချုပ်တတ်ချက်။
သင်ဦးမှပါ။
၃ နာရီအပြီး အခန်းထဲက ထွက်လာချိန်မှာ စိတ်လျှော့လိုက်ခါမှ ခေါင်းက တအားကိုက်လာတာ။
အာ့နဲ့ ညစာကို အကင်လေးစား ဆိုဂျူးလေးသောက်လိုက်မှ အိုကေသွားတယ်။
အော် ဝမ်းတစ်လုံးကောင်းတော့ ခေါင်းမခဲတော့ဘူးကိုးးးး
:sar:
နိုင်ချေ ၆ဝ ရာနှုန်းတဲ့။ ရှေ့နေပြောတာပဲ။
၁၈ ရက် နေ့ မတ်လ နောက် ရုံးချိန်း မှာ ဆုံးဖြတ်ချက်ပါ တစ်ခါတည်း ချမှာဆိုတော့ ရှုံးရှုံးနိုင်နိုင် မကြာဖူးပေါ့။
ဆုတောင်းပေးကြပါဦးးး
ခုတလောတော့ နည်းနည်းစိတ်အေးနေတယ်။ ဇော်သန့် လည်း အနားမှာ ဆိုတော့ အားရှိသေးးး
ဆုတောင်းပေးလိုက်ပါတယ်…အောင်မြင်ပါစေ..အောင်မြင်မှပါ
Was this answer helpful?
LikeDislikeတော်သေး..ဒီတစ်ခါအီစကိုပထမ..ဆုချပါမမချွိ
Was this answer helpful?
LikeDislikeပထမဆုံးလာတဲ့ မိုက်မိုက်ကို ထမင်းဆိုင်မှာ အလကားစားခွင့်ပုပါ့မယ်။
ဆုတောင်းအတွက် ကျေးဇူးပါ။
Was this answer helpful?
LikeDislikeမတ်လ ၁၈ ညနေမှာ မမချွိ ပျော်ရွင်မြူးတူးလွတ်လပ်စွာ
အကင်နဲ့ ဆိုဂျူး သောက်နိူင်ပါစေဗျား ၊
Was this answer helpful?
LikeDislikeအဲ့ညကျ နောက်တစ်နေရာသွားမလားလို့။
Was this answer helpful?
LikeDislikeအဲသည့် မင်းသားကြီးရဲ့အချစ်တော် ကကြီးကုမ္ပဏီနဲ့ C-908 ပရောဂျက်ပြီးတော့…

တပွဲတလမ်း အကဲစမ်းခဲ့ကြရသေးတယ် … အဖြူကောင်တွေကိုတော့ ကြောက်ပါ့…
နို့တစ်စာပို့ပြီး ခေါ်ညှိလိုက်တော့ ပွဲပြီးသွားတယ်…
Site Instruction တန်ဘိုးကို ကောင်းကောင်းကြီး သိရပြီပေါ့… ဟီ ဟိ
အောင်ညင်ပါဇေ မယ်ချွိ…
စကားမစပ် … ကကြီး ဓာတ်ရှင်မင်းသားတွေကို ကြိုက်သေးလားဟင်
Was this answer helpful?
LikeDislikeအံမလေးးးး
မနေ့ကလေ။
Site Instruction ပေးတဲ့သူက ပြောပလောက်တဲ့ ရာထူးမဟုတ်ဘူးလို့ ရှောင်ဦးမလို့။
အဲဒီ ကကြီးကောင် ဒီထက်ရာထူးကြီးသွားတဲ့ လက်မှတ်ကြီးနဲ့ အီးမေးကြီး သများတို့လက်ထဲ ရှိလို့တော်သေးးး
နို့မို့စာချုပ်ထဲ သူ့လက်မှတ်မပါဘူးဆိုပြီး ရှောင်ဦးမလို့.။
မင်းသားတွေကတော့ ကိုယ့်ကို ဒုက်ခမပေးသေးတော့ ချစ်တုန်းပဲ။
Was this answer helpful?
LikeDislikeမောလိုက်တာမမချွိရယ်.. အဖျက်သမားအစစ်အခုမှတွေ့တယ်… အဲဒီကိုရီးယားတွေကိုပြောလိုက်.. မင်းသားကြီးရသင့်တာလေးတွေတော့ ပေးလိုက်ပါလို့.. တနားပါတယ်လို့… အဆစ်အနေနဲ့ ငါကိုယ်တိုင် ကိုရီးယားလိုက်ပြီး ခင်များတို့အိမ်ကိုဖျက်ပေးပါမယ်လို့… :loll:
နောက်တာပါ… အောင်မြင်ပါစေ.. အောင်မှာပါ.. :))
Was this answer helpful?
LikeDislikeခရစ်။
အဟင့်။
သများတို့က အဲလိုဖျက်တာဟုတ်ဘူးလေ။
ကွန်ထရိုးပါ ပါတယ်။
ခုခိ ခုခိ။
အိမ်ဖျက်တဲ့ ဟာက သတ်သတ်။
ဒါမဲ့ အောင်မြင်ရင်တော့ သူတို့အိမ် အဆစ်ဖျက်ဆိုလည်း ဖျက်ပေးရမပေါ့။
ဟိ။
၂ မီလီယန်သာ ရစမ်းပါစေ။
Was this answer helpful?
LikeDislikeဆုတောင်းပေးလိုက်ပါတယ်…အောင်မြင်ပါစေ
Was this answer helpful?
LikeDislikeကျေးကျေး ဘဖော။

Was this answer helpful?
LikeDislikeအဲဒီဇော်သန့်ပေါ့…. ပျောက်သွားတာ…။ :garr:
ရှေ့နေတိုင်းကတော့.. နိုင်မယ်ချည်းပြောတယ်ပေါ့…။
ယူအက်စ်မှာတော့.. စာရင်းချုပ်ရင်…သူတို့ချည်းမြတ်တာပဲ..။ ရှေ့နေက..အချမ်းသာဆုံးသူတွေစာရင်းထဲပါကုန်တာပေါ့..။
ဆိုတော့…
ကိုယ့်ပစ္စည်းမှမဟုတ်သာ.. တင်သာစွတ်တင်..။ တရားရေးမှာ.. အဲဒီလိုယုံကြည်ချက်ရှိပုံမျိုးက.. အင်မတန်တာသွားတယ်.။
နိုင်မှာပါ..။
Was this answer helpful?
LikeDislikeအဟုတ်ပဲ။


နောက်ပြီး ကွကိုယ် မှင်သေတယ်၊ ရုပ်တည်တယ် စကားတတ်လှပြီမှတ်လို့။
သူတို့ တွေ့ပြီးမှ သများက စကားများတာပဲရှိတာ။
သများ နောင်တရသွားပြီ။
:hint:
ဒါမဲ့ ယောင်္ကျားများယူရင်လေ ရှေ့နေမယူဖို့တားချင်တယ်။
ဟိ။
ဇော်သန့်က ကလေး နှိတ်စက်လို့ ညမအိပ်ရတာရော…
မန်းလေးကနေ သဂျီးဆိုက်က ဝင်ရခက်သတဲ့။
ဒီမှာတော့ ကွန်ကောင်းတယ်ဆိုပြီး ဂိမ်းပဲဆော့နေတယ်။

တဂျီးဆီတော့ အီးမေး ရီပလိုင်းထားတယ်တဲ့။
Was this answer helpful?
LikeDislike၁၈ ရက်နေ့မှာ မမချွိလေး ကံကောင်း ဝမ်းသာ အောင်မြင်ပါစေဗျား။
Was this answer helpful?
LikeDislikeပေးတဲ့ ဆုနဲ့ပြည့်ရပါစေ ကိုကြီးခ။
Was this answer helpful?
LikeDislikeကျော်ဂလည်း ဆုတောင်းပေးပါတယ်

အောင်မြင်ပါစေဗျားးး
အောင်မြင်ရင် ကျော့်ကို မုန့်ကျွေးဘာ …
ဘာမှလည်း ဆိုင်ဘူး ..
Was this answer helpful?
LikeDislikeဆုတောင်းတာပြည့်ပါစေ၊
တောင်းဆိုထားတာတော့ လက်ခံနိုင်ဘူးးး
Was this answer helpful?
LikeDislikeတော်လို်က်တာချွေးမွလေးရယ်။ ချွေးမွလေးကျေးဇူးနဲ့မင်းသားကြီးအမှု့နိုင်တော့မယ်။ သေချာတယ် ချွိချွိ ဘောနပ်အကြီးကြီးရမှာ။ ဒီသင်္ကြန်မှာ သမီးရွှေအိုးထမ်းပြန်လာရကိန်းကြုံပါစေလို့ဆုတောင်းပေးပါတယ်။
Was this answer helpful?
LikeDislikeယောက်ခမွရေ။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကြိုးစားနေတာဟာ သူ့အတွက်ထက် ကိုယ့်နာမည်အတွက်ပါ။
နိုဝင်ဘာ မှာ စကားများအပြီး အလုပ်ထွက်ဖို့ စဉ်းစားပြီးမှ ဒီ အမှုဖြစ်တာဆိုတော့
တော်ကြာ အနော်က ဒီ အရှုပ်ကြီးနဲ့ထားခဲ့တယ်ဖြစ်မစိုးလို့ အရင်ရှင်းဖို့ကြိုးစားနေတာပါ။
ဒီ ပရော့ဂျက်အပြီးထိတော့ သူ့ဆီမှာနေဦးမယ်လို့ စဉ်းစားထားတာပဲ။
Was this answer helpful?
LikeDislikeကောင်းပါတယ် လက်စသတ်ပြီးမှ ထွက်တာကောင်းပါတယ်။ အထုပ်ကြီးကြီးပိုက်ရပါဇီတော်။
Was this answer helpful?
LikeDislikeမမချွိလေး တော်ပါပေတယ်။
ဒီလို စိတ်ရှုပ်စရာကြီးကို အစားလေးနဲ့ ကျော်ဖြတ်နိုင်လို့၊
ဒီလောက် ခေါင်းရှုပ်တာကြီးနဲ့တောင် ဂဇက်ကိုလည်း သံယောဇဉ် မဖြတ်လို့၊
ရွာသူားတွေနဲ့လည်း လေပေါနိုင်သေးလို့။
ကဲ ဆုတွေတောင်းပေးလိုက်ပါတယ်။
အောင်ပါစေ။
ဇော်သန့် ကို လည်း သတိရကြောင်း၊သူ့စာတွေ မျှော်နေကြောင်း သတင်းပါးလိုက်ပါနော်။
Was this answer helpful?
LikeDislikeအမှန်တော့ သများက အေးအေးဆေးဆေးနဲ့ အွန်လိုင်းလေး သုံးနေရရင် နေသာနေတာပါ အာတီဒုံရယ်။
စဖြစ်တဲ့ တစ်ပတ်က ရွာထဲမလာနိုင်တဲ့ရက်တွေ မိုက်မိုက်က ပို့(စ) ၃ ပုဒ်တင်ပါရောလားးး

ဖတ်တော့ဖတ်ဖြစ်တယ်။
မနက်နိုးတာနဲ့ ရွာထဲ ဝင်ဖတ်တာဆိုတော့။
ကော်မန့်က ရုံးရောက်မှ ပေးဖြစ်တာများတယ်။
ဆိုတော့ ကော်မန့်မပေးနိုင်တော့ မိုက်မိုက်ရယ်။ လာရန်တွေ့တယ်လေ။
ဟီးဟီးးး
နောက်ရက်တွေကျတော့ သိသွားပြီ။ မအိပ်ခင် နာရီဝက်လောက် ရွာထဲလှည့်လိုက်တယ်။
အဆက်တော့ မပြတ်တော့ဘူးပေါ့

Was this answer helpful?
LikeDislikeရှေ့နေဆီက ကိုယ့် ဒေါက်ကျူမန်းတွေးရှင်းက ကောင်းလိုက်တာ လို့ အပြောခံရတာ နည်းတဲ့တန်ဖိုးမဟုတ်ဘူး။
ဒီပရောဂျက်ပြီးရင်လည်း မင်းသားကြီးက ဒီလိုအားကိုးရတဲ့သူကို လက်လွှတ်ခံနိုင်မှာ မဟုတ်ဘူး။
အကောင်းဘက်က မြင်ကြည့်ရရင်……
ချွိချွိ ပိန်သွားလို့ ပိပြီးကြည့်လို့ကောင်းသွားတာတောင် အမြတ်ထွက်သေးးးး ဟေး ဟေးးး
Was this answer helpful?
LikeDislikeအဟင့်။
ပြောသေးတယ် ချစ်မရဲ့။
တခါတခါ ဒေါက်ကျူမန်းတေးရှင်းကောင်းလွန်းတာလည်း အမှုအတွက် ခက်ခဲသတဲ့။
ကိုယ့်ဘက်ကို ရှင်းရှင်းကြီးမြင်နေရလို့တဲ့လေ။
ရှေ့နေနဲ့စကားပြောမိမှ ကိုယ့်မှာ ငို၍ ရီ၍ မရသော မျက်နှာနဲ့။
ပိန်သွားတာတော့ အမြတ်ပဲ။
အတွေ့အကြုံသစ်လည်း အမြတ်ပဲ။
ဟိ။

သွားလေရာ အချစ်တော်ရခဲ့သေးတယ်။
ရှေ့နေရဲ့ လက်ထောက် ကောင်မလေးနဲ့။
သူ အကုန် ကူတယ်။
Was this answer helpful?
LikeDislikeစလုံးရှေ့နေက နိုင်ဖို့ ၆ဝ ရာနှုံးလို့ပြောရင် အဲဒါ တကယ်တော့ နိုင်ဖို့ ၈ဝ ရာနှုံးပဲ….
အဲဒီအမှု့ နိုင်မှာပါ…။
(မြန်မာရှေ့နေက နိုင်ဖို့ ၆ဝ ရာနှုံးလို့ပြောရင်တော့ အဲဒါ တကယ်တော့ ရှုံးဖို့ ၆ဝ ရာနှုံးပဲ…
ကိုယ်တွေ့….)
Was this answer helpful?
LikeDislikeဦးပါ ပြောတော့လည်း အားရှိစရာ။
သူငယ်ချင်းမလုပ်သင့်တဲ့ လူသားထဲ ရှေ့နေရယ်၊ အသက် အာမခံ ကိုယ်စားလှယ်ရယ် ဆိုပဲ။
Was this answer helpful?
LikeDislikeဪ…..

အဖျက်စွမ်းရည် ပြလေရာဝယ် ပေါ့
ဖတ်ပြီး ရင်မောလိုက် ရယ်လိုက် နဲ့ ဟုတ်လို့
ဆယ့်ရှစ်ရက်နေ့ပြီးရင် နောက်တစ်ပုဒ် တင်ဘာာ
စိတ်ချ.. ဂျီးဒေါ်တို့နိုင်မှာ…
Was this answer helpful?
LikeDislikeနောက်တစ်ပုဒ် က ဒီ အကြောင်းမဟုတ်နိုင်တော့ဘူးးးး
အလုပ်က အလွဲတွေပဲ ဖြစ်ရင်ဖြစ်
မဖြစ်ရင် သူတို့ တစ်ယောက်ချင်းစီ အကြောင်းအတင်းအုပ်မို့
Was this answer helpful?
LikeDislikeအဲ့အကောင်မြန်မာပြည်မာရှေ့နေလာလုပ်ရင်ရှုံးမှာခင်ဗျ
မြန်မာပြည်မှာ လေ
မပြောတော့ပါဘူး :harr:
Was this answer helpful?
LikeDislikeဟင်။
မြန်မာပြည်မှာ ဘာဖြစ်တုန်းးးး
အမှုတော့ မဖြစ်ဖူးဘူးးးး
မိဘ တွေကတော့……..
တစ်ခါ ချေးထားတဲ့ ပိုက်ဆံ ပြန်ရချင်လို့ …..
လုပ်လိုက်တဲ့ အမှု ၄ နှစ်ကြာပြီး စာရင်းချုပ်လိုက်တော့ ……………………….
အဟွတ်။
Was this answer helpful?
LikeDislikeကိုယ် ချင်း စာ မိ ပါ တယ်
ဘယ် လောက် ပင် ပန်း လိုက် မ လဲ ဆို ပြီး
Was this answer helpful?
LikeDislikeစိတ်ရောလူရော။
အဲဒီ တစ်ပတ်ပါပဲ။
ခုတော့ အိုကေပါ မနှင်းပြုံးရေ။
စိတ်ကြည်သွားရင် အစဉ်မပြေတာကို မေ့သွားတတ်ပါတယ်၊.
Was this answer helpful?
LikeDislikeအိမ်မြောင်ပေစာ ပါ… အန်တီ ချွိ
Was this answer helpful?
LikeDislikeမြတ်နိုးခြင်းကို မြတ်နိုးသူကြီးရေ။
ဘာပြောတာတုန်းဟင်?
နားလည်ဘူးးး
Was this answer helpful?
LikeDislikeအော်… သများရယ်….

ဆုတောင်းပေးနေပါတယ်..ကွယ်…
Was this answer helpful?
LikeDislike့၁၈ = ၁+၈=၉
နိုင်ပြီ ..
Was this answer helpful?
LikeDislikeဟေးဟေးးး
ဂလိုတွက်လိုက်တော့လည်း နိုင်ဖို့လွယ်လွယ်လေးးး
Was this answer helpful?
LikeDislikeဖြစ်ချင်တာ ဖြစ်ပါဇီ တော်
Was this answer helpful?
LikeDislikeHuh..!
Still awake??
So early..!
Was this answer helpful?
LikeDislikeမမချွိ….အမှုအကြောင်းသေချာတော့နားမလည်ဘူးရယ်..ဒါပေမယ့်နိုင်ပါစေကွယ်…ကိုယ်နဲ့ဘာမှမဆိုင်ဘဲနဲ့လုပ်ပေးနေရတာ သနားပါတယ်..။
Was this answer helpful?
LikeDislikeဟယ်။
သများကို သနားတတ်တာနဲ့ကို ဆုလေးကို ပိုချစ်သွားပြီ။
Was this answer helpful?
LikeDislikeချွိရေ…
စိတ်မော/လူမောဖြစ်နေတာတွေ အမြန်ဆုံးပြီးဆုံးပါစေ
စိတ္တဇ ညများလည်းအမြန်ဆုံးကုန်ဆုံးလွန်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
Was this answer helpful?
LikeDislikeကျေးဇူးပါ မနိုရေ။
စိတ်နည်းနည်းအေးလို့ ဒီပို့(စ) လေး လာရေးနိုင်တာပါ။
၁၈ ရက်နေ့ပြီးရင်တော့ ပိုအေးပါပြီ။
Was this answer helpful?
LikeDislike