ကမ္ဘာကြီးဟာဘယ်လောက်တောင်ကျဉ်းသလဲဆိုတာ….ရွာတစ်ရွာဖြစ်သွားပြီလို့ တောင်

 

သတ်မှတ်ခဲ့ တာပဲလေ……

 

မြန်မာပြည်ဆိုတာဘယ်လိုတိုင်းတာမှူကိုခံယူရဲမလဲလေ……..

မြန်မာပြည်ထဲကမှရန်ကုန်ဆိုတာ…ပိုလို့ တောင်ဆိုးသေးတော့ ….ထားပါလေ

ငါ့ အတွက်တော့ ရန်ကုန်ဆိုတာပိုလို့ တောင်ကျယ်လွန်းလှပါတယ်…..

သူငယ်ချင်းများစွာတို့ ..အပေါင်းအသင်းများစွာတို့ နဲ့ ပြန်တွေ့ တိုင်း…..

 

မင်းရဲ့ သူငယ်ချင်းဘယ်မှာဘာတွေလုပ်နေလဲ….မင်းနဲ့ တွေ့ ဖြစ်ကြတယ်မဟုတ်လား…..လို့ 

မေးရင်ငါကကြောင်တောင်တောင်နဲ့ ရယ်….

မင်းရန်ကုန်မှာရှိတယ်ဆိုတာသူငယ်ချင်းများစွာတို့ သိကြပေမယ့် ……

ငါတစ်ယောက်မသိတာဟာအံ့ သြစရာမဟုတ်ပေမယ့် …ရှက်ဖို့ တော့ ကောင်းသားကွ..

ငါတို့ နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်တောင်ခင်ခဲ့ သလဲဆိုတာ…..

ငါတို့ လုပ်ခဲ့ ဘူးတဲ့ ကုမ္ပဏီတခုလုံးသိကြပါတယ်။

ငါဟာမင်းအတွက်ဇီဝဇိုးငှက်တစ်ကောင်ဖြစ်ခဲ့ ရင်…..မင်းကငါ့ ရဲ့ အံဖတ်တွေနဲ့ တည်ဆောက်တဲ့ 

ငါ့ ရဲ့ အသိုက်ကိုကောင်းစွာထိမ်းသိမ်းကာကွယ်ပေးမဲ့ ..ကျောက်တောင်နံရံကြီးတစ်ခုဖြစ်စေရမယ်လို့ 

ပြောပြီးခင်ခဲ့ ကြတဲ့ သူငယ်ချင်းတွေပဲကွာ…..

အခုမင်းနဲ့ ငါက..ရေစက်တွေကုန်သွားပြီလားလို့ မင်းကိုမေးချင်မိတယ်….

ငါမင်းကိုဘယ်လိုဆက်သွယ်ရမလဲကွာ………

မင်းငါ့ ကိုတမင်ရှောင်နေတာမဟုတ်တန်ကောင်းဘူးလို့ ….ငါ့ ဖက်ကမင်းကိုအကောင်းမြင်နေတုန်းပါကွာ။

ဒါမှမဟုတ်…….ကိစ္စတခုခုနဲ့ စိတ်ခုနေတာများလား…အမေးပေါင်းများစွာနဲ့ …

စဉ်းစားလို့ မရအောင်ပဲ……..

ငါတို့ ကြားမှာတစ်ခုခုလွဲနေတဲ့ ပုံပဲ….ဖြစ်ချင်တော့ ငါကလည်းငါ့ အလုပ်နဲ့ ငါမအားနိုင်ဆိုတာတော့ 

ငါ့ ဖက်ကပြောရဲပါတယ်……

ငါ့ ကိုလာပြောတဲ့ သူငယ်ချင်းတွေက…မင်းကို၃၈လမ်းမှာတွေ့ သလိုမြို့ ထဲပါတ်ဝန်းကျင်မှာ

တွေ့ မိတယ်ပြောတော့ …ငါတကယ်ဝမ်းသာတယ်….

ငါနဲ့ မတွေ့ ဖြစ်ပေမယ့် ..မင်းကျန်းကျန်းမာမာရှိနေတယ်ကြားရတော့ ….ငါအတိုင်းမသိပျော်ရွှင်မိတယ်……

မင်းငါ့ ကိုမေ့ နေတယ်ဆိုရင်တောင်…ငါကျေနပ်တယ်သူငယ်ချင်း…..

ဘာလို့ လည်းဆိုတော့ …မင်းလောကကြီးထဲမှာရှိနေသေးတယ်ဆိုတာသိရလို့ ပေါ့ ကွာ…….

မင်းရေးပေးခဲ့ တဲ့ …ဒိုင်ယာရီစာရွက်လေးကဟောင်းသွားပေမယ့် 

မင်းရဲ့ လက်ရေးကတော့ မပျက်သေးဘူး…ငါပြန်ပြောပြမယ်ကွာ……..

“ရေးလိုက်တဲ့ စာတစ်လုံး

ပြောလိုက်တဲ့ စကားတစ်ခွန်းအတွက်

ကိုယ့် မှာတာဝန်အပြည့် အ၀ရှိတယ်လို့ …ခံယူထားပါတယ်

ဒါကြောင့် ………….

ကိုယ်အပိုတွေမပြောချင်ဘူး

မင်းကိုသိပ်ခင်ပါတယ်”………..ဆိုတဲ့ စာကြောင်း

ယနေ့ ထိမပြောင်းလဲဘုး…….

မင်းနဲ့ တွေ့ ပြီးစကားတွေပြောချင်ပေမယ့် …..

ငါတို့ နှစ်ယောက်ကရေစက်တွေကုန်လောက်ပြီမထင်သေးတဲ့ အတွက်

ငါ…..မင်းနဲ့ တွေ့ ဖို့ ဆုတောင်းနေရင်း……………………………

သူငယ်ချင်းလေးသိရှိနားလည်ခံစားနိုင်ပါစေ………………………။

ချစ်ခြင်းမေတ္တာဖြင့် 

မိုးမင်းသား

၅.၃.၂၀၁၄

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။